2K MINI CAFE

2K MINI CAFE Let’s watch the updated movies with us 🎥🫶🏻😍😍

ကျွန်တော်တို့TAUNGGYI FAMILY WATER FESTIVAL မှလာ့ရောက်ဖျော်ဖြေပေးမဲ့LineUp တွေမှာInternational Artists ၃ဦးထဲမှ တစ်ဦးကတော...
17/03/2026

ကျွန်တော်တို့

TAUNGGYI FAMILY WATER FESTIVAL မှ
လာ့ရောက်ဖျော်ဖြေပေးမဲ့
LineUp တွေမှာ

International Artists ၃ဦးထဲမှ တစ်ဦးကတော့
EDC Main Stage တွင်ဖျော်ဖြေခဲ့သော
Artist တစ်ယောက်ဖြစ်မယ်
နောက်လာမဲ့နစ်ယောက်ကတော့
LOBOSKI , LUCAS BAHR 😎
Local Headliners များအနေဖြစ်
AJOHN , DREWCHENZO , OZZY808 , PAST12 တို့ မှ ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ် ဗျာ😍

Taunggyi မြို့ခံ
Supporting Artists များအနေဖြစ်
A*M , ARIS , BJACK , C-VIT , DJ - ENZO ,
IVY , KEVINITE , KRIS , MARIO , MEGA MIND , MEII , VEIN ပြီးနောက်
Special Act အနေဖြင့်
WHIZZ လာရောက်ဖျော်ဖြေပေးသွားမှာဖြစ်တဲ့
အကြောင်းကိုကြေငြာလိုက်ပါတယ် 🤩

ဧပြီ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ
၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီးပွဲလက်မှတ်များဝယ်ယူရန် အသေးစိတ်ကိုတော့
Page ရဲ့ Messenger မှာစုံစမ်းနိင်ပါတယ်။

အားလုံးလာရောက်အားပေးဖို့​ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ❤️🙏🏻

See You Soon 🤩😍

#ရေကစားပွဲတော်

လာရောက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ😍😍
17/03/2026

လာရောက်အားပေးဖို့ ဖိတ်ခေါ်အပ်ပါတယ်ခင်ဗျာ😍😍

ကျွန်တော်တို့

TAUNGGYI FAMILY WATER FESTIVAL မှ
လာ့ရောက်ဖျော်ဖြေပေးမဲ့
LineUp တွေမှာ

International Artists ၃ဦးထဲမှ တစ်ဦးကတော့
Australia Drum & Bass DJ တစ်ယောက်ဖြစ်မယ်
နောက်လာမဲ့နစ်ယောက်ကတော့
LOBOSKI , LUCAS BAHR 😎
Local Headliners များအနေဖြစ်
AJOHN , DREWCHENZO , OZZY808 , PAST12 တို့ မှ ပါဝင်ဖျော်ဖြေပေးသွားမှာဖြစ်ပါတယ် ဗျာ😍

Taunggyi မြို့ခံ
Supporting Artists များအနေဖြစ်
A*M , ARIS , BJACK , C-VIT , DJ - ENZO ,
IVY , KEVINITE , KRIS , MARIO , MEGA MIND , MEII , VEIN ပြီးနောက်
Special Act အနေဖြင့်
WHIZZ လာရောက်ဖျော်ဖြေပေးသွားမှာဖြစ်တဲ့
အကြောင်းကိုကြေငြာလိုက်ပါတယ် 🤩

ဧပြီ ၁၄ ရက်နေ့ကနေ ၁၆ ရက်နေ့အထိ
၃ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ပြီးပွဲလက်မှတ်များဝယ်ယူရန် အသေးစိတ်ကိုတော့
Page ရဲ့ Messenger မှာစုံစမ်းနိင်ပါတယ်။

အားလုံးလာရောက်အားပေးဖို့​ဖိတ်ခေါ်လိုက်ပါတယ်ခင်ဗျာ❤️🙏🏻

See You Soon 🤩😍

#ရေကစားပွဲတော်

04/03/2026

5.3.2026ရက်နေ့တစ်ရက်မင်မင်တို့ဆိုင်ပိတ်ပါတယ်ရှင့်

Anaconda: Blood Coil (2026) IMDb Rating (5.6) မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ဝေးရာ၊ သဘာဝတရားရဲ့ အလှအပတွေကို ခံစားဖို့ တော...
27/02/2026

