G-Clef Music Production

G-Clef Music Production G-Clef Music Production

19/04/2022
26/01/2021

I pad အသုံးပြု ဖန်တီး

သီချင်းတွေကို အကောင်းဆုံးဖန်တီး တီးခတ်ပေးနေတဲ့ G Clef Studio
25/01/2021

သီချင်းတွေကို အကောင်းဆုံးဖန်တီး တီးခတ်ပေးနေတဲ့ G Clef Studio

25/01/2021

#မိမိုး
တေရေး ~ လူကိုချစ်
တေးဆို ~ ထူး
Music. ~ Ye Htet Aung.
Mixing. ~ Thet. Naing.

25/01/2021

အရီးမယ်မြရဲ့ သမီးအငယ်မ

25/01/2021

G-Clef music page မှာ
သီချင်းများခံစားနားဆင်တော်မူကြပါ

21/05/2017
16/05/2017

အသံဖမ်းတဲ့အခါမှာ မလိုအပ်တဲ့ နောက်ခံအသံ (Noise) တွေကို လျော့ချခြင်းနည်းလမ်းတချို့ ။
# # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # # #

# # # # # # # # # # # # # # # # အသံဖမ်းတဲ့အချိန်တိုင်း မလိုအပ်တဲ့နောက်ခံသံ (Noise) တွေအမြဲတမ်းပါနေမှာတော့ အမှန်ပါပဲ၊ ရှောင်လိုလည်းမရနိုင်ဘူး။ ဒါပေမယ့် အဲဒါတွေကို သတ်နိုင်သမျှလျော့ချလို့ရပါတယ်။ အဲဒီလျော့ချတဲ့ အချိန်မှာ အင်ဂျင်နီယာ တစ်ယောက်ရဲ့ ကျွမ်းကျင်ပါးနပ်မှုဟာ အလွန်အရေးကြီးပါတယ်။ ဒါကြောင့် အဲဒီ လျော့ချလို့ရတဲ့နည်းလမ်းတွေ၊ သတိထားရမယ့်အချက်တွေကို နည်းနည်းမျှဝေပေးလိုက်ပါတယ်။

@@@ မှန်ကန်တိကျတဲ့ Mic pre-amp ရဲ့ gain ကိုရွေးချယ်ထားရှိဖို့လိုအပ်ပါတယ်။ Mic pre-amp ရဲ့ gain ဟာ signal chain ရဲ့ ပထမဆုံး ချဲ့ ထွင်မယ့်နေရာဖြစ်လို့ပါ။ အဲဒီလို့ ချဲ့ ထွင်တဲ့အခါမှာ မလိုအပ်တဲ့အသံ (Noise) တွေ ပါလာမယ်ဆိုရင် နောင်အခါကျရင် ပျောက်ပြင်ဖို့လုံးဝ မဖြစ်နိုင်တော့ပါ။ gain ကိုဘယ်လောက်ထားရမယ်လို့မမေးပါနဲ့။ ဒါအင်ဂျင်နီယာ တစ်ယောက်ရဲ့ အလိုအလျောက်သိတဲ့ စိတ်တစ်မျိုးပါပဲ။ အင်္ဂလိပ်လိုပြောရင်တော့ instinct ပေါ့။ အင်ဂျင်နီယာ တစ်ယောက် နှင့် တစ်ယောက်မတူကြဘူး။ သေချာတာကတော့ မီတာ မီးတွေနီပြီး clipping ဖြစ်တဲ့အသိ ဘယ်အင်ဂျင်နီယာမှ မလုပ်ဘူး။ လုပ်တဲ့သူရှိရင်လည်း တခုခုတော့မှားနေပြီလို့တာမှတ်လိုက်ပါ။

@@@ ကိုယ်ဖမ်းမယ့် အသံနှင့်သင့်တော်တဲ့ မိုက်ခွက်ကို ရွေးချယ်ဖို့လိုအပ်တယ်။ ဥပမာ - Kick Drum ကို ဖမ်းမယ်ဆိုရင် Dynamic mic နှင့် ဆိုသင့်တော်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဖမ်းရမယ့် အကွာအဝေး နီးနေလို့ပါ။ တကယ်၍ ဖမ်းမဲ့အကွာဝေးက ဝေးတယ်ဆိုရင် Condenser mic ကပိုပြီးသင့်တော်ပါတယ်။ တခါတလေကျရင်လည်း နှစ်မျိုးလုံးပေါင်းပြီး သုံးရတဲ့ အခြေနေမျိုးလည်းရှိပါတယ်။

@@@ စက်ကိရိယာတွေရဲ့ ground loops ကြောင့်လဲ မလိုအပ်တဲ့အသံ (Noise) တွေဖြစ်ပေါ်စေတယ်။ လျှပ်စစ်အကြောင်းနားမလည်ပဲနဲ့တော့ ground loops ပြဿနာကို မဖြေရှင်းပါနဲ့၊ အလွန်အန္တရာယ်များလို့ပါ။ အကြံပေးလို့ရတာကတော့ ဒီလိုပြဿနာနဲ့ ကြုံရင် Balanced cable ကိုသုံးပါ။ Ground loops အကြောင်းကိုတော့ နောက်မှပဲအသေးစိတ် သေချာရှင်းပြတော့မယ်။ Audio နှင် မပတ်သတ်လို့ပါ။ လျှပ်စစ်ဘာသာရပ်ဖြစ်တဲ့အတွက် စိတ်ဝင်စားတယ်ဆိုရင် ဒီအကြောင်းတွေကို ရှာဖတ်လို့ရပါတယ်။

