05/09/2026
CROCHET CARE 🤍
Crochet အထည်ကို ဘယ်လိုကြာကြာလှအောင် ထိန်းသိမ်းမလဲ⁉️
ဒီ Post လေးမှာမျှဝေပေးမှာကတော့ crochet ချစ်သူတွေအတွက် crocheterတွေ က လက်နဲ့သေသေချာချာဖန်တီးထားတဲ့ Crochet အထည်လေးတွေကဂရုစိုက်ပေးရင် ကြာရှည်လှပစွာနဲ့ အကြာကြီးအသုံးပြုလို့ရပါတယ် ✨
🤍 1. အထည်ကို အလွန်အကျွံ မဆွဲပါနဲ့
Crochet အထည်တွေက ချည်သားနဲ့ ချည်ဆက်ပုံအပေါ်မူတည်ပြီး ဆွဲအားများရင် ပုံပျက်နိုင်ပါတယ်။ ဝတ်ဆင်တဲ့အခါ အလွန်အကျွံဆွဲတာ၊ ချိတ်မိတာတွေကို သတိထားပေးပါ။
🤍 2. ဂျိတ်နဲ့မချိတ်ဘဲ ခေါက်သိမ်းပေးပါ
အချိန်ကြာကြာ hanger နဲ့ချိတ်ထားရင် ပခုံးပိုင်းတွေ ရွဲသွားတာ ပုံပျက်သွား ဖြစ်နိုင်ပါတယ်။ မဝတ်တဲ့အချိန်မှာ သပ်သပ်ရပ်ရပ်ခေါက်ပြီးသိမ်းတာထက် roll ပုံစံသိမ်းထားတာ ပိုကောင်းပါတယ်။
🤍 3. အိတ်၊ လက်ဝတ်ရတနာတွေနဲ့ မငြိအောင် သတိထားပါ
Crochet အထည်မှာ ချည်ကွင်းလေးတွေရှိတာကြောင့် အိတ်ကြိုး၊ လက်စွပ်၊ နားကပ် စတာတွေနဲ့ ငြိပြီး ချည်ထွက်လာနိုင်ပါတယ်။ ဝတ်တဲ့အခါ နည်းနည်းလေး သတိထားပေးရုံနဲ့ အထည်လေးကို ပိုကြာကြာထိန်းသိမ်းနိုင်ပါတယ်။
🤍 4. သိမ်းတဲ့နေရာကို ခြောက်သွေ့ပြီး သန့်ရှင်းအောင်ထားပါ
စိုထိုင်းတဲ့နေရာမှာ ကြာကြာသိမ်းထားရင် အနံ့မကောင်းတာနဲ့ မှိုတက်တာတွေ ဖြစ်နိုင်ပါတယ်။ ခြောက်သွေ့ပြီး လေဝင်လေထွက်ကောင်းတဲ့နေရာမှာ သိမ်းပေးပါ။ဖြစ်နိုင်ရင် silica gel အထုတ်လေးထည့်ပေးထားပါ
🤍 5. မဝတ်တဲ့အချိန်မှာ အပေါ်ကပစ္စည်းတွေနဲ့ ဖိမထားပါနဲ့
Crochet အထည်လေးတွေကို အလေးအရမ်းတင်ထားရင် ပုံစံပျက်သွားနိုင်ပါတယ်။ Crochet အထည်တွေကို သီးသန့်နေရာလေးပေးပြီး သိမ်းထားတာ အကောင်းဆုံးပါ။
✨ အထည်လေးတစ်ထည်ရဲ့ အလှက ဖန်တီးသူရဲ့လက်ရာတင်မကဘဲ ဝတ်ဆင်သူရဲ့ ဂရုစိုက်မှုနဲ့လည်း သက်ဆိုင်ပါတယ်။ 🤍
သင့်ရဲ့ချစ်စရာ Crochet လေးတွေကို ကြာရှည်စွာ လှလှလေး ဝတ်ဆင်အသုံးပြုနိုင်ဖို့ ဒီ Care Tips လေးတွေကို Save ထားနော် 🧶✨