HTUN THIT

HTUN THIT Healthy Food

Together with youအခက်အခဲကြုံချိန်မှာ စေတနာမှန်သိခွင့်ရတယ်တဲ့မိုးအကုန် ဆောင်းအကူး ရာသီတုတ်ကွေးချိန်မှာမပီးပြတ်သေးတဲ့ ကိုဗ...
28/09/2022

Together with you
အခက်အခဲကြုံချိန်မှာ စေတနာမှန်သိခွင့်ရတယ်တဲ့

မိုးအကုန် ဆောင်းအကူး ရာသီတုတ်ကွေးချိန်မှာ
မပီးပြတ်သေးတဲ့ ကိုဗစ်ကအဆစ်ပါလာတော့
ကျွန်မတို့တတွေ ဖျားနာမှုနဲ့ ရင်ဆိုင်ရပီပေါ့
အလုပ်တဖက်နဲ့ နေမကောင်းဖြစ်လာရင်
မိမိကိုယ်တိုင်ဖြစ်ဖြစ် မိသားစုဝင်ပဲဖြစ်ဖြစ်
လူ စိတ် ငွေ အချိန် အကုန်ပင်ပန်းရပါတယ်
ပင်ပန်းမှုတွေကြားက အဟာရဖြစ်အောင်
ချက်ပြုတ်စားရတာလည်း မလွယ်ကူလှပါဘူး

ဒါကြောင့်မို့ ကျွန်မတို့ HTUN THIT မိသားစုမှ
Together with you ❤️❤️❤️
ခက်ခဲပင်ပန်းနေချိန်မှာ customer အားလုံးအတွက် ကြိုးစားပီးရပ်တည်ပေးနေပါတယ်
မြင့်မားလာတဲ့ ကုန်ဈေးနှုန်းကို အံတုပီး
အဟာရဓာတ်စာ ဆိတ်စွပ်ပြုတ် ကိုဈေးမတက်ပဲ ရောင်းပေးနေပါတယ်
ကာကွယ်ဖို့အတွက်ပဲသောက်သောက်
ကုသဖို့အတွက်ပဲ လိုလို
ဆိတ်စွပ်ပြုတ် လိုအပ်လျှင်
ထွန်းသစ် ဆိတ်စွပ်ပြုတ်ကို သတိရပေးနော်
Love you all my customer ❤️
အဟာရှိတာတွေစားပီး ကျန်းမာပျော်ရွှင်တဲ့
ဘဝလေးတွေ ပိုင်ဆိုင်နိုင်ကြပါစေရှင်🙏🙏🙏

🌹🌹🌹09950828483
ရဲစခန်းအနောက်ဘက် မြဟေဝန်လမ်း
THIT

အရာအားလုံး ဈေးတက်နေပေမဲ့ 😔😔😔ချစ်ခြင်းမေတ္တာကို အခြေခံထားတဲ့ ထွန်းသစ်ရဲ့ ဆိတ်စွပ်ပြုတ် ဈေးမတက်သေးပါဘူးနော်🙅🙅🙅ခက်ခဲပီး လို...
11/09/2022

အရာအားလုံး ဈေးတက်နေပေမဲ့ 😔😔😔
ချစ်ခြင်းမေတ္တာကို အခြေခံထားတဲ့ ထွန်းသစ်ရဲ့ ဆိတ်စွပ်ပြုတ် ဈေးမတက်သေးပါဘူးနော်🙅🙅🙅
ခက်ခဲပီး လိုအပ်ချက်မြင့်မားနေတဲ့
ကိုဗစ်ကာလတလျှောက်မှာ
ဈေးမတက်ခဲ့သလို🤷🤷
ခုလို အရာရာ ဈေးတက်နေချိန်မှာလည်း
ဈေးမတက်ပဲရောင်းပေးနိုင်တာ👇👇
မင်မင်တို့ရဲ့ မပြောင်းလဲတဲ့
ချစ်ခြင်းတရားတွေ‌ကြောင့်ပါနော်🥰🥰🥰🥰
ဟိုးးးလွန်ခဲတဲ့နှစ်သုံးဆယ်ကနေ
ယနေ့တိုင်အားပေးလာကြတဲ့ ကျေးဇူးရှင်
စားသုံးအပေါင်း ဘေးဘယာကင်းကွာပီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာပါစေကြောင်း
HTUN THIT မိသားစုမှ
ဆုမွန်‌ေကာင်းတောင်းအပ်ပါတယ်ရှင့်🙏🙏🙏

လိပ်စာ ရဲစခန်းအနောက်ဘက် မြဟေဝန်လမ်း
ပခုက္ကူမြို့။

☎️☎️☎️ 09950828483

Delivery 🚚🚚🚚 လည်းရှိတယ်နော်💞💞💞

အာရောဂျံ ပရမံ လာဘံကျန်းမာခြင်းဟာ လာဘ်တပါးပါ☺️☺️☺️ကျန်းမာခြင်းကို ငွေပေးဝယ်မရပေမဲ့🙅🙅🙅အဟာရဖြစ်ပီး ကျန်းမာရေးကောင်းစေတဲ့အစာ...
26/07/2022

အာရောဂျံ ပရမံ လာဘံ
ကျန်းမာခြင်းဟာ လာဘ်တပါးပါ☺️☺️☺️
ကျန်းမာခြင်းကို ငွေပေးဝယ်မရပေမဲ့🙅🙅🙅
အဟာရဖြစ်ပီး ကျန်းမာရေးကောင်းစေတဲ့
အစားအသောက်တွေကို ရွေးချယ်ပီး
ငွေနဲ့ဝယ်ယူစားသုံးနိုင်ပါတယ်ရှင့်💁💁💁
HTUN THIT မှာ အရသာရှိရုံတင်မက
ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေတဲ့
ဆိတ်စွပ်ပြုတ်
ဂျပါတီသုတ်
ထပ်တရာ
မနက် 6နာရီမှ စတင်ပီးဝယ်ယူစားသုံးနိုင်ပါပီနော်
အိပ်ယာထနောက်ကျတတ်တဲ့ ကာကာလေးတွေလည်း အရင်လို မစားရမှာမပူနဲ့နော်
မင်မင်တို့ အိမ်မှာဆိုင်ဖွင့်ထားပါတယ်
အိပ်ယာနိုးချိန် အပြေးလေးသာလာခဲ့နော်🏃🏃🏃
မနက်အာရုံဆွမ်းကပ်ချင်တဲ့ ♥️♥️♥️တို့လည်း
အချိန်မှီစီစဉ်ပေးဖို့ ကြို order တင်ပေးနော်🥰🥰
ဆိုင်လာမဝယ်နိုင်တဲ့ သဲတို့အတွက်လည်း
Delivery ချိတ်ပေးပါတယ်ရှင့်
အဟာရပြည့်ဝတဲ့ အစားအစာများစားသုံးပီး
ကျန်းမာပျော်ရွှင်တဲ့ ဘဝလေးတွေပိုင်ဆိုင်နိုင်ကြပါစေနော်🙏🙏🙏🙏
☎️☎️☎️09950828483
ထွန်းသစ်ဂျပါတီသုတ်ဆိုင် ရဲစခန်းအနောက်ဘက်
မြဟေဝန်လမ်း။

#ဂျပါတီသုတ်

"စိတ်ဖိစီးမှု လျှော့ချဖို့ နေ့စဥ်လုပ်နိုင်တဲ့ အချက်(၇) ချက်"စိတ်ဖိစီးမှုဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ လုပ်ငန်းတွေ...
22/06/2022

"စိတ်ဖိစီးမှု လျှော့ချဖို့ နေ့စဥ်လုပ်နိုင်တဲ့ အချက်(၇) ချက်"

စိတ်ဖိစီးမှုဆိုတာ ကျွန်တော်တို့ အဖွဲ့အစည်းတွေမှာ လုပ်ငန်းတွေမှာ နေ့စဥ်ကြုံတွေ့နေရတဲ့အကြောင်းအချက်တွေ ဖြစ်ပါတယ် . . .

