ALL is WELL

Directions Website

ALL is WELL All is well

ပိုက်ဆံက နောက်မှပြန်ရှာလို့ရတယ်သားသမီးရဲ့ ကလေးဘဝကိုတော့ ဘယ်တော့မှ ပြန်ဝယ်လို့မရဘူး။ကိုယ်ကျန်းမာရေးကောင်းတုန်းသားသမီးတွေန...
23/09/2026

ပိုက်ဆံက နောက်မှပြန်ရှာလို့ရတယ်
သားသမီးရဲ့ ကလေးဘဝကိုတော့ ဘယ်တော့မှ ပြန်ဝယ်လို့မရဘူး။
ကိုယ်ကျန်းမာရေးကောင်းတုန်း
သားသမီးတွေနဲ့ ခရီးတွေ သွားပါ။
ဝေးဝေးကြီး သွားမှ ခရီးမဟုတ်ပါဘူး။
အနီးအနားတစ်နေရာဖြစ်ဖြစ်၊
တစ်ညအိပ်ခရီးလေးဖြစ်ဖြစ်၊
မိသားစုအတူတူ ကားစီးပြီး သွားခဲ့တဲ့နေ့တွေက
နောက်တစ်ချိန်မှာ သူတို့မှတ်မိနေမယ့် အမှတ်တရတွေ ဖြစ်လာတယ်။
ပိုက်ဆံရှိပေမယ့် ဒူးမကောင်းတော့တဲ့နေ့ ရောက်လာနိုင်တယ်။
အချိန်ရှိပေမယ့် သားသမီးက ကိုယ့်အချိန်မရှိတော့တဲ့နေ့ ရောက်လာနိုင်တယ်။
ဒါကြောင့်—
လုပ်နိုင်တဲ့အရာတွေကို “နောက်မှ” ဆိုပြီး အမြဲမရွှေ့ထားပါနဲ့။
အချိန်အားတုန်း
သားသမီးတွေနဲ့ စားသောက်ဆိုင် သွားစားပါ။
ဈေးကြီးတဲ့ဆိုင်ဖြစ်စရာ မလိုဘူး။
အတူတူထိုင်ပြီး စားရင်း
သူတို့ပြောတာ နားထောင်တာ၊
ရယ်မောတာ၊
ဓာတ်ပုံတစ်ပုံရိုက်တာ—
အဲဒါတွေက အစားအသောက်ထက် ပိုတန်ဖိုးရှိတယ်။
နောက်တစ်နေ့ သူတို့အရွယ်ရောက်လာရင်—
“အဖေက ဘာဝယ်ပေးခဲ့လဲ” ဆိုတာထက်
“အဖေနဲ့အတူ ဘယ်လိုနေ့တွေ ဖြတ်သန်းခဲ့လဲ” ဆိုတာကို ပိုမှတ်မိနိုင်တယ်။
သားသမီးတွေ ငယ်တုန်း
တတ်နိုင်တဲ့အတိုင်းအတာအတွင်း သူတို့အတွက် နေရာကျယ်ကျယ်လေး၊ လွတ်လွတ်လပ်လပ် ကစားနိုင်တဲ့အိမ်ပတ်ဝန်းကျင်လေး ဖန်တီးပေးပါ။
အိမ်ကြီးရမယ်လို့ မဆိုလိုပါဘူး။
အကြွေးကြီးတင်ပြီး အိမ်ဝယ်ဖို့လည်း မဆိုလိုပါဘူး။
ကလေးဘဝမှာ “ဒီအိမ်မှာ ငါပျော်ခဲ့တယ်” လို့ ပြန်သတိရနိုင်မယ့် နေရာတစ်ခု ဖန်တီးပေးဖို့ပါ။
ကြမ်းပြင်ပေါ်မှာ အရုပ်တွေ ပြန့်နေမယ်။
နံရံမှာ ပုံဆွဲထားတာတွေ ရှိမယ်။
တစ်ခါတလေ အိမ်ရှုပ်နေမယ်။
အသံဆူနေမယ်။
ဒါပေမယ့် တစ်နေ့မှာ အဲဒီအိမ်က အရမ်းတိတ်သွားမယ်။
အရုပ်တွေ မရှိတော့ဘူး။
“ဖေဖေ လာပါဦး” ဆိုတဲ့ အသံလည်း မကြားရတော့ဘူး။
အဲဒီအချိန်ရောက်မှ—
အိမ်သန့်သွားတာထက် အိမ်ဆူခဲ့တဲ့နေ့တွေကို ပိုလွမ်းလာတတ်တယ်။
သားသမီးတွေ စကားပြောချင်တုန်း နားထောင်ပေးပါ။
“အဖေ… ဒီနေ့ကျောင်းမှာ…” ဆိုပြီး ပြောလာတဲ့အခါ
ဖုန်းကို ခဏချထားပါ။
ကိုယ့်အတွက် အသေးအဖွဲဖြစ်နိုင်ပေမယ့်
သူ့အတွက်တော့ အဲဒီနေ့ရဲ့ အရေးအကြီးဆုံးအကြောင်း ဖြစ်နေနိုင်တယ်။
ဒီနေ့ သူ့စကားကို နားမထောင်ဘဲ—
“နောက်မှပြော”
“အဖေအလုပ်များတယ်”
ဆိုပြီး အကြိမ်ကြိမ် လွှတ်ထားမယ်ဆိုရင်
တစ်နေ့ သူကြီးလာတဲ့အခါ ကိုယ်က—
“သား… ဘာဖြစ်နေလဲ ပြောပါဦး”
လို့ မေးပေမယ့် သူက မပြောချင်တော့တာလည်း ဖြစ်နိုင်တယ်။
ကလေးတွေရဲ့နှလုံးသားတံခါးက သူတို့ငယ်တုန်းမှာ ပိုလွယ်လွယ်ဖွင့်တယ်။
ဖွင့်လာတဲ့အချိန် ဝင်ထိုင်ထားပါ။
မွေးနေ့တွေမှာ အချိန်ပေးပါ။
ကျောင်းပွဲတွေ တတ်နိုင်သလောက် သွားပေးပါ။
သူတို့ကစားတာ ထိုင်ကြည့်ပါ။
စာအုပ်တစ်အုပ် အတူဖတ်ပါ။
ညနေခင်းတစ်ခု လမ်းလျှောက်ပါ။
တစ်ခါတလေ ကိုယ်လုပ်ပေးရမှာက ပိုက်ဆံသုံးခြ ゚viral #ချစ်လို့

