Channel Key Myanmar

Channel Key Myanmar နယ်ပယ်အစုံကိုဖွင့်ကြည့်မည့် ချန်နယ်သော့ ဖြစ်ပါတယ်...

နိုင်ငံပေါင်း ၁၃၀ နီးပါး ကာကွယ်ဆေးမထိုးရသေး=================================ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲက နိုင်ငံပေါင...
06/02/2021

နိုင်ငံပေါင်း ၁၃၀ နီးပါး ကာကွယ်ဆေးမထိုးရသေး

=================================

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ အကြီးအကဲက နိုင်ငံပေါင်း ၁၃၀ နီးပါးသည် ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးကို မထိုးရသေးကြောင်း ပြောကြားခဲ့သည်။ ထိုနိုင်ငံပေါင်း၏ စုစုပေါင်း လူဦးရေမှာ ၂.၅ ဘီလီယံခန့် ဖြစ်သည်ဟု ဆိုသည်။

WHO မှ ညွှန်ကြားရေးမှူးချုပ် တီးဒရို့အဒါနွမ်ဂျီဘရီရဲဆပ်က သောကြာနေ့တွင် ပြောကြားခဲ့သည်။ သူက ကာကွယ်ဆေး၏ လေးပုံသုံးပုံသည် နိုင်ငံပေါင်း ၁၀ နိုင်ငံတွင်သာ ရောက်နေသည်ဟု ဆိုသည်။

အစိုးရများအားလုံးသည် မိမိပြည်သူ ကာကွယ်ရမည်ဟု သူက ထောက်ပြသည်။ သို့သော် နိုင်ငံများက ကျန်းမာရေး လုပ်သားများနှင့် သက်ကြီးရွယ်အိုများကို ကာကွယ်ဆေးထိုးပြီးသည့်နှင့် ကျန်သော လူဦး ရေအားလုံးကို ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ အခြားနိုင်ငံများသို့ ဆေးများဝေမျှခြင်း ဖြစ်သည်ဟု ဆိုသည်။

ဦး စားပေးအုပ်စုများကို ထိုးနှံ့ပြီးသည့်နောက် မျှတသော ဖြန့်ဝေမှုကို သေချာစေရန် ရည်ရွယ်သည့် နိုင်ငံတကာ မူဘောင်ဖြစ်သော COVAX Facility သို့ ကာကွယ်ဆေးများပေးရန် နိုင်ငံများအား သူက တိုက်တွန်းခဲ့သည်။

မင်းသုတဟန်

၀၆.၀၂.၂၀၂၁
Ref: NHK

WHO စုံစမ်းစစ်ဆေးသူများက တရုတ် ကိုဗစ်-၁၉ ဗဟိုချက်ဟု နာမည်ကျော်ခဲ့သည့်  ဝူဟန်ဓာတ်ခွဲခန်းသို့ သွားရောက်,,,,,,,,,,,,,,,,,,,...
03/02/2021

WHO စုံစမ်းစစ်ဆေးသူများက တရုတ် ကိုဗစ်-၁၉ ဗဟိုချက်ဟု နာမည်ကျော်ခဲ့သည့် ဝူဟန်ဓာတ်ခွဲခန်းသို့ သွားရောက်

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သုတေသီအဖွဲ့တစ်ဖွဲ့သည် ကိုဗစ်-၁၉ ကူးစက်ရောဂါ၏ မူလအစ သဲလွန်စရှာဖွေရန် ဝူဟန်ရှိ ဗိုင်းရပ်စ် သုတေသန ဓာတ်ခွဲခန်းသို့ သွားရောက်ခဲ့သည်။

WHO အဖွဲ့၏ ဗိုင်းရပ်စ် ကျွမ်းကျင်သူ ပီတာဘန်အမ်ဘာ့ခ် ဦးဆောင်သောအဖွဲ့သည် ယနေ ဖေဖော်ဝါရီလ ၃ရက်က ဗုဒ္ဓဟူးနေ့ မနက် ၉ : ၃၀ ခန့်တွင် ဝူဟမ်ရောဂါဗေဒ အင်စတီကျု ရောဂါကာကွယ် ရေးဌာနသို့ သွာရောက်ခဲ့ကြသည်။

EcoHealth Alliance ၏ဥက္ကဌ ဖြစ်သူ အဖွဲ့မှအဖွဲ့ ဝင် ပီတာဘာ့ခ်က“ ကျွန်တော်တို့ဟာ အလွန်အကျိုး ဖြစ်ထွန်းတဲ့နေ့ကို မျှော်လင့်နေတယ်။ ဒီမှာရှိတဲ့ လူအများစုနဲ့ တွေ့ဆုံပြီး အရေးကြီးတဲ့ မေးခွန်းတွေ အားလုံးကို မေးပါမယ်”ဟုဆိုသည်။

ယခင်က အမေရိကန် သမ္မတဟောင်း ထရမ့်ပ်နှင့် သူ၏ နိုင်ငံခြားရေး ဝန်ကြီး မိုက်ပွန်ပီယိုတို့က ၂၀၁၉ ခုနှစ် အကုန်တွင် ဓာတ်ခွဲခန်း ယိုစိမ့်မှုကြောင့် ဝူဟန်မြို့တွင် ပထမဆုံး ကိုရိုနာဗိုင်ရပ်စ် ဖြစ်ပွားမှုကို ဖြစ်စေခဲ့သည်ဟု ဆိုသည်။

သိပ္ပံပညာရှင်အများစုကမူ ထိုယူဆချက်ကို ငြင်းပယ်ကြသော်လည်း အချို့ကမူ တောရိုင်းမှ ဖမ်းဆီးရမိသော ဗိုင်းရပ်စ်ပ်ကို ဓာတ်ခွဲခန်းတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး ယိုဖိတ်မှု အန္တရာယ်များ ဖြစ်ပွားပြီးနောက် ရောဂါကူးစက်ခံရသည့် ဝန်ထမ်းတစ်ဦးမှ ပျံ့နှံ့ခြင်း စတင်ခဲ့သည်ဟု ခန့်မှန်းထားကြသည်။