အမျိုးမျိုးသော စိတ်ဖိစီးမှုဆိုတာက. . .
ငါတို့အနာဂတ်က ဘယ်လိုဖြစ်လာမှာလဲ။ ငါထင်ထားသလို ဖြစ်လာမှာလား။

စီးပွားရေးနဲ့ အလုပ်အကိုင်တွေကရော အရင်လိုအခြေအနေ ပြန်ရောက်ပါတော့မလား။ ပြန်ရောက်နိုင်မယ်ဆိုရင်ရော ဘယ်တော့မှ ပြန်ရောက်မှာလဲ။ စသဖြင့်...

အခုအချိန်မှာ အားလုံးဟာ ပုံမှန်နဲ့မတူတဲ့ အခက်အခဲ ပြဿနာတွေ၊ စီးပွားရေးနဲ့ ကျန်းမာရေး ခြိမ်းခြောက်ခံနေရမှုတွေ၊ အနာဂတ် မသေချာ မရေရာမှုတွေနဲ့ ရင်ဆိုင်နေရတာကြောင့် စိတ်ဖိစီးပေါင်းများစွာနဲ့ ဘ၀တွေကို ဖြတ်သန်းနေရပါတယ်။

ဒါ့ကြောင့် ခံစားနေရတတ်တဲ့ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေကို အတိုင်းအတာတခုအထိ လျှော့ချနိုင်ဖို့အတွက် ကျွန်တော်တို့ နေ့စဥ် လွယ်လွယ်ကူကူလုပ်နိုင်မယ့် အချက် (၇) ချက်ကို ဝေမျှချင်ပါတယ်။

1. Gratitude

တနေ့လုံး စိတ်ကြည်ကြည်လင်လင်နဲ့ နေသွားနိုင်ဖို့အတွက် မနက်ခင်းမှာ ပုံမှန်ပြုလုပ်တဲ့အရာတွေက အရေးကြီးပါတယ်။

ဒါကြောင့် စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေနဲ့ မဖြတ်သန်းရဖို့ မနက်ခင်း အိပ်ယာနိုးချိန်မှာ ကျေးဇူးတင်တဲ့စိတ်နဲ့ နိုးထကြည့်လိုက်ပါ။

အဆိုးတွေများနေတဲ့ လောကကြီးထဲ သင့်ဘ၀မှာ အခုအချိန်ထိ စိတ်ကျေနပ်စရာကောင်းတာနဲ့ ကျေးဇူးတင်ထိုက်တာတွေကို ကြိုးစားပြီး အာရုံပြုကြည့်လိုက်ပါ။

2. Work Out

စိတ်နဲ့ ကိုယ်နဲ့ဟာ ဆက်စပ်နေပါတယ်။ စိတ်ချမ်းသာဖို့ ကိုယ်ကျန်းမာဖို့ လိုသလို။ စိတ်ကျန်းမာဖို့ကလည်း ကိုယ်ချမ်းသာနေဖို့ လိုအပ်ပါတယ်။ စိတ်ဖိစီးမှုလျှော့ချနိုင်ဖို့အတွက် နည်းတနည်းကတော့ နေ့စဥ် ကိုယ်လက်လှုပ်ရှား လုပ်တာပါပဲ။

နေ့စဥ် ကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်း လုပ်ရမယ်ဆိုလို့ နေ့တိုင်း Gym တို့ အားကစားခန်းမတို့ကို မဖြစ်မနေ သွားစရာ မလိုပါဘူး။ မနက်မိုးလင်းတာနဲ့ ကိုယ့်အိမ်မှာကိုပဲ ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လုပ်ကြည့်ပါ။ ဖြစ်နိုင်ရင် မနက်ဘက် အိပ်ယာထပြီးခါစမှာ တကြိမ် ညနေဘက်မှာ တကြိမ် နာရီ၀က်လောက်ဖြစ်ဖြစ် အချိန်ယူပြီး လုပ်စေချင်ပါတယ်နော်။

ကိုယ်လက်လှုပ်ရှားမှုကြောင့် ချွေးထွက်ကာ ခန္ဓာကိုယ်ထဲမှာလည်း သွေးလည်ပတ်မှု ပိုကောင်းလာပြီး စိတ်ရော လူရောလည်း လန်းဆန်းလာနိုင်မှာ ဖြစ်ပါတယ်။

3. Socialize

အခုလို စိတ်ဖိစီးစရာများတဲ့အချိန် ရှေ့ဆက် ဘာဖြစ်မယ်မှန်း ခန့်မှန်းဖို့ ခက်ခဲတဲ့အချိန်မှာ တယောက်တည်း ဟိုတွေးဒီတွေးနဲ့ အစိုးရိမ်လွန်နေရင် စိတ်ရောကိုယ်ပါ ထိခိုက်လာနိုင်ပါတယ်။

ဒါကြောင့်လည်း အတွေးလွန် စိုးရိမ်လွန်နေမယ့်အစား မိသားစု၀င်တွေ လုပ်ဖော်ကိုင်ဖက်တွေ ချစ်ခင်ရတဲ့ မိတ်ဆွေသူငယ်ချင်းတွေနဲ့ အဆက်အသွယ်လုပ်ပြီး စကားပြောသင့်ပါတယ်။ နောက်ပြီး အရင်တုန်းက အလုပ်မအားလို့ဆိုပြီး အဆက်အသွယ်မလုပ်ဖြစ်သူတွေနဲ့ ပြန်ပြီး အဆက်အသွယ်ပြန်လုပ်ပါ ရင်ဖွင့်တိုင်ပင်ကြည့်ပါ။

သူတို့ရဲ့ အခက်အခဲတွေ အခြေအနေတွေကိုလည်း နားထောင်ပေးကြည့်ပါ။ တယောက်တည်း အတွေးလွန် အစိုးရိမ်လွန်နေတာထက် လက်တွေ့ဘ၀ထဲမှာ ရသလောက်နေပြီး ချစ်ခင်ရသူတွေနဲ့ ထိတွေ့ဆက်ဆံနေတာဟာ တဒင်္ဂဖြစ်ဖြစ် သင့်စိတ်ကို သက်သာရာ ရစေနိုင်ပါတယ်။

