I write what I want to write

I write what I want to write ရေးမိရေးရာလေးရေးတဲ့ နေရာလေးတခု

01/08/2023

မပြတ်တဲ့ သံယောဇဉ်တွေ……….

မကုန်တဲ့ မေတ္တာတွေ …….

ချစ်တယ် ဆိုတာထက် ပိုတယ်နော်

21/06/2023

နုပါတယ် ဆိုတဲ့ အသဲကို
တမင်ရိုက်ခွဲပါမယ် ဆိုတော့လဲ
ခွဲပေါ့ကွယ်💔

27/05/2023

ချစ်နေရတာနဲ့ပဲ နာကျင်လဲ
အရာရာပြည့်စုံတယ်

17/05/2023

သူ့ကိုချစ်နေဆဲဆိုတာ
သူကောင်းကောင်းသိတယ်လေ
ဒါလေးက ကိုယ့်အမြတ်ပါပဲ

10/10 ကြိမ်အမှတိမရှိ ပြန်ခေါ်သူ အရှက်မရှီ ပြန်ချော့သူ အကြောင်းမရှိအကြောင်းရှာ ပြန်ပတ်သက်သူက ကိုယ်ပါ
15/05/2023

10/10 ကြိမ်
အမှတိမရှိ ပြန်ခေါ်သူ
အရှက်မရှီ ပြန်ချော့သူ
အကြောင်းမရှိအကြောင်းရှာ
ပြန်ပတ်သက်သူက ကိုယ်ပါ

တချို့ဆက်ဆံရေးတွေက အေးစက်တယ် ....

12/05/2023

သူ့အတွက် ကိုယ့်ဟာ တကယ့် နတ္တိ…

စိတ်ကူးယဉ်ကမ္ဘာထဲကနေ နှင်တယ်

အတွေးထဲ ဘယ်တုံးကမှမရှိဘူး

အိမ်မက်ထဲလဲ ထည့်မမက်နေဘူး

သတိတရ ဘယ်ခါမှ မရှိဘူး

အတိတ်ကနေလဲ ဖယ်ပစ်တယ်

ပစ္စုပန်မှာလဲ မထားဘူး

အနာဂတ်အတွက်လဲလုံးဝပဲ

အဲ့တာ သိသိကြီးနဲ့ကို
ကိုယ်က သူ့ကို ချစ်တယ်

#လိုရင်အချိန်တိုင်းရှိမယ်
#သူပျော်ရွှင်ပါစေ
#သူနေကောင်းပါစေ

မင်း သဘောနဲ့မင်း မို့ ပျော်သလို နေပါကွယ် ကိုယ်က မင်းရဲ့ မချစ်သော.......ကိုယ်ကလဲ ကိုယ့်စိတ်ကြိုက်ကိုယ် မျှော်နေအုံးမယ် အမ...
10/05/2023

မင်း သဘောနဲ့မင်း မို့
ပျော်သလို နေပါကွယ်
ကိုယ်က မင်းရဲ့ မချစ်သော.......

ကိုယ်ကလဲ ကိုယ့်စိတ်ကြိုက်ကိုယ်
မျှော်နေအုံးမယ် အမြဲ.....
မင်းက ကိုယ့်ရဲ့ ချစ်သော

10/05/2023

မမျှော်လင့်ပဲ
သူ နဲ့ သူ့အချစ်တော် ခွေးလေး
ကိုမြင်လိုက်တော့
ကိုယ်သိပ်ပျော်သွားတယ်

ကိုယ်ပျော်သွားမှန်း
သူသိလိုက်တော့

ကိုယ်မမြင်အောင်
သူ့မူပိုင်အပြုံးကို လှစ်ခနဲ ခိုးပြုံးတယ်
အဲ့အပြုံးက တန်ခိုးကြီးတယ်

အိမ်မက်ထဲမှာပါ ……….
အပြင်မှာ ရှောင်ပုန်းနေပေမယ့်

အိမ်မက်ထဲတော့ ရောက်အောင်
သူလာတတ်တယ်

#လိုရင်အချိန်တိုင်းရှိမယ်
#ချစ်တယ်
#မေ့လို့မရဘူး
#သူပျော်ရွှင်ပါစေ
#သူနေကောင်းပါစေ

တမင် ရှောင်နေသူအတွက် …….ဖတ်ဖို့ စာအုပ်လေးတွေ ရွေးပေးနေမိတယ် စားဖို့ အစားအစာလေးတွေပြင်ဆင်နေမိတယ်သူ့အကြိုက်တွေကို ရှာဖွေနေ...
09/05/2023

တမင် ရှောင်နေသူအတွက် …….

