07/04/2026
ဂရုစိုက်ခြင်းအကြောင်း ............
#ဂရုစိုက်ခြင်းက လူ့ဘဝမှာ ကိုယ်ကိုတိုင်အတွက် နှင့် အားလုံးသူအတွက် ကကောင်းကြီးအရေးကြီးရေ ကိစ္စတစ်ခု ဖြစ်ပါရေ ...........
#ဇာအတွက်ကြောင့်ဆိုကေ ကိုယ်ကိုတိုင်အတွင် ပင်ဖြစ်ဖြစ် ဇာသူ့အတွက်ပင်ဖြစ်ဖြစ် အချင်းချင်းကြား ယုံကြည်မှုတိ နွီးထွီးမှုတိကို အများကြီး အထောက်အကူ ဖြစ်ဇီလို့ပါ ........................
*ဥပမာ -
နိန်ကောင်းရေမလား .......
အဆင်ပြေရေလား ................
ကျန်းကျန်းမာမာမနား ................
အစအစရာရာ ဂရုစိုက်နန်းလို့ .....................
တစ်ခုခုချေ သတင်းမိန်း ပြောခြင်းပင်လျှင်လည်း တစ်ဖက်သားကို အသိအမှတ်ပြု နွီးထွီးမှု နက် ယုံကြည်မှုတိ တိုးလာဇီပါလို့ ..................