Serene Sanctuary

Serene Sanctuary Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Serene Sanctuary, Arts and entertainment, Naypyidaw.

Agapanthus  (မြဂမုန်း၊ ခတ္တာပြာ)မြဂမုန်း (သို့) ခတ္တာပြာ ဆိုတဲ့ ပန်းလေးတွေကို တနည်းအားဖြင့် African Lily နဲ့ Lily of the...
11/05/2024

Agapanthus (မြဂမုန်း၊ ခတ္တာပြာ)

မြဂမုန်း (သို့) ခတ္တာပြာ ဆိုတဲ့ ပန်းလေးတွေကို တနည်းအားဖြင့် African Lily နဲ့ Lily of the Nile ဆိုတဲ့ နာမည်တွေနဲ့လူသိများကြပါတယ်။ "ချစ်ခင်စုံမက်ခြင်း၏ ပန်း" ဆိုပြီးတော့လည်း ခေါ်ဝေါ်ခဲ့ကြဖူးပါသေးတယ်တဲ့။

Agapanthus ဆိုတဲ့ နာမည်ကိုတော့ Greek စကားလုံးတွေဖြစ်တဲ့ "agape" (love) နဲ့ "anthos" (flower) တို့ကိုပေါင်းလိုက်ပြီး "ချစ်ခင်စုံမက်ခြင်း၏ ပန်း" ဒါမှမဟုတ် "ချစ်စရာကောင်းသည့် ပန်း" ဟုခေါ်ဝေါ်ကြရင်းနဲ့ Agapanthus ဆိုပြီးဖြစ်သွားတာပါ။

Agapanthus ပန်းလေးတွေဟာ ချစ်ခြင်း‌မေတ္တာ ရဲ့ သင်္ကေတ အမှတ်သညာလေးတွေဖြစ်ပြီးတော့ ဖွံ့ဖြိုးခြင်း၊ ဖြူစင်သန့်ရှင်းစင်ကြယ်ခြင်း နဲ့ အလှတရား တို့ကိုလည်း ကိုယ်စားပြုပါတယ်။

(African Lily, Lily of the Nile ဆိုပြီး common name တွေမှာ lily ပါပေမဲ့ lily မျိုးနွယ်ဝင်မဟုတ်ဘဲ Amaryllidaceae လို့ခေါ်တဲ့ ခတ္တာ မျိုးနွယ်ဝင် အပင်တစ်မျိုးပါ)

-pic crd to rightful owners-

Zephyranthes (မိုးကြိုပန်း၊ မိုးဆန်းပန်း)သည်ပန်းလေးတွေကို အများအားဖြင့် မိုးရွာပြီးနောက်မှာ ပွင့်လာတတ်တဲ့အတွက်ကြောင့်မလိ...
10/05/2024

Zephyranthes (မိုးကြိုပန်း၊ မိုးဆန်းပန်း)

သည်ပန်းလေးတွေကို အများအားဖြင့် မိုးရွာပြီးနောက်မှာ ပွင့်လာတတ်တဲ့အတွက်ကြောင့်မလို့ "Rain Lily (မိုးကြိုပန်း)" ဆိုပြီးလူသိများကြပါတယ်

‌ကြိုက်တဲ့နေရာမှာ ကြိုက်သလို ဝုန်းကနဲ ဝုန်းကနဲ ပွင့်လာတတ်လို့လည်း "Fairy Lily" ဆိုပြီး လူသိများကြပါတယ်တဲ့

ဒီပန်းလေးတွေက မိုးရွာပြီးတဲ့နောက် ပွင့်လာတတ်ပြီး၊ ဘယ်အချိန်ဘယ်နေရာမှန်း တိတိကျကျမသိရဘဲ စပရိုက်အနေနဲ့ပန်း ပွင့်လာတတ်တဲ့ စွမ်းရည်ကိုပိုင်ဆိုင်ထားတာဟာ

"ပျော်ရွှင်မှုဆိုတာက အတပ်ပြောနိုင်တဲ့အရာတစ်ခုမဟုတ်ဘဲ သည်တိုင်း ထောင့်ချိုးလေးတစ်ခုမှာတောင် ရှိနေနိုင်တယ်"

ဆိုတာကို သတိပေးနေတဲ့ ပန်းလေးတွေဖြစ်ကြတယ်လို့လဲ ယူဆကြပါတယ်တဲ့။

ဒါကြောင့် မိုးကြိုပန်းလေးတွေဟာ ပျော်ရွှင်မှုနဲ့ ဝမ်းသာမှုကိုကိုယ်စားပြုပြီးတော့

မိုးရာသီ တစ်ဖန်ပြန်လည်လာကြောင်း သတိပေးတဲ့အနေနဲ့ "ပြန်လည်မွေးဖွားလာခြင်း" ကိုလည်း ကိုယ်စားပြုပါသေးတယ်။

မိုးရွာပြီးရင် ပတ်ဝန်းကျင်က သစ်လွင်ပြီး စိမ်းလန်းစိုပြေသွားတဲ့အတွက် ပတ်ဝန်းကျင်အသစ်၊ စိတ်သစ်လူသစ်နဲ့ နေ့ရက်အသစ်တွေကို စတင်မယ် ဆိုတဲ့အဓိပ္ပာယ်ကိုလည်း မိုးကြိုပန်းလေးတွေနဲ့ ဖော်ညွှန်းလို့ရပါသေးတယ်တဲ့။

(အခုဆို ရှမ်းပြည်နဲ့ ကလောမှာ မိုးကြိုပန်းတွေ အခင်းလိုက်ပွင့်နေပါပြီ)


Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when Serene Sanctuary posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share