@@@ Digital နှင့် analog စက်နှစ်မျိုးထဲမှာ analog စက်တွေကိုပိုပြီး သတိထားသင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ digital စက်တွေဟာ analog စက်တွေထက် signal-to-noise ratio ပိုမြင့်တဲ့အတွက်ကြောင့်ပါ။ ဖြစ်နို်င်ရင် analog စက်တွေသုံးရင်ပိုပြီး သတိထားသင့်တယ်။

@@@ မလိုအပ် အသုံးမပြုတဲ့ channel တွေ၊ signal လမ်းကြောင်းတွေအားလုံးကို ပိတ်ထားသင့်တယ်။ ဥပမာ - အသုံးမပြုတဲ့ Aux send တွေ၊ Aux Buss တွေ စသည်ဖြင့် အသုံးမပြုရင် အားလုံးကို ပိတ်ထားသင့်တယ်။ နည်းနည်းလေးဆိုရင် မသိသာဘူး၊ တကယ်၍ များလာမယ်ဆိုရင် သိသိသာသာကြားရပါတယ်။

@@@ ဒီအချက်ကတော့ လျှပ်စစ် စက်ပစ္စည်းတွေကြောင့် မဟုတ်ပါဘူး။ တူရိယာတီးမယ့် ဆရာသမားတွေကြောင့်လည်း မလိုအပ်တဲ့ အသံ (Noise) တွေဖြစ်တက်ပါတယ်။ ဥပမာ - ထိုင်ခုံလုပ်ရှားတဲ့အသံ၊ ခြေထောက်နှင့်စည်းလိုက်တဲ့အသံ စသည်ဖြင့် အမျိုးမျိုးရှိနိုင်တယ်။ ဒီအသံတွေ မပါအောင် တူရိယာတီးမယ့် ဆရာကြီးတွေကို ကြိုတင်ပြီး သတိပေးထားမယ်ဆိုရင် ကာကွယ်လို့ရနိုင်ပါတယ်။

@@@ လျှပ်စစ် ဂီတာကို Noise တွေအရမ်းမပါအောင် အသံဖမ်းဖို့ဟာ အခက်ခဲဆုံးပါပဲ။ ဂီတာရဲ့ picked up နှင့် Amp တွေဟာ အမြဲ တခုနှင့်တခု နှောင့်ယှက်တတ်သည်။ ဒါကြောင့် ဂီတာ ရဲ့ Amp ကို ဂီတာ နှင့် ဝေးတဲ့နေရာမှာ ထားခြင်းဖြစ်လည်း (Noise) ကိုလျော့ချနိုင်ပါတယ်။ ဂီတာ တီးမယ့် ဆရာကြီးကို နေရာပြောင်းရွေးပြီး စမ်းတီးခိုင်းပြီး စမ်းနားထောင်မယ်ဆိုရင်လည်းရပါတယ်၊ ကောင်းတဲ့နေရာမျိုးတွေ့ရင် အဲဒီနေရာမှာပဲ တီးခိုင်းရင်ပိုအဆင်ပြေနိုင်ပါတယ်။ ဖြစ်နိုင်ရင် ကြိုးကိုအရှည်သုံးပြီး ဂီတာ တီးမယ့်ဆရာ နှင့် ဂီတာ Amp ကိုအခန်းခွဲပြီးထားနိုင်တယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်တယ်။

@@@ EQ သုံးတဲ့အခါမှာလည်း သတိထားသင့်ပါတယ်။ အထူးသဖြင့် high frequency တွေကို boost လုပ်တဲ့အခါမှာ၊ နဂိုရှိနေပြီးထား (Noise) တွေကိုလည်း boosting လုပ်မိနိုင်တဲ့အတွက်ကြောင့် high frequency ကို boost လုပ်တဲ့အခါမှာ band-pass filter ကိုသုံးသင့်တယ်။

@@@ ဒီမှာတင်ပြခဲ့တဲ့အချက်တွေကလွှဲပြီး မလိုအပ်တဲ့အသံကို လျော့ချတဲ့ တခြားနည်းလမ်းတွေ အများကြီးရှိနိုင်ပါတယ်။ ပြီးတော့ ကိုယ်အသံဖမ်းမယ့် အခြေအနေပေါ်မူတည်ပြီး တော့လည်းမလိုအပ်တဲ့အသံ (Noise) တွေကိုသင့်တော်သလို လျော့ချသင့်တယ်။ သေချာတာကတော့ သွင်းပြီးထားအသံထဲမှာပါလာတဲ့ မလိုအပ်တဲ့အသံ (Noise) တွေကို လုံးဝပြန်ပျောက်လို့မရတော့ဘူး။ Noise တွေကိုလိုအပ်တဲ့ အခြေအနေမျိုးလဲရှိတတ်ပါတယ်။ ဥပမာ - Rock ဂီတာတွေ အသံဖမ်းတဲ့အခါမှာ Noise တွေမပါပဲ၊ လုံးဝ clean ဖြစ်နေမယ်ဆိုရင် သဘာဝမကျပါဘူး၊ နားထောင်လို့လည်းမကောင်းဘူး။ အသံဖမ်းတဲ့ အခြေအနေပေါ် မူတည်ပြီး အင်ဂျင်နီယာ တစ်ယောက်ရဲ့ instinct ဟာအရေးကြီးပါတယ်။ အသုံးဝင်မယ်ထင်ရင် အားလုံးသိအောင် share လိုက်ကြပါအုံး။

Address

Monywa
49

Telephone

09977710008

Website

Alerts

Be the first to know and let us send you an email when G-Clef Music Production posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share