Free Pencil

Free Pencil portrait
(2)

😂
06/12/2024

😂

ငှက်ပျော်သီးအနုပညာ၏နောက်ကွယ်နယူးယောက်ခ်ကအနုပညာလေလံပွဲမှာငှက်ပျောသီးတစ်လုံးကို တိပ်ကပ်ထားတဲ့လက်ရာဟာ ဒေါ်လာ ၆သန်းကျော်နဲ့လ...
05/12/2024

ငှက်ပျော်သီးအနုပညာ၏နောက်ကွယ်

နယူးယောက်ခ်က
အနုပညာလေလံပွဲမှာ
ငှက်ပျောသီးတစ်လုံးကို တိပ်ကပ်ထားတဲ့
လက်ရာဟာ ဒေါ်လာ ၆သန်းကျော်နဲ့
လေလံအောင်ခဲ့ပါတယ်။
အဆိုပါသတင်းဟာ
အနုပညာအဝန်းအဝိုင်းကို ကျော်လွန်ပြီး
နိုင်ငံတကာ သတင်းမီဒီယာတွေအပါအဝင်
လူမှုကွန်ယက်တွေမှာပါ အငြင်းပွါးဖွယ်ရာ
ထိပ်တန်းခေါင်းစဉ်တစ်ခုဖြစ်လာပါတော့တယ်။
ငှက်ပျောသီးတစ်လုံးကို
ဒေါ်လာခြောက်သန်းကျော်ပေးဝယ်တယ်ဆိုတာ
စတန့်ထွင်တာလား၊
အရူးထတာလား၊
ငွေကြေး ခဝါချတာလား
အစရှိသဖြင့် ဝေဖန်သံတွေ ညံခဲ့တာပေါ့။
အဆိုပါ လေလံပွဲမှာ တင်ထားတဲ့
ငှက်ပျောသီးဟာလည်း
လေလံပွဲမတိုင်ခင်
မက်ဟန်တန်က စတိုးဆိုင်တစ်ခုကနေ
ဒေါ်လာ ၃၅ ပြားနဲ့ ဝယ်ပြီး တိပ်နဲ့
ကပ်ခဲ့တာပါ။ လေလံပွဲအပြီးမှာတော့
ဒေါ်လာ ၃၅ ပြားတန်ကနေ
၆ သန်းကျော်တန်သွားခဲ့ပါတယ်။
ကမ္ဘာမှာ စျေးအကြီးဆုံး ငှက်ပျောသီးအဖြစ်
စံချိန်တင်ခဲ့ပါတယ်။
အဆိုပါ ငှက်ပျောသီး အနုပညာလက်ရာကို
ဖန်တီးသူက အီတလီနိုင်ငံသား
အနုပညာရှင် Maurizio Carttelan ဖြစ်ပြီး
လေလံအောင်သူကတော့
Crypto Investor တစ်ဦးဖြစ်တဲ့
Justin Sun ပဲ ဖြစ်ပါတယ်။
အဆိုပါ ငှက်ပျောသီး အနုပညာလက်ရာအမည်ဟာ
Comedian ဖြစ်ပါတယ်။
ငှက်ပျောသီး အနုပညာလက်ရာဟာ
စိတ်ရူးပေါက်ရာ လျှောက်လုပ်ထားတာတော့
မဟုတ်ပါဘူး။
အဆိုပါလက်ရာကို
ဖန်တီးသူ Carttelan ဟာ အနုပညာပွဲတော်
Art Fair တွေရဲ့ အနုပညာမဆန်လှပုံကို
ခနဲ့ သရော်ပြီး ဖန်တီးခဲ့တာပါ။
သူ့လက်ရာရဲ့ ဆိုလိုရင်းကို
