13/12/2022
😢
ညရောက်ပြီဆိုတာနဲ့ သူငယ်ချင်းတွေ
တစ်သိုက်ကြီးနဲ့ Game ထဲ၀င်
Vc ဖွင့်ပြီး ဟေးလား ၀ါးလား လုပ်ခဲ့တဲ့
အချိန်တွေကို သတိရမိတယ်.....
တချို့ကလဲ လက်ဖက်ရည်မှာ ၀ိုင်းဖွဲ့ပြီး
ဆော့ကြသလို တချို့ကျတော့လဲ
လိုင်းပေါ်ကနေ ချိန်းပြီးဆော့ကြတယ်....
နိုင်တာ ရှုံးတာထက် သူငယ်ချင်းတွေ
တစ်သိုက်ကြီးနဲ့ Game ဆော့ ရတဲ့
feeling ကိုက ဘာနဲ့ မှမတူ ပျော်ရွှင်မှုတစ်ခုပဲ....
တချို့ Squad ရှိတဲ့ ကောင်တွေကျတော့လဲ
Rank ဆော့ပြီဟေ့ ဆိုရင်
game profile က sq logo ကိုယ်စီနဲ့
တော်တော်အထာကျခဲ့တဲ့ အချိန်တွေပေါ့.....
ခုဆိုရင် Ingame profile က Squad logo နဲ့
ဆိုရင် တာဇံ ဆိုပြီး ပြောခံရမှာ သေချာပေမဲ့
သူ့ခေတ် သူ့အခါ ကတော့ squad နဲ့
ကောင်ဆိုကို auto ရှိန်ကြတယ်
sq leader ဆိုရင် အဲ့ကောင်ဆရာကြီးပဲ....
ဟုတ်သည်ရှိ မဟုတ်သည်ရှိ Blue mark တွေ
ထိပါကောက်မှန်း ခဲ့လိုက်ကြသေးတာ....
ဘာ Role မှန်းသေချာမသိ ဘာ item မှန်း
သေချာ နားမလည်ပေမဲ့ ခုလို toxic player တွေ
များများ စားစား မရှိသေးတော့
Game ဆော့ရတာလဲ တော်တော် ပျော်ဖို့
ကောင်းခဲ့တဲ့ အချိန်တွေဖြစ်ခဲ့တယ် .....
ခုတော့ toxic Player တွေအရမ်းများ
လာသလို သူငယ်ချင်း တစ်ချို့ဆိုရင်
Ingame မှာ Active မဖြစ်ကြတော့ဘူး......
တချို့ကလဲ အိမ်ထောင်တွေကျ လုပ်ငန်း
တွေ၀င်ပြီး Game ကို ရံဖန်ရံခါ
လောက်ပဲ ဆော့ ဖြစ်ကြတော့တယ်......
အခွင့်ရေးများရှိခဲ့မယ်ဆိုရင် တော့
အရင် အချိန်ကလို အခိုက်အတန့်မျိုးတွေကို
ပြန်ရမိ ချင်ပါသေးတယ်.......