Anaconda: Blood Coil (2026)
IMDb Rating (5.6) မြို့ပြရဲ့ ရှုပ်ထွေးမှုတွေကနေ ဝေးရာ၊ သဘာဝတရားရဲ့ အလှအပတွေကို ခံစားဖို့ တောနက်ထဲကို ပျော်ပွဲစားထွက်လာကြတဲ့ မိန်းကလေးသူငယ်ချင်းတစ်စု..... သူတို့အတွက်တော့ ဒီခရီးစဉ်ဟာ တစ်သက်မမေ့နိုင်စရာ အမှတ်တရကောင်းတွေ ဖြစ်လာမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ဒါပေမဲ့ သူတို့ ခြေချမိလိုက်တဲ့နေရာဟာ လူသူမနီးတဲ့ တောနက်ရိုင်းကြီးတစ်ခု ဖြစ်နေရုံတင်မကဘဲ ရှေးဟောင်းဒဏ္ဍာရီတွေထဲကလို ကြောက်မက်ဖွယ်ကောင်းတဲ့ ဧရာမ အန်နာကွန်ဒါမြွေကြီးရဲ့ နယ်မြေဖြစ်နေမှန်း မသိခဲ့ကြပါဘူး။ တိတ်ဆိတ်ငြိမ်သက်နေတဲ့ သစ်တောကြီးထဲမှာ သွေးညှီနံ့တွေ လွှမ်းမိုးလာပြီး တစ်ယောက်ပြီးတစ်ယောက် အစအနမကျန် ပျောက်ဆုံးသွားကြတဲ့အခါမှာတော့...




2K MINI CAFE မှာလာရောက်ကြည့်ရှုနိုင်ပါပြီ

📞-09886887654

Anecdotes of Ape Mountain (2026)Ape Mountain ဆိုတဲ့ နာမည်ကြားတာနဲ့ လူတိုင်း ကြောက်လန့်တုန်လှုပ်ကြပါတယ်။ အဲဒီတောင်ပေါ်မှာ...
18/02/2026

Anecdotes of Ape Mountain (2026)

Ape Mountain ဆိုတဲ့ နာမည်ကြားတာနဲ့ လူတိုင်း ကြောက်လန့်တုန်လှုပ်ကြပါတယ်။ အဲဒီတောင်ပေါ်မှာ လူသားတွေကို ရက်ရက်စက်စက် သတ်ဖြတ်တတ်တဲ့ သတ္တဝါဆန်းတွေ ရှိနေတယ်လို့ ကောလာဟလတွေ ထွက်နေခဲ့တာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ ဒါပေမဲ့ တစ်ရွာလုံးကို ဒုက္ခပေးနေတဲ့ ရောဂါဆိုးတစ်ခုကြောင့် သတ္တိရှိတဲ့ မိန်းကလေးတစ်ယောက်ဟာ အဲဒီ တားမြစ်နယ်မြေထဲကို ဝင်ရောက်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

သူမနဲ့အတူ လိုက်ပါသွားတဲ့ အဖွဲ့သားတွေဟာ တောင်ပေါ်ရောက်တဲ့အခါမှာတော့ သူတို့ထင်ထားတာထက် ပိုမိုကြောက်မက်ဖွယ်ကောင်းတဲ့ အရာတွေနဲ့ ရင်ဆိုင်ရပါတော့တယ်။ တကယ်တမ်းမှာ Ape Mountain ပေါ်က သတ္တဝါကြီးက လူသတ်ကောင်လား၊ ဒါမှမဟုတ် တောအုပ်ကြီးရဲ့ အစောင့်အရှောက်လား။ လူသားတွေရဲ့ လောဘနဲ့ သဘာဝတရားရဲ့ အမျက်ဒေါသ ထိပ်တိုက်တွေ့တဲ့အခါ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို ဒီ ဇာတ်ကား မှာ ဝင်ရောက်ကြည့်ရှုလိုက်ပါ။





2K MINI CAFE မှာလာရောက်အနားယူကြည့်ရှုနိုင်ပါပြီခင်ဗျာ။

📞-09886887654

28 Years Later: The Bone Temple (2026)ဇာတ်လမ်းက အရင်ကားအဆုံးကနေ တိုက်ရိုက်ဆက်ထားတာပါ။ ကောင်လေး Spike (Alfie Williams) ဟာ...
18/02/2026

