Min Khant Kyaw

Min Khant Kyaw Gym

27/05/2026

◾️မြန်မာချမ်းသာ ရွှေမျိုးတွေ အထူးသတိထားနိုင်ဖို့

🔺ပထမဖြစ်စဉ်က -

ကိုယ့်ရွှေကို တခြားသူနဲ့ မြန်မာချမ်းသာမှာ ရောင်းခိုင်းလိုက်တယ်။ ၅ ကျပ်သား အလေးချိန် အဟောင်းအတုံး။

အဲ့တော့ မြန်မာချမ်းသာဆိုင်က စနစ်သစ်စျေး စနစ်သစ်အလေးချိန်နဲ့ပဲ အရောင်းအဝယ် လုပ်ပေးတော့တာဖြစ်တဲ့အတွက်

သူ့ရဲ့ အလေးချိန်ဟောင်း ၅ ကျပ်သားအတုံးကို စနစ်သစ်အလေးချိန်အရ ပိုလာတဲ့ ၁ ပဲ ၂.၅ ရွေးဖိုး အပိုထည့်တွက်ပေးလိုက်တယ်။ ထည့်တွက်ပေးကြောင်းလည်း လူတိုင်းကို ပြောပြရှင်းပြတယ်။

အဲ့ဒါကို ရောင်းခိုင်းလိုက်တဲ့ ကြားလူက ရွှေစျေးကဘလောက် ၅ ကျပ်သား ၅ နဲ့မြှောက် ဘလောက်ရတယ်ဆိုပြီး အပိုတွက်ထည့်ပေးတဲ့ ၁ ပဲ ၂.၅ ရွေးဖိုးကို ပိုင်ရှင်ကို မပေးပဲယူထားတယ်။

ပိုင်ရှင်က ဆိုင်ကို အခြားအကြောင်းအရာနဲ့ ဆိုင်ကိုဖုန်းဆက်ရင်း မေးမိမှ သိရပြီး ၆ သိန်း လောက်ပြန်ရသွားတယ်။

🔺ဒုတိယဖြစ်စဉ်က -

ကိုယ်တိုင်မဟုတ်ပဲ အခြားသူလာရောင်းတာ။ ရတဲ့စျေးနှုန်းကို ပိုင်ရှင်ကို မပြောပြပေးပါနဲ့တဲ့ တောင်းဆိုတယ်။ ဆိုင်ဘက်က အဲ့လို မရပါဘူးပြောတော့ အခြားဆိုင်သွားရောင်းမယ်ဆိုပြီး ထွက်သွားတယ်။

🔺တတိယဖြစ်စဉ်က -

ရွှေလာရောင်းတာ သူ့ရွှေပါတဲ့။ ဒါပေမယ့် ဘောက်ချာထဲကနာမည်က သူ့နာမည် သူဖုန်းနံပါတ်နဲ့ မဟုတ်ဘူး။ ဆိုင်ဘက်က ဘောက်ချာထဲမှာပါတဲ့ သူဆီ ဖုန်းဆက်အတည်ပြုရပါမယ်ဆိုတော့ အဲ့လိုဆို မရောင်းဘူး ထွက်သွားတယ်။
မိတ်ဆွေများအနေနဲ့ ရွှေလုပ်တဲ့အခါ ကိုယ့်နာမည်နဲ့ ကိုယ့်ဖုန်းနံပါနဲ့ကို လုပ်ပါ။ အခြားသူကို ကိုယ်စားရောင်းခိုင်းမယ်ဆိုရင်လည်း ဆိုင်ဘက်မှ ဖုန်းဆက်အတည်ပြုတာကို နားလည်ပေးပါ။

အထက်ပါ အချက်များကတော့ မိတ်ဆွေတို့ ရွှေရောင်း ဝယ်တဲ့အခါ သတိပြုနိုင်ဖို့ပါ။

မြန်မာချမ်းသာ ဘက်ကတော့ မည်သည့် မဟုတ်မမှန်တဲ့နည်းလမ်းကိုမှ အလိုတူလိုက်ပါဆောင်ရွက်ပေးမည် မဟုတ်ပါ။

အားလုံးစိတ်ချမ်းသာစေရမှာ

#မြန်မာချမ်းသာ

01/05/2026
01/05/2026
With Tin Lin Khant – I just got recognized as one of their top fans! 🎉
24/01/2026

With Tin Lin Khant – I just got recognized as one of their top fans! 🎉

02/11/2024

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Min Khant Kyaw posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category