12/08/2026
💃 မိန်းကလေးတိုင်း လှချင်ကြသလို ဆွဲဆောင်မှုရှိချင်ကြတာလည်း သဘာဝပါနော်။ ကိုယ်ဆွတ်ထားတဲ့ ရေမွှေးရနံ့လေးနဲ့ မောင်လေးတွေရဲ့ စိတ်ဝင်စားမှုကို ရယူနိုင်ဖို့အတွက် ညှို့ဓာတ်အပြင်းဆုံး ရနံ့လေးတွေကို SCENT ကနေ ရွေးချယ်ပေးလိုက်ပါတယ် ...
🌸 SCENT Baccarat Rouge 540 EDP
Masterpiece လို့ ညွှန်းကြတဲ့အတိုင်း Baccarat Rouge 540 ရဲ့ Unique ဖြစ်တဲ့ရနံ့က သင့်ကို ထင်ပေါ်နေစေမှာ အသေအချာပါပဲ။ ခန့်ညားပြီး အဆင့်အတန်းမြင့်တဲ့ ခံစားချက်မျိုးကို ပေးတာကြောင့် ဒီရနံ့လေးက ဆွတ်ထားရင် ကျက်သရေရှိတဲ့ မမတွေအတွက် အဆင်တန်ဆာတစ်ခု ဝတ်ဆင်ထားသလို Confidence အပြည့် ရှိနေစေမှာပါနော်။
🌸 SCENT Jean Paul Gaultier So Scandal
သူ့ရဲ့နာမည်လေးအတိုင်းပဲ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေကြားမှာပါ Sexy ဖြစ်တယ်ဆိုပြီး နာမည်ကြီးနေတဲ့ ရနံ့လေးပါ။ ချိုမွှေးပြီး ဆွဲဆောင်မှုရှိတဲ့ရနံ့ကြောင့် မျက်နှာမမြင်ရသေးရင်တောင် လည်ပြန်လှည့်ကြည့်မိသွားစေမယ့် ရနံ့မျိုးပါ။ မောင်လေးတွေရဲ့ရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ ဆွဲဆောင်မှုရှိတဲ့အလှတရားကို ဖော်ထုတ်ချင်ရင် So Scandal သာ ဆွတ်သွားလိုက်နော်။
🌸 SCENT Good Girl Carolina Herrera
ဒီရနံ့လေးကတော့ "It's so good to be bad" ဆိုတဲ့အတိုင်း Smart & Sexy Vibe ကို ပေးစွမ်းနိုင်ပါတယ်။ White Floral ရဲ့ သင်းပျံ့တဲ့ရနံ့ကို လျှို့ဝှက်ဆန်းကြယ်ပြီး လေးနက်တဲ့ Tonka Bean၊ Cocoa တို့နဲ့ ပေါင်းစပ်ထားလို့ ဆွဲဆောင်မှုအပြည့်နဲ့ တောက်ပနိုင်မှာနော်။ ကိုယ်ရောက်လာတာနဲ့ မောင်လေးတွေ ချက်ချင်း သတိထားမိတဲ့အထိ ညှို့အားပြင်းတဲ့ ရေမွှေးလေးမို့ Date လုပ်တဲ့အခါ၊ Night Out ထွက်တဲ့အခါတွေမှာ ဆွတ်ဖို့ အသင့်တော်ဆုံးပါပဲ။
🌸 SCENT YSL Black O***m
Black O***m ရဲ့ Dark ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ရနံ့က ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိတဲ့ မိန်းမတစ်ယောက် အသွင်ကို အပြည့်အဝ ပုံဖော်ပေးပါတယ်။ ချိုစိမ့်စိမ့် Vanilla နဲ့ Coffee ရနံ့တွေ ပေါင်းစပ်ထားတာမို့ ချစ်စရာကောင်းတဲ့ရနံ့မျိုး မဟုတ်ဘဲ ခပ်မိုက်မိုက် Dark Vibe ကို ကြိုက်တဲ့ မမတွေအတွက် Must-Try ပါနော်။
🌸 SCENT YSL Libre
Libre ကတော့ Strong & Independence အသွင်ကို ဆောင်တဲ့ ရနံ့လေးပါ။ Lavender၊ Orange Blossom၊ Vanilla စတဲ့ ထူးခြားတဲ့ Notes လေးတွေရဲ့ ပေါင်းစပ်မှုကြောင့် ညို့အားပြင်းပြီး လူကြားထဲမှာ ထင်းကနဲ သိသာစေတာကြောင့် မောင်လေးတွေကြားမှာ ထင်ပေါ်နေချင်တဲ့ မမတွေနဲ့ အလိုက်ဖက်ဆုံးပဲနော်။
🌸 SCENT Victoria's Secret Eau So Sexy
ဒီရနံ့လေးက Sexy ကျတဲ့အသွင်ကိုမှ Sweet ဖြစ်တဲ့ ခံစားချက်ကိုလည်း ဖော်ဆောင်ပေးတာကြောင့် ချစ်စရာကောင်းပြီး ခပ်မိုက်မိုက်ဖြစ်နေတဲ့ မမတစ်ယောက်အသွင်ကို ပေးစွမ်းပါတယ်။ Fruity Note ပါလို့ Fresh ဖြစ်စေပြီး နွေရာသီနဲ့လည်း လိုက်ဖက်လှပါတယ်နော်။