သိပ္ပံပညာရှင်အချို့က ဓာတ်ခွဲခန်းတွင် လေ့လာခဲ့သော ကိုရိုနာဗိုင်းရပ်စ် နမူနာများ၏ အသေးစိတ် အချက်အလက်များကို ထုတ်ပေးရန် တောင်းဆိုထားကြသည်။

WHO အဖွဲ့သည် ပြီးခဲ့သည့်လက ဝူဟန်သို့ရောက်ရှိလာပြီး ပထမဆုံးအကြိမ် ကိုဗစ်လူနာများ ကုသပေးသည့်ဆေးရုံနှင့် ၂၀၁၉ ဒီဇင်ဘာလတွင် ဗိုင်းရပ်စ်ပိုးကူးစက်မှု စတင်ခဲ့သော သားငါး အစိမ်းဈေးကွက်သို့လည်း သွားရောက်ခဲ့သည်ဟု ဆိုသည်။

သုညဖြူ

၀၃.၀၂.၂၀၂၁
Ref: The Guradian

၂၂လ အရွယ် သမီးလေးက  သံလိုက် ၁၄ လုံးကို ရောင်စုံ သကြားလုံးထင်မှတ်ကာ မျိုချ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,...
02/02/2021

၂၂လ အရွယ် သမီးလေးက သံလိုက် ၁၄ လုံးကို ရောင်စုံ သကြားလုံးထင်မှတ်ကာ မျိုချ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဗြိတိန်နိုင်ငံ အက်ဆက်စ်မှ အသက် ၂၂ လသာ ရှိသေးသည့် ဘက်ကာမက်ကာသီ ဆိုသည့် ကလေးတစ်ယောက်သည် eBay မှ တစ်ဆင့် ဝယ်ယူထားသော သံလိုက်လုံး ၁၄လုံးကို ရောင်စုံသကြားလုံး ထင်မှတ်ကာ မျိုချခဲ့သဖြင့် အစာအိမ်နှင့် အူလမ်းကြောင်း ခွဲစိတ် ကုသရန် ဆေးရုံသို့ အမြန်ပို့ဆောင်ခဲ့သည်။

ဘက်ကာ၏ ဓာတ်မှန်တွင် အစာအိမ်အတွင်း တစ်လုံးလျှင် ၅ မီလီမီတာခန့်ရှိသော သံလိုက်လုံးလေးများ အတန်းလိုက် ပူးကပ်နေသည်ကို တွေ့ရသည်။

မိခင်ဖြစ်သူ ဆမ်က သူတို့သည် ခရစ္စမတ်ကတည်းက ရောင်စုံ တောက်ပနေသည့် သံလိုက်လုံး ၆၀လုံးကို ဝယ်ယူခဲ့ပြီး မကြာသေးမီက ၁၄လုံး ပျောက်သွားခဲ့သည်ဟု ဆိုသည်။ နောက်ဆုံးတွင် ဘက်ကာသည် ဗိုက်အောင့်ဖျားနာ ဖြစ်ပြီး ဓာတ်မှန်ရိုက်ကြည့်အခါမှ ပျောက်နေသည့် ၁၄လုံးက ကလေးဗိုက်ထဲ ရောက်နေသည်ကို တွေ့ခဲ့ကြသည်။

အရင်ကတည်းက မိသားစုဝင်များက ဘက်ကာကို “ Becca the wrecker” (အဖျက်သမားလေး ဘက်ကာ) ဟု ချစ်စနိုး ခေါ်ခဲ့သည့်အတိုင်း သူမက နာမည် နှင့်လိုက်အောင် နေထိုင်သည်ဟု ဆိုကြသည်။

တနင်္ဂနွေနေ့ ကလေးကို တော်၀င်လန်ဒန် ဆေးရုံတွင် နာရီ ၂ နာရီခွဲကြာ ခွဲစိတ်ကုသမှုပေးခဲ့ပြီး ပြန်လည် နာလန်ထူလာရန် ဆေးရုံတွင် တစ်ပတ်ကြာ ထားမည်ဖြစ်ကြောင်း သိရသည်။

မင်းသုတဟန်

၀၂.၀၂.၂၀၂၁
Ref: The Star

မူးယစ်ဂိုဏ်းဝင် ၇၂ဦးအတွက် စုစုပေါင်း ထောင်ဒဏ် ၂၂၁နှစ် ချမှတ်,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,ဗြိတိန်မှ...
02/02/2021

မူးယစ်ဂိုဏ်းဝင် ၇၂ဦးအတွက် စုစုပေါင်း ထောင်ဒဏ် ၂၂၁နှစ် ချမှတ်
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဗြိတိန်မှ လျှို့ဝှက်ရဲတပ်ဖွဲ့များက ကောင်တီ ၁၈ခုမှ လူပေါင်း ၇၂ဦး ပါဝင်သည့် မူးယစ်ဂိုဏ်းကို ဖမ်းဆီးခဲ့ပြီးနောက် မူးယစ်ဆေးဝါး ရောင်းချမှု ကွင်းဆက် ၃၀ ကျော်ကို ပိတ်ပစ်နိုင်ခဲ့သည်။

ထို တရားခံ ၇၂ဦးပေါင်း၏ စုစုပေါင်း ပြစ်ဒဏ်မှာ ၂၂၁နှစ် ဖြစ်သည်။

လန်ဒန်၊ ဘာမင်ဂမ်၊ ဝူလ်ဖမ်ဟမ်တန်နှင့် နော့သ်သင်တန်ရှိ ကိုကင်းနှင့် ဘိန်းဖြူ ရောင်ချရေး ကွင်းဆက်၌ အသက် ၁၄ နှစ် အရွယ် ကလေး များကိုပင် အသုံးချကာ ရောင်းဝယ်ဖောက်ကား ခဲ့ကြသည်။