4. Digital Detox

အချိန်နဲ့အမျှ ဘယ်နေရာမှာ ဘာထူးမလဲဆိုပြီး ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေကို အချိန်ပြည့်လိုလို သုံးမိတာမျိုး အခုအချိန် ကျွန်တော်တို့ ဖြစ်တတ်ကြပါတယ်။

ကိုယ်က သတိမထားမိဘဲနဲ့ ဖုန်းကို လက်က အလိုလိုရောက်ပြီး ဖေ့စ်ဘွတ်ပွတ်နေမိတတ်တာမျိုးပါ။ သတင်းတွေ သိဖို့ ဆိုရှယ်မီဒီယာနဲ့ လုံး၀ကင်းကွာလို့ မရနိုင်ပေမယ့် စိတ်ဖိစီးမှု လျှော့ချချင်ရင်တော့ ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာ အသုံးပြုတာကို လျှော့ဖိုလိုအပ်ပါတယ်။

ဖြစ်နိုင်ရင် ဖုန်းတွေ တက်ဘလက်တွေနဲ့ ကွန်ပျူတာ စတဲ့ ဒစ်ဂျစ်တယ်ပစ္စည်းတွေ သုံးတာကိုပါ အချိန်တခု သတ်မှတ်ပြီး လျှော့ဖို့လိုပါတယ်။

5. Read

စိတ်ဖိစီးမှုလျှော့ဖို့ နေ့စဥ် စာဖတ်စေချင်ပါတယ်။ Digital Detox လုပ်နေချိန်မှာ ဘာလုပ်ရမှန်း မသိရင်လည်း စာဖတ်နိုင်ပါတယ်။ စာဖတ်တဲ့အခါမှာ ဖြစ်နိုင်ရင် စာအုပ်ကို ကိုင်ပြီးတော့ပဲ ဖတ်စေချင်ပါတယ်။

ဘာဖြစ်လို့လဲဆိုရင် ဖုန်းတို့ တက်ဘလက်တို့ ကွန်ပျူတာတို့နဲ့ စာဖတ်ရင် အင်တာနက် ချိတ်ဆက်ထားရင် ဆိုရှယ်မီဒီယာပေါ်ကို စာဖတ်နေရင်းနဲ့ ပြန်ရောက်သွားတတ်လို့ပါ။

စာဖတ်ခြင်းအားဖြင့် စိတ်က ဟိုရောက်ဒီရောက် မဖြစ်နိုင်သလို ဆိုရှယ်မီဒီယာမှာ သတင်းဖြစ်ရပ်တွေနောက် လိုက်ပြီး စိတ်ပိုင်းဆိုင်ရာ ထိခိုက်ခံစားရတာမျိုးလည်း မဖြစ်နိုင်တော့ပါဘူး။ ဒါအပြင် ဖတ်တဲ့အကြောင်းအရာပေါ် မူတည်ပြီးလည်း ဗဟုသုတလည်း တိုးစေနိုင်မှာ ဖြစ်ပါတယ်။

6. Meditate

တရားထိုင်ပါ။ တရားထိုင်ဖို့ ပြောတာဟာ ဗုဒ္ဓဘာသာအလုပ်ကို လိုက်လုပ်ခိုင်းတာ မဟုတ်ပါဘူး။ အဲဒီလိုပဲ ဝိပဿနာအလုပ် လောကုတ္တရာအလုပ်ကို မဖြစ်မနေလုပ်ဖို့ တိုက်တွန်းတာမျိုးကိုလည်း မဆိုလိုပါဘူး။

တကယ်တော့ Meditation လို့ ခေါ်တဲ့ တရားထိုင်တဲ့အလုပ်ဆိုတာ ဘာဘာသာ၀င်မဆို ဘယ်နိုင်ငံသားမဆို လုပ်လို့ရတာဖြစ်ပါတယ်။ အခုနောက်ပိုင်း အနောက်ကမ္ဘာမှာပါ Meditation ဟာ တော်တော်လေးကို တွင်ကျယ်လာနေပါပြီ။

Meditation လုပ်ခြင်းအားဖြင့် တနေကုန် မရပ်မနားပြေးလွှားနေတဲ့ သင့်ရဲ့စိတ်ကို သတိနဲ့ စောင့်ကြည့်ပြီး စိတ်ခံစားမှုတွေကို အရင်ထက် ထိန်းသိမ်းလာနိုင်စေမှာ ဖြစ်ပါတယ်။

အကျိုးဆက်အားဖြင့် အတွေးလွန်တာတွေ စိုးရိမ်ပူပန် ကြောက်ရွံ့တတ်တာတွေ နည်းလာနိုင်ပြီးတော့ အာရုံစူးစိုက်မှုနဲ့ ဆုံးဖြတ်ချက်ချမှတ်ရာမှာ သိသိသာသာတိုးတက်လာနိုင်မှာပဲ ဖြစ်ပါတယ်။

နိုင်ငံတကာက တချို့ကျောင်းတွေမှာလည်း ကျောင်းသားတွေကို Meditation လုပ်ခိုင်းလာတာတွေ ရှိနေပါပြီ။ ထို့အတူ Corporation ကြီးတွေမှာလည်း Meditation လုပ်တဲ့အကျိုးကျေးဇူးကို သိတဲ့အတွက် အားပေးလာတာတွေ ရှိလာခဲ့ပါပြီ။ ဒါ့ကြောင့် စိတ်ဖိစီးမှု လျှော့ချဖို့ တနေ့တာမှာ မိနစ်ပိုင်းဖြစ်ဖြစ် အချိန်ယူပြီး တရားထိုင်ကြည့်စေချင်ပါတယ်။

7. Enough Sleep

စိတ်ဖိစီးမှုလျှော့ချဖို့ လွယ်လွယ်ကူကူလုပ်လို့ရတဲ့ နည်းတခုကတော့ အိပ်ရေးဝအောင် အိပ်စက်ခြင်းပဲ ဖြစ်တယ်။ ဒီည ဘာထူးမလဲ၊ ဘယ်နေရာမှာ ဘာဖြစ်မလဲ ဆိုပြီး တော်တော်နဲ့ မအိပ်ဖြစ်ဘဲ လူက အိပ်ယာထဲရောက်ပေမယ့် ဖေ့စ်ဘွတ် ဆက်ပွတ်နေမိတတ်ပါတယ်။

အဲလိုနဲ့ ညဥ့်နက်မှ အိပ်ပျော်ပြီး မနက် အိပ်ယာထတဲ့အခါ အိပ်ရေး မ၀တာ၊ စိတ်မကြည်တာ၊ ခေါင်းကိုက်တာတွေ ခံစားရတတ်ကြတယ်။ တခါတလေ အိပ်ယာထနောက်ကျသွားတဲ့အတွက် မကောင်းတဲ့ အကျိုးဆက်တွေလည်း ကြုံရတတ်ပါတယ်။

