ȚŐXÏČ

ȚŐXÏČ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ȚŐXÏČ, Game Publisher, Pyay.

Permanently closed.
ကျွန်တော်ကမျှော်တတ်တဲ့လူမျိုးပါ...💛ကိုယ့်ဘက်စမသွားတတ်လို့ တစ်စုံတစ်ယောက် ကိုသဘောကျရင်  မျှော်တတ်တဲ့လူမျိုးပေါ့...လမင်းကိ...
23/12/2020

ကျွန်တော်ကမျှော်တတ်တဲ့လူမျိုးပါ...💛

ကိုယ့်ဘက်စမသွားတတ်လို့ တစ်စုံတစ်ယောက် ကိုသဘောကျရင် မျှော်တတ်တဲ့လူမျိုးပေါ့...
လမင်းကိုမမျှော်ပဲ
ကြယ်စင်ကိုပဲမျှော်တာမို့
ကျွန်တော့်ထံကြွေဆင်းပါစေ......

အိပ်ရေးမနိုးခင်..ရောက်နှင့်နေတဲ့ Mornee messageတွေကို သဘောကျတယ်....

Voice messageအရှည်ကြီးတွေလည်း
သဘောကျတယ်....

ပြီးတော့ ရောက်လေရာနေရာမှာမဆီမဆိုင် ထခေါ်တတ်တဲ့ Video callလေးကိုလည်း
ပိုသဘောကျတယ်...

ကိုယ်လည်းမတောင်းရပဲ သူ့ရဲ့ selfieပုံတွေလာပြရင်လည်း သဘောကျပါတယ်...

(ကျွန်တော်ကတော့တစ်ခုမှမလုပ်တတ်ပါဘူး၊ရှက်လို့ ပါ)

Myday reactပေးသွားတာတွေ၊ postကlove reactတွေကအစ သူငယ်ချင်းတွေလိုက်ကြွားတတ်တဲ့အကြောင်းထုတ်မပြောတော့ဘူးနော်...

ကျွန်တော်က အဲ့လိုလူမျိုးပေါ့...တကူးတကကြီးသဲသဲလှုပ်ပြမနေတတ်ပေမဲ့..အပြင်မှာ တစ်ခါချစ်ရင်စိတ်ထဲမှာဆယ်ခါလောက်ချစ်နေတတ်တဲ့သူမျိုး

တစ်ခါတစ်လေ အားနေဖုန်းပဲဆက် မနေနဲ့လေ လို့ပြောတတ်ပေမဲ့ တကယ်တမ်းကျ ဖုန်းဆက်တိုင်း​
ပျော် တတ်တဲ့သူမျိုးပါ.....

အပြောမချိုတဲ့ typeထဲကပါပဲ...
တစ်ချို့ရက်တွေ စကားအကြာကြီးမပြောခြင်းဟာ မပြောချင်လို့မဟုတ်ပဲ အလုပ်ပင်ပန်းတဲ့ရက်တွေစောစောနားစေလိုတဲ့အလိုက်သိမှုမျိုးနဲ့ပါ....

တကယ်ပါ..အတည်ပါ..
ဘယ်ဘူတာမှာမှမလွဲချင်ပါဘူး..
ခင်ဗျားpostတွေကြည့်ပါတယ်.၊
mydayတွေဂရုတစိုက်ကြည့်ပါတယ်
စကားမပြောဖြစ်တဲ့နေ့တွေရှိရင်တောင် အရိပ်တစ်ကြည့်ကြည့်နဲ့ပါ......

အပြောထက်
အလုပ်ကပိုကြီးတဲ့လူတန်းစားတစ်ရပ်ကဒီမှာပါ...
ချစ်နေတာကိုချစ်မပြတတ်တဲ့
လူအကြီးကလည်း ဒီမှာပါ...

စကားလာမပြောတာမဟုတ်ပဲ..
စကားလာမပြောရဲတာဖြစ်ပါကြောင်း..
တကယ်တော့ခင်ဗျားထင်သလောက် လည်း သတ္တိတွေလွန်ကဲနေတာမဟုတ်ရပါဘူး.....

မသိချင်​ယောင် ​ချည်းဆောင်ထားပေမဲ့..
အဖြစ်သည်းတတ်တဲ့ချစ်ခြင်းမေတ္တာမျိုးမို့ သူငယ်ချင်းတွေကတော့
အမြင်ကပ်လျှက်ရှိပါတယ်...

ဘယ်သူမှန်းမသိတဲ့postတွေ ကောက်ကောက် မတင်ပါနဲ့ ခင်ဗျားအဲ့လိုတင်တဲ့နေ့ ကျွန်တော်သူငယ်ချင်းတွေ ''သူ့မှာချစ်ရတဲ့သူရှိတယ်ထင်တယ်''ဆိုတဲ့မေးခွန်းကိုတစ်နေကုန်ဖြေနေရပါပြီ

ပြောရရင်...ဒီတိုင်းပဲ
ရည်းစားတွေအများကြီးမထားဖူးလို့
အ တီးအ တနိုင်ပါတယ်..Lectureတွေရှိပေမဲ့ Pratical မရှိတာမို့
ခင်ဗျားကြောင့်တော့
အသည်းအသန်အစွန်းရောက်နေပါတယ်.....

မေတ္တာတွေရောင်ပြန်ပါစေ...
ခင်ဗျားအကြောင်းရေးတဲ့postတွေ reactလုပ်ပါ
Customနဲ့mydayတွေရွေးတင်တတ်လို့mydayတိုင်းကြည့်ပါ...
ကျွန်တော်ကဒီလောက်တော့ဦးစားပေးခံရဖို့ထိုက်တန်တဲ့မဟုတ်လား......💛!

#ထူးစစ်

21/12/2020

Address

Pyay

Website

Alerts

Be the first to know and let us send you an email when ȚŐXÏČ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category