၂၀၁၉ ခုနှစ် အကုန်တွင် နော့သင်တန်ရှိုင်းယား ရဲတပ်ဖွဲ့သည် ပေါင် ၁.၃ သန်းကျော် တန်ဖိုးရှိသော မူးယစ်ဆေးဝါးများကို ဖမ်းဆီး ရမိခဲ့သည်။ ယူကေတွင် ရဲတပ်ဖွဲ့ တစ်ခုတည်းက အကြီးမားဆုံးသော ဖမ်းဆီးနိုင်ခဲ့သည့် အဖြစ်အပျက်ဟု ယုံကြည်ရသည်။

ပူးပေါင်းကြံစည်မှု ပြစ်မှုထင်ရှားစီရင်ခံရသည့်သူ လူငါးဦးအား“ ကြီးမားသော အဓိက ကစားသမားများ” အဖြစ် ဖော်ပြထားသည်။

ရွမ်ဖော့အရေ့လန်ဒန်မှ အသက် ၂၈ နှစ်အရွယ် အော်စန်သည် ကိုးနှစ်၊ ခြောက်လ။ ဒေဂန်ဟမ်မှ အသက် ၂၆ နှစ်ရှိ ဟူစိန်ဂျင်မေးလ် က ငါးနှစ်။ လန်ဒန်မြောက်ပိုင်း ဟန်ဒန် မှ အသက် ၂၄ နှစ်အရွယ် ဘရူနိုဘာ့ဂ်သည် ခြောက်နှစ်၊ လေးလ။ လိပ်စာ အတည်တကျ မရှိသူ အိုမာနီ ဘာနာတ်က အသက် ၂၅ နှစ်နှင့် ဘာမင်ဂမ်မှ ၃၃ နှစ်အရွယ် လဗိုင်ဗာနတ်တို့ကို ထောင်ဒဏ် ခုနစ်နှစ် အသီးသီး ချမှတ်ခဲ့ကြောင်းသိရသည်။

မင်းသုတဟန်

၀၂.၀၂.၂၀၂၁
Ref: The Star

အဒေါ့ဖ်ဟစ်တလာ၏ အိမ်သာဘိုထိုင် ပေါင် ၁၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,အဒေါ...
02/02/2021

အဒေါ့ဖ်ဟစ်တလာ၏ အိမ်သာဘိုထိုင် ပေါင် ၁၅၀၀၀ ဖြင့် လေလံတင်ရောင်းချမည်

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

အဒေါ့ဖ်ဟစ်တလာ၏ အိမ်သာဘိုထိုင်ခုံကို ပေါင် ၁၅၀၀၀ ဝန်းကျင်ဖြင့် လေလံတင် ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။

အမေရိကန် စစ်သားတစ်ဦးသည် ဘာဗိုအဲလ်ပ်ရှိ နာဇီအာဏာရှင်၏ သီးသန့်နေအိမ်က ကိုယ်ပိုင်ရေချိုးခန်းမှ ထူးထူးဆန်းဆန်း ပစ္စည်းများကို ခိုးယူခဲ့သည်။

ဒုတိယကမ္ဘာစစ် အပြီးတွင် မဟာမိတ်များ ဗုံးကြဲမှုကြောင့် အကြီးအကျယ် ထိခိုက် ပျက်စီးနေသော အိမ်မှ ပစ္စည်းများကိုယူကြချိန်တွင် စစ်တပ်မှ တပ်ကြပ်ကြီး Ragnvald Borch က အိမ်သာခွက်ကို ခိုးယူခဲ့သည်။

Borch သည်သူ၏ Berghof အမှတ်တရ ပစ္စည်းများထဲမှ အိမ်သာဘိုထိုင်ကို ဘာကြောင့် ယူရသလဲဟု အခြားစစ်သား တစ်ဦးက မေးမြန်းခဲ့သည့်အခါ သူက “ ဟစ်တလာက သူ့ဖင်ကို ဘယ်နေရာမှာ ထားခဲ့တာလဲ” ဟုပင် ရွှတ်နောက်နောက် ပြန်ပြောခဲ့သေသည်။

ထို့နောက် တပ်ကြပ်ကြီးက အမေရိကန်ပြည်ထောင်စု၊ နယူးဂျာစီရှိ သူ၏မိသားစုအိမ်သို့ ပြန်လည်ပို့ဆောင်ခဲ့သည်။ သူပြန်လာသောအခါ Borch သည် ၎င်းဘိုထိုင်ကို မြေအောက် ခန်းတွင် ခင်းကျင်းပြသ ခဲ့သည်။

လာမယ့်အပတ် မေရီလန်းပြည်နယ်၊ Chesapeake City လေလံပွဲတွင် သူ့မိသားစုက အိမ်သာ ထိုင်ခုံကနေ ငွေရှာရန် ဆုံးဖြတ်လိုက်သည်။ ဒီပစ္စည်းကို ပေါင် ၁၀၀၀၀ မှ ၁၅၀၀၀ ကြား ဈေးနှုန်း သတ်မှတ်ထားသည်။

အလက်ဇန္ဒား လေလံပွဲမှ Bill Panagopulos က "ဒါဟာ ဒုတိယကမ္ဘာစစ်ရဲ့ ရှေးဟောင်း ပစ္စည်းတွေထဲ ထည့်သွင်းနိုင်တဲ့ စွဲဆောင်မှု အရှိဆုံး ပစ္စည်းတွေထဲက တစ်ခုဖြစ်မယ်လို့ အာမခံပါတယ်" ဟုဆိုသည်။ သူက "ဒါဟာ ဟစ်တလာရဲ့ ကိုယ်ပိုင်ရေချိုးခန်း ကနေရတာတဲ့ အာဏာရှင် ထိုင်ခဲ့ဖူးတဲ့ ရာဇပလ္လင် နီးနီးပါပဲ”ဟု ဆိုသည်။

