CK Star Myanmar

CK Star Myanmar Kpop Charts နဲ့ Datas များ |Kpop ထိုင်း တရုတ် Internationalအ?

ကိုယ့်အရွယ်ကို မမေ့နဲ့အသက်အရွယ်လေး ရလာပြီဆိုရင် တစ်ဦး တစ်ယောက် အတွက်အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမဲ့ အရွယ်မဟုတ်တော့ဘူး ...
05/01/2025

ကိုယ့်အရွယ်ကို မမေ့နဲ့

အသက်အရွယ်လေး ရလာပြီဆိုရင်
တစ်ဦး တစ်ယောက် အတွက်
အချိန်တိုင်း လွမ်းဆွတ်တမ်းတနေရမဲ့ အရွယ်
မဟုတ်တော့ဘူး ။

ပြန်မရနိုင်တော့တဲ့အရာတွေ
တမ်းတရင်း ဝမ်းနည်းနေရမယ့် အရွယ်
မဟုတ်တော့ဘူး ။

တစ်စုံတစ်ယောက်ကို နာကျည်းပြီး
မုန်းတီးနေရမဲ့ အရွယ် မဟုတ်တော့ဘူး ။

အရွယ်လေး ရလာတော့
တွေးတွေးဆဆနဲ့ပေါ့
ချစ်တာတွေ မုန်းတာတွေ ဘေးဖယ်
အလိုက်သင့်နေရမဲ့ အရွယ် ဖြစ်နေပြီ ။

အဆင်ပြေတာ မပြေတာ အပထား
ရင်ဘတ်ကြီးနဲ့ လိုက်မခံစားပဲ
ဘ၀ကို ပေါ့ပေါ့ ပါးပါး
ဖြတ်သန်းရမဲ့ အရွယ်
ဒီလူက ကိုယ့်ကို မချစ်ဘူး
မခင်တွယ်ဘူးမဟုတ်လား
ထားခဲ့လိုက်တော့ ။

ဒီလူက ကိုယ့်ကို
သံယောဇဉ်မရှိဘူး မဟုတ်လား
သူ့အတွက် အချိန်တွေ အကုန်ခံမနေပါနဲ့ ။

ကိုယ့်အပေါ်မှာ
နားမလည်နိုင်တဲ့လူ
ကိုယ်ချင်းစာ မပေးနိုင်တဲ့လူ
မခင်တွယ်နိုင်တဲ့သူ
မကြင်နာနိုင်တဲ့သူ
သတိမရတဲ့သူ
သူ့အကြောင်းတွေ မတွေးနဲ့တော့
လွှတ်ချထားခဲ့လိုက်ပါ

ဘာလို့လည်း သိလား
အချိန်တွေ သိပ်မရှိတော့ဘူး
အရွယ်တွေ ရလာပြီ
ကုသိုလ်တွေ လုပ်ရဦးမယ်လေ.......။

အရည်မရ အဖတ်မရနဲ့
အလကားနေရင်း တခြားလူကို
တဘက်သတ်တွေ လိုက်ပြီး အမုန်းပွားနေရသေးရင် အရွယ်မြန်မြန်ကျတာဘဲအဖတ်တင်မယ်.... အကုသိုလ်တွေဖြစ်မယ်.....။

ဒီ အသက်အရွယ်ထိ
အသိ သတိမရှိဘူးဆိုရင်
နောင်တတွေရစရာဖြစ်နေလေအုန်းမယ်။

ဘာလို့လဲဆိုတော့ အသက် ၈၀ ကျော်ထိနေရရင်တောင်မှ ရက်ပေါင်း ၃ သောင်းမပြည့်ဘူးရယ် ဒါတောင်ကျန်းမာနေမှပါ....အသက်ရှည်ပြီး ကုတင်ပေါ်လဲနေရသူတွေက အများသား။

ကိုယ်ကို ချစ်တဲ့သူ မုန်းတဲ့သူ
လိုလားတဲ့သူ မလိုလားတဲ့သူတွေဆိုတာ
သူ့သဘာဝနဲ့သူ ရှိနေကြတာပါ......

အထီးကျန်နေတဲ့အခါ
ချစ်တဲ့သူတွေ ခင်တဲ့သူတွေ
ပျောက်သွားရင်တော့
လိုက်မရှာနဲ့တော့

ဒီအရွယ်က
အချစ်ပျောက်ကို
လိုက်ရှာရမဲ့အရွယ် မဟုတ်တော့ဘူး
အထီးကျန်တိုင်း အဖော်မက်ရမဲ့ အရွယ်
မဟုတ်တော့ဘူး ။

အရွယ် မကျအောင်
စိတ်ဓာတ် မကျအောင်
စိတ်ပျော်ရွှင်မှုနဲ့ စိတ်ချမ်းသာမှုနဲ့
ထိန်းရမဲ့အရွယ်။

ကုသိုလ်ကောင်းမှုတွေလုပ်ရင်း ငြိမ်းချမ်းရမယ့်အရွယ် ဖြစ်နေပြီလေ..........
ငယ်ငယ်တုန်းကလို ငယ်ဂုဏ်နဲ့
ပစ်စလက်ခတ်နေလို့ မရတော့ဘူး

လှလှပပ သပ်သပ်ရပ်ရပ်နဲ့
ကျော့ကျော့ ရှင်းရှင်း ၀တစြားဆငယြငမြှ
အမြင်တင့်တယ်တဲ့ အရွယ် ။

ရောက်လာတဲ့ အကြောင်းတရားတွေကို အကောင်းမြင်စိတ်နဲ့
ကြိုဆိုရမဲ့ အရွယ်လေ
ခံစားချက်တွေ ဘေးဖယ်
ပျော်အောင်နေတတ်ရမဲ့ အရွယ် ။

ကိုယ့်အပေါ်
ချစ်သော ခင်သောသူများနဲ့
ဘ၀ကို ပျော်ရွှင်စွာဖြတ်သန်းနိုင်မှ
စိတ်ကျန်းမာမဲ့ အရွယ်
စိတ်ကျန်းမာရေးကို ဂရုစိုက်ရမဲ့ အရွယ် ။

ဖြတ်သန်းရတဲ့ဘ၀က ကြမ်းရတဲ့အထဲ
လုပ်ကိုင် ရှာဖွေ စားဝတ်နေရေး ခက်ခဲရတဲ့အထဲ အဆင်မပြေရတဲ့ကြားထဲ
ကိုယ့်အပေါ်
မချစ်မနှစ်သက်တဲ့သူတွေအကြောင်း
ရင်ဘတ်ထဲသိမ်းထားပြီး
ခေါင်းထဲပြန်ထည့်
သွားလေရာ သယ်ဆောင်သွားရမဲ့အရွယ်
မဟုတ်တော့ဘူး ။

အသက်တွေ ကြီးလာပြီမို့
အချိန်တွေ မဖြုန်းနဲ့တော့
ငိုဖို့ထက် ရယ်နိုင်အောင်ကြိုးစား

အချိန်တွေက ငယ်ရွယ်သူတွေလို
မပိုလျှံတော့ဘူးမို့
သက်တမ်းအရ
ကိုယ်က အရင် သွားကြရမှာမို့
တစ်ပါးသူကို ချစ်ဖို့ထက်
ကိုယ့်ကိုယ်ကို ချစ်ရမဲ့အရွယ်ပါလို့
ပြောပြချင်တာပါ ။

ကိုယ်အရွယ်က ရှေးသို့ တရွေ့ရွေ့ သွားနေဆဲ ။

မူးရင်းစာ ရေးသူအား လေးစားစွာဖြင့်

 #သူဌေးဝါဒ------------------------တင်ညွန့်ကျွန်တော်က သူဌေးကြီးကို ဆိုက်ကားပေါ်တင်လာခြင်းဖြစ်သည်။ သူနှင့် ငါးကြိမ်လောက် ဆ...
21/10/2024

#သူဌေးဝါဒ
------------------------တင်ညွန့်

ကျွန်တော်က သူဌေးကြီးကို ဆိုက်ကားပေါ်တင်လာခြင်းဖြစ်သည်။ သူနှင့် ငါးကြိမ်လောက် ဆုံဖူးသောကြောင့် မျက်မှန်းတန်းမိသလိုလိုဖြစ်လာသည်။

“မောင်ရင်က ဈေးသိပ်မတောင်းဘူး ... ဘာဖြစ်လို့လဲကွ”

“ကျွန်တော်က ဆိုက်ကားသမား အစစ်မှ မဟုတ်တာ ဦးလေးရာ”

“ဘာပြောတာလဲကွ”

“ဪ ... ကျွန်တော်က ကျောင်းပိတ်တုန်း ကျောင်းစရိတ်လေးရအောင် ဆိုက်ကားနင်းတာပဲ ... ဆိုက်ကား သမားတွေလို နင်းကန်တောင်းရင် ကျွန်တော့်ကို ဘယ်သူကခေါ်မှာလဲ”

“ဒါလည်း မဟုတ်သေးဘူးကွ ... နေရာတိုင်းမှာ တန်ရာတန်ကြေးဆိုတာရှိတာပဲ”

“လူတိုင်းက တန်ရာတန်ကြေး မပေးချင်ကြပါဘူး ဦးလေးရာ ... တစ်ကျပ်တန်လည်း ငါးမူးလောက် ပေးချင် ကြတာ”

“အလို မင်းက ငါ့ကို စောင်းဆိုသလား”

“မဟုတ်ပါဘူး ဦးလေးရာ သဘောပြောတာပါ”

“ဒီမှာ ငါ့တူ ... သူဌေးဘာဖြစ်လို့ဖြစ်သလဲ သိလား”

“ကပ်စေးနည်းလို့ဖြစ်မှာပေါ့ခင်ဗျာ”

“အင်း နည်းနည်းတော့ မှန်သကွ ... ဒါပေမဲ့ ဘယ်လောက် ကပ်စေးနည်းနည်း ကိုယ့်အတွက် မဟုတ်ပါဘူး ကွယ်”

“ဘယ်သူ့အတွက်လဲခင်ဗျာ”

“မင်းကိုငါ အဖြစ်အပျက်လေးတစ်ခု ပြောပြမယ် ... နားထောင်”

“ဟုတ်ကဲ့”

“သူဌေးကြီးတစ်ယောက်ဟာ သေသွားတော့ ဘဏ်ထဲမှာ ပိုက်ဆံ ၁၀ သိန်းလောက် ထားခဲ့သတဲ့ (ဟိုးတစ်ခေတ် ၁၀ သိန်း) သူဌေးကြီးသေတော့ သူ့မိန်းမက နောက်လင်ယူရောကွာ။ နောက်လင်ကလည်း သူတို့ဆီမှာ လုပ်နေတဲ့ အလုပ်သမားကွ။ အဲဒီနောက်လင်က ဘာပြောသလဲသိလား”

“ဘယ်သိမှာလဲ ဦးလေးရ”

“အင်း ... ခင်ဗျားလင်ကြီး အငတ်ခံပြီး စုဆောင်းခဲ့သမျှဟာ နောက်ဆုံးတော့ ကျုပ်အတွက်ပါလားတဲ့ ... ဟား ... ဟား ... ဟား”

သူဌေးကြီးက ပြောပြီး အားရပါးရရယ်သည်။

“ဦးလေးရယ် ရယ်စရာမကောင်းပါဘူး ... သနားစရာ ကောင်းလိုက်တာ”

“ဘယ်သူ့ကို မင်းက သနားနေတာလဲ”

“သူဌေးကြီးကို”

“မသနားနဲ့ကွ ... အဲဒီကောင် ငွေရှာဖို့ပဲသိတာ ... ဘဝနေနည်း မေ့နေတာ”

ဤကား သူဌေးကြီးပြောသည့် ဘဝနေနည်း ဖြစ်ပါသည်။

- ကျန်းမာအောင်နေကွ၊ ကျန်းမာမှ ချမ်းသာအောင် လုပ်နိုင်တယ်။ စောစောသေတော့ ငါပြောသလို သူများအတွက် ဖြစ်တာပဲ။ လမ်းများများလျှောက်ကွ။ ရေများများသောက်။ ဆာလည်းသောက်၊ မဆာလည်းသောက်

- စကားတွေကို ကိုယ်ကလည်း အပိုမပြောနဲ့၊ သူများတွေ အများကြီး ပြောတာလည်း နားမထောင်နဲ့၊ အလုပ်နဲ့ ပတ်သက်တာပဲ နားထောင်၊ ပြော။ ကိုယ့်အလုပ်ကိုယ်လုပ်

- ကားအကောင်းစားကြီးကို ပိုက်ဆံအများကြီးပေးပြီး ဝယ်မစီးနဲ့၊ တော်ရုံလောက်ပဲစီး၊ ရောက်တာချင်း အတူတူပဲ။ ဇိမ်ခံဖို့ထက် အလုပ်အတွက် အဆင်ပြေဖို့ပဲစဉ်းစား

- တိုက်ကြီးကို ဟီးနေအောင် ဆောက်စရာ မလိုဘူး။ ကိုယ့် အိုးနဲ့ကိုယ့်ဆန် တန်ရုံလောက်ဆောက်။ သုံးလေးထပ် ဆောက်လည်း ကိုယ်နေမှာ တစ်နေရာတည်း။ အထပ်များ၊ အဆောင်များ ထိန်းရလည်းခက်။ ပိုက်ဆံလည်း အပိုထွက်

- အဝတ်ကောင်းကောင်း မလိုဘူး။ ရာသီအလိုက် ဝတ်ကောင်းတာမျိုးကိုပဲ ဝတ်ဖို့လိုတယ်။ တိုက်ပုံလေး ကောက်စွပ်လိုက်ရင် မင်းကို အထင်ကြီးပြီးသား။ သူဌေးဆိုတာ ဘာဝတ်လာလာ မင်းကို ဘာမှ မပြောဘူး။ ချီးကျူးတောင် ခံရဦးမှာ

- မင်းဘဝမှာ မင်းရှာခဲ့သမျှ ၂၅ ရာခိုင်နှုန်းလောက်တောင် မင်းမသုံးသွားနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက် သူများဖို့ ထားခဲ့ရမှာ။ ဒါကြောင့် မသေခင်ဘာလုပ်မလဲ အမြဲစဉ်းစား

- မင်းပညာတွေ ဘယ်လောက်တတ်တတ် မင်းသင်ခဲ့တဲ့ ဘွဲ့ပညာရဲ့ ၂၅ ရာခိုင်နှုန်းလောက်တောင် လက်တွေ့ဘဝမှာ အသုံးမချနိုင်ဘူး။ ၇၅ ရာခိုင်နှုန်းလောက်က လက်တွေ့နဲ့တတ်ပြီး ထမင်းစား နေရတာ

- အတ္တတွေလျှော့

- ကိုယ်မှမှန်၊ ကိုယ်လုပ်မှ မှန်တယ်ထင်တာ တကယ်တော့ မဟုတ်ဘူး။ ငါလည်းမှားနိုင်တာပဲဆိုတာကို နှလုံးသွင်း၊ သူလည်းမှန်နိုင်တာပဲလို့ စိတ်မှာထား

