VERSI NERI PER TE

VERSI NERI PER TE Poem, Prose

06/01/2025

ခြောက်နာရီဆိုရင်
ပြန်လာခဲ့ပေးပါ
အိမ်.........
လမ်းမမှာ ပေါ်တာတွေ
အရမ်းဆွဲနေလို့ပါ
ဂိန်.......

10/04/2024

ကိုယ့်ရဲ့ ဆန္ဒက
ရိုးရှင်းပါတယ်။
မင်းနဲ့အတူ ဒီကမ္ဘာကြီးကို
သိမ်းပိုက်မယ်။
လူသားတွေကို လွတ်လပ်မှု
အပြည့်ပေးမယ်။
လွတ်လပ်ခြင်းမှ ဖြစ်ပေါ်လာတဲ့
ပျက်စီးမှုတွေကို ပြုံးပြုံးကြီး
အတူတူ ထိုင်ကြည့်ကြမယ်။

20/03/2024

မတည်မြဲခြင်းဟာ
တည်မြဲနေတယ်
ဒဿနမရှိခြင်းက
ဒဿနိက ဖြစ်နေတယ်
လူတွေရဲ့ စဥ်းစား
တွေးတောမူ ရပ်တန့်လို့မရ

19/03/2024

တခါတလေကြတော့
ဖြစ်တည်မှု ဖြစ်စဥ်တွေကို
ထည့်မစဥ်းစားမိတော့
ကိုယ့်မှာ ပူလောင်ရတယ်။

21/02/2024

ကျနော်.....
ဆိုးသွမ်းနေတာ
မဟုတ်ဘူး၊ သူ့ကို
ခိုး လွမ်းနေတာပါ။

18/02/2024

မင်း ကိုယ့်အပေါ် ချစ်စိတ်
မရှိတော့ဘူးလို့ သိရတဲ့ချိန်
အရက်တွေလည်း သောက်လို့ မမူးတာ့ဘူး
ဝေါ်ကီတွေလည်း သောက်လို့ မပြဲတော့ဘူး
ကိုယ့်ရဲ့ ငူငြိုင်မှုကို မြင်းဆေးလည်း
မကယ်ကူနိုင်တော့ဘူး
ကိုယ်ဟာ သေးသေးလေး ဖြစ်ပြီး
ပျောက်သွားရင် သိပ်ကို
ကောင်းမှာပဲ.....။

13/02/2024

ရာသီတွေပြောင်း
ရော်ရွက်ဝါတို့ဝေ
ဤသို့နွေဦးတွင်
ဌာနေအဝေးက ချစ်သူရယ်
အလွန့် အလွန် လွမ်းရပါဘိ။

04/02/2024

အနုပညာရဲ့ အနိမ့်ဆုံးရည်ရွယ်ချက်ဟာ
ဖျော်ဖြေရေး ဖြစ်နေခဲ့ရင်လည်း
ကျနော်ပြောစရာမရှိပါ

ကူကယ်ရာမဲ့နေတဲ့ ကျရှုံးနိုင်ငံငယ်လေးတခုမှာ
ဖျော်ဖြေရေးအနုပညာဆိုတာ
အထက်တန်းလွှာတွေကို လိပ်ပြာသန့်စေ
အလယ်အလတ်တန်းလွှာတွေကို
တွေဝေစေ တာဝန်မဲ့စေပြီး
အောက်တန်းလွှာတွေကိုတော့
ထိုင်းမှိုင်းမေ့လျော့မိုက်မဲစေပါတယ်

⎯ ကိုသန်းထွန်း
တွေးမလားသေမလား၊ အပိုဒ် ၈၀

28/01/2024

နိုင်ငံတော်က သစ်ရွက်လှုပ်တောင် ရင်ခုန်တယ်
နိုင်ငံတော်က အရမ်း အသဲနုတယ်
နိုင်ငံတော်က အရမ်း စိတ်ကောက်တယ်
နိုင်ငံတော်နဲ့ ပတ်သက်ရတာ
ဆယ့်ခြောက်သမီးကို ရည်းစားထားရသလိုပဲ

16/01/2024

မကောင်းခဲ့ဘူး
မင်းလေးသိပ်ချစ်ခဲ့ရက်နဲ့
ကိုယ်ဟာမကောင်းမိခဲ့ဘူး
ဘယ်လောက်ပြင်းတဲ့ အရက်ဖြစ်ပါစေ
အမှတ်တရတွေ အကုန်
ရှင်းလင်းပြတ်သားနေတော့
အရူးတစ်ယောက်လိုပဲ