တစ်ချိန်က အသက် သုံး၊ လေးဆယ် ဆိုတာအဝေးကြီးလိုသေးတယ်လို့ ထင်ခဲ့ဖူးတယ်။နောက်ပြန်လှည့်ကြည့်တော့အသက်ဆယ့်ရှစ်နှစ်က ဟိုးအဝေးမှာ...
17/09/2026

တစ်ချိန်က အသက် သုံး၊ လေးဆယ် ဆိုတာ
အဝေးကြီးလိုသေးတယ်လို့ ထင်ခဲ့ဖူးတယ်။
နောက်ပြန်လှည့်ကြည့်တော့
အသက်ဆယ့်ရှစ်နှစ်က ဟိုးအဝေးမှာ ကျန်နေခဲ့ပြီ။
နှစ်ကာလတွေက တကယ်ပဲ အသုံးမခံပါဘူး။
မျက်စိတစ်မှိတ်အတွင်းမှာပဲ
ဘဝတစ်ဝက်လောက်ကို ဖြတ်သန်းနေခဲ့ပြီ။
စကားလုံးနဲ့ ပြောမရနိုင်တဲ့ အရာတွေကို
အချိန်ကာလရဲ့ စီးဆင်းမှုထဲ ပေါ့ပေါ့ပါးပါးပဲ ထားခဲ့လိုက်ပေါ့။
ကျန်ရှိနေသေးတဲ့ ဘဝခရီးမှာ
ကျန်းမာရေးနဲ့ စိတ်ခံစားချက်ကို
ကောင်းကောင်း ဂရုစိုက်ကြစို့။
ဘဝဆိုတာ အရာအားလုံး နားလည်ဖို့ မလိုပါဘူး။
တချို့အရာကို မြင်အောင်ကြည့်ပြီး
တချို့အရာကို လက်ခံလိုက်မယ်၊
တချို့အရာကိုတော့ လွှတ်ချထားလိုက်မယ်။
အရေးအကြီးဆုံးက ကိုယ့်ကိုယ်ကိုယ် ပိုချစ်ဖို့ပါပဲ။
💌

