05/09/2026
Alcohol ကို ဘယ်လို စတင်တွေ့ရှိခဲ့တာလဲ
အရက်ကို ပုဂ္ဂိုလ်တစ်ဦးတစ်ယောက်က စတင်တွေ့ရှိခဲ့တာမျိုး မဟုတ်ဘဲ ကျောက်ခေတ်သစ်ကာလ စိုက်ပျိုးရေး စတင်လုပ်ကိုင်လာကြတဲ့ ရှေးဟောင်းလူနွယ်စု အသိုင်းအဝိုင်းများ က သစ်သီး သို့မဟုတ် ကောက်နှံများ သဘာဝအတိုင်း အချဉ်ပေါက် (Ferment) သွားရာမှ အရက်ဖြစ်လာသည်ကို မတော်တဆ သတိပြုမိရာမှ စတင်သောက်သုံးခဲ့ကြတာပါ။
ကမ္ဘာ့အစောဆုံး အထောက်အထားအနေနဲ့ (ဘီစီ ၇၀၀၀ ခန့်) က တရုတ်နိုင်ငံ ဟေနန်ပြည်နယ်၊ ဂျီယာဟူး (Jiahu) ရွာဟောင်း ရှေးဟောင်းသုတေသန စခန်းမှာ တွေ့ရှိရတဲ့ မြေအိုးမြေခွက် အကြွင်းအကျန်များကို ဓာတ်ခွဲကြည့်ရာမှ ဆန်၊ ပျားရည်နှင့် သဲမှည့်/စပျစ်သီး တို့ကို ရောစပ်အချဉ်ပေါက်ထားသည့် အရက်၏ အစောဆုံး အထောက်အထားကို တိကျစွာ တွေ့ရှိခဲ့ရတာပါ။
အဲ့မှတစ်ဆင့် ခရစ်နှစ် ၇ ရာစုမှာ အာရပ် ဓာတုဗေဒပညာရှင် ဂျားဘီးယား အိဘ်နျူ ဟိုင်ယန် (Jabir ibn Hayyan) အရည်များကို အငွေ့ပျံ ပေါင်းခံသည့် စက်ကိရိယာ (Alembic Stills) ကို စတင်တီထွင်ခဲ့ပြီး
ခရစ်နှစ် ၉ ရာစုခန့်မှာ ပါရှား (အီရန်) အမျိုးသား ဆေးပညာရှင်နှင့် ဓာတုဗေဒပညာရှင် အယ်လ်-ရာဇီ (Al-Razi / Rhazes) က ဂျားဘီးယား၏ ပေါင်းခံနည်းကို အသုံးပြုပြီး ဝိုင်ကနေ သန့်စင်တဲ့ အယ်လ်ကိုဟော (Ethanol) ကို ပထမဆုံးအကြိမ် သီးသန့်ခွဲထုတ်နိုင်ခဲ့တာပါ။
Alcohol ကတော့ ယခုအခါမှာဆေးပညာမှာ အသုံးဝင်သလို စီးပွားရေး ကဏ္ဍမှာလည်း အရေးပါတဲ့ ဒြပ်ပေါင်းအဖြစ် ရှိနေပါတယ်။