- ဘယ်လိုအနေအထားရောက်ရောက် နှိမ့်ချရိုကျိုး အပိုးကျိုးကျိုးနေ၊ မထောင်လွှားနဲ့၊ မမောက်မာနဲ့

- ပိုက်ဆံဘယ်လောက်ရှိရှိ တစ်ပြားမှမရှိသလို သဘောထား

ကျွန်တော် မှတ်မိသလောက် ပြန်ရေးပြခြင်းဖြစ်ပါသည်။ သူကား အတန်းပညာမရှိ။ ဘဝအသိဖြင့် ကျွန်တော့်ကို ဆိုက်ကားပေါ်မှာ လက်တွေ့ သင်ခန်းစာများကို သင်ကြားပေးသွားခြင်းဖြစ်သည်။

ကျွန်တော်က ဆိုက်ကားကို ရပ်လိုက်ပြီး သူ့ကို တွဲရန် လက်ကို လှမ်းပေးလိုက်သည်။

“မလိုဘူးကွ ... အသက်ကြီးတဲ့ သူတိုင်းကို အတွဲခံချင်လိမ့်မယ်လို့ ဘယ်တော့မှ မထင်နဲ့။ အေး တစ်ခုတော့ ရှိတယ် ... သူလဲကျလို့ သနားရင် တွဲထူချင် ထူပေးလိုက်”

ကျွန်တော်က လက်ကို ရုပ်လိုက်ပြီး သူ့ကိုကြည့်ကာ ဆိုက်ကားကို လှည့်ရန် ပြင်သည်

“မောင်ရင် ပိုက်ဆံ”

“ရပါတယ်ဦးလေး ... ဒီနေ့ ဦးလေးက ကျွန်တော့်ကို အများကြီး ပညာတွေပေးသွားတယ်”

“ဒီမှာ မောင်ရင် သူတို့ကိုယ်သူတို့ သူဌေးလို့ အထင်ခံနေရတဲ့ကောင်တွေကို မင်းက လူတတ်ကြီးလုပ်ပြီး ဘယ်တော့မှ ပိုက်ဆံမယူဘူး မလုပ်နဲ့ကွ ... သူတို့အတွက် ဆိုက်ကားခလောက်ကို မပေးလိုက်ရတာ ပီတိဖြစ်နေမှာ မဟုတ်ဘူး ... စိတ်ထဲမှာ ဒေါသထွက်နေမှာ ... ရော့ယူသွား”

ထိုနေ့က သူကျွန်တော့်ကို ပေးသည်မှာ တစ်ကျပ်စေ့။ ကျွန်တော်က ပြန်အမ်းရန် အိတ်ထဲကိုနှိုက်သည်။

“ဦးလေး ဒီမှာ ငါးမူး”

“ထားလိုက်ပါကွာ ... ဒီနေ့တော့ ငါ တစ်ကျပ်ပေးပါတယ်”

“နေပါ ဦးလေး ... ကျွန်တော်လည်း သူဌေးက သနားလို့ ငါးမူးပိုပေးတာ မယူချင်ဘူး”

“ကောင်းကွာ ... အဲဒါ မင်း ဆိုက်ကားသမား အစစ်မဟုတ်လို့”

သူက ကျွန်တော်ပေးသည့် ပိုက်ဆံငါးမူးကိုယူလိုက်သည်။

________________*****************________________

#တင်ညွန့်
၁၉.၁၂.၂၀၂၀

#ဆရာဦးတင်ညွန့်အား အစဉ်ချစ်ခင်လေးစားလျက်..🙏🙏🙏

Crd #စာပေဟောပြောပွဲ

ဂျက်ကီချမ်း ဟာ သူ့အသက်၇၀ ပြည့်တဲ့မွေးနေ့ မှာ....ဂျာနယ်လစ် တဦးရဲ့ "မင်းရဲ့ဘဝ ကို ကျေနပ်ရဲ့လား? "ဆိုတဲ့ မေးခွန်းကိုအောက်ပါ...
20/08/2024

ဂျက်ကီချမ်း ဟာ သူ့အသက်
၇၀ ပြည့်တဲ့မွေးနေ့ မှာ....
ဂျာနယ်လစ် တဦးရဲ့
"မင်းရဲ့ဘဝ ကို ကျေနပ်ရဲ့လား? "
ဆိုတဲ့ မေးခွန်းကိုအောက်ပါအတိုင်း
wise wordsတွေနဲ့ တုန့်ပြန်ခဲ့ပါတယ်။

☘️ အလုပ်ကြိုးစား တာဟာ
အလုပ်လက်မဲ့ များတွက် #အိမ်မက်
ပါ။

☘️ ခင်ဗျား ရဲ့ မနားတမ်းဆော့
ကစားနေတဲ့ ကလေး ဟာ ကလေး
မရှိတဲ့ မိဘများ အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျား ရဲ့ အိမ်သေးသေး
လေး ဟာ အိမ်ယာမဲ့သူများ
အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျား လက်ထဲက ငွေသား
နဲနဲလေး ဟာ အကြွေးတင်နေသူ
များ အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျားရဲ့ ကျန်းမာရေး
သိပ်မကောင်းတဲ့ အနေအထား
ဟာ ကုသဘို့ဆေးမရှိတဲ့ ရောဂါ
သည် တွေ အတွက် #အိမ်မက် ပါ။

☘️ ခင်ဗျားရဲ့ ငြိမ်းချမ်းမူ့၊
နှစ်နှစ်ချိုက်ချိုက် အိပ်စက်နိူင်
မူ့၊ သုံးဆောင်ခွင့်ရနေတဲ့ အတော်
အသင့် လောက်ရှိတဲ့ အစား
အသောက် တွေဟာ စစ်ဖြစ်နေတဲ့
အရပ်ဒေသ က ပြည်သူတွေ အ
တွက် #အိမ်မက် ပါ။

☘️ခင်ဗျားမှာ လက်ရှိ ရှိနေ
တာ တွေနဲ့ ကျေနပ် ရောင်ရဲ
သင့်ပါတယ်။ ဘယ်သူ မှ မသိ
ပါဘူး...မနက်ဖြန် ဘာဖြစ်လာ
မလဲ....ဆိုတာ..ကို

********
တော်တော် ပညာသား ပါတဲ့
စကားစုတွေပါ...နားလည် လိမ့်
မယ်လို့ မျော်လင့်ပါတယ်။
အကျယ်ချဲ့ ရှင်းပြဘို့ လိုမယ်
မထင်ပါဘူး။
လေးစားပါတယ် ဂျက်ကီချမ်း..
ေးပါသည်။

ဖူးစာရှာ အချိန်မစောပါနဲ့ကိုယ်နဲ့ဆုံမဲ့သူက ဆုံကိုဆုံမှာပါတွေ့ကိုတွေ့ရမှာပါ ဆန္ဒ မစောပါနဲ့အချစ်ကိုရှာ ဆန္ဒ စောခဲ့ရင်အနာဂတ်...
14/08/2024

ဖူးစာရှာ အချိန်မစောပါနဲ့
ကိုယ်နဲ့ဆုံမဲ့သူက ဆုံကိုဆုံမှာပါ
တွေ့ကိုတွေ့ရမှာပါ ဆန္ဒ မစောပါနဲ့

အချစ်ကိုရှာ ဆန္ဒ စောခဲ့ရင်
အနာဂတ် ပျက်သွားတတ်တယ်
ဘဝတွေ ပြိုလဲ ပျက်စီးရတတ်တယ်။

ငယ်ရွယ် နုပျို လွတ်လပ်တုန်းမှာ
ပညာတတ်အောင်သင်ပြီး
ပိုက်ဆံကိုရအောင်ရှာသင့်တယ်။

စိတ်ကိုအလိုလိုက်မိလို့ အချစ်ရှာ
ဆန္ဒ စောမိရင် ဖူးစာစင်စစ်နဲ့ မတွေ့ဘဲ
အပျော် အပျက်သမားနဲ့ ရတတ်တယ်။

ဖူးစာဆိုတာ ဦးရာလူ စနစ်မဟုတ်ပါဘူး
ဘယ်သူမှဉီးလို့ ယူလို့ မရပါဘူး
ကိုယ့်ရဲ့ ဇာတာက သတ်မှတ်ပြီးသားပါ။

ထိုသူနဲ့ ဆုံရမဲ့ ကံဇာတာ ပါလာခဲ့ရင်
ဘယ်လောက် ပုန်းနေ ပုန်းနေ ရှောင်နေ
ရှောင်နေ မရဘူး ဆုံကိုဆုံတယ် တွေ့ကိုတွေ့ပါတယ်။

အထီးကျန်လို့ ဆိုပြီး အပျော်တမ်း ရည်းစား
ရှာရင်းက လူညွန့်တွေတုံး ဘဝတွေ ရှုံးသွားတဲ့
လူတွေကို မိမိ ပတ်ဝန်းကျင်မှာ မြင်ဖူးတွေ့ဖူးကြမှာပါ။

ပျော်ရာရှာရင်း ပျက်သွားကြတာလေ
အိမ်ထောင် နှစ်ဆက် သုံးဆက်နဲ့ ဘဝကို
အမည်းစက်တွေ ဖုံးလွှမ်းသွားတယ်။

အမည်းစက်ဆိုတဲ့ လောင်းရိပ်အောက်မှာ
အနာဂတ်တွေ ၊ေသသွားတယ် ဘဝတွေ
သေသွားတယ် ပြန်ပြင်လို့ မရတော့ဘူး။

ဒါကြောင့် အချစ်ကိုရှာ ဆန္ဒ မစောပါနဲ့
ဖူးစာရှာ မလောနဲ့ ထိုက်တန်ရင် နန်းတော်သည်
ကိုယ့်တွက် ကိုယ်ပိုင်အိမ် ဖြစ်လာမှာပါ။

နေတတ်ရမယ် အခက်အခဲတွေရှိမယ်။အဆင်မပြေတာတွေရှိမယ်။ထိခိုက်နာကျင်နေတာတွေရှိမယ်။ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။စိတ်ဖိစီ...
26/06/2024

နေတတ်ရမယ်

အခက်အခဲတွေရှိမယ်။
အဆင်မပြေတာတွေရှိမယ်။
ထိခိုက်နာကျင်နေတာတွေရှိမယ်။
ဝမ်းနည်းမျက်ရည်ကျရတဲ့ အချိန်တွေရှိမယ်။
စိတ်ဖိစီးမှုများလွန်းတဲ့အချိန်တွေ ရှိမယ်။
အင်း ဒါပေမယ့် မင်း နေတတ်ရမယ်။
နေတတ်အောင်နေပါ။

ပြောင်းလဲလို့မရတဲ့ အခြေအနေတွေနဲ့
မင်းထိပ်တိုက်တိုးတဲ့အခါ
မင်းမှာရွေးချယ်စရာနှစ်ခုရှိမယ်။
တစ်က မင်းစိတ်ပျက်ညည်းညူနေမှာလား။
နှစ်က အခြေအနေမကောင်းပေမယ့်လည်း မင်းပကတိစိတ်လေးကို ကောင်းအောင် ဆက်ထိန်းထားမှာလား။
မင်းမှတ်ထားဖို့က ပျော်ရွှင်ခြင်း၊မပျော်ရွှင်ခြင်း
ဆိုတာက မင်းရွေးချယ်မှုတွေပေါ်မှာပဲ
မူတည်တယ်ဆိုတာကိုပါပဲ ။

တခြားအရာတွေထက်
မင်းကိုယ်မင်း ဦးစားပေးရမယ်။
ကျန်းမာရေးဂရုစိုက်ရမယ်။
နေမကောင်းတဲ့အခါ ဆေးသောက်မပျင်းရဘူး။
သဘာဝအလှတရားတွေကို မင်းခံစားတတ်ရမယ်။

မင်းကိုယ်မင်း ပိုချစ်ရမယ်။
မင်းကိုယ်မင်း မထိခိုက်အောင်ဂရုစိုက်ရမယ် ။
အတိတ်ကအဖြစ်အပျက်တွေကို ပစ္စုပ္ပန်ထဲ
ထည့်မသိမ်းထားသင့်တော့ဘူး။
မင်းကို နာကျင်စေတဲ့အရာဖြစ်နေရင်
မင်းနာကျင်လည်းပဲ လွှတ်ချတတ်ရမယ်။

မင်းကိုယ်မင်း တန်ဖိုးထားရမယ်။
မင်းမှာ အနာဂတ်လှလှလေး ရှိနေရမယ်။
ရည်မှန်းချက်တွေ ရှိနေရမယ်။
လူတွေရဲ့စကားသံတွေ၊ပတ်ဝန်းကျင်ရဲ့
ရိုက်ခတ်မှုတွေကြား မင်းအရှုံးမပေးသွားရဘူး။

မင်းကိုယ်မင်း ယုံကြည်မှုရှိရမယ်။
မင်းကိုယ်မင်း လေးစားတတ်ရမယ်။
မင်းလိုချင်တဲ့ဘဝကို မင်းကိုယ်တိုင် ဖန်တီးနိုင်ရမယ်။
အရေးမပါတာတွေ အရာမပေးဘဲ ဖြစ်သင့်တာတွေ
မဖြစ်သင့်တာတွေ၊ဖြစ်ချင်တာတွေ၊မဖြစ်ချင်တာတွေကြားမှာ မင်းအနေအထားကို ချိန်ဆတတ်ရမယ်။

မင်းကိုယ်မင်း သန်မာနေစေရမယ်။
အချစ်တစ်ခုအတွက်နဲ့ ကိုယ့်စိတ်ကိုယ်
အချိန်အကြာကြီး မနာကျင်စေသင့်တော့ဘူး။
မလိုလို့ လွှတ်ချခဲ့တဲ့ လက်တစ်စုံအတွက်
အသနားခံမနေသင့်တော့ဘူး။
မင်းအတွက်မင်း ရှိနေရမယ်။

မင်းကိုယ်မင်း တည်ငြိမ်အောင်ထားရမယ်။
စကားလုံးတွေကြောင့် စိတ်ခံစားမှုအတက်အကျ ပြင်းထန်နေတာမျိုး မဖြစ်စေသင့်တော့ဘူး။
မင်းနှလုံးသားရဲ့စကားသံကိုပဲ နားစွင့်သင့်ပြီ။

မင်းကိုယ်မင်း ချစ်တတ်ရမယ်။
မင်းကိုယ်မင်း တန်ဖိုးထားတတ်ရမယ်။
မင်းကိုယ်မင်း တည်ဆောက်တတ်ရမယ်။