‘ဒီဘိုထိုင်ပေါ်ကနေ ကမ္ဘာကို သိမ်းပိုက်ဖို့ ကြံစည်နေတဲ့ အာဏာရှင်ပုံစံကို စိတ်ကူး မြင်ယောင်ကြည့် နိုင်ပါတယ်’ ဟုလည်း ဆိုထားသည်။

မင်းသုတဟန်

၀၂.၀၂.၂၀၂၁
Ref: The Star

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က “ရွှေလျှာ’ ပါရှိနေသည့် မံမီတွေ့ရှိ,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,...
02/02/2021

လွန်ခဲ့သော နှစ်ပေါင်း ၂၀၀၀ ခန့်က “ရွှေလျှာ’ ပါရှိနေသည့် မံမီတွေ့ရှိ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ရှေးဟောင်း အီဂျစ်နယ်မြေ ဖြစ်သော Taposiris Magna တွင် တူးဖော် ရှာဖွေနေသော ရှေးဟောင်း သုတေသန ပညာရှင်များသည် ကျောက်ဖြင့် ပြုလုပ်ထားသော သင်္ချိုင်းဂူ ၁၆ ခုကို ထပ်မံ ရှာဖွေတွေ့ရှိခဲ့ပြီး ရွှေတစ်မျိုးတည်းဖြင့် ပြုလုပ်ထားသည့် လျှာတစ်ချောင်း ပါရှိနေသည့် မံမီတစ်ခုကိုလည်း တွေရှိခဲ့သည်။

တစ်ချိန်က အလောင်းကို ဆေးနှင့်ပြုပြင်သည့် အခါ မူလ လျှာကိုဖယ်ထုတ်ပြီး နောက်တွင် နောင်တမလွန်ဘဝတွင် စကားပြောနိုင်ရန်အတွက် ရွှေလျှာကို အစားထိုးခဲ့သည်ဟု ခန့်မှန်းရသည်။

အနှစ် ၂,၀၀၀ ခန့်က ရှေးဟောင်းဂရိနှင့် ရောမခေတ် သင်္ချိုင်းဂူများမှာ ရှိရာ ရှေးဟောင်း အီဂျစ်နယ်မြေ ဖြစ်သော Taposiris Magna ရှိ သဘာဝ ကျောက်ဆောင်များ အတွင်း၌ တွေ့ရှိခဲ့ကြခြင်း ဖြစ်သည်။

သင်္ချိုင်းများအတွင်းတွင် မံမီ များစွာရှိပြီး ရုပ်ကြွင်းများမှာ ယိုယွင်း ပျက်စီးသွားသော်လည်း အသုဘ မျက်နှာဖုံးများမှာ နဂိုအတိုင်း လက်ရာပျက် ရှိနေဆဲဖြစ်သည်။ ယခု တူးဖော်ခြင်းကို Santo Domingo တက္ကသိုလ်မှ ဦး ဆောင်ပြီး အဖွဲ့သည် ထိုနေရာတွင် ဆယ်စုနှစ် တစ်ခုနီးပါး အလုပ်လုပ်ခဲ့သည်။

အဖွဲ့သည် ယခင်က Taposiris Magna ဘုရားကျောင်းအတွင်း၌ ဘုရင်မ ကလီယိုပါထရာ (၇) မျက်နှာပုံ ထွင်းထားသော အကြွေစေ့များစွာကို ရှာဖွေတွေ့ရှိခဲ့သည်။ ထိုဘုရင်မသည် တစ်ချိန်က လူအများအပြားကို အုပ်ချုပ်ခဲ့သည်ဟု ယူဆကြသည်။

ရွှေလျှာ ပါရှိနေသည့် အရိုးစုကို ကောင်းစွာ ထိန်းသိမ်းထားနိုင်ကြောင်း တွေ့ရှိရပြီး ၎င်း၏ ဦး ခေါင်းခွံနှင့် ဖွဲ့စည်းပုံအများစုမှာ နဂိုအတိုင်းရှိ နေဆဲဖြစ်သည်။

လွန်ခဲ့သောအနှစ် ၂,၀၀၀ ခန့်က သေဆုံး သွားသူများအား လျှာကိုထည့်ပေးခြင်းသည် သေဆုံးသူ၏ စိတ်ဝိညာဉ်အပေါ် သနားခြင်း ကရုဏာပြရန် ခွင့်ပြုခဲ့ခြင်း ဖြစ်နိုင်သည်။

မင်းသုတဟန်

၀၂.၀၂.၂၀၂၁
Ref: Daily Mail

အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအရ ဆန္ဒပြလယ်သမားများ၏ အကောင့်ကို တွစ်တာပိတ်ခဲ့,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,...
02/02/2021

အိန္ဒိယအစိုးရ၏ တောင်းဆိုမှုအရ ဆန္ဒပြလယ်သမားများ၏ အကောင့်ကို တွစ်တာပိတ်ခဲ့

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

တနင်္လာနေ့တွင် တွစ်တာသည် ဟိန္ဒူအမျိုးသားရေး အစိုးရ၏ တောင်းဆိုချက်အရ ထင်ရှားသော သတင်း မဂ္ဂဇင်းများနှင့် မြို့တော်တွင် လူထုဆန္ဒပြပွဲများ ပြုလုပ်နေသော လယ်သမားများ အပါအဝင် အိန္ဒိယမှ တွစ်တာ အကောင့်များစွာကို ယာယီပိတ်ဆို့ခဲ့သည်။