28 Years Later: The Bone Temple (2026)

ဇာတ်လမ်းက အရင်ကားအဆုံးကနေ တိုက်ရိုက်ဆက်ထားတာပါ။ ကောင်လေး Spike (Alfie Williams) ဟာ

ကျွန်းပေါ်ကနေ ကုန်းတွင်းပိုင်းကို ရောက်လာပြီးနောက်မှာ Sir Lord Jimmy Crystal (Jack O'Connell) ဆိုတဲ့

အရမ်း ရက်စက်တဲ့ ဂိုဏ်းခေါင်းဆောင်ရဲ့ "The Fingers" ဆိုတဲ့ အဖွဲ့နဲ့ သွားဆုံတယ်။ ဒီ Jimmy ဆိုတဲ့လူက သူ့ကိုယ်သူ

စာတန်မာရ်နတ်ရဲ့ သားလို့ သတ်မှတ်ထားပြီး ကလေးတွေကို ဦးနှောက်ဆေး၊ နာမည်တွေကိုလည်း Jimmy လို့ အကုန်ပေးပြီး

လူမဆန်တဲ့ အလုပ်တွေ ခိုင်းစေနေတာ။ Spike တစ်ယောက် ဒီလူ-တ်ဂိုဏ်းထဲမှာ အသက်ရှင်ဖို့ ရုန်းကန်ရပါတော့တယ်။

တစ်ဖက်မှာတော့ Dr. Ian Kelson (Ralph Fiennes) ဆိုတဲ့ ဆရာဝန်ကြီးတစ်ယောက် ရှိတယ်။

သူက သေဆုံးသွားသူတွေရဲ့ အရိုးတွေ၊ ဦးခေါင်းခွံတွေနဲ့ "Bone Temple" (အရိုးဗိမာန်) ကို တည်ဆောက်ပြီး

အောက်မေ့ဖွယ်လုပ်ထားတာပေါ့။
ဒေါက်တာ Kelson ရဲ့ စိတ်ဝင်စားစရာ အကောင်းဆုံးအချက်က သူဟာ Samson လို့ နာမည်ပေးထားတဲ့ ခွန်အားကြီး

Alpha Zombie တစ်ကောင်ကို ဖမ်းပြီး ဆေးဝါးတွေနဲ့ စမ်းသပ်ကုသနေတာပဲ။

တဖြည်းဖြည်းနဲ့ Samson ဟာ လူစိတ်ပြန်ဝင်လာပြီး ဒေါက်တာနဲ့ သူငယ်ချင်းတွေလိုတောင် ဖြစ်လာတယ်။

ဒီကားမှာ Zombie တွေ ဘာလို့ လူတွေကို လိုက်ကိုက်နေလဲဆိုတဲ့ အကြောင်းရင်းနဲ့ ကုသလို့ရနိုင်မယ့် မျှော်လင့်ချက်လေးတွေကို

ဒေါက်တာ Kelson ဆီကနေတစ်ဆင့် မြင်တွေ့ရမှာပါ။

Spike ပါဝင်နေတဲ့ Jimmy ရဲ့ လူသတ်ဂိုဏ်းနဲ့ ဒေါက်တာ Kelson တို့ ဆုံတွေ့သွားကြတဲ့အခါ ဘာတွေဆက်ဖြစ်မလဲ ဆိုတာက

ဇာတ်လမ်းရဲ့ အဓိက အချိတ်အဆက်ပဲ။ Jimmy ရဲ့ ဂိုဏ်းက လူတွေက ဒေါက်တာ Kelson ကို စာတန်မာရ်နတ်လို့ ထင်သွားကြပြီး

ပြဿနာတွေ စပါတော့တယ်။

ဒီကားက သာမန် ပုံမှန်ပြေးလွှားနေရတဲ့ Zombie ကားမျိုး မဟုတ်တော့ဘဲ လူ့သဘာဝ၊ ဘာသာရေး အစွန်းရောက်မှုနဲ့

စိတ်ဒဏ်ရာတွေအကြောင်းကို ပိုပြီး နက်နက်ရှိုင်းရှိုင်း တွေးစရာပေးထားပါတယ်။

ကြမ်းတမ်းတဲ့ အခန်းတွေ၊ နှိပ်စက်တဲ့ အခန်းတွေ ပါလို့ အသည်းငယ်တတ်ရင်တော့ သတိထားကြည့်ရမယ့် ကားမျိုးပါ။