မင်းဟာ အရာရာကို စွမ်းဆောင်နိုင်ဖို့
မင်း စိတ်ပျော်ရွှင်မှုတွေ ဆုပ်ကိုင်ထားနိုင်ဖို့
ဘယ်လိုခက်ခဲတဲ့အခြေအနေမျိုးတွေပဲ ခံစားရပါစေ။
ဘာပဲဖြစ်ဖြစ် မင်းဟာ နေတတ်ရမယ်။
နေတတ်အောင်လည်းကြိုးစားပါ။


မောင်သာချို စာပေ

မိသားစုက သူ့မြေး၊သူ့သားကိုဆရာဝန်ဖြစ်စေချင်ပေမဲ့…ဆေးကျောင်းမအောင်သူ့အဖိုးက သူ့ရဲ့ဆေးကျောင်းအိမ်မက်အကောင်အထည်ပေါ်စေဖို့ ကျ...
21/06/2024

မိသားစုက သူ့မြေး၊သူ့သားကိုဆရာဝန်ဖြစ်စေချင်ပေမဲ့…ဆေးကျောင်းမအောင်
သူ့အဖိုးက သူ့ရဲ့ဆေးကျောင်းအိမ်မက်
အကောင်အထည်ပေါ်စေဖို့ ကျောင်းလခအရင်းအနှီးအများကြီးစိုက်ထုတ်ပေးပြီး ကြိုးစားခဲ့ပေမဲ့
မအောင်မြင်တဲ့အတွက်
「အရှုံးသမားလို့」အပြောခံခဲ့ရ။
ဒီအတွက် စိတ်ထဲဆုံးဖြတ်ချက်ချခဲ့တာက
「ဆရာဝန်ထက် ပိုပြီးဝင်ငွေကောင်းတဲ့လူဖြစ်ရမယ်」ဆိုတဲ့ဆုံးဖြတ်ချက်ချ။

နောက်ဆုံးမှာစိုက်ပျိုးရေးတက္ကသိုလ်တက်ပြီး၊
ကျောင်းတက်ဆဲမှာပင်
သူ့အဖိုးရဲ့ပံ့ပိုးမှုနှင့် Website ရေး၊ Online business ဖြစ်တဲ့ EC(e.commerce)ကိုလည်းအားစိုက်လုပ်။
ဒီလိုနှင့် Cyber agent ကုမ္ပဏီအောက်ခံကုမ္ပဏီမှာအလုပ်ဝင်လုပ်ပြီး ၂ နှစ်အကြာမှာ ကိုယ်ပိုင်စီးပွါးရေးတည်ထောင်။
တစ်ရက်ကို နာရီ ၂၀ ကျော်အလုပ်လုပ်ပြီး၊ ၂၀၂၂ မှာ သူ့ကုမ္ပဏီကို Tokyo stock exchange ရဲ့ Growth sector ထဲမှာ IPO စဖွင့်။
Business model ကအရမ်းကောင်းတော့ အောင်မြင်။

သူ့နာမည်က #佐上俊作(さがみ しゅんさく)
•မားကတ်တင်းလည်းကျွမ်းကျင်တယ်၊
•အင်ဂျင်နီယာလည်းတဖက်ကမ်းခတ်၊
•ငွေကြေးဆိုင်ရာစာရင်းဇယားလည်းကျွမ်းကျင်၊
•ရင်းနှီးမြှုပ်နှံခြင်းနှင့်ဝန်ထမ်းရေးရာကိုင်တွယ်ခြင်းလည်းကျွမ်းကျင်

ဆိုတော့ ဂျပန်ရဲ့ အချမ်းသာဆုံး အယောက် ၅၀ စာရင်းမှာ ယန်း ၁၇၂.၅ ဘီလျှံနှင့် နံပတ် ၄၁ ချိတ်။ အသက်က ၃၃ နှစ်သာရှိသေး။
………………….
၁.မခံချင်စိတ်ရှိတယ်
၂.ဇွဲလုံ့လရှိတယ်
၃.အဆက်မပြတ်သင်ယူလေ့လာတယ်
၄.နယ်ပယ်တခုတည်းမဟုတ်ဘူး
၅.သူ့အဖိုးကကူညီထောက်ပံ့တယ်
ပြောချင်တာကဒါပါပဲ
ငယ်ရွယ်ခြင်းနှင့်အချိန်က တန်ဖိုးအတိုင်းအဆမဲ့တယ်
……………………
TIM/KIM

မြန်မာဆိိုရိုးစကားများ (၂၀၀)■ ကုသိုလ်လည်းရဝမ်းလည်းဝ။■ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ။■ ကံမကောင်းအကြောင်းမလှ။■ ကံရှိမှထ...
21/06/2024

မြန်မာဆိိုရိုးစကားများ (၂၀၀)

■ ကုသိုလ်လည်းရဝမ်းလည်းဝ။
■ ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ။
■ ကံမကောင်းအကြောင်းမလှ။
■ ကံရှိမှထင်ပေါ်၊ ဉာဏ်ရှိမှကျော်။
■ ကိုယ်ကကျူး၊ ကိုယ့်ဒူးမှမယုံရ။

■ ကိုယ်ကောင်းခေါင်းဘယ်မရွေ့။
■ ကိုယ်ထင် ခုတင်ရွှေနန်း။
■ ကိုယ်မွေးသည့်မျောက် ကိုယ့်ကိုယ်ခြောက်။
■ ကိုယ့်ကိုယ်ကိုယ်ဖော် သူတော်ခုနှစ်ပါး။
■ ကိုယ့်ငါးချဉ်ကိုယ်ချဉ်။

■ ကိုယ့်ပေါင်ကိုယ်လှန်ထောင်း။
■ ကိုယ့်အတတ်ကိုယ်စူး။
■ ကမ္ဘာမီးလောင်၊ သားကောင်ချနင်း။
■ ကောက်ညှင်းကမစေး၊ ဆန်ကြမ်းကစေး။
■ ကောက်ပင်ရိတ်လှီး၊ ရေစီးဖောင်ဆန်။

■ ကောင်းလျှင်စံ၊ ဆိုးလျှင်ခံ။
■ ကိုက်မနိုင်၊ ခဲမရ။
■ ကိုင်းကျွန်းမှီ၊ ကျွန်းကိုင်းမှီ။
■ ကျမြေကြီး၊ တက်ရွှေထီး။
■ ကျားကြီး၊ ခြေရာကြီး။

■ ကျားကြောက်လို့ရှင်ကြီးကိုး၊ ရှင်ကြီးကျားထက်ဆိုး။
■ ကျီစားသန် ရန်ဖြစ်။
■ ကျီးကန်းတောင်းမှောက်။
■ ကျူပင်ခုတ်၊ ကျူငုတ်မျှမကျန်စေနှင့်။

■ ကျောချမှ ဓားပြမှန်းသိ။
■ ကျော်တော့ လှေထိုးသား၊ ညားတော့လှေသူကြီး။
■ ကျောင်းနေကြာလို့ စာမတတ်။
■ ကြာကြာဝါးမှခါးမှန်းသိ။
■ ကြီးနိုင်ငယ်ညှင်း။

■ ကြီးလျှင်မှီ၊ ငယ်လျှင်ချီ။
■ ကြိုးစားကဘုရားဖြစ်။
■ ကြက်ကန်းဆန်အိုးတိုး။
■ ကြက်ချည်သောကြိုးနှင့် ဆင်ချည်သော်ပြတ်။
■ ကြက်မတွန်၍ မိုးမလင်း။

■ ကြက်မှာအရိုး လူမှာအမျိုး။
■ ကြောက်တတ်ရန်ကင်း။
■ ကြောင်အို၊ ကြွက်မလေး။
■ ကျွဲပါးစောင်းတီး။

■ ကြွက်သေတစ်ခု အရင်းပြု။
■ ခရီးလိုလျှင် လမ်းအိုလိုက်။
■ ခလုတ်ထိမှ အမိတ။
■ ခုစာကလေးကြော်၊ ခုဆီထမင်း။
■ ခုရေတွင်းတူး၊ ခုရေကြည်သောက်။

■ ခုရှုပ်မှနောင်ရှင်း။
■ ခဲလေသမျှ၊ သဲရေကျ။
■ ခေါ်တိုင်းလည်းမသွားနှင့်၊ တော်တိုင်းလည်းမကြွားနှင့်။
■ ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း။
■ ခုတ်ရာတခြား၊ ရှရာတလွဲ။

■ ချီးမွမ်းခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက်။
■ ချော်လဲ ရောထိုင်။
■ ချက်ဆို နားခွက်ကမီးတောက်။
■ ချင်းစိမ်းနှင့်မိဿလင်၊ သူကြင်မှ ကိုယ်ကြင်။

■ ချစ်တီးခေါင်းသန်းရှာ။
■ ချစ်တုန်းခင်တုန်း၊ တပြုံးပြုံး။
■ ချိတ် ချိတ်ချင်းမှ ချိတ်မိသည်။
■ ချိန်းလွန်းလျှင်မလာ။
■ ချုန်းလွန်းသည့်မိုးမရွာ။

■ ခြွေမှရံသည်။
■ ဂျပိုးလိပ်ဖြစ်။
■ ငါးကြင်းဆီနှင့် ငါးကြင်းကြော်။
■ ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုပ်။
■ ငါးစိမ်းမြင်၊ ငါးကင်ပစ်။

■ ငါးပြေမဆားပက်သလို။
■ ငါးမြင်တော့ တံငါဆွေမျိုးမှန်းမသိ။
■ ငိုချင်လျက်လက်တို့။
■ ငိုအားထက် ရယ်အားသန်။
■ ငယ်ကချစ် အနှစ်တစ်ရာမမေ့သာ။

■ ငုတ်မိသဲတိုက်၊ တက်နိုင်ဖျားရောက်။
■ ငွေများတရားနိုင်။
■ စကားကျွံသော်နှုတ်မရ၊ ခြေကျွသော်နှုတ်ရ။
■ စကားချိုစေသူလိုစေ။
■ စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ။

■ စကားဆို၊ တောင်လိုမမောက်နှင့်။
■ စကားဆိုသော် မတင်းနှင့်၊ တရားလိုသော် မငြင်းနှ၍့်။
■ စကားနောက် တရားပါ။
■ စကားလွန် ကျွန်ဖြစ်။
■ စပယ်ကောင်းလျှင် ပန်ချင်သူများသည်။

■ စာမတတ်လမ်းမှာဖတ်။
■ စားပြီး ခွက်မှောက်။
■ စားရကံကြုံတော့ မုတ်ဆိတ်ပျားစွဲ။
■ စားရမည့်အမဲ၊ သဲတရှပ်ရှပ်။
■ စုတတ်မှ အဖတ်တင်။

■ စိုသည့်လက်မခြောက်စေနှင့်။
■ စင်လိုလျှင်ဆေး၊ သိလိုလျှင်မေး။
■ စစ်မရောက်ခင်မြှားကုန်။
■ စစ်ရောက်မှ မြားချွန်၊ မိုးလွန်မှထွန်ချ။
■ စိတ်ပျိုကိုယ်နု။

■ စိန်နားကပ်ကြောင့်ပါးပြောင်။
■ စောင်ခြုံထဲကလက်သီးပြ။
■ စိုင်ကော်လို့ ခြုံပေါ်ရောက်။
■ ဆရာချင်းတူ၊ နည်းချင်းမတူ။
■ ဆရာထက်တပည့်လက်ဆောင်းထက်။
■ ဆရာမပြနည်းမကျ။

■ ဆရာများ၊ သားသေ။
■ ဆရာမှန် အလံစိုက်စရာမလို။
■ ဆရာလည်းဝေး၊ ဆေးလည်းပြယ်။
■ ဆုတောင်းတိုင်းပြည့်လျှင် လူပြည်လူပင်မရှိ။

■ ဆူးကျဖက်ပေါက်၊ ဖက်ကျဖက်ပေါက်။
■ ဆူးကမစူး၊ မဝါးကစူး။
■ ဆေးစက်ကျရာ အရုပ်ဖြစ်။
■ ဆေးလည်းအစာ၊ အစာလည်းဆေး။
■ ဆိုးတူကောင်းဖက်။

■ ဆင်ကျီစားရာ ဆိတ်မခံသာ။
■ ဆင်ပိန်ကြွဲလောက်
■ ဆန္ဒကြီးလျှင် ကြံသမျှပြီး။
■ ဆင်ပြာသည် လင်ပျောက်သလို။
■ ဆုပ်လဲစူး၊ စားလဲရူး။

■ ဆောက်ဖြစ်မှ ကျောင်းတကာ။
■ ညီညာမှပြည်သာသည်။
■ ညားတော့ဈေးသည်၊ ရွယ်တော့မင်းမျိုး။
■ ညောင်ပင်လောက်လှူ၊ ညောင်စေ့လောက်ရ။
■ တစ်ကျမ်းတစ်ဂါထာ၊ တစ်ရွာတစ်ပုဒ်ဆန်း။

■ တစ်ချက်ခုတ်နှစ်ချက်ပြတ်။
■ တစ်ခါသေဖူး၊ ပျဉ်ဖိုးနားလည်။
■ တစ်နေ့တစ်လံ၊ ပုဂံဘယ်ပြေးမလဲ။
■ တပည့်မကောင်း ဆရာ့ခေါင်း။

■ တပည့်လိမ္မာဆရာအာပတ်လွတ်။
■ တပေါင်းတန်ခူး ဝမ်းမနူးနှင့်။
■ တစ်ရပ်တည်းနေ တစ်ရေတည်းသောက်။
■ တစ်ရွာ တစ်ကျီဆောက်။
■ တစ်ရွာမပြောင်း သူကောင်းမဖြစ်။

■ တစ်လှေထဲစီး တစ်ခရီးထဲသွား။
■ တစ်သားမွေး တစ်သွေးလှ။
■ တံငါနားနီး တံငါ၊ မုဆိုးနားနီး မုဆိုး။
■ တန်ခိုးထက်၊ လက်ခကြီး။
■ တန်လျှင်ဆေး လွန်လျှင်ဘေး။

■ တိတ်တိတ်နေသော် ထောင်တန်။
■ တုံးလဲ ထင်းဖြစ်။
■ တုံးဆိုတိုက်၊ ကျားဆိုကိုက်။
■ တောင်စဉ်ရေမရ။
■ တွေ့ကြုံဆုံကွဲ၊ မမြဲဓမ္မတာ။

■ ထမင်းကိုအကုန်စား စကားကိုအကုန်မပြောနှင့်။
■ ထမင်းကြမ်းက အငွေ့ထွက်။
■ ထူးမှမြတ်သည်၊ ရူးမှတတ်မည်။
■ ထင်ပေါ်လျှင်စင်တော်ကကောက်။

■ ထိုင်နေအကောင်းသား၊ ထသွားမှကျိုးမှန်းသိ။
■ ထွေးပြီးသားတံတွေး၊ မျိုမြဲမရှိ။
■ ဒါနသီလမပါ၊ ေ+သခါမှသိ။
■ ဒူးနေရာဒူး၊ တော်နေရာတော်။
■ ဒူးလောက်တင်မှ ရင်လောက်ကျ။