သတင်းအချက်အလက် နည်းပညာဝန်ကြီးဌာန၏ သတင်းရင်းမြစ်တစ်ခုက အစိုးရသည် လူမှုရေးမီဒီယာ ကုမ္ပဏီကြီးအား တွစ်တာအကောင့် ၂၅၀ ခန့်နှင့် အများပြည်သူ ဆိုင်ရာ စည်းမျဉ်းများကို အကြီးအကျယ် ခြိမ်းခြောက်နေသော တွစ်တာများကို ပိတ်ပစ်ရန် ညွှန်ကြားခဲ့သည်ဟု အေအက်ဖ်ပီ သတင်းဌာနသို့ ပြောကြားခဲ့သည်။

တနင်္လာနေ့ မွန်းလွဲပိုင်းတွင် အကောင့်များကို ပိတ်ထားသော်လည်း နာရီအကြာတွင် အချို့ကို ပြန်လည် အသုံးပြုနိုင်ခဲ့သည်။

နိုဝင်ဘာလ ၂၆ ရက် ကတည်းက သောင်းနှင့်ချီသော လယ်သမား ထောင်ပေါင်းများစွာသည် နယူးဒေလီ ဆင်ခြေဖုံးအရပ်ရှိ စခန်းများတွင် အိန္ဒိယ၏ လယ်ယာ စိုက်ပျိုးရေးကဏ္ဍ၏ ထိန်းချုပ်မှုများ လျှော့ချဆန့်ကျင်ရန် အတွက် ဆန္ဒပြခဲ့ကြသည်။

ပြီးခဲ့သည့်အပတ်က တစ်ခုသော ဆန္ဒပြပွဲသည် လူသေကြေသည့်အထိ ဖြစ်ခဲ့သည်။ ထိုအချိန်မှစ၍ ရဲများသည် လယ်သမားများစွာနှင့် Caravan မဂ္ဂဇင်းတွင် ရေးသားနေသည့် သတင်းစာဆရာ တစ်ဦးကို ဖမ်းဆီးခဲ့သည်။

အိန္ဒိယတွင် တွစ်တာ အကောင့်ပိတ်ဆို့ခံထားရသူများထဲတွင် မဂ္ဂဇင်းများ၊ လယ်သမားအရေး တက်ကြွ လှုပ်ရှားသူများနှင့် သမဂ္ဂများ၊ အတိုက်အခံ ခေါင်းဆောင်များ၊ သရုပ်ဆောင်တစ် ဦး နှင့် စီးပွားရေးပညာရှင်တို့လည်း ပါဝင်သည်။

တွစ်တာပြောရေးဆိုခွင့်ရှိသူက“ စနစ်တကျ သတ်မှတ်ထားသော တောင်းဆိုမှု တစ်ခု ပြုလုပ်ပါက နိုင်ငံတစ်နိုင်ငံရှိ အကောင့်ချို့ကို အချိန်နှင့်အမျှ ဝင်ရောက်ခွင့်ကို မပေးဘဲထားရန် လိုအပ်သည်” ဟုပြောကြားခဲ့သည်။

Caravan ၏အယ်ဒီတာ Vinod K Jose က သူတို့၏ အကောင့်များကို ပိတ်ဆို့ခြင်းသည် အာဏာပိုင်များက သူတို့၏ အစီရင်ခံမှုအပေါ် အပေါ်ဆန့်ကျင်သော“ နောက်ဆုံးအကြိမ် တိုက်ခိုက်မှု” ဖြစ်သည်ဟု ပြောကြားခဲ့သည်။

နိုင်ငံတကာ မီဒီယာ စောင့်ကြည့်ရေးအဖွဲ့ (နယ်စည်းမခြားသတင်းထောက်များအဖွဲ့) က ဒီဆိုင်းငံ့ထားမှုကို“ ထိတ်လန့် တုန်လှုပ်ဖွယ် ဆင်ဆာဖြတ်မှု” ဟုခေါ်တွင်သည်။

ပြီးခဲ့သည့် အင်္ဂါနေ့က ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများအပြီးတွင် ဂျာနယ်လစ်များနှင့် အတိုက်အခံနိုင်ငံရေး သမားတစ် ဦး တို့အား ၎င်းတို့၏သတင်းပို့မှုနှင့် ဆန္ဒပြမှုအပေါ် တွစ်တာမှတစ်ဆင့် ပုန်ကန်ရန်လှုံ့ဆော်သည်ဟုစွ ပ်စွဲကာ အနည်းဆုံးရာဇဝတ်မှု ၅ မှုကို မှတ်ပုံတင်ထားသည်။

အိန္ဒိယသည် လယ်သမားများ၏ဆန္ဒပြနေရာများတွင် သတင်းအချက် အလက်မျှဝေခြင်းကို ကန့်သတ်ရန် မကြာခဏ အသုံးပြုသည်။

ကျော်မွန်ဦး

၀၂.၀၂.၂၀၂၁
Ref: AFP

MI-6 တွင် အချိန်ပိုင်း ‘ဂျိမ်းစ်ဘွန်း’ လာလုပ်ရန် ကြော်ငြာခေါ်,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,ဗြိတိန် ထောက်...
31/01/2021

MI-6 တွင် အချိန်ပိုင်း ‘ဂျိမ်းစ်ဘွန်း’ လာလုပ်ရန် ကြော်ငြာခေါ်

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဗြိတိန် ထောက်လှမ်းရေး အကြီးအကဲများသည် အချိန်ပိုင်း ‘ဂျိမ်းစ်ဘွန်း စစ်တပ်’ကို ငှားရမ်းလို ကြသည်။ ခန့်ထားမည့် ဂျိမ်းဘွန်း အသစ်များသည် ရုရှား သို့မဟုတ် တရုတ်တို့၌ အလုပ်လုပ်ရမည် ဖြစ်သည်။