အချိန်မှန်အိပ်ယာ၀င်ပြီး အိပ်ရေး၀အောင် အိပ်ခြင်းအားဖြင့် အပေါ်က ဆိုးကျိုးတွေကို ရှောင်နိုင်မှာဖြစ်တဲ့အပြင် လန်းဆန်းခြင်း၊ စိတ်ကြည်လင်ခြင်း၊ အာရုံစူးစိုက်မှုကောင်းခြင်း၊ မှတ်ဉာဏ်ကောင်းခြင်း၊ ဆုံးဖြတ်ချက်မှန်မှန်တွေကို မြန်ဆန်စွာ ချမှတ်နိုင်ခြင်း စတဲ့အကျိုးကျေးဇူးတွေကိုပါ ရရှိနိုင်တယ်လို့ လေ့လာရပါတယ်။

ခက်ခဲတဲ့နေ့ရက်တွေကို စိတ်ဖိစီးမှုနည်းနည်းနဲ့ အကောင်းဆုံး ဖြတ်သန်းနိုင်အောင် အတူကြိုးစားကြစို့လို့ တိုက်တွန်းရင်း။
စ်တ်ဖိစီးမှုများ လျော့ကျကာ လုပ်ငန်းတွေမှာ တိုးတတ်အောင်မြင်ကြပါစေ. . .
Ref: The Economic Times
Credit. LinLinTun

တရုတ်ကြီးစျေးရောင်းနည်း 💰==================       စျေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ...
22/06/2022

တရုတ်ကြီးစျေးရောင်းနည်း 💰
==================

စျေးသည် ရှေးတရုတ်လူကြီးသူမတွေ ဆုံးမလေ့ရှိတဲ့ စီးပွားရေးလမ်းညွှန် (၁၇) ချက် ✍️

၁။ ဆိုင်နေရာကောင်းခြင်းဟာ ဆိုင်ကြီးတာ ငယ်တာထက် ပိုအရေးကြီးပါတယ်။

၂။ ရောင်းကုန်ရဲ့ အရည်အသွေးဟာ ဆိုင်နေရာထက် ပိုအရေးကြီးနေတတ်ပြန်တယ်။

၃။ စကားချိုချိုသာသာ စျေးရောင်းတတ်ခြင်းဟာ အရေးကြီးပါတယ်။ ဖောက်သည်ကို ပိုမြဲစေပါတယ်။

၄။ အရင်းအနှီး နည်းတာကို စိုးရိမ်ခြင်းထက်၊ ယုံကြည်မှု နည်းတာကို ပိုစိုးရိမ်သင့်ပါတယ်။

၅။ ဆိုင်ကို လှလှပပ ခင်းကျင်းတတ်ခြင်းဟာ အရေးကြီးပေမဲ့ နည်းနည်း ရှုပ်ပွနေတဲ့ ဆိုင်ငယ်ကလေးက ပိုရောင်းကောင်းနေတတ်ပါတယ်။ စျေးချိုတယ်ဆိုတာကို ဝယ်ယူသူများက ထင်မြင်သွားစေလို့ပါ။

၆။ ဝယ်သူကို တောက်လျှောက်လိုက်ကပ်နေတာမျိုး၊ မဝယ်မချင်းတိုက်တွန်းနေတာမျိုး ရှောင်ကြဉ်ပါ။

၇။ ပိုက်ဆံ တစ်ကျပ်သုံးနိုင်တဲ့ စားသုံးသူက ပိုက်ဆံ တစ်ရာသုံးနိုင်တဲ့ စားသုံးသူထက် စီးပွားတက်ဖို့ ပိုထောက်ကူတတ်တယ်။ တန်ဖိုး ပိုရှိတယ်။

၈။ ငွေလည်ပတ်မှု မြန်ဆန်ပါစေ။

၉။ စားသုံးသူရဲ့ ရှေ့မှာ ဆိုင်ဝန်ထမ်းတွေကို ဆဲဆိုအပြစ်တင်ခြင်းဟာ စားသုံးသူကို မောင်းထုတ်တာပါ။

၁၀။ နည်းနည်း၊ များများ လက်ကားဖောက်သည်ကို အမျိုးလို သဘောထားပါ။ တတ်နိုင်သမျှ သူတို့ရဲ့ တောင်းဆိုချက်ကို ဖြည့်ဆည်းပေးပါ။

၁၁။ ရောင်းကုန်ပစ္စည်း ပြတ်သွားတယ်ဆိုတာ ဖောက်သည်ကို လျစ်လျူရှုတာ၊ စော်ကားတာနဲ့ အတူတူပဲ။

၁၂။ စျေးနူန်းတစ်ခုတည်း ဖြစ်ပါစေ၊ တခုခုကြောင့် စျေးလျှော့ရောင်းခြင်းဟာ ရှုပ်ထွေးမူကို ဖြစ်စေတတ်ပါတယ်။ ကတိကို ထိခိုက်နိုင်စေပါတယ်။

၁၃။ ဘယ်သူ့ကိုမှ အတင်းရောင်းချခြင်း မပြုလုပ်ပါနှင့်၊ စားသုံးသူ ကြိုက်နှစ်သက်သော ပစ္စည်းကို ရောင်းချနေတာ မဟုတ်ပါ။ စားသုံးသူ အကျိုးရှိစေတဲ့ ပစ္စည်းကို ရောင်းချနေတာပါ။

၁၄။ စက္ကူ တစ်ရွက်ပဲဖြစ်ဖြစ်၊ လက်ဆောင်ကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။

၁၅။ ကလေးများဟာ ကျေးဇူးရှင်ပါ။ စားသုံးသူများက ကလေးကို ခေါ်ဆောင်လာတာပဲ ဖြစ်ဖြစ်၊ ကလေးစျေးလာဝယ်တာပဲ ဖြစ်ဖြစ် အထူးဂရုစိုက်ပေးပါ။ (ကလေးကို လွှတ်တာတောင် ဖြစ်ကတတ်ဆန်းမလုပ်ဘူး) ဆိုတာ လူတွေသိပါစေ။

၁၆။ အသစ်ထွင်ပါ။ ဝယ်သူကို ဆွဲဆောင်နိုင်အောင် အမြဲ ကြိုးစားပါ။

၁၇။ အရောင်းအဝယ် ကြီးကြီး သေးသေး အစွမ်းကုန် ကြိုးစားပါ။ ဆိုင်တစ်ခုလုံး ရှင်သန်နေပါစေ။ ဝယ်သူ များလာအောင် ဆွဲဆောင်နိုင်ကြပါလိမ့်မယ်။

အရိုးပြုတ်ရည်ဘာလို့သောက်သင့်သလဲအစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးသော အကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သိလာကြပါပြီ။ရေ...
15/06/2022

အရိုးပြုတ်ရည်ဘာလို့သောက်သင့်သလဲ

အစာလမ်းကြောင်းဟာ ကျန်းမာရေးအတွက် အဓိကအရေးကြီးသော အကြောင်းတစ်ခုဖြစ်တယ်ဆိုတာ သိလာကြပါပြီ။

ရောဂါအတော်များများ ဖြစ်ကြတာကလဲ အစာလမ်းကြောင်းမှာရှိနေသည့် ပိုးတွေမမျှတမှုကြောင့် ဖြစ်ပါတယ်။

အစာလမ်းကြောင်း ပြဿ နာတွေ အဆစ်တွေနာနေသူတွေ ကျီးပေါင်း တက်နေသူတွေအားလုံးအတွက် အရိုးပြုတ်ရည်ဟာ အင်မတန်သင့်တော်ပါတယ်။