2K MINI CAFE မှာလာရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ🎥🌌

📞-09886887654

ယနေ့ကျရောက်တဲ့  တရုတ်နှစ်သစ်ကူး (မြင်းနှစ်) အခါသမယလေးမှာ -စီးပွားရေးတိုးတက်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ ပျော်ရွှင်ခ...
16/02/2026

ယနေ့ကျရောက်တဲ့
တရုတ်နှစ်သစ်ကူး (မြင်းနှစ်) အခါသမယလေးမှာ -
စီးပွားရေးတိုးတက်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ ပျော်ရွှင်ချမ်းမြေ့ခြင်းများ ပြည့်စုံကြပါစေလို့ 2K MINI CAFE မိသားစုမှ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ရှင့်။


#တရုတ်နှစ်သစ်ကူး

#တရုတ်နှစ်သစ်ကူးဆုတောင်း

Surya-Power-of-Love (2026)ဆူယာ(ဆူရီ)က ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းလာရတဲ့ မိဘမဲ့ကျောင်းသားတစ်ဦးပေါ့  ပညာရေးမှာ ထူးချွန်ရ...
14/02/2026

Surya-Power-of-Love (2026)

ဆူယာ(ဆူရီ)က ဆင်းရဲသားရပ်ကွက်မှာ ကြီးပြင်းလာရတဲ့ မိဘမဲ့ကျောင်းသားတစ်ဦးပေါ့ ပညာရေးမှာ ထူးချွန်ရုံတင်မကဘဲ သူ့ဘဝရပ်တည်မှုအတွက် စားပွဲထိုးလုပ်ငန်းနဲ့ အော်တိုမောင်းသမားအဖြစ်နဲ့ပါ ရုန်းကန်နေရသူပါ ဒီလိုလူက ချမ်းသာတဲ့မိသားစုက ကောလိပ်ကျောင်းသူ ဘူမိနဲ့ ချစ်ကြိုက်မိသွားပါတယ် အဆင့်အတန်းကွာခြားမှု နားလည်မှုလွဲမှားမှုတွေကြားမှာ သူတို့ရဲ့အချစ်ဟာ စမ်းသပ်ခံတစ်ခု ဖြစ်လာခဲ့ပါတော့တယ် တစ်ဖက်မှာလည်း မြို့ပြရဲ့ အမှောင်လောကသား Gangster တစ်ဦးဖြစ်တဲ့ မာရီ နဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေ ဖြစ်လာပြီး ဆူယာရဲ့ ဘဝက အန္တရာယ်ကြားထဲကို ရောက်ရှိလာတဲ့အခါမှာတော့...။ မိဘမဲ့တစ်ယောက်ဖြစ်တဲ့ ဆူယာက သူ့ရဲ့အချစ်ကို ဘယ်လိုကာကွယ်မလဲ သူ့ဘဝရဲ့ မသိသေးတဲ့ နောက်ကြောင်းတွေကရော ဘာတွေဖြစ်မလဲဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ပါဦး

2K MINI CAFE မှာလာရောက်အနားယူကြည့်ရှုနိုင်ပါပြီခင်ဗျာ

📞-09886887654




Vanaveera-(2026) ဗာရာပူရမ်အမည်ရှိတဲ့ ရွာလေးတစ်ရွာမှာ ရာဂူးက ဆင်းရဲသားလူတန်းစားတစ်ဦးဖြစ်ပြီး မိသားစုနှင့်အတူ အေးအေးချမ်းခ...
14/02/2026

Vanaveera-(2026)

ဗာရာပူရမ်အမည်ရှိတဲ့ ရွာလေးတစ်ရွာမှာ ရာဂူးက ဆင်းရဲသားလူတန်းစားတစ်ဦးဖြစ်ပြီး မိသားစုနှင့်အတူ အေးအေးချမ်းချမ်း နေထိုင်‌နေသူပါ။တစ်နေ့ ရွာရဲ့ရွေးကောက်ပွဲကာလ ရောက်လာတဲ့အခါ အကြမ်းဖက်တတ်ပြီးလူတန်းစားခွဲခြားမှုရှိတဲ့နိုင်ငံရေးသမား ဒေဗာက ရာဂူးရဲ့ တစ်စီးတည်းသော အဖိုးတန်ဆိုင်ကယ်ကို ရွေးကောက်ပွဲလှည့်လည်ဖို့အတွက် အတင်းအဓမ္မ သိမ်းယူလိုက်ရာမှ ပြဿနာများ စတင်ပါတော့တယ်။
ဆိုင်ကယ်ပြန်ရရေးအတွက် သာမန်တောင်းဆိုမှုကနေပြီး နောက်ဆုံးမှာ‌တော့မိမိရဲ့ ဂုဏ်သိက္ခာနဲ့ မတရားမှုကိုတွန်းလှန်တဲ့တိုက်ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပုံကို ရာမာယနဇာတ်တော်ထဲက သူရဲကောင်းဗာနာဗီယာ(ဟနုမာန်)နဲ့ ‌ ခေတ်‌သစ်ရာ၀ဏတို့ရဲ့ပဋိပက္ခအားပြိုင်မှုတွေအဖြစ် ရှုစားရမှာပဲဖြစ်ပါတယ်။