သိရှိဖို့ဆိုရင် Art Fairs တွေရဲ့
အလုပ်လုပ်ပုံကိုပါ သိရှိဖို့ လိုပါလိမ့်မယ်။
ကမ္ဘာမြို့ကြီး အသီးသီးမှာ
မတူညီတဲ့ Art Fairs တွေ
ကျင်းပကြပါတယ်။ စီးပွါးရေးကို
ရှေးရှုပြီး ကျင်းပကြတာ ဖြစ်ပြီး
ပွဲစီစဉ်သူဟာ နိုင်ငံတကာက
ပြခန်းတွေကို ဖိတ်ပါတယ်။
ဥပမာ ကမ္ဘာပေါ်မှာအစဉ်အလာအကြီးဆုံး
Art Fair တစ်ခုဖြစ်တဲ့
Art Basel ဆိုပါစို့။
နှစ်စဉ် ဆွစ်ဇာလန်မှာ တစ်ကြိမ်
ပြင်သစ်မှာ တစ်ကြိမ်
ဟောင်ကောင်မှာ တစ်ကြိမ်
ယူအက်စ်မှာ တစ်ကြိမ်
လေးကြိမ် ကျင်းပပါတယ်။
Art Basel ပွဲမှာ
ခန်းမတစ်ခုရဖ်ို့ဆိုရင်
ခန်းမကြေးဟာ စျေးအလွန်ကြီးသလို
ပိုက်ဆံရှိတိုင်းလည်း ခန်းမ တစ်ခု
မရနိုင်ပါဘူး။ ပြခန်းရဲ့ ဂုဏ်သတင်းခိုင်မာမှု၊
အနုပညာရှင်တွေ၊ ဖောက်သည်တွေကြားမှာ
ခိုင်မာတဲ့ ဆက်ဆံရေးတည်ရှိမှုတွေ
အပေါ်မှာ မူတည်ပြီးမှ
ခန်းမ ရမှာပါ။ ဒါပေမယ့်လည်း
သူတို့မှာ ဧရိယာအကျယ်အဝန်းဟာ
ကန့်သတ်ချက်ရှိတာကြောင့် တော်ရုံတန်ရုံ
ပြခန်းတွေဟာ ဝင်တိုးဖို့ မလွယ်ပါဘူး။
ဒါကတော့ ပြခန်းတွေ အပိုင်းပါ။
ပွဲတော်နေ့ကို ရောက်ပြီဆိုရင်
ကမ္ဘာအနှံက အနုပညာစုဆောင်းသူတွေ၊
Art Delar တွေ Gallerists တွေ
လာကြပါတယ်။ ပွဲတော်ကာလအတွင်းမှာ
တွေ့ကြ ဆုံကြ အချက်အလက်တွေ
ဖလှယ်ကြပါတယ်။
ဒါပေမယ့် ပွဲတော်အတွင်းမှာ
ပြခန်းတွေဟာ အလွန်များတဲ့အတွက်
ဘယ်သူကမှ အနုပညာကို
အချိန်ပေးပြီး မကြည့်နိုင်ကြပါဘူး။
အနုပညာလက်ရာတွေကို
လုံလုံလောက်လောက် Appreciate
မလုပ်နိုင်ကြပါဘူး။
အများစုကတော့
အနုပညာထက်
ငွေကြေးကိစ္စတွေ ရင်းနှီးမြုပ်နှံမှုကိစ္စတွေကို
ပိုပြီး ပြောဆို ဆွေးနွေးကြတဲ့
နေရာပါပဲ။
နံရံပေါ်မှာ ချိတ်ထားတဲ့
အနုပညာလက်ရာထက်
ငွေကြေးကိစ္စက ပိုမို လွှမ်းမိုးသွားတဲ့