■ ဒေါသရှေ့ထားမှားတတ်သည်။
■ ဓမ္မာသောက အင်းဝရာဇာ။
■ နဂိုရှိမှ နကိုင်းထွက်။
■ နေနှင့်လရွှေနှင့်မြ။
■ နေမြင့်လေ အရူးရင့်လေ။

■ နေ့မြင်ညပျောက်။
■ နတ်နှင့်နဂါး မလှည့်စားနှင့်။
■ နောင်ခါလာ၊ နောင်ခါဈေး။
■ ပါးစပ်က ဘုရား၊ လက်က ကားယား။
■ ပုဆိုးခြုံထဲက လက်သီးပြ။

■ ပေးကမ်းနိုင်က ရန်ရှားသည်။
■ ပေးစရာမရှိ လျော်စရာရှိ။
■ ပညာရဲရင့် ပွဲလယ်တင့်။
■ ပညာရှိ သတိဖြစ်ခဲ။
■ ပညာရှိလျက် ဒေါသဖျက်။

■ ပညာရွှေအိုး လူမခိုး။
■ ပညာသယ်၊ ကြီးငယ်မဆိုသာ။
■ ပတ္တမြားရောင်ထက်၊ ပညာရောင်လက်။
■ ပုပ်မှပေါ်၊ ဟုတ်မှကျော်။

■ ပျော်ပျော်နေသေခဲ။
■ ပျောက်သောသူ ရှာလျှင်တွေ့၊ သေသောသူ ကြာလျှင်မေ့။
■ ပြဒါးတစ်လမ်း၊ သံတစ်လမ်း။
■ ပြင်လွန်းလျှင် ဖင်ချွန်း။

■ ပြည်တင်း မင်းမခံနိုင်။
■ ပွဲမဝင်ခင် အပြင်ကကျင်းပ။
■ ပွဲသွားကြော့ကြော့၊ ပွဲပြန်မော့မော့။
■ ဖုတ်လေတဲ့ငါးပိ၊ ရှိလေမှန်းမသိ။

■ ဖွဲကိုထောင်း၍ ဆံကောင်းမရ။
■ ဗိုလ်နေမြဲ၊ ကျားနေမြဲ။
■ ဘုမသိ၊ ဘမသိ။
■ ဘယ်သူမပြု၊ မိမိမှု။
■ ဘယ်သူသေသေ၊ ငတေမာ ပြီးရော။

■ ဘုန်းကြီးစာချ။
■ ဘုန်းကြီးအမှု ရွာပတ်။
■ မကောင်းကျောင်းပို့။
■ မခေါ်ချင်နေရ၊ မတော်ချင်မနေရ။
■ မစားရတပူပူ၊ စားရတဆူဆူ။

■ မစားရတဲ့အမဲသဲနှင့်ပက်။
■ မစားရ အညှော်ခံ။
■ မတူလျှင်မတုနှ၍့်။
■ မပို့ဘဲနှင့်မဲဇာရောက်။
■ မပြည့်သည့်အိုး ဘောင်ဘင်ခတ်။

■ မယားနေစ၊ ကြောင်သေမှ။
■ မရှိတာထက် မသိတာခက်။
■ မရှိလို့မလှူ၊ မလှူလို့မရှိ။
■ မသာတစ်ခေါက်၊ ကျောင်းဆယ်ခေါက်။
■ မသိသူကျော်သွား၊ သိသူဖော်စား။
■ မိကျောင်းမင်း ရေခင်းပြ။

■ မိအေးနှစ်ခါနာ။
■ မီးကြီးမီးနိုင်၊ ရေကြီးရေနိုင်။
■ မီစဉ်ကြည့်၍က။
■ မီးမရှိဘဲ မီးခိုးမထွက်နိုင်။
■ မုသားမပါ လင်္ကာမချော။

■ မိုးလွန်မှ ထွန်ချ။
■ ခင်းမယောက်ျား၊ ကမ်းနားသစ်ပင်။
■ မင်းမှာသစ္စာလူမှာကတိ။
■ မိန်းမမာယာ သဲကိုးဖျာ။

■ မုတ်ဆိတ်ပျားစွဲ။
■ မျက်နှာကြီးရာ ဟင်းဖတ်ပါ။
■ မျက်နှာလွှဲ၊ ခဲပစ်။

credit: ပေးသည်
#ဗဟုသုတ
#စာပေ

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို...
12/06/2024

မိုက်ကယ်ဂျက်ဆင်ဟာ အသက်(၁၅၀)လောက်ထိ နေသွားချင်ခဲ့ပါတယ်။ ဒါကြောင့် ဆံဖျားကနေ ခြေမအဆုံး သူ့ရဲ့ကျန်းမာရေးကို စောင့်ရှောက်ဖို့ မိသားစုဆရာဝန် (၁၂)ယောက်ထိ သူခန့်ထားခဲ့တယ်။

သူ နေ့စဉ်စားမယ့် အစားအသောက်တွေကိုလည်း ဓာတ်ခွဲခန်းမှ ဂရုတစိုက်စစ်ဆေးပြီးမှသာ စားသောက်လေ့ရှိပါတယ်။ သူ့ရဲ့ နေ့စဉ်ကျန်းမာရေး လေ့ကျင့်ခန်းများကို ကြပ်မတ်ပေးဖို့ ဝန်ထမ်း(၁၅)ယောက်လောက် ထပ်မံခန့်အပ်ထားခဲ့တာပါ။

သူ့ရဲ့ အိပ်ယာမှာ အောက်စီဂျင်ပမာဏကို ထိန်းညှိပေးနိုင်တဲ့ နည်းပညာကို အသုံးပြုထားပါတယ်။ ဆေးပညာအရ အစားထိုးလို့ရနိုင်တဲ့ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းအမျိုးမျိုးကို လှူဒါန်းမယ့်သူတွေကလည်း တစ်ခုခုဆို မိုက်ကယ်ဂျက်ဆင် အတွက် တန်းလှူနိုင်ဖို့ အသင့်ရှိနေပါတယ်။ သူတို့ရဲ့စားဝတ်နေရေးကို မိုက်ကယ်ဂျက်ဆင်ကပဲ ထောက်ပံ့ပေးထားရတာဖြစ်ပါတယ်။

ဒီလိုအဖက်ဖက်က ဂရုတစိုက်ပြင်ဆင်ထားပြီးနောက် သူဟာ အသက်(၁၅၀)လောက်ထိနေသွားနိုင်မယ်လို့ ယုံကြည်နေခဲ့ပါတယ်။ ဒါပေမယ့် သူ မအောင်မြင်ခဲ့ပါဘူး.....

(၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် သူ့ အသက်(၅၀)နှစ် အရွယ်မှာတော့ မိုက်ကယ်ဂျက်ဆင် ရဲ့ နှလုံးဟာ လုံးဝအလုပ်မလုပ်တော့ပါဘူး။ မိသားစုဆရာဝန်(၁၂)ယောက် အပါအဝင် အခြားသောဆရာဝန်ကြီးများစွာ ဝိုင်းဝန်းကြိုးစားခဲ့ကြပေမယ့် သူတို့ဟာ မိုက်ကယ်ဂျက်ဆင် ကို မကယ်တင်နိုင်ခဲ့ကြဘူး။ (၂၅)နှစ်လုံးလုံး ဆရာဝန်ညွှန်ကြားချက်မပါဘဲ ခြေတစ်လှမ်းတောင် မလှမ်းတဲ့သူတစ်ယောက်ဟာ အသက်(၁၅၀)ပြည့်အောင် နေချင်ပေမယ့် မနေခဲ့ရပါဘူး။

မိုက်ကယ်ဂျက်ဆင်ရဲ့စျာပနအခမ်းအနားကို လူပေါင်း(၂)သန်းခွဲလောက်က တိုက်ရိုက်ကြည့်ရှုခဲ့ကြပြီး ဒါဟာ ယနေ့အချိန်ထိ စံချိန်မှတ်တမ်းတစ်ရပ်အဖြစ် ရှိနေဆဲဖြစ်ပါတယ်။ သူကွယ်လွန်တဲ့ (၂၀၀၉)ခုနှစ် ၊ ဇွန်လ (၂၅)ရက် ဒေသစံတော်ချိန် ညနေ(03:15)မှာ Wikipedia, Twitterနဲ့ AOL's instant messenger တို့ဟာ လုံးဝပြတ်တောက်သွားသည်အထိ ဖြစ်ခဲ့တယ်။ လူပေါင်းရှစ်သိန်းလောက်က Google မှာ မိုက်ကယ်ဂျက်ဆင် နာမည်ကို တစ်ပြိုင်နက်ရှာဖွေခဲ့ကြတယ်လို့ မှတ်တမ်းတွေကဆိုပါတယ်။

မိုက်ကယ်ဂျက်ဆင်ဟာ သေခြင်းတရားကို စိန်ခေါ်ဖို့ ကြိုးစားခဲ့ပေမယ့်လည်း သေခြင်းတရားကသာ သူ့ကိုပြန်လည်စိန်ခေါ်သွားခဲ့ပါတယ်။

ဒီနေ့ကမ္ဘာမှာတော့ ရုပ်ဝတ္ထုပစ္စည်းတွေ အံ့မခန်းတိုးတက်ထွန်းကားနေတာဖြစ်လို့ ကျွန်တော်တို့အားလုံးဟာ အဲဒီနောက်ကို တကောက်ကောက်လိုက်နေကြရတယ်။ ဒါပေမယ့် နေ့မအားညမနား လိုက်နေတာကရော အဓိပ္ပါယ်ရှိပါ့မလား။

ကျွန်တော်တို့ဟာ တစ်ပတ်ကိုတစ်ခါလောက် မိသားစုတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကို အချိန်ပေးဖြစ်ခဲ့ကြလို့လား။ ကျွန်တော်တို့ဟာ ကိုယ်ရှာထားတဲ့ပိုက်ဆံရဲ့ ဆယ်ပုံတစ်ပုံလောက်ကိုတောင် ကိုယ့်ကိုပျော်ရွှင်စေမယ့် အရာတွေအတွက် သုံးဖြစ်ခဲ့ကြရဲ့လား။ ဒါကြောင့် ကျွန်တော်တို့ဟာ ကိုယ့်အတွက်ကိုယ် အချိန်နည်းနည်းပေးဖို့၊ ကိုယ့်ပျော်ရွှင်မှုအတွက် ကိုယ်ပိုက်ဆံနည်းနည်းသုံးဖို့ လိုပါလိမ့်မယ်။

တကယ်တမ်း သေသေချာချာ စဉ်းစားကြည့်မယ်ဆိုရင် ကျွန်တော်တို့ပိုင်တာ ဘာမှမရှိပါဘူး။ စာရွက်စာတမ်းတွေပေါ်မှာ ကျွန်တော်တို့နာမည် ခဏလေးရေးထိုးထားခွင့်ရရုံနဲ့ ကျွန်တော်တို့ဟာ ကိုယ်ပိုင်ပြီလို့ အထင်ရောက်နေခဲ့ကြတာပါ။

" ဒါ ငါ့အိမ် ၊ ဒါ ငါ့ကား "စသဖြင့် ကျွန်တော်တို့ ကြွေးကြော်လိုက်တိုင်းမှာ သေခြင်းကပြုံးနေလိမ့်မယ်ထင်ပါတယ်။

ချမ်းသာအောင် လုပ်စရာမလိုဘူးလို့ ကျွန်တော်ဆိုလိုတာမဟုတ်ပါဘူး။ ဆင်းရဲတာနဲ့စာရင် ချမ်းသာတာက အဆပေါင်းများစွာ ပိုကောင်းပါတယ်။ ချမ်းသာတာက ပြဿနာ တစ်ခုမဟုတ်ပါဘူး။ ပိုက်ဆံချည်းပဲ ချမ်းသာနေပြီး စိတ်မချမ်းသာရတာကသာ ပြဿနာဖြစ်ပါတယ်။ ကျွန်တော်တို့က ကိုယ့်ဘဝကို ကိုယ့်စိတ်တိုင်းကျ အသုံးချဖို့လိုပါတယ်။ ဒါမှမဟုတ် ဘဝက ကိုယ့်ကိုပြန်ပြီး အသုံးချသွားပါလိမ့်မယ်။

တကယ်တော့ ဘဝမှာနေပျော်ဖို့အတွက် အရေးအကြီးဆုံးက ရောင့်ရဲမှု ၊ ကိုယ့်ဘဝကိုယ် စိတ်ကျေနပ်မှုနဲ့
စိတ်အေးချမ်းမှုတွေပဲ ဖြစ်ပါတယ်။

စိတ်မကောင်းစရာ တစ်ခုကတော့
အဲဒီအရာတွေကို ဘယ်မှာမှ ဝယ်လို့မရနိုင်တာပါပဲ။

 #နောင်ပွင့်တော်မူမည့်_အရိမေတ္တေယျ_မြတ်စွာဘုရားအကြောင်း______________________________________တနေ့သောအခါ နိဂြောဓာရုံ ကျော...
10/06/2024

#နောင်ပွင့်တော်မူမည့်_အရိမေတ္တေယျ_မြတ်စွာဘုရားအကြောင်း
______________________________________

တနေ့သောအခါ နိဂြောဓာရုံ ကျောင်း ရွှေသလွန်တော် ထက်၌ မြတ်စွာဘုရား သီတင်းသုံးတော်မူ ပြီးအရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိတဲ့ သံဃာ အရေအတွက် သံဃာ အပါးရှစ်ဆယ် တို့ကို ဆုံးမသြဝါဒ တရားစကား ဟောကြားနေတဲ့ အချိန်မှာ မိထွေးတော် ဂေါတမီ ကပန်းနံ့သာ အမွှေး နံ့သာများစွာ လက်၌စွဲလျက် ရွှေသ င်္ကန်း အဝတ်တစုံ ထည့်ထားတဲ့ ပတ္တမြားကြုတ်ကို ခေါင်းပေါ်ရွက် ဆွမ်းစသောလှူဖွယ်ပစ္စည်းမျိုးစုံနဲ့ တံခွန် ပန်းနံ့သာ များကို လက်မှာစွဲ ပြီးသာကီဝင် မင်းသားမင်းသမီး ငါးရာခြံရံလျက် ဘုရားရှိရာ နိဂြောဓာ ရုံကျောင်းတော်ကို သင်္ကန်းစ သော လှူဖွယ်ပစ္စည်း လှူဒါန်းဖို့ရာ လာကြတယ်။ မိထွေးတော် ဂေါတမီဟာ မြတ်စွာ ဘုရားကို ရွှေသင်္ကန်း လှူဖို့ရာ အတွက် ကိိုုယ်တိုင် ရက်လုပ်ပြီး လှူတာ။ ဂေါတမီကိုယ်တိုင် နီလှစွာ သော ရွှေတို့ဖြင့် ရွှေဖျဉ်းတို့ကို လုပ်ပြီး ရွှေမှုန်ဖြင့် မြေတွေကိုရောပြီး တော့ ရွှေဖျဉ်း တို့ကိုထည့်l ဝါစေ့တွေကို လက်နဲ့ကိုင်ပြီး ရွှေဝါပင် ပေါက်ပါ စေသတည်းဟု အဓိဋ္ဌာန် လိုက်တော့ ရွှေဖျဉ်းထဲမှာ ရွှေဝါပင်တွေ ပေါက်လာတယ်။