စိတ်မီးခိုးမထွက်တဲ့မီးစိတ်ဆိုတာမီးလောင်နေတာတောင်မီးခိုးမထွက်ဘူးညှော်နံလည်း မရဘူးပြုံးနေတဲ့မျက်နှာအောက်မှာမပြောဖြစ်တဲ့ဝမ်...
15/09/2026

စိတ်

မီးခိုးမထွက်တဲ့မီး
စိတ်ဆိုတာ
မီးလောင်နေတာတောင်
မီးခိုးမထွက်ဘူး
ညှော်နံလည်း မရဘူး
ပြုံးနေတဲ့မျက်နှာအောက်မှာ
မပြောဖြစ်တဲ့ဝမ်းနည်းမှုတွေ၊
မငိုဖြစ်တဲ့မျက်ရည်တွေ၊
မေ့ချင်လို့မရတဲ့အမှတ်တရတွေက
တိတ်တိတ်လေး လောင်မြိုက်နေတယ်
တချို့ဒဏ်ရာတွေက
သွေးမထွက်ဘူး
ဒါပေမယ့်
နေ့တိုင်းနာတယ်။
တချို့စိတ်ပင်ပန်းမှုတွေက
အသံမထွက်ဘူး
ဒါပေမယ့်
ရင်ထဲမှာတော့
တစ်စစီ ပြိုကျနေတယ်
လူတွေက
အဆင်ပြေပါတယ် ဆိုတဲ့
စကားတစ်ခွန်းကိုပဲ ကြားကြတယ်
ဘယ်သူမှမမြင်တာက
အဲဒီစကားရဲ့နောက်က
မီးမငြိမ်းသေးတဲ့
ကိုယ့်ရင်ထဲက မီးပဲ......။

07/09/2026
07/09/2026
တစ်သက်လုံး အလုပ်လုပ်ရင်းနဲ့ပဲအချိန်တွေကုန်ဆုံးသွားနိုင်တဲ့ လူ (၄) မျိုး။တချို့လူတွေကအသက်ကြီးလာတာနဲ့အမျှအလုပ်လုပ်ခဲ့တဲ့နှ...
06/09/2026