ရပ်ဝန်းပါပဲ။
အဲ့ဒါကို အီတလီအနုပညာရှင်က
စိတ်အချဉ်ပေါက်ပြီး
ပွဲတော်မှာ ပန်းချီကားတွေချိတ်ရောင်းမယ့်အစား
ငှက်ပျောသီးပဲ ချိတ်ရောင်းတော့မယ်ဆိုပြီး
ခနဲ့ သရော်ကာ
အခုလက်ရာကို ဖန်တီးခဲ့တာ ဖြစ်ပါတယ်။
ဒေါ်လာ ၆ သန်းကျော်နဲ့
လေလံအောင်သွားတဲ့
Sun ဟာ တကယ်ပဲ
ငှက်ပျောသီးတစ်လုံး၊
တိပ်တစ်ခု၊ အနုပညာလက်ရာကို
ချိတ်ဆွဲပုံ ချိတ်ဆွဲနည်း စာရွက်နဲ့အတူ
Certificate လည်း ရမှာပါ။
Sun က လေလံကုမ္မဏီက
ပို့ပေးတဲ့ ငှက်ပျောသီးကို နွှာပြီး
စားမှာလို့ ပြောပါတယ်။
နေ့စဉ်တွေ့မြင်နေကြတဲ့
အရာဝတ္ထုတွေကို အနုပညာလက်ရာအဖြစ်
ပုံစံပြောင်းပြသတာမျိုးဟာ
ဒီလို ငှက်ပျောသီးလက်ရာတစ်ခုတည်း
ရှိတာတော့ မဟုတ်ပါဘူး။
အခုငှက်ပျောသီးကို
Comedian လို့ ပြသလို
လွန်လေပြီးသော နှစ်တစ်ရာဝန်းကျင်ကလည်း
Marcel Duchamp ဟာ
အိမ်သာကြွေခွက်ကို
Fountain ဆိုပြီး ပြသခဲ့သလို
Carl Andre ကလည်း
အုတ်တွေစီပြီး
Equivalent Vlll ဆိုပြီး ပြသပါသေးတယ်။
ဒီလိုနေ့စဉ်မြင်နေတွေ့နေကြ
အရာဝတ္ထုတွေကို အနုပညာပုံစံပြောင်းလဲ
ဖန်တီးကြသလို
ဖမ်းဆုပ်ကိုင်တွယ်လို့ မရတဲ့
အနုပညာလက်ရာတွေဆိုတာလည်း
ရှိပါသေးတယ်။
လက်ဆုပ်လက်ကိုင်ပြသဖို့ရာ
အရာဝတ္ထုမရှိတဲ့ လက်ရာမျိုးကိုဆိုလိုပါတယ်။
ထင်ရှားတာကတော့
အနုပညာရှင် Tino Sehgal ဟာ
Tate Museum က Curator တစ်ယောက်ရဲ့
နားနားကပ်ပြီး
စကားတိုးတိုးလေးပြောခဲ့ပါတယ်။
အဲ့ဒါဟာ သူ့အနုပညာဖြစ်ပြီး
အဆိုပါပြောကြားမှုအတွက်
Tate Museum ကနေ
Tino Sehgal ကို အနုပညာကြေးပေးရပါတယ်။
အဆိုပါ ပြောကြားမှုဟာလည်း
Tate Museum က ပိုင်ဆိုင်တဲ့
အနုပညာလက်ရာဖြစ်သွားပါတယ်။
ဒါပေမယ့် လက်ဆုပ်လက်ကိုင်နဲ့
ပြန်လည်ပြသဖို့ရာတော့ မဖြစ်နိုင်ဘူးပေါ့လေ။