ဘာရောဂါပဲဖြစ်ဖြစ် အရိုးပြုတ်ရည်ဟာ ရောဂါတွေသက်သာလာစေရန် အခြေခံအုတ်မြစ်ဖြစ်ပါတယ်။

ရောဂါ အတော်များများဟာ Leaky gut ခေါ် အူလမ်းကြောင်းမလုံခြင်းကြောင့် ဖြစ်လေ့ရှိကြပါတယ်။ အထူးသဖြင့် Allergies & Autoimmune Diseases တွေ အဖြစ်များပါတယ်။

အရိုးပြုတ်ရည်မှာပါနေတဲ့ Collagen ခေါ်ပရိုတင်းဓာတ် တစ်မျိုးဟာ အူရဲ့ Lining ကို ပြန်ပြီး ပြုပြင်ပေးနိုင်စွမ်းရှိလို့ ဖြစ်ပါတယ်။

အရိုးပြုတ်ရည်မှာပါသည့် အာဟာရ များဟာ ခန္ဓာကိုယ်ကနေ အလွယ်တကူ စုပ်ယူနိုင် ပြီး ခန္ဓာကိုယ်ကနေ ရောဂါများသက်သာစေနိုင်ရန် အသုံးချနိုင် ပါတယ်။

အရိုးပြုတ်ရည်မှာ ပါနေတဲ့ အဓိက အာဟာရ များကတော့ --------

1. Calcium, Phosphorus and Other Minerals သတ္တုဓာတ်များ

2. Glucosamine and Chondroitin sulfate အရိုးအဆစ်တွေ အတွက် အဓိက သဘာဝဓာတ်များ

3. အရိုးတွင်ပါဝင်နေသော ပရိုတင်း Collagen

4. ရိုးတွင်းချဉ်ဆီ

5. ခန္ဓာကိုယ် လို အပ် သော Amino acids များ ဖြစ် ကြ သည့် Glutamine ( အူလမ်းကြောင်း ပြန် ပြင် ရာ မှာ အဓိက လို အပ် သော ဓာတ် ) ၊ Pro line and Glycine တို့ ဖြစ် ပါ တယ်။

အရိုးပြုတ်ရည်၏ အကျိုးအာနိသင်များ
===================
၁. အရိုး၊ အဆစ် နှင့် ခန္ဓာကိုယ် ယောင်ကိုင်းခြင်းတို့မှ သက်သာစေပါသည်။

၂. နှာစေး၊ ချောင်းဆိုးကို ဖြစ်စေတတ် သော virus ပိုးများကို တားမြစ်နိုင်ပြီး
ခန္ဓာကိုယ်ခုခံအား ကောင်းစေပါသည်။

၃. ဆံပင် နှင့် လက်သည်း ခြေသည်းကျန်းမာရေးအတွက်လည်း ကောင်းပါသည်။

၄. ဥဏှောက် နဲ့ အာရုံကြောအတွက် လည်း အလွန်ကောင်းမွန်ပါသည်။
{Autism ကလေးများကိုတိုက်ပါ}

အခုဆိုရင် အရိုးပြုတ်ရည်ဟာ ကျန်းမာရေးအတွက် ဆေးတစ်ခွက်အဖြစ်ဖြင့် အလွန်ပေါ်ပြူ လာ ဖြစ်လို့နေပါပြီ။

New York က အချို့ဆိုင်တွေမှာတောင် ရောင်းကုန်ကြပြီ ဖြစ်ပါတယ်။

မိတ်ဆွေများအားလုံး အရိုးပြုတ်ရေများသောက်ကြပြီး ကျန်းမာလာကြပါစေ။

ဆရာမကြီးဒေါ်ခင်နွယ်ဝင်း၏အရိုးပြုတ်ရည်အကြောင်းဆောင်းပါးမှ ကောက်နှုတ်ဖေါ်ပြခြင်းဖြစ်ပါတယ်
Credit​...To A Better Health

#လူအများစုဟာ စွတ်ပြုတ်ကို နေမကောင်းမှသောက်ရမယ်လို့ ယူဆပီး သောက်သုံးကြပါတယ်
ကြိုတင်ကာကွယ်ခြင်းက ကုသခြင်းထက်ပိုကောင်းတယ် ဆိုတဲ့အတိုင်း နေ့စဉ်သောက်သုံးပေးပါက
ကိုယ်ခန္ဓာ ခုခံအားစနစ်ကောင်းပီး ရောဂါအမျိုးမျိုးကနေ ကာကွယ်ပီးသားဖြစ်ပါတယ်


#ဆိတ်စွတ်

အနီရောင် အသားလို့ပြောလိုက်တာနဲ့ လူအများစုဟာ အမဲသားကို မြင်တတ်ကြပါတယ်။အမဲသားမှာလည်း ပြောမကုန်အောင် ကောင်းကျိုးတွေအများကြီ...
07/06/2022

အနီရောင် အသားလို့ပြောလိုက်တာနဲ့ လူအများစုဟာ အမဲသားကို မြင်တတ်ကြပါတယ်။
အမဲသားမှာလည်း ပြောမကုန်အောင် ကောင်းကျိုးတွေအများကြီးရှိပါတယ်

၁။ ပရိုတိန်းဓာတ် ကြွယ်ဝစွာ ပါဝင်ပြီး ကြွက်သားတွေကို သန်မာစေပါတယ်။ ဒါ့အပြင် အနာအကျက်မြန်စေခြင်း၊ အားကစားသမားတွေအတွက် ဒဏ်ရာ သက်သာစေခြင်း၊ ကာယကြံ့ခိုင်ရေး လေ့ကျင့်ခန်းတွေနဲ့ တွဲဖက်လုပ်မယ်ဆိုရင် ကြွက်သားတွေကို ထိန်းထားနိုင်ပြီး ကြွက်သားတက်စေခြင်း စတဲ့ ကောင်းကျိုးတွေလည်း ရရှိနိုင်ပါသေးတယ်။

၂။ အမဲသားဟာ သွေးတိုး၊ စိတ်ဖိစီးမှုနဲ့ ရောင်ရမ်းခြင်းတွေကို သက်သာစေပြီး နှလုံးရောဂါကြောင့် သေဆုံးနိုင်ခြေကို ၂၇% ထိ လျော့ကျစေနိုင်ပါတယ်။

၃။ အမဲသားမှာ ပါဝင်တဲ့ L-carnitine က ဆီးချို အမျိုးအစား (၂) လူနာတွေအတွက် အကျိုးရှိစေပြီး သွေးတွင်းသကြားဓာတ်နဲ့ ကိုလက်စထရော ပမာဏကို ထိန်းညှိပေးနိုင်ပါတယ်။

၄။ အမဲသားမှာ အထူးသဖြင့် သံဓာတ်၊ ဖော့စဖောရပ်စ်၊ ဆယ်လီနီယမ် နဲ့ ဇင့်တို့လို သဘာဝ သတ္တုဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ လူအများစုရဲ့ အာဟာချို့တဲ့ခြင်း ပြဿနာတွေကို အမဲသားနဲ့ အလွယ်တကူ ဖြေရှင်းလို့ ရပါတယ်။