ပေါက်လာတဲ့ ရွှေဝါပင်တွေက မဟာ လှေကားပွင့်နဲ့ တူတယ်။ ဝါအသီးတွေက မြအဆင်းနဲ့ တူတယ်။ ဂေါတမီက ဝါသီးတွေကို လက်နဲ့ ကောက် ရွှေလင်ပန်းထဲမှာ ထည့်l လက်နဲ့ကိုယ်တိုင် ဖန်ပြီးတော့ ဝါဂွမ်း ဖြစ်အောင် ကြိတ်ပြီး လိပ်ရတယ်။ နူးညံ့သိမ်မွေ့စွာ ချည်ငင်ပြီး သိမ်မွေ့တဲ့ ယက္ကန်းသည်ကို ခေါ်ပြီး တော့ ထမင်းအဖျော် စတဲ့ပျားတင်လဲ ထောပတ် တွေကိုစားl အဝတ်တန်ဆာ သန့်ရှင်းအောင်ဝတ်l ယက္ကန်းဇရပ် ကိုလည်း အမွှေးနံ့သာ တွေကြဲl ယက္ကန်းဇရပ် ကိုလူ အစောင့်အကြပ် အမြဲထားပြီးတော့့ရွှေသင်္ကန်းကို ဂေါတမီကိုယ်တိုင် ယက်တာ အလျားတစ်ဆယ့် လေးထောင် အနံ ခုုနစ်ထောင် ရှိတဲ့ ပုဆိုးနှစ်ထည် ကိုရတယ်။ မိထွေးတော် ဂေါတမီက မြတ်စွာဘုရား ကျောင်းတော်ကို ရောက်တဲ့အခါ မြတ်စွာဘုရားကို မနီးမဝေး ကနေ ရှိခိုးပြီးတော့ ပတ္တမြားကြုတ်ကို ဖွင့်l ရွှေသင်္ကန်း တစုံကို လက်က ကိုင်ထားပြီးတော့ ဘုန်းတော်ကြီး သော မြတ်စွာဘုရား တပည့်တော် ရဲ့ လက်ထဲမှာရှိတဲ့ရွှေအဝတ် ပုဆိုး တစုံ (နှစ်ထည်) က တပည့်တော် ကိုယ်တိုင် ယက်လုပ်ထားတဲ့ သင်္ကန်း ဖြစ်ပါတယ် ဘုရား။တပည့်တော်ကို သနားစောင့်ရှောက် ချီးမြှောက်သော အားဖြင့် ဤရွှေ သင်္ကန်းကို အလှူခံတော်မူပါ ဘုရားလို့ လျှောက်ထား ပြီးတော့ လှူဒါန်းပါတယ်။ မြတ်စွာဘုရားက နှစ်ထည်စလုံး အလှူမခံဘူး။ တစ်ထည်ကိုသာ အလှူခံပါတယ်။ ပြီးတော့ မိထွေးတော် ဂေါတမီကို ကျန်နေတဲ့ ပုဆိုးတထည်ကို ငါဘုရားရှေ့မှာ ထိုင်နေတဲ့ သံဃာတွေကို လှူလိုက်ပါလို့ ပြောပါတယ်။ မြတ်စွာဘုရားက လှူခိုင်းတော့ မိထွေးတော် ဂေါတမီက မြတ်စွာဘုရားဘက် မျက်နှာလွှဲပြီး သံဃာပရိတ်သတ် ဘက်ကိုလှည့်၍ လက်အုပ်ချီ ပြီးတော့ တပည့်တော်ရဲ့ ရှေ့မှောက်မှာ ထင်ရှားရှိနေတဲ့ သံဃာ အရှင်မြတ် တို့ဘုရားl တပည့်တော် လက်၌ ရှိသော ဤအဝတ်ပုဆိုး ရွှေသင်္ကန်း တော်ကို ဘုရားတပည့်တော် ကိုသနား စောင့်ရှောက် ချီးမြှောက်သော အားဖြင့် အလှူခံတော် မူကြပါဘုရားလို့လျှောက်ထားတော့ သံဃာအပါး (၈၀) မည်သူမျှ ထပြီးအလှူ မခံဝံ့ကြဘူး။ ဘာဖြစ်လို့ အလှူမခံ ဝံ့တာတုန်း ဆိုရင် တစ်ထည်ကို မြတ်စွာဘုရား ဝတ်၍ တထည်ကို ရုံထားမယ်ဆိုရင် အလွန်တရာ တင်တယ့် သပ္ပါယ် ပေလိမ့်မယ် ဆိုတဲ့ စိတ်နှလုံးထားပြီး အလှူမခံပဲ နေကြတာ။

သံဃာ(၈၀) ထဲက သံဃာများရဲ့ အလယ်မှာ ထိုင်နေတဲ့ အဇိတ ရဟန်းက မြတ်စွာဘုရားဟာ မိထွေးတော် ဂေါတမီကို များစွာသော အကျိုးရှိသည်ကို လိုလားနှစ်သက်တော် မူသည်ကို မြင်တော်မူသည် ဖြစ်၍ သံဃာကို လှူခိုင်းနေတာ လို့စိတ်နှလုံး ထားပြီးတော့ ဂေါတမီလက်ထဲ မှာရှိတဲ့ သင်္ကန်းတထည်ကို ရဲဝင့် တည်ငြိမ်စွာ ဖြင့် ထပြီးတော့ အလှူခံ လိုက်တယ်။ အဇိတရဟန်း အလှူခံပြီး တဲ့အခါ ကျန်နေတဲ့ ရဟန်းတွေက အုတ်အုတ်ကျတ်ကျတ် ကျယ််စွာသော အသံတွေ ဖြင့် ပညာအရာ ဧတဒဂ်ရတဲ့ အရှင်သာရိပုတ္တရာl အရှင်အာနန္ဒာ အစရှိ တဲ့ ရဟန်းတော်တွေ တောင်မှ အလှူမခံဝ့ံတဲ့ သင်္ကန်းကို ဘာမဟုတ်တဲ့ အညတြ မထင်မရှား အသေးအ မွှားရဟန်းက အလှူခံရဲရ မလားလို့ ကဲ့ရဲ့သော စကားသံ မျိုးစုံနဲ့ ကဲ့ရဲ့နေကြတယ်။ ကဲ့ရဲ့ပြစ်တင် နေသော စကားသံတွေကို မြတ်စွာဘုရားက ကြားသိရတဲ့အခါ သံဃာ ပရိတ်သတ်နဲ့ဂေါတမီ အစရှိတဲ့ ပရိတ်သတ် တို့ရဲ့ ယုံမှားသံသယ ကိုပယ်ဖျောက် ဖို့ရာအတွက် ချစ်သားအာနန္ဒာl ငါဘုရားကို နတ်သား လေးယောက် လှူထားတဲ့ အနားလေးရစ်ရှိတဲ့ မြကျောက် သပိတ်ကို သွားပြီးတော့ ယူချေလို့ ယူခိုင်းလိုက်တယ်။ အာနန္ဒာ ယူလာတဲ့မြကျောက်သပိတ်ကို မြတ်စွာဘုရားက လက်ဝါးပေါ်တင် အဓိဋ္ဌါန်ပြီးတော့ ကောင်းကင်သို့ လွှတ်လိုက်တယ် ဆိုရင်ပဲ မြကျောက် သပိတ်ဟာ နိဂြောဓာရုံ ကျောင်းကနေ ကပိလဝတ်မြို့ သို့ဝဲပျံပြီး ဖြတ်ကျော်လျက် စကြာဝဋ္ဌာတိုက်ကို လေယဉ်ပျံတွေ မိုးပေါ်မှာ ပျံဝဲ သွားလာနေတဲ့ အတိုင်း ပျံဝဲသွားလာ နေပါတယ်။ ငါဘုရား အဓိဋ္ဌာန် လွှတ်လိုက်တဲ့ မြကျောက်သပိတ ်ကိုမှီအောင် လိုက်ပြီးတော့ ယူချေလို့ သံဃာအပါး ရှစ်ဆယ်ကို ယူခိုင်းတော့ ဘယ်သူမှ လိုက်မယူရဲ ကြဘူး။

အဲဒီအခါမှာ မြတ်စွာဘုရားက အဇိတ ရဟန်းကို ခေါ်ပြီး ငါဘုရား လွှတ်လိုက်တဲ့ သပိတ်ကို လိုက်ပြီးတော့ ယူချေ လို့ယူခိုင်းလိုက် တော့ အဇိတ ရဟန်းက မြသပိတ် ရှိရာရောက်ရာ အရပ်ကို ရှာဖွေပြီး တစ်ခဏ အတွင်းယူလာပြီး မြတ်စွာဘုရားကို ကပ်လှူပါတယ်။ အဲဒီ အဇိတ ရဟန်းဟာ အဇာတသတ်မင်း ကဥ္စနဒေဝီ မိဖုရားသား။ အဇိတ ဆိုတာ တည်ကြည်ခြင်း လို့ အဓိပါယ်ရတယ်။ အဇာတသတ် မင်းကြီးဟာ ဖခင်ဗိမ္ဗိသာရ မင်းကြီးကို သတ်ပြီးနောက်ပိုင်းမှာ မြတ်စွာဘုရားကို အရမ်းကြည်ညိုတာ။ ငါကြည်ညို လေးစား ကိုးကွယ် အားထား နေရတဲ့ မြတ်စွာဘုရားရဲ့ အမွေ ဆက်ခံဖို့ရာ ရာဇဂြိုလ်ပြည် ဝေဋ္ဌုဝန်ကျောင်းမှာ အဇိတမင်းသား ၁၆နှစ်အရွယ် အခြံအရံမင်းသား ငါးရာနဲ့အတူ ရဟန်းဝတ်ပေး ထားတာ။ အဲဒီအချိန်မှာ သံဃာ ပရိတ်သတ်က အပါးရှစ်ဆယ်l မိထွေးတော် ဂေါတမီနှင့် အခြံအရံ သာကီဝင်မင်းသား မင်းသမီးငါးရာ ပေါင်းလိုက်တော့ငါးရာရှစ်ဆယ်သော ပရိတ်သတ် တွေကို သင်ချစ်သားတို့ ထင်ကြသလို မြင်ကြသလို အညတြ သာမညရဟန်း မဟုတ်ဘူး။
၁။ တိမ်ဖုံးသော နေနဲ့ တူတယ်။
၂။ ပြာဖုံးသော မီးခဲနဲ့ တူတယ်။
၃။ မြေမှုန်ဖြင့် ဖုံးအုပ် ထားခံရသော ပတ္တမြား ရတနာနဲ့ တူတယ်။
၄။ မြေ၌မြှုတ်ထား ခံရသော ရွှေအိုးနဲ့ တူတယ်။
၅။ ပွင့်လုနီးသော ကြာပန်းနဲ့ တူတယ်။
၆။ ယုဂန္ဓိုရ်တောင်နှင့် နီးနေသော နေလုလင်နဲ့ တူတယ်။
၇။ ဘုရားဖြစ်ဖို့ရန် မျိုးစေ့နဲ့ တူတယ်။ အညွှန့်နဲ့ တူတယ်။ ပါရမီီ ပြည့်ပြီးသော ဘုရားလောင်း ယောက်ျားစစ် ယောက်ျားမြတ် ဖြစ်၍ နောင်သောအခါ (အရိမေတ္တာယျ ) အမည်ဖြင့် ဘုရားစင်စစ် ဖြစ်လိမ့်မယ် လို့ဗျာဒိတ် စကားမိန့်ကြား တော်မူပါတယ်။

ချစ်သားတို့ အဇိတရဟန်းဟာ ရှေးလွန်လေပြီးသော အတိတ်ဘဝ ပဒုမ အမည်ရသော စကြာဝတေးမင်း ဘဝတုန်းက သုမိတ္ထ မြတ်စွာဘုရားကို ကျောင်း သင်္ကန်း ဆီမီးစသည် တို့ဖြင့် ပူဇော်ခဲ့တယ်။ ဗြဟ္မဘာဝီ မည်သော မင်းဖြစ်သော အခါတုန်းကလည်း မတ္တေယျ မြတ်စွာဘုရားကို ရတနာမဏ္ဌပ် တို့ဖြင့် ပူဇော်ခဲ့တယ်။ အဲဒီအချိန်မှစ၍ ၁၆သင်္ချေနှင့် ကမ္ဘာတသိန်း ထက်မှာ ပွင့်တော်မူကြတဲ့ မုဟုတ ္တမြတ်စွာဘုရား ထက်မှာ ပဘာဝန္တ စကြာဝတေးမင်း ဖြစ်ပြီးတော့ စကြာဝတေးမင်း အဖြစ်ကို စွန့်l မုဟုတ္တဘုရား ထံမှာ ရတနက မထေရ်ရဟန်း အမည်ဖြင့် ပါရမီဖြည့်၍ ဘုရားဆု ပန်ခဲ့တယ်။ အဲဒီမုဟုတ္တဘုရား လက်ထက် ရတနက မထေရ်ဘဝက စပြီး ဘုရားဆုပန်l အတိုင်းမသိသော ပါရမီ အဆောက်အဦးတို့ကို ဖြည့်ကျင့်ခဲ့တယ်။ တဏှင်္ကရာ ဘုရားစသော ၂၇ ဆူကုန်သော ဘုရားတို့ထံမှာ ပါရမီများစွာ ဖြည့်ကျင့် ဆည်းပူးပြီး ဗျာဒိတ်ခံခဲ့ရ၍ ယခုအခါ အဇာတသတ်မင်း ကဥ္စနဒေဝီ သားအဇိတ မင်းသားအဖြစ် ဖြင့်ငါဘုရားရဲ့ သာသနာတော်၌ ရဟန်းပြု၍ အဇိတရ ဟန်းအဖြစ် သီလ သမာဓိ ပညာ အကျင့်တို့ကိုဖြည့်ကျင့် စေလျက် ပါရမီ အပေါင်းကို ဆည်းပူးဖြည့်ကျင့် နေသော ဘဝတလျှောက် ခရီးအကြား၌ အညတြရဟန်း စသည့်ဖြင့် မထီမဲ့မြင် မပြုကြနှင့် လို့ ဗျာဒိတ်စကား မိန့်ကြားတော် မူပါတယ်။ မြတ်စွာဘုရားရဲ့ ဗျာဒိတ်စကား ပြောကြားပြီးတဲ့ အဆုံးမှာအဇိတ ရဟန်းက အားရ ဝမ်းသာစွာ နဲ့မြတ်စွာဘုရားကို လက်အုပ်ချီပြီးတော့ မ်ိထွေးတော် ဂေါတမီထံက ရထား တဲ့ရွှေသင်္ကန်း အဝတ်ပုဆိုး တစ်ထည်ကို မြတ်စွာဘုရားရဲ့ ဂန္ဓကုဋိ ကျောင်းဆောင် အတွင်းမှာ မျက်နှာကျတ် အဖြစ် လှူဒါန်းပါတယ် ဘုရား။