2K MINI CAFE မှာလာရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ

📞-09886887654




အားလုံးတွက် Happy Valentine's Day ‌ဆုတောင်းကိုယ်ချစ်ရသူတွေနဲ့အတူပျော်ရွှင်စွာ ရွှေလက်တွဲမြဲနိုင်ကြပါစေ❤️ပျော်ရွှင်စရာ ကေ...
14/02/2026

အားလုံးတွက် Happy Valentine's Day ‌ဆုတောင်း

ကိုယ်ချစ်ရသူတွေနဲ့အတူပျော်ရွှင်စွာ ရွှေလက်တွဲမြဲနိုင်ကြပါစေ❤️

ပျော်ရွှင်စရာ ကောင်းသော အမှတ်တရ နေ့ရက်လေးဖြစ်ကြပါစေ❤️

ချစ်နေရတဲ့ နေ့တိုင်းဟာ အချစ်များနေ့မို့ ဒီနေ့မှာလည်း ပျော်ရွှင်ချမ်းမြေ့ပါစေရှင့်❤️



The Morrigan (2026) IMDb Rating (6.8) ဒီတစ်ခါတော့ Irish ဒဏ္ဍာရီလာ စစ်နတ်ဘုရားမတစ်ပါးအကြောင်း ရိုက်ကူးထားတဲ့ Horror ကားသစ...
13/02/2026

The Morrigan (2026)

IMDb Rating (6.8) ဒီတစ်ခါတော့ Irish ဒဏ္ဍာရီလာ စစ်နတ်ဘုရားမတစ်ပါးအကြောင်း ရိုက်ကူးထားတဲ့ Horror ကားသစ်လေး တင်ပေးထားပါတယ်။ ဇာတ်လမ်းကတော့ ရှေးဟောင်းသုတေသနပညာရှင် ဖီအိုနာ (Fiona) ကနေ စရမှာပါ။ သူက အိုင်းရစ်ဒဏ္ဍာရီထဲက စစ်ပွဲနဲ့ ကံကြမ္မာကို ဖန်တီးနိုင်တဲ့ နတ်ဘုရားမ The Morrigan ရဲ့ အုတ်ဂူကို ရှာဖွေဖို့ အိုင်ယာလန်က လူသူဝေးတဲ့ နေရာတစ်ခုဆီ ခရီးထွက်လာခဲ့ပါတယ်။ ဒီခရီးမှာ သူ့ရဲ့ ဆယ်ကျော်သက်သမီး လီလီ (Lily) ကိုပါ ခေါ်လာခဲ့ရတာပေါ့။ လီလီကလည်း အရွယ်ရောက်စ သွေးဆူနေတဲ့အရွယ်ဆိုတော့ အမေဖြစ်သူနဲ့ အဆင်မပြေ၊ စိတ်ကောက်ပြီး ဟိုမရောက်ဒီမရောက် ဖြစ်နေတဲ့အချိန်ပေါ့။ ကံဆိုးချင်တော့ တူးဖော်ရေးလုပ်ရင်း The Morrigan ရဲ့ အုတ်ဂူကို တကယ်ရှာတွေ့သွားပြီး မတော်တဆ ပိတ်ထားတဲ့အရာတွေကို ဖွင့်မိလိုက်တဲ့အခါမှာတော့.... နှစ်ပေါင်းများစွာ ပိတ်လှောင်ခံထားရတဲ့ နတ်ဘုရားမရဲ့ ဝိညာဉ်က လီလီ့ ကိုယ်ထဲကို ဝင်ပူးသွားပါတော့တယ်။ ဒီနတ်ဘုရားမက ရှေးခေတ်ကတည်းက အမျိုးသားတွေရဲ့ ဖိနှိပ်မှုကို ခံခဲ့ရတဲ့ အငြိုးတွေနဲ့ ပြည့်နေတာဆိုတော့... လီလီ့ကိုယ်ကို သုံးပြီး ကျွန်းပေါ်က ယောက်ျားတွေကို တစ်ယောက်ပြီးတစ်ယောက် လက်စားချေ -တ်ဖြတ်ပါတော့တယ်။ မိခင်ဖြစ်သူ ဖီအိုနာအနေနဲ့ သမီးဖြစ်သူကို နတ်ဆိုးလက်ထဲကနေ ဘယ်လို ကယ်ထုတ်မလဲ၊ ဒီသေမင်းတမန် ကျွန်းပေါ်ကနေ အသက်ရှင်လျက် လွတ်မြောက်နိုင်ပါ့မလားဆိုတာကို ရင်တမမနဲ့ ကြည့်ရှုရမယ့် ကားကောင်းလေး ဖြစ်ပါတယ်။ (ဝတ်လစ်စလစ် အခန်းတချို့ပါသောကြောင့် မိသားစုနှင့်အတူ မကြည့်သင့်ပါ)