ကြော်ငြာ အစီအစဉ်များတွင် ဖော်ပြထားသော အဆိုပါ ကမ်လှမ်းမှုကို MI6 တွင် ‘ထိန်းချုပ်သူကြီး’ Controller ခေါ် ‘C’ ဟု လူသိများသည့် အကြီးအကဲသစ် ရစ်ချတ်မိုးက ကမ်းလှမ်းခြင်း ဖြစ်သည်။

မဂ္ဂဇင်းကြော်ငြာတစ်ခုက “ MI6 သည် အချိန်ပိုင်းကဏ္ဍအတွက် မတူကွဲပြားသော ကျွမ်းကျင်မှုများနှင့် ဘဝ အတွေ့အကြုံများစွာ ရှိထားသူများကို ရှာဖွေနေသည်ဟု ဆိုသည်။

"အလွန်အမင်း နှစ်သက်ဖွယ်ကောင်းသော ပုဂ္ဂိုလ်များသည် ၎င်းတို့၏ နယ်ပယ် အသီးသီးမှ ကျွမ်းကျင်သူများ ဖြစ်ရမည်။ ဗြိတိန် သာမက နိုင်ငံခြားသားများထံမှလည်း လျှောက်လွှာများကို ကျွန်ုပ်တို့ ကြို ဆိုပါသည်"ဟု ဆိုသည်။

MI6 သည် ရုရှားနှင့် တရုတ်တို့တွင် အဆက်အသွယ်ရှိသူများကို လိုလားနေသည်။ ခန့်အပ်ခံ ရသူများသည် စီးပွားရေးလုပ်ငန်းနှင့် အားလပ်ရက်များတွင် ခရီးသွားကြရမည် ဖြစ်ကြောင်း သိရသည်။

မင်းသုတဟန်

၃၁.၀၁.၂၀၂၁
Ref: Mirror

ကြီးမားသည့် တောင်ပြိုမှုကြောင့် အဝေးပြေးလမ်းမကြီး ပဲ့ကျသွား,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,ထိတ်လန့်တုန်လှုပ်စေသော မ...
31/01/2021

ကြီးမားသည့် တောင်ပြိုမှုကြောင့် အဝေးပြေးလမ်းမကြီး ပဲ့ကျသွား

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ထိတ်လန့်တုန်လှုပ်စေသော မောင်းသူမဲ့ ဗွီဒီယိုမှ မှတ်တမ်းများက ကယ်လီဖိုးနီးယားရှိ အဝေးပြေးလမ်းတစ်လျှောက် မြေပြို၊ တောင်ပြိုမှု အကြီးအကျယ်ဖြစ်ပွားခဲ့ပုံကို ပြသထားသည်။

ယခုအပတ် အစောပိုင်းကမြေပြိုမှုသည် ဘစ်ဆာရ်၏ တောင်ဘက် ၁၅ မိုင်ခန့်တွင် ရှိသော မွန်တာရီ ကောင်တီရှိ အဝေးပြေး ကားလမ်းမတွင် ဖြစ်ပွားခဲ့ပြီး ကြီးမားသောလမ်း၏ အစိတ်အပိုင်းသည် ပစိဖိတ် သမုဒ္ဒရာထဲသို့ ပဲ့ကျသွားခဲ့သည်။

ကြာသပတေးနေ့က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မွန်တာရီရှိ ကယ်လီဖိုးနီးယား အဝေးပြေးလမ်းပေါ်ရှိ ကင်းလှည့်ယာဉ်က အဝေးပြေးလမ်းမနှင့် ဝေးဝေးနေရန် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

သောကြာနေ့တွင် လမ်းတံတား ပြုပြင်သူများက ပျက်စီးမှုကို စစ်ဆေးနှင့် ပြင်ဆင်ခြင်းများ ကို စတင်ခဲ့သည်။ မည်သည့်အချိန်မှ လမ်းကို ပြန်လည် အသုံးပြုနိုင်မည်ကိုလည်း မသိရသေးပေ။

ကယ်လီဖိုးနီးယား ပြည်နယ် အချို့တွင် ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များက ဆောင်းရာသီ မုန်တိုင်းကျပြီး အချို့ဒေသများ၌ ရေကြီးခြင်းများ ဖြစ်ပေါ်စေခဲ့ပြီး ရာပေါင်းများစွာသော လူများကို ကယ်ဆယ်ရန် အားချင်း စေခိုင်းခဲ့ရကြောင်း The Weather Channel မှ ပြောကြားခဲ့သည်။

မင်းသုတဟန်

၃၁.၀၁.၂၀၂၁
Ref: The Sun

ပူတင် ဂျူဒိုကစားဖော်ဟောင်းက အငြင်းပွားဖွယ် နန်းတော်ကို ပိုင်ဆိုင်သူ ဟုဆို,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,...
31/01/2021

ပူတင် ဂျူဒိုကစားဖော်ဟောင်းက အငြင်းပွားဖွယ် နန်းတော်ကို ပိုင်ဆိုင်သူ ဟုဆို

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ရုရှား အတိုက်အခံ ခေါင်းဆောင် အဲလက်ဇီနာဗယ်လ်ညီက နိုင်ငံ တောင်ပိုင်းရှိ နန်းတော်ကြီးအား ရုရှားသမ္မတ ဗလာဒီမာပူတင်က ပိုင်ဆိုင်သည်ဟု စွပ်စွဲခဲ့သည်။

ရုရှားစီးပွားရေး လုပ်ငန်းရှင် အာကာဒီရော့ဒင်ဘာ့ဂ်က သူသည် ရုရှားတောင်ပိုင်းတွင် ကြီးမားသော နန်းတော်တစ်ခုကို ပိုင်ဆိုင်ကြောင်း ပြောကြားလိုက်ပြီး ကရင်မလင် ဝေဖန်ရေးသမား အဲအက်ဇီနာဗယ်လ်ညီက သမ္မတပူတင်၏ ပိုင်ဆိုင်မှုဟု မှားယွင်း စွတ်စွဲခြင်းသာ ဖြစ်ကြောင်းဆိုသည်။