၅။ သံဓာတ်အားနည်းတယ်၊ တစ်နည်းအားဖြင့် သွေးအားနည်းတယ်ဆိုတဲ့သူတွေအတွက် အမဲသားက နတ်ဆေးတစ်ပါးပါပဲ။ အထူးသဖြင့် နွားရဲ့အသည်းမှာ heme iron ပမာဏကြွယ်ဝစွာ ပါဝင်တာကြောင့် လိုအပ်တဲ့ သံဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ပါတယ်။

၆။ အမဲသားမှာ Carnosine ဓာတ်ပါဝင်တာကြောင့် ခန္ဓာကိုယ်ရဲ့ ခုခံအားကို မြင့်တက်စေပြီး ရောင်ရမ်းခြင်းတွေကို လျှော့ချပေးနိုင်ပါတယ်။

၇။ အမဲသားမှာ ဗီတာမင် B12, B3,B6, B2 နဲ့ B5 တွေ ကြွယ်ဝစွာ ပါဝင်ပြီး ဗီတာမင် E နဲ့ K အနည်းငယ် ပါဝင်တာကြောင့် စိတ်ပိုင်းဆိုင်ရာ ပြဿနာ၊ အာရုံကြောဆိုင်ရာ ပြဿနာတွေ ဖြစ်လာမှာကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ဒါတွေကတော့ အမဲသားက ရနိုင်တဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေပါပဲ။
အမဲသားဟာ အလွယ်တကူဝယ်ယူရရှိနိုင်လို မိမိကြိုက်နှစ်သက်ရာ ဟင်းလျာတခွက်အဖြစ် ဖန်တီးစားနိုင်ပါတယ်။
ဆီပြန်ဟင်း၊ ရေလည်ဆီလည်ချက်၊အမဲသားငပိချက်၊အမဲကြော်၊အမဲမွကြော်၊ အမဲငရုတ်သီးကြော်
စသည်ဖြင့်မိမိ ကြိုက်ရာချက်ပြုတ်စားနိုင်ပါတယ်။
အမဲသားနှပ်မယ်ဆိုရင် ဒိန်ချဉ်ထည့်ပီး နှပ်ပါက အသားအရသာပိုလေးပီး အသားမျှင်လေးတွေဖြစ်နေစေပါတယ်။ထည့်မချက်ဖူးသေးရင် စမ်းချက်ဖို့အကြံပြုပါရစေရှင့်။ ဒိန်ချဉ်က အချိုမပါတဲ့ natural yogurt ဖြစ်ရင် ပိုကောင်းပါတယ်ရှင့်
Natural yogurt လိုအပ်တယ်ဆိုရင်👇👇👇
https://m.facebook.com/story.php?story_fbid=402345515241183&id=100063972128047

အချိန်တကူးတကပေးပီး ချက်မစားဖြစ်ရင်
မင်မင်ရဲ့အသင့်စား အမဲခြောက်ကင်လေးကို အလွယ်တကူစားသုံးနိုင်ပါတယ်ရှင့်🥰🥰🥰
အမဲခြောက်လုပ်ပုံအသေးစိတ်နှင့် review အတွက်👇👇👇
https://m.facebook.com/story.php?story_fbid=780688162905439&id=100028927869865

ကျန်းမာရေးနဲ့ ညီညွတ်တာတွေ စားပြီး ကျန်းမာသန်စွမ်းတဲ့ ဘဝလေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေနော်။😍😍

food

#အမဲခြောက်ကင်

Homemade natural yogurt 😋😋
06/06/2022

Homemade natural yogurt 😋😋

ဒိန်ချဉ်ရဲ့ အံ့အားသင့်ဖွယ်အစွမ်းများဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းမွန်စေတယ်ဆိုတာတော့ သိထားပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ...
06/06/2022

ဒိန်ချဉ်ရဲ့ အံ့အားသင့်ဖွယ်အစွမ်းများ

ဒိန်ချဉ်က အစာခြေစနစ်အတွက်ကောင်းမွန်စေတယ်ဆိုတာတော့ သိထားပြီးသားဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် ဒိန်ချဉ်မှာ အခြားသော ကောင်းကျိုးတွေအများကြီးရှိပါသေးတယ်။
🍀 သွားတွေကိုလှပစေပါတယ်။
ကော်ဖီကိုနေ့တိုင်းသောက်ဖြစ်တယ်ဆိုတာကျွန်တော်တစ်ယောက်တည်းဖြစ်မှာမဟုတ်ပါဘူး။ lactic acid က သွားဖုံးတွေကိုကာကွယ်ပေးပြီး သွားတွေပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

🍀ဓာတ်မတည့်မှုနည်းစေပါတယ်။
ရာသီဥတုကြောင့် ဓာတ်မတည့်မှုဖြစ်ပွားခြင်းကို စိန်ခေါ်နိုင်ပါတယ်။ ဒိန်ချဉ်မှာပါတဲ့ probiotics တွေက သင့်ခန္ဓာကိုယ်မှာ ပန်းဝတ်မှုံတွေနဲ့ အခြားသော ဓာတ်မတည့်မှုဖြစ်စေနိုင်တဲ့အညစ်အကြေးတွေ၊ ပိုးမွှားတွေရဲ့တုံ့ပြန်မှုကို လျော့ကျစေပါတယ်။

🍀အဆာပြေ၊ အပျင်းပြေစားသုံးနိုင်ပါတယ်။
ဒိန်ချဉ်မှာပါဝင်တဲ့ carbohydrates တွေက သင့်ကို လှုပ်ရှားမှုတွေပြုလုပ်ပြီးတဲ့အခါ စွမ်းအင်အဖြစ် ဒါမှမဟုတ် စွမ်းအင်ကိုပြန်လည်အစားထိုးပေးနိုင်ပါတယ်။ ပိုတက်ဆီယမ်နဲ့ ဆိုဒီယမ်တွေက သင်ချွေးထွက်နေစဉ်မှာ ကုန်ခမ်းသွားတဲ့အားအင်တွေကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။

🍀ဖျားနာခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
ရာသီအကူးအပြောင်းမှာဖြစ်တတ်တဲ့ဖျားနာခြင်းကို ကာကွယ်ဖို့ကူညီပေးနိုင်ပါတယ်။ ဒိန်ချဉ်ရဲ့အကျိုးအာနိသင်တစ်မျိုးကတော့ သင့်ကို ခုခံအားကောင်းစေတာပဲဖြစ်ပါတယ်။ ဒိန်ချဉ်က ကူးစက်မှုတွေကို တိုက်ဖျက်နိုင်ပါတယ်။ ပိုသန်မာစေပြီး ပိုတက်ကြွစေပါတယ်။

🍀 yeast မှိုကူးစက်ခြင်းကိုကာကွယ်ပေးနိုင်ပါတယ်။
ဒိန်ချဉ်စားခြင်းက yeast မှိုကူးစက်ခြင်းကြောင့် မသက်မသာခံစားနေရတာတွေ၊ နာကျင်မှုတွေကို ကာကွယ်ပေးနိုင်ပြီး pH levels ကိုလည်း မျှတစေပါတယ်။