ဖတ်ဖို့ စာအုပ်လေးတွေ ရွေးပေးနေမိတယ်

စားဖို့ အစားအစာလေးတွေပြင်ဆင်နေမိတယ်

သူ့အကြိုက်တွေကို ရှာဖွေနေမိတယ်

သူ့လိုအပ်ချက်တွေကို ဖြည့်ပေးဖို့
အဆင်သင့်တွေပြင်နေမိတယ်

အရာရာ ဦးစားပေးဖို့ပဲ ကြိုးစားနေမိတယ်

စကားနာတွေထိုးလာရင်
ပြန်ချော့နိုင်အောင်
စကားလုံးတွေ သီနေမိတယ်

သူမတောင်းရလေအောင်
ပေးဖို့

သူမခိုင်းရလေအောင်
အသင့်ရှိစေဖို့

သူစိတ်မတိုရလေအောင်
သတိထားနေဖို့

အဲ့စိတ်နဲ့ ရှင်သန်နေတဲ့ ငါ့နားကပဲ
ပူလောင်လို့ ပြေးရသတဲ့လားကွယ်

အေးမြတဲ့ မေတ္တာကို

မသိလေလျော့သလားလို့

ငါ့မှာ အသနားပိုရတယ်

အမှားတွေရဲ့ မြစ်ဖျားအပြစ်တွေရဲ့ ရေသောက်မြစ် ပြသနာတွေရဲ့ ဇစ်မြစ်လို့ သတ်မှတ်ပီး ရှောင်ဖယ်ပီပေါ့နော် တူတူရယ်ခဲ့ကြဘူးတယ် တူ...
09/05/2023

အမှားတွေရဲ့ မြစ်ဖျား

အပြစ်တွေရဲ့ ရေသောက်မြစ်

ပြသနာတွေရဲ့ ဇစ်မြစ်လို့

သတ်မှတ်ပီး ရှောင်ဖယ်ပီပေါ့နော်

တူတူရယ်ခဲ့ကြဘူးတယ်

တူတူ ပျော်ခဲ့ကြဘူးတယ်

တူတူ မှားခဲ့ကြဘူးတယ်လေ

ခု မိုက်ပြစ်မိုက်ဒဏ်ကျတော့

ငါတယောက်တည်း ခံ တဲ့လားကွယ်

ရပါတယ်…………

ငါဝမ်းနည်းတာကလွဲလို့

နင့်ကို မမုန်းပါဘူး

#လိုရင်အချိန်တိုင်းရှိမယ်
#ချစ်တယ်

09/05/2023

နားငြီးသွားမှာ ဆိုးလို့ ......

တကယ်က

သိပ်ချစ်တယ် လို့

ခပ်တိုးတိုးလေး

ပြောချင်တာ.......

အပျင်းပြေဖြစ်ဖြစ် တိုက်ဆိုင်လို့ ဖြစ်ဖြစ် အလုပ်ကြောင့်ဖြစ်ဖြစ် တခုခုလေးကြောင့် သူဘာများပြောလာမလဲလို့ မျှော် နေ ဆဲ
09/05/2023

အပျင်းပြေဖြစ်ဖြစ်

တိုက်ဆိုင်လို့ ဖြစ်ဖြစ်

အလုပ်ကြောင့်ဖြစ်ဖြစ်

တခုခုလေးကြောင့်

သူဘာများပြောလာမလဲလို့

မျှော် နေ ဆဲ

Address

Naypyidaw

Website

Alerts

Be the first to know and let us send you an email when I write what I want to write posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category