ဤကဲ့သို့ လှူဒါန်းရသော ကုသိုလ် ကောင်းမှုကြောင့် တပည့်တော် ဘုရား ဖြစ်သောအခါ ရွှေပန်း ဆိုင်းl ငွေပန်းဆိုင်းl သန္တာပန်းဆိုင်းl ပုလဲပန်းဆိုင်း တို့ဖြင့်တန်ဆာ ဆင်လျက်ရတနာ ၇ ပါးနှင့် ပြည့်စုံပြီး တစ်ဆယ့်နှစ်ယူဇနာ ကျယ်ဝန်းတဲ့ ဗိတာန် မျက်နှာကျတ် ဖြစ်ရပါလို၏ ဘုရားလို့ ဆုတောင်းပြီး ဘုရားရှင် ကိုဦးချကာ သူ့နေရာသူပြန် ထိုင်နေတယ်။ မြတ်စွာဘုရားက ဗျာဒိတ်ပေးခြင်း အဇိတရဟန်းလည်း ရွှေသင်္ကန်း ကပ်လှူခြင်းl ဆုတောင်းခြင်းပြီးတဲ့ အခါ အရှင်သာရိပုတ္တရာ က အရိမေတ္တာယျဘုရား အကြောင်းကိုသိ ချင်နေကြတဲ့ ရဟန်းတို့ရဲ့ အလို အဇ္စျာသယကို သိသဖြင့် အရှင်ဘုရား အဇိတရဟန်း ဘယ်သောအခါ ဘယ်သို့သော အခြင်းအရာဖြင့် အရိမေတ္တယျ ဘုရားဖြစ်မယ် ဆိုတဲ့ အကြောင်းကို လျှောက်ကြားတဲ့ အခါမြတ်စွာ ဘုရားက အရဟတ္တဖိုလ် စျာန်သမာပတ် ဝင်စားပြီး အဇိတရဟန်း နောင်အနာဂါတ် ကာလမှာ အရိမေတ္တယျဘုရား ဖြစ်တော်မူ မည့်အကြောင်းကို ဟောကြား တော်မူပါတယ်။ ချစ်သားသာရိပုတ္တရာl ငါဘုရား ပရိနိဗ္ဗာန်စံ့ပြီး ကာလကြာသော် တဖြည်းဖြည်းနဲ့ သာသနာ ဆုတ်ယုတ်လာ ပြီးတော့သာသနာအ နှစ် ငါးထောင်ပြည့်တဲ့ အခါမှာ ငါဘုရားရဲ့ သာသနာတော်ကြီး ကွယ်ပျောက်လိမ့်မယ်။

ချစ်သား သာရိပုတ္တရာ သာသနာကွယ်ပြီး တဲ့နောင်ကာလ ကြာရင်လူတွေဟာ မကောင်းမှု တွေသာပြု ကျင့်ကြလို့ လူတို့ရဲ့ အသက်တမ်း တွေက တစ်ရာကနေ ကိုးဆယ်l ကိုးဆယ်မ ှရှစ်ဆယ်l ရှစ်ဆယ်မှ ခုုနှစ်ဆယ်l ခုနှစ်ဆယ်မှ ခြောက်ဆယ်l ခြောက်ဆယ်မှ ငါးဆယ် အစဉ်အတိုင်း အသက်တမ်း ယုတ်လျော့ကုန် ပြီးတော့ သက်တမ်းငါးနှစ် အရွယ်ရောက်တဲ့ အခါ ငါးနှစ်အရွယ ်ယောင်္ကျား မိန်းမတွေက အိ်မ်ထောင်တွေပြုl ယောက်ျားတွေရ မိန်းမတွေရနဲ့ သားတွေသမီး တွေနဲ့ ဖြစ်ကြလိမ့်မယ်။ ခြောက်နှစ် ခုနှစ်နှစ်တွေက မြေးတွေ မြစ်တွေနဲ့ ဖြစ်ကြလိမ့်မယ်။ အဲဒီအခါကြရင် ကပ်ကြီးသုံးပါး ပေါ်ပေါက် လာလိမ့်မယ်။ သတ္တန္တရကပ် လက်နက်ကြောင့် သေကြရတဲ့ ပုဂ္ဂိုလ်တွေ ငရဲပြည်သို့ ရောက်ကြ လိမ့်မယ်။ ဒုဗ္ဘိက္ကန္တရကပ်l ငတ်မွတ် ခေါင်းပါး အစာ မစားရလို့သေတဲ့ပုဂ္ဂိုလ် တွေက ပြိတ္တာဘုံသို့ ရောက်မယ်။ ရောဂန္တရကပ် အနာရောဂါဖြစ်ပြီး သေကြတဲ့ ပုဂ္ဂိုလ်တွေက ငါတို့ရော ဂါဘယ တွေဖြစ်ရလို့ ကိုယ်စိတ်နှစ်ပါး ဒုက္ခဆင်းရဲတွေ ခံကြရသလို သူတပါးတွေလည်း ငါတို့လို ဆင်းရဲ ဒုက္ခတွေ မဖြစ်ကြပါစေနဲ့ ဆိုပြီး မေတ္တာစိတ်နဲ့ သေတဲ့အတွက်် ကြောင့်နတ်ပြည်ကို ရောက် လိ်မ့်မယ်။ အဲဒီကပ်သုံးပါး ဆိုက်ရောက်နေ ကြရတဲ့ အချိန်အခါမှာ ဝိသကြုံနတ် သားက လူ့ပြည်ကို ဆင်းလာပြီးလူ တွေ ဒုက္ခမျိုးစုံ ကြုံတွေ့နေရတာကို မကြည့်မမြင်ရက်လို့ သတိပေး လိမ့်မယ်။ အိုလူသားတို့ ဒီကနေ့ကစ ရရက်အတွင်း လူသားတွေ အပြစ်မရှိအပြစ်ရှာl အချင်းချင်း တယောက်နဲ့တယောက် သားငါးအမှတ်ဖြင့် သတ်ကြဖြက်ကြ ခုတ်သတ်ကြ လိမ့်မယ်။ အဲဒီဘေးအန္တရယ်မှ လွတ်မြောက် ချင်ကြလို့ရှိရင် (၇) ရက်စာရိက္ခာ အပြည့်အစုံယူပြီး တစ်ယောက်ချင်း သာ တောမြောင် ချောက်ခြားသို့ လူချင်းမတွေ့အောင် ပုန်းအောင်း နေပြီး (၇) ရက် ကျော်လွန်မှသာ လျှင်ပြန်လာခဲ့ကြပါ။ ယုံကြည်ကြ တဲ့သူတွေက (၇) ရက် စာရိက္ခာယူ ပြီးတော့ တောတောင် ချောက်ခြား သို့သွား၍ ပုန်းနေကြတယ်။

မယုံကြည်ကြတဲ့ ပုဂ္ဂိုလ်တွေက အ ချင်းချင်း သတ်ကြဖြတ်ကြလို့ အရိုးအသားတွေပြည့်လျှံl အရိုးတွေ သွေးတွေနဲ့ ဖြစ်ကုန်ကြတဲ့ အခါမိုး ကြီးရွာချl အရိုးအသားတွေ မျောကုန် ကြလိမ့်မယ်။ တောမြောင် ချောက်ခြား ပုန်းအောင်းနေကြတဲ့ လူတွေ ၇ ရက် ပြည့်လို့ပြန်လာ ကြတဲ့အခါ လူတွေ မတွေ့ရမမြင်ရ လို့အချင်းချင်းရိုင်းပင်း ကူညီ lကု သိုလ် ကောင်းမှုတွေပြုl မေတ္တာ စိတ်တွေ ဖြစ်ပေါ်လာကြလိမ့်မယ်။ အဲဒီလို မေတ္တာစိတ်l ကုုသိုလ်စိတ် တွေဖြစ်ပေါ်ပေါက် လို့ကုသိုလ် ကောင်းမှုတွေ ပြုတဲ့အခါ ဆယ်နှစ် နေကြရသူတွေကအသက်နှစ် ဆယ်lအသက်နှစ်ဆယ်မိဘတွေ ကမွေးဖွားတဲ့သားသမီးတွေက အသက်လေးဆယ်။အဲဒီလိုအစဉ် အတိုင်းလူတို့ရဲ့အသက်တမ်းဟာရှည်ရှည်ပြီးတက်သွားမှာ။ကိုယ့် အသက်ကိုမရေမတွက်နိုင်အောင် အသင်္ချေယျထိဖြစ်သွားလိမ့်မယ်။

သက်တမ်းမရေမတွက်နိုင်အောင် ရှည်တဲ့အသင်္ချေယျခေတ်မှာ အနိစ္စ ဒုက္ခ အနတ္တတရားတွေ အလွယ်တကူမမြင်နိုင်တော့ဘူး။ အိုခြင်း နာခြင်း သေခြင်းတရား တွေမမြင်နိုင်။ဘယ်မြင်နိုင်ပါ့မလဲ။ လူတယောက်အိုဖို့နာဖို့သေဖို့ဆို တာတော်တော်ကြာအောင်စောင့် နေရမှာ။ အိုတဲ့သူတွေ့ရင်အထူးအဆန်း ုဖြစ်သွားပြီးနာတဲ့သူတွေ့ရင်လည်း အထူးအဆန်းဖြစ်ကုန်ပြီ။သေတဲ့ သူတွေ့ရင်တော့ဝိုင်းအုံကြည့်ရ တဲ့ခေတ်။ သက်တမ်းရှည်တဲ့ခေတ်မှာအိုနာသေခဏlခဏမ ပေါ်တော့သံဝေဂမဖြစ်။သံဝေဂမ ဖြစ်တော့အိုရမယ့်ဒုက္ခlနာရမယ့် ဒုက္ခသေရမှာကိုလည်းမကြောက် ကြတော့ဘူး။ မကြောက်ကြတော့ ကိုယ်ကျင့်တရားတွေပျက်ပြားပြီး အသင်္ချေယျသက်တမ်းမှတဖြည်း ဖြည်းဆုတ်ယုတ်၍သက်တမ်းတို လာလိမ့်မယ်။

တဖြည်းဖြည်းသက်တမ်းဆုတ် ယုတ်လာပြီးသက်တမ်းတစ်သိန်း ရောက်တဲ့အခါ ယခုငါဘုရားသီ တင်းသုံးနေတဲ့ဗာရာဏသီပြည် သည်အလျား ၁၂ ယူဇနာlအနံ ရယူဇနာကျယ်ဝန်းတဲ့ကေတုမ တီမည်သောမင်းနေပြည်တော် ဖြစ်လိမ့်မယ်။ အဲဒီကေတုမတီ ပြည်မှာသင်္ခစကြာဝတေးမင်းအုပ် ချုပ်၍မင်းလုပ်လိမ့်မယ်။ ရိုးရိုးဘုရင်မဟုတ်ဘူး။ စကြာဝ တေးမင်း။စကြာဝတေးမင်းရဲ့မိဖု ရားကဝိသာခါတဲ့။သင်္ခစကြာဝ တေးမင်းမှာတစ်ဖက်သောရန်သူ ကိုချေမှုန်းပြစ်နိူင်တဲ့သားပေါင်း တစ်ထောင်ဖြစ်ထွန်းလိမ့်မယ်။ ကေတုမတီမြို့နှင့်တကွမြို့ ပေါင်းရှစ်သောင်းလေးထောင်ရှိ လိမ့်မယ်။

ကေတုမတီမြို့လယ် ခေါင်မှာရတနာ ရပါးနှင့်ပြည်စုံပြီး တံတိုင်းအကာအရံနဲ့လူတွေရဲ့ မျက်စိနဲ့စူးစိုက် မကြည့်နိုင် ်လောက်အောင်သောအရောင်အ ဝါဖြင့်အထပ်တစ်ရာရှိတဲ့ပြသဒ် ယာဉ်ကြီးရှေးဘုန်းရှေးကံကြောင့် ပေါ်ပေါက်လာလိမ့်မယ်။ ရှေးဘုန်းကံကြောင့်ဆိုတာကို သိအောင်ပြောပြရမယ်ဆိုရင်ကေ တုမတီမြို့ဟာဟိုးရှေးအခါတုန်း ကမဟာပနာဒမင်းနေသွားခဲ့ဖူး တယ်။ အဲဒီမဟာပနာဒမင်းရဲ့ဘုန်း ကံနဲ့ယခုလက်ရှိသင်္ခစကြာဝတေး မင်းရဲ့ဘုန်းကံကိုပြောတာ။ သင်္ခစကြာဝတေးမင်းနဲ့မဟာပနာ ဒမင်းဟာအတိတ်ဘဝရှေးအခါက ကျူထရံသည်သားအဖနှစ် ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေကဗုဒ္ဓါ အရှင်မြတ် ၈ ပါးကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးဘုရား တပည့်တော်တို့သားအဖနှစ် ယောက်ဘဝဖန်ခါသံသရာကြီးထဲ မှာကျင်လည်ကျတ်စားပြေးလွှား ကြသည်ရှိသော်မြင့်မြတ်သော ပုဂ္ဂိုလ်တို့နှင့်သာထိုက်တန်သော ဆန်းကျယ်သောဘုံဗိမာန်ကြီးကို ရပြီးတော့အဆုံးဘဝနောင်ကာလ ၌မဂ္ဂင်ဖေါင်ကြီးငြိမ့်ငြိမ့်စီးလျက် ဘေးအတန်တန်အေးငြိမ်းရာအ မှန်နိဗ္ဗာန်အောင်ခန်းမြို့တော်နန်း သို့ကူးမြောက်နိုင်တဲ့ပုဂ္ဂိုလ်တွေ ဖြစ်ရပါစေသားအရှင်မြတ်တို့ဘု ရားလို့ဆုတောင်းပြီးပစ္စည်းလေး ပါးဖြင့်အသက်ထက်ဆုံးလှူဒါန်းခဲ့ တယ်။ သားအဖနှစ်ယောက်သေတဲ့အခါ နတ်ပြည်မှာအတူတူဖြစ်ကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကပစ္စည်းလေးပါးဖြင့် ပစ္စေကဗုဒ္ဓ ၈ ပါးကိုကျောင်းလှူ ခဲ့တဲ့ကုသိုလ်ကံကြောင့်သိကြား မင်းကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအမြင့် ၂၅ ယုဇနာlအကျယ် ၈ ယုဇနာ အထပ် ၁၀၀ ရှိတဲ့ပြဿဒ်ကိုဝိသ ကြုံနတ်သားကိုဖန်ဆင်းပေးခိုင်းတယ်။