မစ္စတာနာဗယ်လ်ညီနှင့် သူ၏ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဖောင်ဒေးရှင်းသည် ရုရှားခေါင်းဆောင်၏ ကြွယ်ဝသော အိမ်ကြီးကို စွပ်စွဲသည့် ဗွီဒီယိုတစ်ခု ထုတ်ဝေခဲ့သည်။ ထိုဗီဒီယိုကို အကြိမ်ပေါင်း ၁၀၃ သန်းကျော် ကြည့်ရှုခဲ့ကြသည်။

မစ္စတာပူတင်၏ ယခင် ဂျူဒိုကစားဖက် ရော့ဒင်ဘာ့ဂ်သည် ၂၀၁၉ ခုနှစ်တွင် RBC စီးပွားရေးလုပ်ငန်း အတွက်လိုငွေ (ဒေါ်လာ ၉၉၀ သန်း) ရရန် သဘာဝဓာတ်ငွေ့ ပိုက်လိုင်း ဆောက်လုပ်ရေး ကုမ္ပဏီ Stroygazmontazh မှ သူ၏ ရှယ်ယာများ ရောင်းချရန်ပြီးနောက် လွန်ခဲ့သော ၂ နှစ်က နန်းတော်ကို တည်ဆောက်ခဲ့သည်ဟု ပြောကြားခဲ့သည်။

Mash Telegram မှထုတ်လွှင့်သော ဗွီဒီယိုတွင်မစ္စတာ ရော့ဒင်ဘာ့ဂ်က“ အခုတော့ လျှို့ဝှက်မနေတော့ဘူး။ ငါ အကျိုးခံစားခွင့် ရှိသူ ဖြစ်လာတယ်။ ”

မစ္စတာနာဗယ်လ်ညီအား လိမ်လည်မှုကျူးလွန်သည်ဟု စွပ်စွဲချက်များဖြင့် ဇန်နဝါရီ ၁၈ ရက်တွင် ရက်ပေါင်း ၃၀ ချုပ်နှောင်ထားခဲ့သည်။

သူသည်ပြီးခဲ့သည့် သြဂုတ်လက အဆိပ်အတောက်ဖြစ်စေသော အာရုံကြောအေးဂျင့် အဆိပ်သင့်ရာမှပြ န်လည်နာလန်ထူလာပြီး ဂျာမနီမှမော်စကို သို့ပြန်လာပြီးနောက် အဖမ်းခံခဲ့ရသည်။

သူအဖမ်းခံရပြီး နောက်ထောင်နှင့်ချီသော လူများသည် ပြီးခဲ့သည့်စနေနေ့မှ စတင်၍ ရုရှားနိုင်ငံတစ်ဝှမ်းလုံးတွင် ဆန္ဒပြပွဲများ ကျင်းပခဲ့သည်။ ယနေ့တွင် နောက်ထပ် ဆန္ဒပြပွဲများကို ရုရှားနိုင်ငံတစ်ဝှမ်း ကျင်းပရန် စီစဉ်ထားသည်။ အာဏာပိုင်များက အဆိုပါစုရုံးမှုများသည် တရားမဝင်ကြောင်းနှင့် အင်အားသုံး ဖြိုခွဲမည်ဟု ဆိုထားသည်။

နန်းတော်ကို ပိုင်ဆိုင်သည်ဟု ဆိုလာသည့် မစ္စတာရော့တ်ဘာ့ဂ်သည် မတ်လ ၂၀၁၄ တွင် ခရိုင်းမီးယားကို သိမ်းပိုက်ပြီးနောက် အမေရိကန်နှင့် အခြားအနောက်နိုင်ငံများမှ နာမည်ပျက် စာရင်းသွင်း ထားသော ရုရှားအရာရှိများနှင့် စီးပွားရေး အမှုဆောင် အရာရှိများ အနက်မှ တစ်ဦး ဖြစ်သည်။

ကျော်မွန်ဦး

၃၁.၀၁.၂၀၂၁
Ref: AP

အီးယူက  ကာကွယ်ဆေး တင်ပို့မှုများကို ပိတ်ပင်သည့် အမှားလုပ်ရပ်မျိုး  ကြိုးပမ်းခဲ့,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,...
31/01/2021

အီးယူက ကာကွယ်ဆေး တင်ပို့မှုများကို ပိတ်ပင်သည့် အမှားလုပ်ရပ်မျိုး ကြိုးပမ်းခဲ့
,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

ဗြိတိန် ၀န်ကြီးဌာန အကြီးအကဲတစ်ဦးက ဥရောပသမဂ္ဂသည် ဘရီးဇစ် သဘောတူညီချက်အရ ဗြိတိန်နိုင်ငံသို့ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေးများ သယ်ဆောင်ခြင်းကို တားဆီးရန်ဆိုသည့် အမှားမျိုးကို ပြုမူမိနေကြောင်း သတိပေးခဲ့ရသည်။

၀န်ကြီးများဌာန ၀န်ကြီး မိုက်ကယ်ဂူးက အီးယူသည် မှားယွင်းနေသော အစီအမံကို ပြန်လည် သတိပြုမိပြီး သူတို့၏ ပြဿနာများကို ဖြေရှင်းနိုင်ရန်အတွက် ဗြိတိန်နှင့် ပူးပေါင်းရန် တိုက်တွန်းခဲ့သည်။

