08/08/2023
တကယ်တော့လေ အသက်20/20ကျော် ဝန်းကျင်တွေရဲ့ Life timeက လွယ်တော့မလွယ်ဘူး....
မိဘဆွေမျိုးအသိုင်းအဝိုင်းက Supporting ကောင်းလို့ Life Career တစ်ခုပေါ်ရောက်သွားတဲ့လူတွေကိုတော့မဆိုလိုပါဘူး....နောက်ခံ Background မကောင်းပဲ ကိုယ်ထူကိုယ်ထရမဲ့ လူတွေအတွက်တော့ တကယ့် challenging Timeပဲ
ဆယ်ကျော်သက်အရွယ်မှာလို ဟေးလားဝါးလား နေနေလို့လဲမရ...လူကြီးတွေလိုလဲ အရာရာမှာရင့်ကျက်သွားတာမျိုးလဲမဟုတ်တော့ ကိစ္စတစ်ခု"ဖြစ်ရင်တောင် ဖြေရှင်းဖို့ထပ် ထွက်ပြေးချင်စိတ်ကများနေတာမျိုး....
စိတ်တွေက အတင်းရင့်ကျက်ရမယ်ဆိုတဲ့ အသိနဲ့သာ ကြိုးစားပီး တင်းထားရတာ...တကယ်တမ်းကျ ပြိုတော့မဲ့ တိမ်တွေလိုပဲ....
ပြောင်းလဲတတ်တဲ့ လူတွေရဲ့စိတ်တွေ....လူမှုဆက်ဆံရေးတိုင်းမှာ အံဝင်ခွင်ကျဖြစ်ဖို့တွေ....အလုပ်ထဲမှာ စိတ်နှစ်နိုင်ဖို့တွေ....ပတ်ဝန်းကျင်နဲ့ ဆီလျော်အောင်နေပီး...ကဲ့ရဲ့ ရှံ့ချတာတွေကို အသားတကျဖြစ်ဖို့ ဒီလိုကိစ္စအများကြီးကို ကလေးမကျ လူကြီးမကျအခြေအနေကြီးနဲ့ ဖြေရှင်းနေရတာ တကယ်ပင်ပန်းတယ်...စိတ်တွေရှုပ်လာလို့ဆိုပီး ကလေးတွေလို ငိုချလိုက်လို့လဲမရ...လူကြီးတွေလို "အချိန်တန်ရင် ပီးသွားမှာပါလေ"ဆိုပီး Move onလဲမလုပ်နိုင်သေးတဲ့အချိန်တွေမှာ နေ့ရက်တိုင်းကပြဿဒါးပဲ....
စိတ်တွေကမပျော်တော့ဘူး....လူတွေကိုအကောင်းမြင်စိတ်တွေနည်းလာတယ်...negative thinking တွေများလာတယ်...ခက်ခဲနေတာကို သိ"ကြီးနဲ့ ဘာမှမလုပ်ပေးနိုင်တဲ့ မိသားစုပြဿနာတိုင်းမှာ ကိုယ့်ကိုယ်ကိုယ်ဒေါသဖြစ်ရုံကလွဲပီးမတတ်နိုင်တာမျိုး....
တကယ်ကိုခက်ခဲတဲ့ ကာလတွေပဲ....💭