ငှက်ပျောသီး ၏ ကလဲ့စား...
27/11/2024

ငှက်ပျောသီး ၏ ကလဲ့စား...

😅Photo crd
23/11/2024

😅
Photo crd

အနုပညာက ပစ္စုပ္ပန်နဲ့ဆိုင်သလိုအတိတ်နဲ့လည်းဆိုင်တယ်၊ ဒါပေမယ့်အတိတ်ကိုမမေ့ခြင်းဆိုတာ အတိတ်ကအဖြစ်ပျက်တွေကို ထပ်ပြန်တလဲသတိရန...
17/11/2024

အနုပညာက ပစ္စုပ္ပန်နဲ့ဆိုင်သလိုအတိတ်နဲ့လည်းဆိုင်တယ်၊ ဒါပေမယ့်အတိတ်ကိုမမေ့ခြင်းဆိုတာ အတိတ်ကအဖြစ်ပျက်တွေကို ထပ်ပြန်တလဲသတိရနေခြင်းတော့မဟုတ်ဘူး၊ ထပ်ပြီးဖြစ်ပျက်မနေဖို့သတိပြုခြင်းမျိုးပဲ၊ အတိတ်မှာသာယာခဲ့သည်ဖြစ်စေ ခက်ခဲကြမ်းတမ်းခဲ့သည်ဖြစ်စေ ထပ်ကြော့ဖို့ကြိုးစားမနေပဲ ပစ္စုပ္ပန်ဘဝကိုတည့်တည့်စူးစိုက်ဖို့ပဲ၊ သူ့မှာအသိစိတ်မဲ့တမ်းတနေခြင်းတွေမရှိသလို မေ့လျော့ပျော်ပါးနေခြင်းလည်းမရှိဘူး၊ ဘဝဟောင်းကိုတသသလုပ်မနေပဲ လက်တွေ့ဘဝကိုရှုမြင်သုံးသပ်လိုက်တဲ့အသိပညာမျိုးပဲ၊ ခေတ်ပြိုင်အနုပညာတွေက လူတိုင်းကိုအဲဒီလိုအတိတ်မမေ့ခြင်းမျိုးနဲ့မိတ်ဆက်ပေးနိုင်တယ်၊
….

A note of

Photo: Works from the exhibition “Koo-Suru: Resonating, Responding, Echoing” curated by the Graduate students of Tokyo University of Arts, Gaidei.
photos by AMH 2024

Crd sir M Tun Aung

Ai စက်ရုပ်မလေး ဖန်တီးရေးဆွဲခဲ့တဲ့ပန်းချီကား ဒေါ်လာတစ်သန်းကျော်နဲ့ လေလံအောင်
17/11/2024

Ai စက်ရုပ်မလေး ဖန်တီးရေးဆွဲခဲ့တဲ့ပန်းချီကား ဒေါ်လာတစ်သန်းကျော်နဲ့ လေလံအောင်

ဝင်ကူး ချင်သွားပြီ ဟုတ်.. 😍Photo crd
16/11/2024

ဝင်ကူး ချင်သွားပြီ ဟုတ်.. 😍
Photo crd

😁
07/11/2024

😁

❗❗ ကုသိုလ်လဲရ ပညာဝမ်းလဲဝ campaing မှရရှိအလှူငွေများကို ပထမဦးဆုံးအကြိမ် လှူဒါန်းနိုင်ခဲ့ပါပြီ ပါဝင်သူအယောက်စီတိုင်းကိုလဲ...
26/10/2024

❗❗ ကုသိုလ်လဲရ ပညာဝမ်းလဲဝ campaing မှရရှိ
အလှူငွေများကို ပထမဦးဆုံးအကြိမ် လှူဒါန်း
နိုင်ခဲ့ပါပြီ ပါဝင်သူအယောက်စီတိုင်းကိုလဲ
Free Pencil အဖွဲ့သားများမှ အထူးကျေးဇူး
တင်ရှိပါကြောင်းမှတမ်းတင်အပ်ပါသည်

ဝင်ငွေစာရင်းကိုမကြာခင်ထုတ်ပြန်ပေးပါမည်

Happy International Artists Day!
25/10/2024

Happy International Artists Day!

Free Pencil အဖွဲ့သားများနှင့် သူငယ်ချင်းမိတ်ဆွေများ၏စုပေါင်းအလှူ ❤❤❤
30/09/2024

Free Pencil အဖွဲ့သားများနှင့် သူငယ်ချင်းမိတ်ဆွေများ၏စုပေါင်းအလှူ ❤❤❤

Address

Myitkyina

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959400043551

Alerts

Be the first to know and let us send you an email when Free Pencil posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category