🍀သွေးဖိအားများခြင်းကို လျော့ကျစေပါတယ်။
လူနာ ၂၀၀၀ကျော်ကို လေ့လာချက်အရ ဒိန်ချဉ်က သွေးဖိအားမြင့်မားခြင်းကို လျော့နည်းစေတာကို တွေ့ရပါတယ်။

🍀အရိုးပွခြင်းကို ကာကွယ်ပေးပါတယ်။
နို့ထွက်ပစ္စည်းတွေက ကယ်လဆီယမ် ပါဝင်မှုကြောင့် အရိုးကျန်းမာစေပါတယ်။ ဗီတာမင်ဒီပါဝင်တာကြောင့်လည်း ပိုပြီးကျန်းမာစေပါတယ်။

🍀စွမ်းအင်တိုးစေပါတယ်။
carbohydrates ကြောင့်စွမ်းအင်တိုးစေပြီး ဗီတာမင်ဘီပါဝင်တာကြောင့်လည်း ကျန်းမာရေးအတွက်ပိုကောင်းစေပါတယ်။

🍀ကြွက်သားတွေသန်မာစေပါတယ်။
မရှိမဖြစ်လိုအပ်တဲ့ amino acidsတွေပါဝင်တာကြောင့် ကြွက်သားတွေသန်မာစေပါတယ်။

🍀ဝိတ်ကျဖို့ကူညီပေးပါတယ်။
အဆီတွေကိုလောင်ကျွမ်းဖို့ကူညီပေးနိုင်ပါတယ်။ လှုပ်ရှားမှုလေ့ကျင့်ခန်းပြုလုပ်ပြီးတဲ့အခါ စွမ်းအင်ကိုပြန်လည်ဖြည့်တင်းပေးနိုင်ပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုကြောင့် အချိန်အတန်ကြာအောင် ပြည့်အင့်နေစေပါတယ်
ဒိန်ချဉ် ကောင်းကျိုးတွေက အံ့မခန်းပါပဲရှင်
မင်မင်တို့ ဒိန်ချဉ်က သဘာဝအတိုင်းးအရောအနှောကင်းလို့ လိုအပ်သလိုအသုံးပြုနိုင်ပါတယ်ရှင့်
🍖 🍗 အသားနှပ်ရာမှာထည့်မလား💁💁💁
အလှအပအတွက် ပေါင်းတင်ရာမှာသုံးမလား🧏🧏
တမျိုးဝယ်ရုံနဲ့ အစုံသုံးရနေပီဆိုတော့ အရမ်းတန်နေပါပီနော်
Homemade ဖြစ်လို့ လတ်ဆတ်မှု 💯💯💯
1litre 3000ကျပ်နှင့် ရရှိနိုင်ပါပီရှင့်
☎️☎️☎️0995082843
ထွန်းသစ် ဂျပါတီသုတ်ဆိုင် ရဲစခန်းအနောက်ဘက်
မြဟေဝန်လမ်း ပခုက္ကူ
# credit www.bawa101.com