မဟာပနာဒမင်းမရှိသောအခါပြ ဿဒ်ကြီးပျက်စီးမသွားပဲနတ် ပြည်မှာကျန်ခဲ့သောအဖနတ်သား အတွက်ဂင်္ဂါမြစ်ထဲမှာမြုပ်နေပြီး အရိမေတ္တယျဘုရားရှင်ပွင့်သော အခါမှဂင်္ဂါမြစ်ထဲမှထွက်ပေါ်လာ ၍ကေတုမတီမြို့လည်၌ သင်္ခ စကြာဝတေးမင်းစံမြန်း ဖို့ရန်အ တွက်ထွက်ပေါ်လာလိမ့်မယ်။ ထိုအခါအဖနတ်သားသည်နတ် ပြည်မှစုတေ၍ကေတုမတီပြည် သင်္ခစကြာဝတေးမင်းဖြစ်လျက် အတိတ်ဘဝကသားတော်စပ်ခဲ့ဖူး သောမဟာပနာဒမင်းစံမြန်းခဲ့ သော အထပ်တစ်ရာရှိသောပြဿဒ်ကြီး ၌စံမြန်းလျက်နေစဉ်လူ့ဘောင် လောကငြီးငွေ့လာသောအခါ ရ ဟန်းမဝတ်မှီမှာပင်ငါ့ရဲ့ပြဿဒ်ကြီး အစိတ်စိတ်အမွှာမွှာဖြစ်ပါစေ သတည်းဟုအဓိဋ္ဌာန်လျက် …အရိမေတ္တာယျဘုရားအကြောင်း သိကောင်းစရာများ(၅)ထိုပြဿဒ်ကိုရဟန်း ပုဏ္ဏား ဆင်းရဲသားအထီးကျန်သူတောင်း စားတို့အားအလှူပေး၍ဝိသာခါမိ ဖုရားနှင့်အတူအနီးအပါးခစားကုန် ကြသောကုဋေကိုးသောင်းကျော် သောလူအပေါင်းတို့သည်တစ် ယောက်မကျန်သင်္ခမင်းနဲ့အတူ ဧဟိဘိက္ခုရဟန်းများဖြစ်လိမ့်မယ် စကြာဝတေးမင်း၏ အတိတ်ဘဝကသားတော်စ သောမဟာပဒါနမင်းသည်လူ့ပြည် နတ်ပြည်တို့၌သာဖြစ်လျက် ဂေါ တမဘုရားပွင့်တော်မူသောအခါ ဘဒ္ဒိယသူဋ္ဌေးဖြစ်လျက်ပြဿဒ် သုံးဆောင်ကိုနွေမိုးဆောင်းသုံးရာ သီတို့၌တစ်လှည့်စီခံစားနေစဉ် မြတ်စွာဘုရား၏တရားတော်ကို နာကြားရ၍ဖစ်လေသည်။ ဘဒ္ဒိယရဟန္တာဖြစ်သောနေ့ မှာပင်ဘဒ္ဒိယရဟန်းဟူသောအ မည်ဖြင့်ရဟန်းဖြစ်လျက်မြတ်စွာ ဘုရားနှင့်အတူရေကြောင်းခရီး ကြွတော်မူစဉ်မြတ်စွာဘုရားက ဘဒ္ဒိယသည်ပုထုဇဉ်လော/ရဟန္တာလောဟုတခြားသော ရဟန်းများသံသယလွတ်ကင်းစေ ခြင်းငှာ ချစ်သားဘဒ္ဒိယlသင်အ တိတ်ဘဝကမဟာပနာဒမင်းဖြစ် ခဲ့စဉ်အခါတုန်းကစံမြန်းခဲ့သော ပြဿဒ်ကြီးဘယ်နားမှာလဲဟုမေး လိုက်သောအခါဘဒ္ဒိယရဟန္တာမ ထေရ်သည်စျာန်အဘိညာဉ်ဝင် စားပြီးပြဿဒ်ကြီး၏အထွဋ်ကို ခြေမဖြင့်ညပ်ယူ၍မလိုက်သောအ ခါပြဿဒ်ကြီးရေပေါ်၌ယူဇနာနှစ် ဆယ်အမြင့်သို့ရောက်လေသော ငါး လိပ် ပုဇွန် နဂါး မိကျောင်း စ သောသတ္တာဝါများပြုတ်ကျလာ သောအခါမြတ်ဘုရားက ချစ်သားဘဒ္ဒိယlအတိတ်ဘဝ တုန်းကအတူနေခဲ့တော်စပ်ခဲ့ သောမောင်းမမိဿံနှင့်တကွဆွေ မျိုးတွေပြဿဒ်ကြီးကိုစွဲလမ်းပြီး တိရိစ္ဆာန်တွေဖြစ်နေကြတာl

အခု ပြုတ်ကျလို့မင်းဆွေမျိုးတွေပင် ပန်းကြကုန်ပြီlပြန်လွှတ်လိုက်ပါ တော့လို့မိန့်ကြားတော်မူသဖြင့် ပြဿဒ်ကြီးသည်နေမြဲတိုင်းနေရာ ဖြစ်သောမြစ်လယ်ခေါင်၌ပင်နစ် မြုတ်သွားလေသည်။ကျောင်းလှူ ခဲ့သောဆင်ရဲသားသားအဖနှစ် ယောက်သည်သားဖြစ်သူကဂေါတမမြတ်စွာဘုရာ း ထံမှာရဟန္တာ ဖြစ်lနိဗ္ဗာန်ကိုရတယ်။အဖဖြစ်သူ ကအရိမေတ္တယျမြတ်စွာဘုရား ပွင့်တော်မူသောအခါမှာသင်္ခစ ကြာဝတေးမင်းဖြစ်လျက်ရဟန္တာ ုဖြစ်lနိဗ္ဗာန်ကိုရလိမ့်မယ်။ မဟာပနာဒမင်းဟာအတိတ်ဘဝ ရှေးအခါကကျူထရံသည်သားအ ဖနှစ်ယောက်ဖြစ်ခဲ့ဖူးစဉ်ကပစ္စေ ကဗုဒ္ဓါအရှင်မြတ်ကိုကျူရိုးသဖန်း သားတို့ဖြင့်သစ်ရွက်မိုးကျောင်း ဆောက်လုပ်လှူဒါန်းပြီးပစ္စည်း လေးပါးဖြင့်အသက်ထက်ဆုံးလှူ ဒါန်းခဲ့တယ်။ သားအဖနှစ်ယောက် သေတဲ့အခါနတ်ပြည်မှာဖြစကြရ တယ်။ အဖကနတ်ပြည်မှာကျန်ခဲ့ တယ်။ သားကနတ်ပြည်မှစုတေပြီး လူ့ပြည်မှာသုရုစိမင်းသုမေဓာ၏ သားမဟာပနာဒမင်းဖြစ်တယ်။ အတိတ်ဘဝကကျောင်းလှူခဲ့တဲ့ ကုသိုလ်ကံကြောင့်သိကြားမင်း ကမဟာပနာဒမင်းနေဖို့ရာအ တွက်ဝိသကြုံနတ်သားကိုအထပ် တစ်ရာရှိတဲ့ပြဿဒ်ကိုဝိသကြုံ နတ်သားအားဖန်ဆင်းပေးခိုင်း တယ်။ မဟာပနာဒမင်းမရှိတော့ပြ ဿဒ်ယာဉ်ပါပျောက်သွားပြီးကေ တုမတီပြည်သင်္ခစကြဝတေးမင်း စိုးမိုးအုပ်ချုပ်တဲ့အခါသင်္ခစကြဝ တေးမင်းအတွက်ဂင်္ဂါမြစ်ထဲမှပေါ် လာပြီးကေတုမတီမြို့လယ်ခေါင် မှာပေါ်ပေါက်လိမ့်မယ်။

ကေတုမတီမြို့ပတ်ဝန်းကျင် မှာလည်းရတနာတို့ဖြင့်ခြံရံ၍အ ရောင်ခုနှစ်မျိုးရှိသောတံတိုင်းခုနှစ် ထပ်lထန်းပင်စဉ်ခုနှစ်ထပ်ပေါ် ပေါက်၍ကာရံထားလိမ့်မယ်။မြို့ တံခါးလေးမျက်နှာမှာလည်းရွှေဇ ရပ်တွေပေါ်ပေါက်လိမ့်မယ်။မြို့ ထက်ဝန်းကျင်မှာရှိတဲ့ရှင်ဘုရင်ဥ ယျာဉ်တွေထဲမှာပန်းမျိုးစုံတို့ကမြ ရည်သွန်းသကဲ့သို့မွှေးပျံ့သင်း လှိုင်နေလိမ့်မယ်။ ကေတုမတီပြည် ၏မြို့အလယ်ခေါင်၌၄င်းlပြဿဒ် အယာမ်lတံတိုင်းအယာမ်တို့မှာ အဖြူlအနီlအဝါlအရွှေlအစိမ်းlအ မည်းlအကြောင်အကြားlပြိုးပြိုးပြတ်ရှိသောနတ်ပုဆိုးတန်ဆာlတ ခြားတခြားသောတိုင်းနိုင်ငံတွေမှ ထွက်ပေါ်လာတဲ့အဝတ်ပုဆိုးlထ မင်းဘောဇဉ်lအဖျော်စသောလူ အများသုံးဆောင်စားသောက် ကောင်းသောအရသာဟူသမျှ တွေပဒေသာပင်မှာတွဲလဲစွဲလျက် ွရှိကြလိမ့်မယ်။ အဲဒီအချိန်မှာအရိမေတ္တ ယျဘုရားလောင်းက ၁၆ သချေင်္ နှင့်ကမ္ဘာတစ်သိန်းပါရမီတွေဖြည့် ကျင့်ပြီး၍တုသိတာနတ်ပြည်မှာရှိ နေမယ်။ စကြာဝဋ္ဌာတိုက် တစ် သောင်းမှာနေထိုင်ကြတဲ့ နတ် ဗြဟ္မာအပေါင်းတွေကဘုရားအ လောင်းတော်နတ်သားကိုအ လောင်းတော်နတ်သားလူ့ပြည်ကို ဆင်း၍ဘုရားဖြစ်ဖို့ရန်အချိန်တန် ပါပြီ။ လူနတ်ဗြဟ္မာသတ္တဝါတို့၏ အကျိုးငှာလူ့ပြည်ဆင်း၍ဘုရား ဖြစ်တော်မူပါလို့လျှောက်ထား တောင်းပန်ကြလိမ့်မယ်။ အလောင်းတော်နတ်သား ကလူ့ပြည်ဆင်း၍ပဋိသန္ဓေယူဖို့အရာအတွက်ဘု ရား အလောင်း တို့ရဲ့ထုံးတမ်းအစဉ်အလာဓမ္မတာ အရပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါးကိုအရင်ကြည့်ပြီး မှယူလေ့ရှိတယ်။
၁။ဘုရားဖြစ်ဖို့ရာခေတ်အခါကာ လကိုကြည့်ရှုခြင်း
၂။ ဘုရားဖြစ်ပွင့်ရာကျွန်းကိုကြည့် ရှုခြင်း
၃။ ဘုရားဖြစ်ပွင့်ရာဒေသကိုကြည့် ရှုခြင်း
၄။ ဘုရားအလောင်းတို့ဖြစ်ရာ အ မျိုးကိုကြည့်ရှုခြင်း
၅။ဘုရားအလောင်းမယ်တော်၏ အသက်အပိုင်းအခြားကိုကြည့်ရှု ခြင်း

၁။ လူ့လောက၌ဘုရားအဖြစ်ပွင့် ရာအချိန်အခါတန်ပြီလောlမတန် သေးလောဟုရှေးဦးစွာကြည့်ရှုရ တဲ့ရည်ရွယ်ချက်က လူ့လောက၌သက်တမ်း တစ်သိန်းအထက်ကာလသည် ရှည်လျားလှသောအသက်တမ်း ကာလ၏ဖုံးလွမ်းကာကွယ်မှု ကြောင့်အနိစ္စဒုက္ခအနတ္တသဘော တရားတို့ကိုဟောကြားလျင်ကြား နာသူလူတို့သည်ဘာတွေများ ဟောကြားနေပါလိမ့်ဟူ၍မဝေနိုင် မခွဲနိုင်ဖြစ်ကာသက်ဝင်ယုံကြည် ကြလိမ့်မည်မဟုတ်။သံသရာဝဋ် မှထွက်မြောက်ခြင်းအကျိုးမပြီး အချည်းအနှီးသာဖြစ်၍ပဋိသန္ဓေ အိုနာသေဆင်းရဲတို့မထင်ရှား။မ သိမြင်နိုင်ကြသောကြောင့်အနှစ်တသိန်းထက်အ သ က်တမ်းရှည် လျားသောကာလသည်ဘုရားပွင့် ရာကာလမဟုတ်။ လူတို့၏သက်တမ်းအနှစ်တစ်ရာ တမ်းအောက်ဖြစ်ပွားကြသော သတ္တဝါတို့သည်ကိလေသာတ ရားမျာပြားထူပြောကြသဖြင့်ဟော ပြောပြသပေးဝေငှအပ်သောဘု ရားအဆုံးအမတော်သည်ရေပြင်၌ တုတ်ချောင်းဖြင့်ရေုးခြစ်အပ်သော အရေးအသားပမာရှည်လျားကြာ မြင့်စွာမတည်တံ့ပဲလျင်မြန်စွာ ပျောက်ပြယ်ကင်းကွယ်လေသကဲ့ သို့ဘုရားရှင်အဆုံးအမတရား တော်သည်လျင်မြန်စွာမေ့လျော့ ပျောက်ကွယ်သည်သာဖြစ်သော ကြောင့်အနှစ်တရာအောက်ကာ လသည်မြတ်စွာဘုရားများဖြစ် ပေါ်ပွင့်တော်မူရာအခါကာလမ ဟုတ်။
လူတို့၏သက်တမ်းအနှစ် တစ်သိန်းတမ်းနှင့်အနှစ်တရာ တမ်းlဤနှစ်တမ်းတို့အပါအဝင်အ ကြားဖြစ်သောအခါကာလသည် သာလျှင်မြတ်စွာဘုရားတို့ဖြစ်ပွင့် တော်မူကြရာကာလမည်သော ကြောင့်ဤအခါကားဘုရားဖြစ်ရန် လျော်ကန်လျောက်ပတ်လှသော အခါကာလပေတည်းဟုဘုရား ဖြစ်ရန်ကာလကိုကြည့်ရတယ်။

