24/02/2026
ညို ဒီနေ့အတွေးထဲ စိုးမိုးနေတဲ့ အချက်တစ်ချက်ကို မနေနိုင်လို့ အားလုံးနဲ့အတူ ဝေမျှဖို့စာရေးလိုက်ပါတယ်။
မနက်က ထမင်းချက်တုန်း “ညို” Youtube ထဲက “သူမ” Page ကိုဖွင့်ထားမိတယ်…
ညို မကြာမကြာ စိတ်အားငယ်တိုင်း သွားသွားနှိပ်နေမိတဲ့ “သူမ” Page ကဘယ်လိုလဲဆိုတာ.. ညို အကျဉ်းလေးပြောပြမယ်နော်𓂃🖊
သူမ Channel ထဲက Video တွေက အားပေးတယ်ဆိုတာထက် အတွေ့အကြုံတွေကို အခြေခံပြီး ဘယ်လိုဖြတ်ကျော်ခဲ့တယ်။ ဘယ်လိုစိတ်နဲ့ နေထိုင်ရမလဲ? ဆိုတာမျိုး ဖြည်းဖြည်းချင်း နှလုံးသွင်းပေးတာမျိုးပါ။
မနက်က ညို နားထောင်ခဲ့တာက Personal Branding အကြောင်းပါ။ ကြွားဝါတာနဲ့ Personal Branding ချပြတာက တူသယောင်နဲ့ တစ်ကယ်တော့ မတူပါဘူးတဲ့။🗣️
ဘယ် Project မှာ ဘယ်လိုဦးဆောင်နိုင်ခဲ့တယ်။ ဘယ်လို တစ်နေ့တာ ဖြတ်သန်းလဲ ချပြတာက ကိုယ်ပိုင် Brand တစ်ခုတည်ဆောက်တာပါပဲ။
ဒီလိုလုပ်တာက သာမာန်လူတွေအမြင်မှာတော့ ကြွားတယ်လို့ထင်ကြပါလိမ့်မယ်..တစ်ကယ်တော့ Personal Branding ဆိုတာ လူတွေစိတ်ထဲမှာစွဲထင်စေဖို့ ကိုယ့် Character ကိုပုံသွင်းတာမျိုးပါ။
သူ Video ထဲမှာပြောထားတာက “လူတစ်ယောက်က မြန်မာပြည်သားဖြစ်ပါလျက် သူ့ရဲ့ Personal Branding အခြေခိုင်တာမို့ နိုင်ငံခြားကုမ္ပဏီရဲ့ ရာထူးမြင့်မြင့်ကို ရလိုက်တာတဲ့”
ဒီလူက မြန်မာပြည်မှာနေတယ်… နိုင်ငံခြားကိုလည်းလုံးဝ ခရီးမဆန့်ဖူးဘဲ ဘာလို့ ဒီလိုအခွင့်အရေးကြီးရသွားတာလဲဆိုတာ သူပြောပြသွားတာက တစ်ကယ့်ကို ညို့အတွက်တော့ Amazing ပါပဲရှင်….🔥
ဒါကြောင့် အချိန်ရရင် ဒီလို Social ခေတ်မှာ အားလုံးထဲက ထင်းထွက်စေဖို့ Personal Branding ဆောက်ကြပါလို့ ညို တိုက်တွန်းရင်း ဒီနေ့စာလေးကို အဆုံးသတ်လိုက်တယ်နော်။🤗
“ See You Next Letter “