02/06/2022

ကုန်စည် အမျိုးအစား များနဲ့ သဘောသဘာဝ….. အပိုင်း (၁)
စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ Product or service တွေ ဖန်တီးထုတ်လုပ်ပြီး Customer များ ကို ရောင်းချတဲ့ အခါ မှာ မိမိ ကုန်ပစ္စည်းဟာ ဘယ်လို ကုန်ပစ္စည်း အမျိုးအစား (Goods)ဖြစ်ပြီး ဘယ်လို သဘောသဘာဝ ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ထားဖို့လိုပါတယ်။ ဒီအခြေအနေ ပေါ်မူတည် ပြီး ဘယ်လို Customer အမျိုးအစား ကိုပြောင်းလဲ ရောင်းချရမယ် ဘယ်လိုရောင်းချရမယ် ဆိုတဲ့ လုပ်ငန်းစဉ်တွေကိုပါ ဆက်လက် သိရှိလာစေမှာ ဖြစ်ပါတယ်။
ကုန်ပစ္စည်း (Goods) တွေကို အကြမ်းအားဖြင့် အောက်ပါအတိုင်း အမျိုးအစား ခွဲခြားနိုင်ပါတယ်။
(1) Inferior Goods
Inferior Goods ဆိုတဲ့ ကုန်ပစ္စည်း အမျိုးအစား ကတော့ လူတွေရဲ့ ဝင်ငွေ ပမာဏ မြင့်တက်လာတဲ့ အခါ မှာ ဝယ်လိုအား လျော့ကျ လာတတ်တဲ့ ကုန်ပစ္စည်း အမျိုးအစားဖြစ်ပါတယ်။ ဝင်ငွေ နည်းချိန်မှာ လူတွေဟာ Inferior Goods တွေကို ဝယ်ယူ သုံးစွဲကြပေမယ့် ဝင်ငွေ မြင့်လာတာနဲ့ အမျှ သုံးစွဲဖို့ ရည်ရွှယ်ချက်တူ ပေမယ့် ပိုကောင်းတဲ့ အခြား အစားထိုးကုန်စည် တွေကို ပြောင်းလဲ သုံးစွဲ ကြလေ့ရှိပါတယ်။ ဥပမာ ဝင်ငွေ နည်းနေချိန်မှာ ညစာကို ခေါက်ဆွဲခြောက် လေးပဲ စားလေ့ရှိပေမယ့် ဝင်ငွေ မြင့်မြင့်ရတာနဲ့ ညစာ ကို ဟော့ပေါ့ တို့ ဘူဖေး တို့ပဲ ပြောင်းလဲ စားသောက် တဲ့ အခြေအနေ ဖြစ် ပါတယ်။
Inferior Goods တွေအနေနဲ့ နမူနာတွေကတော့ အသင့်စား ခေါက်ဆွဲခြောက်တွေ၊ စည်သွပ်ဘူးတွေ၊ စျေးသက်သာတဲ့ ကုန်စည်အစားအသောက်တွေ၊ စတာတွေ ဖြစ်ပါတယ်။
နိုင်ငံ တစ်နိုင်ငံ ရဲ့ စီးပွားရေး ကျဆင်းလာပြီး လူတွေ မှာ ဝင်ငွေ ပမာဏ နည်းပါးလာရင်တော့ အပြန်အလှန်အားဖြင့် Inferior Goods တွေဟာ ပိုပြီးရောင်းအား ကောင်း လာတတ် လေ့ရှိပါတယ်။ နောက်တစ်ခါ မိမိ Customer ရဲ့ Life stage တွေ ပြောင်းလဲ သွားရင်လဲ ကိုယ့်ရဲ့ Inferior Goods ကိုမဝယ်ယူတော့ပဲ နှုတ်ဆက်သွားတတ်ပါတယ်။ ဥပမာ ကျောင်းသား ဘဝ အဆောင်နေကျောင်းတက် ရတုန်းက မုန့်ဖိုးလေးချွေတာသုံးရတော့ ခေါက်ဆွဲခြောက်ပဲ ညဖက်စားပေမယ့် ကျောင်းပြီးလို့ အလုပ်ရသွားတဲ့ အခါ မှာတော့ ညစာကို ကောင်းကောင်း ချက်စား တာ အပြင်မှာစားတာတွေ ပြုလုပ် တာမျိုးပါပဲ။ ဒီလိုပါပဲ ရာထူးတိုးသွားတာ၊ အိမ်ထောင်ကျသွားတာ၊ စတဲ့ Customer ရဲ့ Life Stage အခြေအနေ တစ်ခုခုအပြောင်းအလဲက လဲ ကုန်စည် ရောင်းချနိုင်မှု ကို သက်ရောက် လေ့ရှိပါတယ်။
နောက်တစ်ခု သိရှိထားဖို့လိုအပ်တာကတော့ မတူညီတဲ့ Customer Segment တွေ အတွက် ကိုယ့်ရဲ့ ကုန်ပစ္စည်းဟာ တစ်ချိန်ထဲမှာပဲ Inferior Goods ဖြစ်နေနိုင်သလို သာမာန်ကုန်ပစ္စည်း (Normal Goods) အမျိုုးအစားလဲ ဖြစ်နေနိုင်ပါတယ်။ ဥပမာ Starbucks ကော်ဖီကို ပဲ သောက်နေ ကျ Customer တွေ အတွက် မက်ဒေါ်နယ်ကော်ဖီဟာ Inferior Goods ဖြစ် နေနိုင် တတ်ပါတယ်။ ဒီအတွက် Starbucks ကော်ဖီသောက်သုံးသူတွေ ရဲ့ ဝင်ငွေကျဆင်းလာရင် သို့မဟုတ် Spending Behavior ပြောင်းလဲသွားရင် သူတို့ဟာ မက်ဒေါ်နယ်ရဲ့ Customer တွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် နိုင်ငံရဲ့ အခြေအနေ က စီးပွားရေးကျဆင်းပြီး လူအများစု ဝင်ငွေ လျော့နည်းလာ ရင် ယခင်က မိမိ ရဲ့Inferior Goods တွေကို မသုံးသေးတဲ့ ဝင်ငွေမြင့် အလွှာက Customer တွေကို မိမိကုန်ပစ္စည်းအကြောင်း ကြော်ငြာရောင်းချ နိုင်လေ့ရှိပါတယ်။
(2) Normal Goods
Normal Goods သာမာန် ကုန်စည် အမျိုးအစား ကတော့ အထက်က Inferior Goods နဲ့ ဆန့်ကျင် ဖက် သဘာဝရှိတယ်လို့ ဆိုနိုင်ပါတယ်။ လူအများ ဝင်ငွေ မြင့်မား လာ တဲ့အခါ သုံးစွဲနေကျ Inferior Goods တွေကို မဝယ်ယူတော့ပဲ ပိုကောင်းတဲ့ Normal Goods တွေကို ဝယ်ယူ သုံးစွဲ လာ ကြ လေ့ရှိပါတယ်။ ဥပမာ ဝင်ငွေ နည်းတုန်းက တစ်နေ ရာကနေ တစ်နေရာကိုသွားမယ်ဆိုရင် ဘတ်စ်ကား ကိုပဲ စီးနင်းသွားလေ့ရှိပေမယ့် လစာ ဝင်ငွေ မြင့်မားလာတဲ့ အခါ တက်စီ နဲ့ပဲသွား လာ ကြတော့တဲ့ သဘာဝ မျိုးဖြစ်ပါတယ်။
အထက်က Inferior Goods မှာတုန်းကပြောခဲ့သလိုပါပဲ လူတန်းစား အခြေအနေနဲ့ ဝင်ငွေ မတူညီ မှုတွေ ကြောင့် အချို့သော Customer segment တွေ အတွက် Normal Goods ကုန်စည်တွေဟာ အချို့ အတွက်တော့ Inferior Goods တွေ ဖြစ်နေနိုင်ပြီး အချို့ အတွက်ကတော့ ဇိမ်ခံကုန်စည် Luxury Goods တွေ ဖြစ် နေ နိုင် ပါသေးတယ်။
(3) Luxury Goods
Luxury Goods ဆိုတာကတော့ ဇိမ်ခံပစ္စည်း လို့ခေါ် ဆိုလေ့ရှိကြတဲ့ ကုန်စည်တွေ ဖြစ်ပါတယ်။ Luxury Goods တွေ ကို ဝင်ငွေနည်း လူတန်းစားတွေ က ဝယ်ယူမှုနည်းပါးပြီး လူလတ်တန်းစားနဲ့ ဝင်ငွေ မြင့်လူ တန်းစားတွေက ဝယ်ယူမှုများပြားကြလေ့ရှိပါတယ်။ ဒါပေမယ့် ထူးခြားတာ တစ်ခုက ဘယ်လောက် ဝင်ငွေ ရတဲ့ လူတန်းစားဖြစ်ဖြစ် သူတို့ အတွက် Luxury Goods လို့ သတ်မှတ် ထားတဲ့ ကုန်စည် တစ်ခုခုကို တော့ ဝယ်ယူလိုစိတ် အမြဲ ရှိကြလေ့ရှိတာပါပဲ။ ဥပမာ ဝင်ငွေမြင့် လူတန်းစား တစ်ဦးအတွက် နောက်ဆုံးပေါ်ကားသစ်ကြီး ဝယ်ဖို့ ငွေစု ကြိုးစားနေသလို အခြေခံ လူတန်းစား တစ်ဦးကလဲ ကတ်ဆက် လေးတစ်လုံး ရဖို့ အတွက် ပြင်းပြတဲ့ စိတ် ရှိနေမှာပါပဲ။ သတိပြုရမှာ ကတော့ ကတ်ဆက် ဟာ သူ့အတွက် Luxury Goods ဖြစ်ပေမယ့် ဝင်ငွေမြင့်လူတန်းစား အတွက်ကတော့ Inferior Goods ဖြစ်နေမှာပါပဲ။
ဆိုတော့ မိမိကုန်စည်ဟာ ဘယ်လို customer segment အတွက် ဘယ်လို ကုန်ပစ္စည်း အမျိုးအစား ဖြစ်နေ သလဲ ဆိုတာကိုသုံးသပ် တတ်ဖို့လိုအပ်ပါတယ်။ ဒါ့အပြင် လူတွေ ရဲ့ ဝင်ငွေ နည်းလာ များလာမှု အပေါ်မူတည်ပြီး မိမိကုန်ပစ္စည်းကို ဘယ်Customer segment သို့ ပြောင်းလဲ ရောင်းချရမယ်ဆို တာကို လဲ အမြဲသုံးသပ်ရမှာ ဖြစ်ပါတယ်။
ဆက်ရန်…
လုံလောက်တဲ့ အသိပညာဟာ ပြင်းထန်တဲ့ အခက်အခဲတွေ ကို လွယ်ကူစွာကျော်ဖြတ် စေနိုင်ပါတယ်။
Kaung Hein Soe – Strategic
Business Consultant

Address

Myahaywon Street
Pakokku
PAKOKKU

Telephone

+959794649412

Website

Alerts

Be the first to know and let us send you an email when HTUN THIT posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to HTUN THIT:

Share