၂။ ကျွန်းကြီးလေးကျွန်းထဲမှရှေးဘု ရားရှင်တို့ပွင့်တော်မူရာကျွန်းကို ကြည့်ရတယ်။ ဘုရားဖြစ်ရာကျွန်း ကိုကြည့်ရှုဆင်ခြင်ရာမှာကျွန်း ငယ်ငါးရာစီအခြံအရံရှိသောကျွန်း ကြီးလေးကျွန်းတို့အနက်ဇမ္ဗူ့သ ပြေပင်ပေါက်ရာဖြစ်၍ထိုဇမ္ဗူ့သ ပြေပင်ဖြင့်မှတ်သားခေါ်ဆိုအပ် သောဤဇမ္ဗူထိပ်ကျွန်းကြီး၌သာ လျင်ရှေးဘုရားတို့ပွင့်ကြ၏ဟုဘု ရားဖြစ်မည့်ကျွန်းကိုကြည့်ရတယ်။

အရိမေတ္တေယျဘုရားဗုဒ္ဓမြတ်စွာဘုရားသည် ဗုဒ္ဓဘာသာ၌ နောင်ပွင့်လတ္တံ့သော ဗုဒ္ဓဘုရားတစ်ဆူဖြစ်လေသည်။ ဤဘဒ္ဒကမ္ဘာတွင် ကကုသန် ဗုဒ္ဓမြတ်စွာဘုရား၊ ကောဏဂုံ ဗုဒ္ဓမြတ်စွာဘုရား၊ ကဿပ ဗုဒ္ဓမြတ်စွာဘုရား၊ ဂေါတမ ဗုဒ္ဓမြတ်စွာဘုရား ဟူ၍ ဗုဒ္ဓမြတ်စွာဘုရား(၄) ဆူ ပွင့်တော်မူခဲ့ပြီး ဖြစ်သည်။ ဤ ဘဒ္ဒကမ္ဘာ တွင် ပဉ္စမမြောက် ဗုဒ္ဓမြတ်စွာဘုရား အဖြစ် အရိမေတ္တေယျဗုဒ္ဓမြတ်စွာဘုရား သည် ပွင့်တော်မူ လတ္တံ့ ဖြစ်သည်။ အရိမေတ္တယျမြတ်စွာဘုရားသည် ဤ ဘဒ္ဒကမ္ဘာအတွင်း ငါးကြိမ်မြောက် ပွင့်တော်မူ လတ္တံ့သော ဘုရားရှင် ဖြစ်သည်။

အရိမေတ္တေယျမြတ်စွာဘုရားကို အရိမေတ္တေယျ (အရိယ မေတ္တယျ) ဟု ခေါ်ကြသည်။

ဘုရားဆုကိုတောင်းခြင်း

လွန်လေပြီးသောအတိတ်က ကပ်ကမ္ဘာတစ်ခုတွင် သိရိမနတ ဘုရား ပွင့်တော်မူခဲ့သည်။ ထိုမြတ်စွာဘုရားလက်ထက်တော်တွင် မေတ္တေယျဘုရားသည် သင်္ခ မည်သော စကြာဝတေးမင်း ဖြစ်ခဲ့သည်။ တစ်နေ့သောအခါ ထိုစကြဝတေးမင်းသည် သာမဏေတစ်ဦးနှင့် တွေဆုံခဲ့သည်။ ထိုသာမဏေသည် မြတ်စွာဘုရားသည် ပုဗ္ဗာရုံကျောင်းတော်၌ နေတော်မူသည်ကိုလျှောက်သောအခါ သင်္ခသည် သာမဏေအား မင်းအရာကို အပ်ပြီး ဘုရားရှိရာအရပ်သို့ သွားလေသည်။

ထိုသို့သွားသောအခါ ပင်ပန်းကြီးစွာဖြစ်၍ ထိုမြတ်စွာဘုရားထံသို့ မရောက်မည်ကို စိုးရိမ်လေ၏။ ထိုစဉ် သိရိမနတ ဘုရားသည် ဒိဗ္ဗစက္ခုဉာဏ်တော်ဖြင့် ဆင်ခြင်တော်မူသောအခါ ထိုစကြဝတေးမင်း၏အဖြစ်ကိုမြင်၍ မြတ်စွာဘုရားသည် လှည်းသမားလူအိုအသွင် ဖန်ဆင်း၍ခေါ်‌ဝောာ်မူခဲ့လေသည်။

ဗောဓိသတ္တ ဘုရားလောင်းတော်နတ်သားက လူ့ပြည်သို့ဆင်းပြီး ပဋိသန္ဓေနေဖို့ရာအတွက် ဘုရားလောင်းတို့ရဲ့ ထုံးတမ်းအစဉ်အလာ ဓမ္မတာအရ ပဋိသန္ဓေယူတော့မယ်ဆိုရင် ကြည့်ခြင်းငါးပါး အရင်ကြည့်ပြီးမှ ပဋိသန္ဓေယူလေ့ရှိကြတယ်။

ကြည့်ခြင်းငါးပါးဖြင့်ကြည့်တော်မူခြင်းက-..

(၁)ဘုရားဖြစ်မည့်ခေတ်အခါကာလကား အနှစ်တစ်သိန်းမှစပြီး အောက်ဖြစ်သောကာလ အနှစ်တစ်ရာတန်းမှစပြီး အထက်ဖြစ်သောကာလ (တစ်သိန်းနှင့် တစ်သိန်းအောက်- ၁၀၀အထက်)

(၂)ဘုရားဖြစ်ရာကျွန်းကား ဇမ္ဗူဒိပ်ကျွန်း

(၃)ဘုရားပွင့်ရာဒေသကား မဇ္စျိမဒေသ

(၄)ဘုရားလောင်းဖြစ်ရာ အမျိုးကား မင်းမျိုး ပုဏ္ဏားမျိုး

(၅)မယ်တော်၏အသက်အပိုင်းအခြားကား ဘုရားလောင်းမွေးပြီးခုနစ်ရက်သာနေရခြင်း

ပဋိသန္ဓေယူုခြင်း...

ကေတုမတီပြည် သင်္ခစကြဝတေးမင်းနှင့်တိုင်ပင်ကြံစည်ဖက်ကိုးကွယ်ရာဖြစ်သော အတိတ် အနာဂတ်ကိုသိမြင်နိုင်ပြီးပစ္စုပန်သံသရာအစီးအပွားကို ဆုံးမတတ်သော သုဗြဟ္မပုဏ္ဏားကြီး၏ ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာ ပဋိသန္ဓေနေလိမ့်မည်။

ဗြဟ္မဏဝတီပုဏ္ဏေးမဝမ်းမှာဆယ်လပြည့်တဲ့အခါမှာ ဣသိပတေနသမင်တောမှာ မယ်တော် ဗြဟ္မဏဝတီသည်ထိုင်လျက်လည်းမဟုတ် အိပ်လျက်လည်းမဟုတ်ဘဲ ရပ်လျက်သာလျှင် သစ်ပင်၏အကိုင်းအခက်ကိုကိုင်လျက် မေတ္တေယျကိုဖွားတော်မူလိမ့်မည်။ဘုရားလောင်းနဲ့အတူ တစ်ချိန်တည်းဖွားတော်မူတဲ့ဖွားဘက်တော် ၁၈ ကုဋေအားလုံးအမတ်တွေချည်းဖြစ်မယ်။ အဇိတဟူသောအမည်ကိုသာပေးလိမ့်မယ်။ ဘုရားလောင်းအဇိတမင်းသားဟာဖွားလျှင်ဖွားချင်း ခုနစ်ဖဝါးလှမ်းပြီး ခြေတော်ချတိုင်းချတိုင်း ကြာပွင့်တွေပေါ်ပေါက်လိမ့်မယ်။

ဖွားလျှင်ဖွားချင်း ခုနစ်လှမ်းလှမ်းပြီး "ယခုဘဝကား ငါ့အဖို့နောက်ဆုံးဘဝတည်း နောက်ထပ်ဘဝမရှိတော့ပြီ အာသဝေါကင်းသည် ဖြစ်သောကြောင့်ငြိမ်းအေးလတံ္တ့" ဟူသောစကားကိုအရပ်လေးမျက်နှာကိုကြည့်ပြီးပြောဆိုလိမ့်မယ်။

ပြာသာဒ်လေးဆောင်ပေါ်လာခြင်း...

အဇိတမင်းသားလောကစည်းစိမ်ခံစားဖို့ရာနေမင်း၏ရောင်ခြည်ကဲ့သို့လူသားတွေမျက်စိဖြင့်စိန်းစိန်းမကြည့်ဝံ့တဲ့ အရောင်တလက်လက်ဖြင့် ရတနာအရောင်ထွန်းလင်းပြောင်တဲ့တင့်တယ်ခန်ညားသော
ပြာသာဒ်လေးဆောင်ပေါ်ပေါက်လာလ်ိမ့်မည်။ပြာသာဒ်လေးဆောင်ကို တစ်ဆောင်မှာ ပရိဘောဂအသုံးအဆောင် အပြည့်အစုံပါတဲ့တိုက်ခန်းက ခုနစ်ထောင်စီ တစ်ဖက်တစ်ဖက်မှာ ပတ္တမြားကျောက်မျက်ရွဲစီသောနဝရတ်ကိုးပါးနဲ့ ပြည့်စုံသော ပလ္လင်ခုနစ်ထောင်စီ ရတနာခုနစ်ပါးနှင့်ပြည့်စုံသော ထီးဖြူခုနစ်ထောင်စီ ခုတင်ညောင်စောင်းခုနစ်ထောင်စီ ပြာသာဒ်တစ်ဆောင်ကို တိုက်ခန်းက

ခုနစ်ထောင်စီဆိုတော့ ပြာသာဒ်လေးဆောင်ဆိုရင် တိုက်ခန်းပေါင်း ၂၈၀၀၀ ရှိမယ်။ ပြာသာဒ်တစ်ဆောင်တစ်ဆောင်ကို ရွှေအိုးကြီးကတစ်လုံးစီ။

ရွှေအိုးတစ်လုံးစီရဲ့အဝကား တစ်ယူဇနာကျယ်မယ်။ ရွှေအိုး၏အမောက်ကား မြေကြီးနဲ့အမျှအောက်မြေကြီးအဆုံးထိ သုံးလို့မကုန်ဘူး။ ဒါတင်မကသေးဘူး

ရွှေအိုးတစ်လုံးစီမှာ ပဒေသာပင်ကြီးခြောက်ပင်စီ ပေါက်လိမ့်မယ်။ ပြာသာဒ်တစ်ဆောင် တစ်ဆောင်မှာ ဆဒ္ဒန်ဆင်မင်းခုနစ်ထောင် လောဟကသိန္ဓောမြင်း တစ်ထောင်ဖြင့် မောင်းနှင်ရသောရထားခုနစ်ရာ မောင်းမပေါင်းတစ်သောင်းခြောက်ထောင်က ဆိုတီးမှုတ်ဖြေဖျော်ဖို့ရာ

ကချေသည်အမျိုးသမီးခုနစ်ထောင်တို့ဖြင့်ဖျော်ဖြေကြလိမ့်မည်။

အဇိတမင်းသားအိမ်ထောင်ပြုခြင်း...

အချိန်တန်လို့အရွယ်ရောက်တဲ့အခါ စန္ဒမုက္ခီအမျိုးသမီးနဲ့အိမ်ထောင်ပြုလိမ့်မည်။ စန္ဒမုက္ခီအမျိုးသမီးကလည်း သူမတူ နတ်သမီးတမျှအလွန်လှပပြီး သူ့ရဲ့ခန္ဓာကိုယ်အနံ့ကား စန္ဒကူးသရက္ခန်အနံ့လိုမွှေးကြိုင်နေမယ်။ ခန္ဓာကိုယ်အသားကလည်း ဝါဂွမ်းကဲ့သို့ နူးညံ့မယ်။ ခန္ဓာကိုယ်အရောင်က ဆယ့်နှစ်တောင်အတွင်း မီးမထွန်းဘဲ အရောင်တဝင်းဝင်းထိန်နေမယ်။ အရိမေတ္တေယျဘုရားရှင်ဟာဘယ်လောက်ဘုန်းကြီးလိုက်မလဲဆိုတာ ရှင်ဘုရင်မဟုတ်ဘဲနဲ့ အဇိတမင်းသားဘဝလောက်ရှိတာတောင်မှသင်္ခစကြဝတေးမင်းနှင့်တကွ မြို့ပေါင်းရှစ်သောင်းလေးထောင်က ရှင်ဘုရင်တွေနတ်သားတွေက ဝေယျဝစ္စလုပ်ပေးချင်လို့ပြုလုပ်ခွင့်ပေးဖို့လာပြီးတောင်းပန်ကြတယ်တဲ့။ အဇိတမင်းသားက အကျွန်ုပ်မှာ ဖွားဘက်တော် ၁၈ ကုဋေအမတ်ကြီးနှင့်တကွ ဆင်မြင်းရဲမက်ဗိုလ်ပါတွေ ရှိပါတယ်။ အလိုမရှိတော့ပါဟု ပြောလွှတ်လိမ့်မယ်။

သားတော်ဖွားမြင်ခြင်း...

အဇိတမင်းသားဟာ ပြသာဒ်လေးဆောင်မှာ လောကီစည်းစိမ်ခံစားနေစဉ်မှာ အနှစ်တစ်သောင်းပြည့်တဲ့အခါကျရင် ဗြဟ္မာဝံသ ဆိုတဲ့

သားယောကျာ်းလေးမွေးဖွားလိမ့်မယ်။

နိမိတ်လေးပါးမြင်ခြင်း...

ဗြဟ္မာဝံသ သားယောကျာ်းလေးမွေးဖွားပြီးတဲ့အခါ ဘုရားရှင်တို့ရဲ့ ထုံးတမ်းစဉ်လာ ဓမ္မတာအရ ဥယျာဉ်ကထွက်စဉ်မှာ သူအို သူနာ သူသေ ရဟန်း၊နိမိတ်ကြီးလေးပါးတွေ့မြင်ရရင် သံဝေဂတရားတွေရလာပြီးတော့ တောထွက်မည့်အကြံဖြစ်ပေါ်လာလိမ့်မည်။ ဒိဗျာဝဒါန မေတ္တေယျဗျာကရဏဝဒါန (၃၆-၃၇) မှာပြဆိုထားတာကတော့ သင်္ခမင်း၏ ယဇ်တိုင်အပိုင်းပိုင်းပြတ်သည်ကို မြင်ရပြီး သံဝေဂဖြစ်ပြီးတောထွက်လိမ့်မည်လို့ပြဆိုထားတာရှိသေးတယ်။ ဘယ်လိုပုံနည်းနဲ့ဖြစ်ဖြစ် တောကတော့ထွက်မှာပါပဲ။ အဇိတမင်းသား တောထွက်မယ့်အကြံစိတ်ကို သင်္ခစကြဝတေးမင်းက သိတဲ့အခါ အဇိတမင်းသားပျော်အောင်ဆိုပြီးတော့ ရှစ်သောင်းလေးထောင်သော ကချေသည်တွေမြို့သူ မြို့သား နိဂုံး

Address

Naypyidaw

Alerts

Be the first to know and let us send you an email when CK Star Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share