ဥရောပသမဂ္ဂ အနေဖြင့် ပုဒ်မ ၁၆ ကို အမှားပြုမူမိကြောင်း သူက ထောက်ပြထားသည်။

"အခုတော့ ဥရောပသမဂ္ဂဟာ နောက်ပြန်ဆုတ်သွားပြီ။ ၀န်ကြီးချုပ်က ဥရောပကော်မရှင် ဥက္ကဌနဲ့ ပြောဆိုခဲ့တာတွေရယ်၊ ဥရောပကော်မရှင် ဒုဥက္ကဌနဲ့ ကျွန်တော်တို့ တွေ့ခဲ့တာတွေ တွေအပြီးမှာ သူတို့ နောက်ပြန်ဆုတ်သွားပြီ။ "

COVID-19 ဆေးများပြတ်လပ်မှုနှင့် ပတ်သက်၍ AstraZeneca နှင့် အငြင်းပွားပြီးနောက် အီးယူသည် ဘရီးဇစ် သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းကို ပယ်ဖျက်ရန် ကြိုးစားခဲ့သည်။

ဤအဖွဲ့သည် မြောက်အိုင်ယာလန်စာချုပ်၏ အပိုဒ် ၁၆ ကို အစပျိုးခဲ့ပြီးနောက် မြောက်အိုင်ယာလန်နယ်စပ်ကို “ နောက်ဖေးတံခါးပေါက်” အဖြစ်သုံးကာ ယူကေသို့ ကာကွယ်ဆေးများ တင်သွင်းခြင်းကို တားဆီးရန် ကြိုးပမ်းခဲ့သည်။

သို့သော် အင်္ဂလန်နှင့် မြောက်အိုင်ယာလန်တို့မှ ပြင်းထန်သော ဆန့်ကျင် ကန့်ကွက်မှုများ အပြီးတွင် အီးယူက ဆုံးဖြတ်ချက်ကို နောက်ပြန်ဆုတ်လိုက်သည်။

အဖြစ်အပျက်၏ နောက်ဆက်တွဲအနေဖြင့် ဆက်ဆံရေး ပြန်လည်တည်ဆောက်ရန် လိုအပ်ကြောင်း မိုက်ကယ်ကူးက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအရာရှိများက AstraZeneca သည် ယူကေတွင် ထုတ်လုပ်ထားသည့် ဆေးအချို့ကို ဥရောပသို့တင်ပို့ရန် လိုအပ်ကြောင်းပြောကြားခဲ့သည်။

ဥရောပကော်မရှင်အနေဖြင့်လည်း EU သည် ကာကွယ်ဆေးများကို အဖွဲ့ဝင် နိုင်ငံများ၏ ပြင်ပသို့ ထုတ်ရောင်းနေသည်ကို ထိန်းချုပ်ရန် စီစဉ်ခြင်း ဖြစ်သော်လည်း တားမြစ်ချက်တစ်ခု မဟုတ်ကြောင်း ပြောကြားခဲ့သည်။

ကျော်မွန်ဦး

၃၁.၀၁.၂၀၂၁
Ref: AP

ချီလီ၌ ဆေးရုံမီးလောင်၍ ကိုဗစ်လူနာ အပါအဝင် ရာနှင့်ချီသော လူနာများကို အမြန်ကယ်ဆယ်ရွှေ့ပြောင်းပေးရ,,,,,,,,,,,,,,,,,,,,,,,,,...
31/01/2021

ချီလီ၌ ဆေးရုံမီးလောင်၍ ကိုဗစ်လူနာ အပါအဝင် ရာနှင့်ချီသော လူနာများကို အမြန်ကယ်ဆယ်ရွှေ့ပြောင်းပေးရ

,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,,

စနေနေ့ နံနက်အစောပိုင်းက ချီလီနိုင်ငံ ဆန်တီယာဂိုရှိ ဆန်ဘော်ဂျာတွင် မီးလောင်မှု ဖြစ်ပွားခဲ့သည်အတွက် ဆေးရုံတက်ရောက် ကုသမှု ခံယူနေသည့် ကိုဗစ်လူနာ အပါအဝင် ရာနှင့်ချီသော လူနာများကို အမြန် ကယ်ဆယ်ရွေ့ပြေင်းခဲ့ရသည်။

အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့က ကလေး အထူးကုဌာနတွင် မီလောင်းမှုကြောင့် ဆုံးရှုံးမှု များရှိခဲ့သည်ဟု ဆိုသည်။ မီးသတ်သမားများသည် အမြန်ဆုံး မီးငြိမ်းသက်နိုင်ရန် အင်တိုက်အားတိုက် ကြိုးပမ်းခဲ့ကြသည်။

ထိုနေ့က ချီလီနိုင်ငံ၏ မြို့တော်ဆေးရုံမှ ဘွိုင်လာခန်းတစ်ခုတွင်မီးလောင်ကျွမ်းခဲ့ချိန်တွင် လူနာ ၃၅၀ ခန့် ကို ကယ်ဆယ်ခဲ့ရသည်။ မီးသတ်သမားများသည် မီးလောင်မှုကို စနေနေ့ မနက်ပိုင်း၌ပင် ထိန်းချုပ်နိုင်ခဲ့သည်ဟု ဆိုသည်။

“ ဘယ်သူမှ မသေဘူး။ လူနာ ပြောင်းရွေ့မှု အားလုံးမှာလည်း သိပ်ကို အေးအေး ဆေးဆေး တည်တည် ငြိမ်ငြိမ် လုပ်နိုင်ခဲ့တယ်” ဟု ကျန်းမာရေး ၀န်ကြီးဌာန အန်ရိပဲရစ်က ပြောကြားခဲ့သည်။

မင်းသုတဟန်

၃၁.၀၁.၂၀၂၁
Ref: AP

Address

127, 52street, Pazundaung Township
Pazundaung
11171

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959699011201

Alerts

Be the first to know and let us send you an email when Channel Key Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Channel Key Myanmar:

Share