21/01/2021

ကျနော် ကဗျာတစ်ပုဒ်ဖန်ဆင်းဖို့ ပြင်တယ်။ လူတချို့ ရောက်လာကြတယ်။ တစ်ယောက်က ပြောတယ်။ မင်းကဗျာမှာ ချစ်​ခြင်မေတ္တာထည့်ကွာတဲ့ အဲ့တာမှ မင်းကဗျာလေးဖတ်ရတာ ကြည်နူးရမှာ တဲ့။ ဟာ ဟုတ်တာပေါ့လို့ ကျနော်ဝမ်းသာအားရနဲ့ ထည့်လိုက်တယ်။
နောက်တစ်ယောက် လာတယ်ဗျ။ မင်းကဗျာမှာ အမုန်းတော့ထည့်ကွတဲ့။ အဲ့တာမှ အချစ်ကပီပြင်မှာတဲ့။ အမုန်းရဲ့ခွန်အားတွေအကြောင်း ကျနော့်ကို ရှင်းပြတယ်။ ကျနော်လက်ခံတယ်။ ထည့်လိုက်တယ်။
နောက်တစ်ယောက် ရောက်လာပြန်ရောဗျ။ အချစ်နဲ့ အမုန်းပြီးရင် အလွမ်းဆိုတာ ထည့်ပေါ့လေ။ အဲ့လိုနဲ့. အလွမ်း၊အဆွေး၊ဥပေက္ခာ၊ဘဝ၊သေဆုံးခြင်း၊ငိုကြွေးခြင်း... စသည်ဖြင့် ကျနော်ထည့်နေတုန်း.....
ဗြုန်း..ဆို
ကျနော့်ကဗျာက လူဖြစ်သွားတယ် ကဗျာလူပေါ့ဗျာ။ ရုတ်တရက်ဆိုတော့ သူလည်းကြောက် ကျနော်လည်းလန့်ပေါ့။ ပြီးတော့ သူက ထွက်ပြေးသွားရောဗျ။ က​ဗျာလူဆိုတော့ဗျာ ခံစားချက်ကလည်း ပြင်းတယ်။ လူသားတွေထက် သူကပိုခံစားတက်တယ်။ ခက်တာက သူ့မှာ မျက်နှာမူပိုင်မရှိဘူး။ ခင်ဗျားတို့ရော ကဗျာရဲ့မျက်နှာကိုမြင်ဘူးကြရဲ့လား။
အထီးလား အမလားတောင် ကျနော်တို့ မသိကြဘူးလေ။
ပြီးတော့ သူက လူတိုင်းကို စီးကပ်နိုင်တယ်။ သူဟာ လူတိုင်း။ လူတိုင်းဟာ သူ အဲ့လိုလည်း ဖြစ်စေနိုင်တယ်။ အဲ့လို ဖြစ်စေဖို့ လက်ခံမယ့်သူရဲ့ စိတ်စေတသိတ်ဟာ အားနည်းနေရမယ်။ အားငယ်နေရမယ်။ထိန်းချုပ်မှုလွတ်နေရမယ်။ အစီအစဥ်အတိုင်းဖြစ်ခြင်းကနေ သွေဖယ်နေရမယ်။
ကဗျာလူဟာ ဘယ်သူမဆိုဖြစ်နေနိုင်တယ်။ သူဟာ ကြောက်လန့်နေတယ်။အားငယ်နေတယ်။ ရန်လိုကောင်းလည်း လိုနေနိုင်တယ်။ သူဟာ ဘယ်သူမဆို ဖြစ်သွားနိုင်တယ်။
ခင်ဗျားတို့ကျနော့်တို့ အရက်ဝိုင်းကနေ မိတ်ဆွေတစ်ယောက် ထ သွားပြီး သူပြန်ထိုင်တဲ့နောက် ပြောင်းလဲသွားတာတွေ ကြုံဖူးကြတယ်မလား။ ရုတ်တရက် ထ ငိုတာတွေ။ စကားတွေများလာတာတွေ။ ကဗျာတွေ ရွတ်တာတွေ။အဲ့တာတွေဟာ ခင်ဗျားမိတ်ဆွေနေရာမှာ ကဗျာလူက အစားဝင်ယူသွားတာပါပဲ။ သူ့ကို (ကဗျာလူ)ကိုတွေ့တဲ့အခါ ပြောပေးပါ။ ကျနော်လိုက်ရှာနေပါတယ်လို့။ သူ့ကို မျက်နှာတပ်ပေးမလို့ပါ။ ကျနော့်မှာ ကဗျာမျက်နှာ ရှိပါတယ်။
သူ့မျက်နှာက...

.T.Y

Where you
30/12/2020

Where you

Address

Pyay

Alerts

Be the first to know and let us send you an email when VERSI NERI PER TE posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category