30/12/2025
အထူးသတင်း - Anthony Joshua ယာဉ်တိုက်မှု
စူပါစတား Anthony Joshua က နိုင်ဂျီးရီးယားနိုင်ငံ ယာဉ်တိုက်မှုဖြစ်သွားတယ်။ လေးဂို့စ် (မြို့) - အယ်ဘာဒန် (မြို့) အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်သွားတာပါ ရပ်ထားတဲ့ ကားကို ဝင်တိုက်မိတယ်လို့ သိရတယ်။ လူ (၂) ယောက်က ပွဲချင်းပြီးသေတယ်တဲ့။
Anthony Joshua ကတော့ အသေးစားဒဏ်ရာပဲရတယ်တဲ့။ အပွန်းအပဲ့လောက်ပဲ ဖြစ်လိမ့်မယ်။ သူကိုယ်တိုင်ပဲ မောင်းတာလား။ ယာဉ်မောင်းပါသေးလား။ ယာဉ်မောင်းပါရင် အမှုသက်သာလိမ့်မယ်။ (Update - Anthony Joshua မောင်းတာ မဟုတ်ပါဘူး)
တကယ်ဆိုရင် Anthony Joshua က ဗြိတိန်နိုင်ငံသားဆိုပေမယ့် နိုင်ဂျီးရီးယားမိဘတွေက ဗြိတိန်နိုင်ငံကို ရွှေ့ပြောင်းလာတာပါ။ နိုင်ဂျီးရီးယားနိုင်ငံမှာ အမျိုးတွေ ရှိသေးတယ်။
ပွဲထိုးပြီးတော့ Anthony Joshua က နိုင်ဂျီးရီးယားနိုင်ငံကို အလည်ထွက်ရာမှာ အခုလိုဖြစ်ပုံရတယ်။ လူသေမှုဖြစ်ပြီဆိုတော့ အလုပ်ရှုပ်ဦးမယ်။ စာဖတ်သူတွေ ဘေးကင်းပါစေ။
Reference Source - ESPN
Photo