တစ်သက်လုံး အလုပ်လုပ်ရင်းနဲ့ပဲ
အချိန်တွေကုန်ဆုံးသွားနိုင်တဲ့ လူ (၄) မျိုး။

တချို့လူတွေက
အသက်ကြီးလာတာနဲ့အမျှ
အလုပ်လုပ်ခဲ့တဲ့နှစ်တွေတော့ များလာတယ်။

ဒါပေမယ့်…

ပိုင်ဆိုင်တာက တိုးမလာဘူး။
အချိန်က မလွတ်လပ်လာဘူး။
ဘဝကလည်း အရင်နေရာမှာပဲ ရှိနေတယ်။

အလုပ်လုပ်တာ မမှားပါဘူး။

ပြဿနာက
“တစ်သက်လုံး အလုပ်လုပ်ဖို့အတွက်ပဲ
ဘဝကို အသုံးချနေမိတာ” ပါ။

အထူးသဖြင့် ဒီလိုလူ (၄) မျိုးက
ဒီစက်ဝိုင်းထဲမှာ ပိတ်မိသွားတတ်တယ်။

(၁) အလုပ်နဲ့အိမ်ကြားမှာပဲ
ဘဝတစ်ခုလုံး လည်ပတ်နေသူ

မနက်အလုပ်သွားတယ်။
ညအိမ်ပြန်တယ်။

လစာရတယ်။
အသုံးစရိတ်ရတယ်။
နောက်လအတွက် ပြန်အလုပ်လုပ်တယ်။

ဒီလိုနဲ့
တစ်လပြီးတစ်လ…
တစ်နှစ်ပြီးတစ်နှစ်…

အလုပ်ကတော့ ရှိနေတယ်။

ဒါပေမယ့်
ကိုယ့်ဘဝအတွက် တည်ဆောက်ထားတာ
ဘာရှိလဲဆိုတာ မေးလိုက်ရင်
အဖြေက မရှင်းဘူး။

အလုပ်လုပ်နေရတာနဲ့
ဘဝတိုးတက်နေတာကို
မရောထွေးပါနဲ့။

(၂) ရတဲ့လစာကို
သောက်စားပျော်ပါးရင်း ကုန်ဆုံးနေသူ

လစာရတဲ့နေ့မှာ ပျော်တယ်။

ကိုယ်ပင်ပန်းခဲ့တာကို
ကိုယ်ပြန်ဆုချင်တယ်။

ဒါမမှားပါဘူး။

ဒါပေမယ့်
လတိုင်းရတဲ့ငွေကို
အပျော်အပါးနဲ့ပဲ ကုန်နေပြီး
အနာဂတ်အတွက် ဘာမှမကျန်ရင်…

အသက်သာကြီးလာမယ်။
ပိုင်ဆိုင်မှုက မကြီးလာဘူး။

ဒီနေ့ရဲ့ ပျော်ရွှင်မှုအတွက်
မနက်ဖြန်ရဲ့ လွတ်လပ်မှုကို
မရောင်းလိုက်ပါနဲ့။

(၃) ဝင်ငွေတိုးလာတိုင်း
အသုံးစရိတ်ကိုပါ လိုက်တိုးနေသူ

လစာ ¥250,000 ရတုန်းက
¥250,000 နဲ့ နေတယ်။

လစာ ¥300,000 ဖြစ်လာတော့
နေထိုင်မှုပုံစံလည်း ပြောင်းတယ်။

¥350,000 ဖြစ်လာတော့
နောက်ထပ်လိုချင်တာတွေ ထပ်လာတယ်။

¥400,000 ဖြစ်လာလည်း
ငွေက မကျန်ဘူး။

ပြဿနာက
လစာနည်းတာမဟုတ်ဘူး။

“ပိုရလာရင် ပိုသုံးမယ်”
ဆိုတဲ့ အကျင့်ပါလာတာ။

ဝင်ငွေတိုးတာက
ဘဝတိုးတက်တာ မဟုတ်ဘူး။

ဝင်ငွေတိုးလာတဲ့အခါ
ကိုယ့်အနာဂတ်အတွက် ကျန်ငွေပါ
တိုးလာမှ ဘဝတိုးတက်တာ။

(၄) အလုပ်လုပ်တာကလွဲပြီး
ကိုယ့်တန်ဖိုးကို မတိုးနေသူ

နှစ်တွေကြာအောင်
အလုပ်တစ်ခုတည်းကို လုပ်နေတယ်။

ဒါပေမယ့်
Skill အသစ် မသင်ဘူး။

အသိပညာ မတိုးဘူး။

ဝင်ငွေတိုးစေမယ့်
အရည်အချင်း မတည်ဆောက်ဘူး။

အလုပ်ရှိနေတာကိုပဲ
လုံခြုံတယ်လို့ ထင်နေတယ်။

ဒါပေမယ့်
အလုပ်တစ်ခုက
အမြဲတမ်းရှိနေမယ်လို့
ဘယ်သူမှ အာမမခံနိုင်ဘူး။

ကိုယ့်အရည်အချင်းကသာ
ဘယ်နေရာသွားသွား
ကိုယ့်နောက်ကို လိုက်လာမယ့်
ပိုင်ဆိုင်မှုတစ်ခု ဖြစ်တယ်။

