Pyaung Gyi

Pyaung Gyi No Pain No Gain

27/06/2025

highlights

02/01/2024
08/12/2023

ကိုကို့မှာလဲမရှိပါဘူး 🥹

24/11/2023

Today is a gift.

03/09/2023

စစ်ပွဲတစ်ရာနွှဲ့ခဲ့ပေမဲ့... 🦹🏻
အချစ်တစ်ပွဲမှာရှုံးနိမ့်ခဲ့သူပါ..🙇🏻

04/01/2023

ခင်ခင်ပျိုရေ စောင့်ခဲ့တယ်

တရားဟာ တရားအတိုင်း
အမှားဟာ အမှားအတိုင်း
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

သမိုင်းဆိုတာ နှေးချင်နှေးပြီး
မြန်ချင်လည်းမြန်တတ်တယ်။

မီးရထားဘူတာရုံမှာ ရထားစောင့်သလို
ငါစောင့်ခဲ့တယ်။
ပါလာမလား
မပါဘူးလား
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ငါတို့နေနေသောနေ့ရက်များဟာ
အံ့ဩစရာ
အလိုမပြည့်ရင်းနဲ့
ထပ်၍ထပ်၍ အလိုရှိခဲ့ကြ
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ငါတို့ ကစားခဲ့ကြ
ငါတို့ ကစားကြည့်ခဲ့ကြ
ပြီး ဘာတွေဖြစ်လာမလဲ။
အချစ်ဆိုတာမှာလည်း နစ်နာစရာရှိလာတယ်
ဘဝမှာ ဒဏ်ရာအနာတရ
အမာရွတ်တွေ ထပ်ထပ်တိုးလာတယ်။

တက်တူးထိုးဖို့ လိုအုံးမလား
ဒါကြောင့် ခင်ခင်ပျိုရေ
ငါစောင့်ခဲ့တယ်။

ဘယ်လမ်းမှမရွေးဘဲ
ဒီလမ်းကိုပဲ ရွေးခဲ့တယ်။
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

လူတွေ အသက်ဝင်လာလို့
သွားကြ လာကြ
ကြံကြ ရှာကြ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ဒီလိုနဲ့
တစ်နေ့ဟာ တစ်နေ့ပြီးတစ်နေ့
ငါတို့ဟာ တစ်ရွေ့ပြီးတစ်ရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။

ငါတို့ဟာ
ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင်
နှစ်ပေါင်း ဘယ်လောက်ကြာတတ်လဲ
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

တစ်ရက်ကို
ငါဘာလို့မစောင့်နိုင်ရမှာလဲ
မီးလျှံလိုကြိုးတန်းမှာ
လိမ်ညှစ်ထားတဲ့အဝတ်လို
ပျောက်ဆုံးနေသောအရာလို
ငါစောင့်ခဲ့တယ်
ခင်ခင်ပျိုရေ ငါစောင့်ခဲ့တယ်။

ကိုယ်ကသာပြောစရာရှိပြီး
သူက ပြောစရာမရှိသော
ယတိပြတ်မှုကို
ငါချိန်းခဲ့ပါတယ်
ငါစောင့်ခဲ့ပါတယ်။

#အောင်ချိမ့်

08/08/2022

စာနဲ့ ပေးနဲ့ ဖွဲ့နွဲ့ပြီးတာမပြောတတ်တာ ချစ်တာတော့တကယ်ပါ
💛

Address

Myaung

Website

Alerts

Be the first to know and let us send you an email when Pyaung Gyi posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category