📞-09886887654

2K MINI CAFE မှာလာရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ

Primate (2026)Ben ဟာ Lucy တို့အိမ်မှာ မွေးထားတဲ့ လိမ်မာတဲ့ ချင်ပန်ဇီမျောက်ဝံလေးပါ။ Ben ဟာ ဉာဏ်ရည်လည်းထက်မြက်သလို လူတွေကိ...
13/02/2026

Primate (2026)

Ben ဟာ Lucy တို့အိမ်မှာ မွေးထားတဲ့ လိမ်မာတဲ့ ချင်ပန်ဇီမျောက်ဝံလေးပါ။ Ben ဟာ ဉာဏ်ရည်လည်းထက်မြက်သလို လူတွေကိုလည်းချစ်ခင်တတ်ပါတယ်။

ဒါပေမယ့် Ben ဟာ ရုတ်တရက် ခွေးရူးရောဂါကူးစက်ခံလိုက်ရတဲ့အခါမှာတော့ ရက်စက်ကြမ်းကြုတ်တဲ့ သားရဲတိရစ္ဆာန်တစ်ကောင်အဖြစ် ပြောင်းလဲသွားပါတော့တယ်။

အဓိက ဇာတ်ကောင် Lucy နဲ့ သူ့သူငယ်ချင်းတွေက ဟာဝိုင်အီကျွန်းကအိမ်မှာ အားလပ်ရက်ဆင်နွှဲနေရင်း ဒီစိတ်ရိုင်းဝင်သွားတဲ့ ချင်ပန်ဇီမျောက်ရဲ့ အန္တရာယ်ကနေ အသက်ရှင်ဖို့ ရုန်းကန်ရတဲ့ ဇာတ်လမ်းပါ။

ဒီရုပ်ရှင်ကို 47 Meters Down ရဲ့ ဒါရိုက်တာ Johannes Roberts က ရိုက်ကူးထားတာဖြစ်ပြီ CGI သိပ်မသုံးထားပဲ ရိုက်ထားတာဖြစ်ပါတယ်။

ချင်ပန်ဇီမျောက် Ben ရဲ့ နေရာမှာ သရုပ်ဆောင် Miguel Torres Umba က Motion Sensor နဲ့ Prosthetic တွေ ဝတ်ပြီး လှုပ်ရှားမှုနဲ့ မျက်နှာအမူအရာတွေကို ဖန်တီးသရုပ်ဆောင်ပေးထားပါတယ်။

ရိုးရှင်းတဲ့ ဇာတ်လမ်းပုံစံမျိုးပဲဆိုပေမယ့် စိတ်လှုပ်ရှားစရာကောင်းတဲ့ ရိုက်ကူးတင်ဆက်ပုံကြောင့် ကောင်းမွန်တဲ့ ဝေဖန်မှုတွေရရှိထားပြီး သည်းထိတ်ရင်ဖိုရသကို အပြည့်အဝခံစားနိုင်မယ့် Survival Horror ကားပါ။







📞-09886887654

2K MINI CAFE မှာလာရောက်ကြည့်ရှုနိုင်ပါပြီခင်ဗျာ

Address

Shwenyaung

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959886887654

Website

Alerts

Be the first to know and let us send you an email when 2K MINI CAFE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to 2K MINI CAFE:

Share

Category