ဒါကြောင့်…

တစ်သက်လုံး အလုပ်မလုပ်နဲ့လို့
ပြောတာမဟုတ်ဘူး။

အလုပ်လုပ်ပါ။

ကြိုးစားပါ။

ငွေရှာပါ။

ဒါပေမယ့်
အလုပ်လုပ်ရင်းနဲ့
အလုပ်ကနေ လွတ်မြောက်နိုင်မယ့်
အနာဂတ်ကိုလည်း တည်ဆောက်ပါ။

လစာရတိုင်း
တစ်စိတ်တစ်ပိုင်း စုပါ။

Skill တစ်ခု တိုးပါ။

ကိုယ့်အတွက် ဝင်ငွေတိုးနိုင်မယ့်
အခွင့်အရေးတွေ ရှာပါ။

ပိုင်ဆိုင်မှုတွေ တည်ဆောက်ပါ။

ပြီးတော့
အချိန်ကို တန်ဖိုးထားပါ။

ဘာလို့လဲဆိုတော့…

လူတစ်ယောက်ရဲ့ဘဝမှာ
အလုပ်လုပ်နိုင်တဲ့နှစ်တွေက
အကန့်အသတ်ရှိတယ်။

အသက် ၂၀ မှာ
“နောက်မှလုပ်မယ်” လို့ ပြောလို့ရတယ်။

အသက် ၃၀ ရောက်လာရင်
အချိန်ရဲ့တန်ဖိုးကို ပိုသိလာတယ်။

အသက် ၄၀၊ ၅၀ ရောက်လာတဲ့အခါ
ပိုက်ဆံထက်
ကိုယ်ပိုင်အချိန်က ပိုတန်ဖိုးရှိလာတတ်တယ်။

ဒါကြောင့်
ဒီနေ့ မေးရမယ့်မေးခွန်းက

“ငါဘယ်လောက်အလုပ်လုပ်နေလဲ”
မဟုတ်ဘူး။

“ငါအလုပ်လုပ်ခဲ့တဲ့နှစ်တွေက
ငါ့ဘဝကို ဘာတွေတည်ဆောက်ပေးခဲ့လဲ”
ဆိုတာပါ။

အလုပ်လုပ်ရင်းနဲ့
ဘဝကို မပျောက်စေနဲ့။

လစာရရင်းနဲ့
အနာဂတ်ကို မမေ့နဲ့။

အချိန်ကုန်ရင်းနဲ့
ကိုယ့်အိပ်မက်ကို မကုန်စေနဲ့။

တစ်သက်လုံး အလုပ်လုပ်နေရတာက
ကံကြမ္မာကြောင့်ပဲ မဟုတ်ဘူး။

တစ်ခါတလေ
ကိုယ်နေ့တိုင်း ပြုလုပ်နေတဲ့
ရွေးချယ်မှုတွေက
အဲ့ဒီဘဝကို တဖြည်းဖြည်း
တည်ဆောက်ပေးနေတာပါ။

#လူငယ်

ခုရက်ပိုင်း ရေဘေးအန္တရာယ်မျိုးစုံ ကမ္ဘာအနှံ့ကြုံဆုံနေရချိန် အဆိုးရွားဆုံး ဖြစ်သွားခဲ့တာက နီပေါနိုင်ငံ မှာ ဖြစ်နေခဲ့ပါတယ်...
29/08/2026

ခုရက်ပိုင်း ရေဘေးအန္တရာယ်မျိုးစုံ ကမ္ဘာအနှံ့ကြုံဆုံနေရချိန် အဆိုးရွားဆုံး ဖြစ်သွားခဲ့တာက နီပေါနိုင်ငံ မှာ ဖြစ်နေခဲ့ပါတယ်။
နီပေါ - တိဘက် နယ်စပ်မှာ ဖြစ်ပျက်ခဲ့တဲ့ ရုတ်တရက် ရေကြီးခြင်းမှာ တောင်ခြေက အနီးကပ်ဆုံး မြို့ရွာတွေအပြင် တောင်တက်ဖို့ ရောက်နေကြတဲ့ ခရီးသွားတွေပါ ဘေးအန္တရာယ်ကြီးနဲ့ ကြုံဆုံခဲ့ရပါတယ်။

အခုတော့ နိုင်ငံအလိုက် ပျောက်ဆုံးနေတဲ့သူတွေရဲ့ ပဏာမစာရင်း ထွက်ရှိလာပါတယ်။
ဒီစာရင်းမှာ ပါဝင်တဲ့သူတွေအကုန် သေဆုံးသွားတာမျိုးမဟုတ်ဘဲ၊ အသက်ရှင်လျက်ပြန်တွေ့နိုင်ဖို့ မျှော်လင့်ဆုတောင်းနေရပါတယ်။

သဘာဝဘေးအန္တရာယ်တွေက လူသားအားလုံး လွတ်မြောက်ဘေးကင်းနိုင်ကြဖို့ ဆုတောင်းမိပါတယ်ဗျာ။

Address

Mogok

Alerts

Be the first to know and let us send you an email when ALL is WELL posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category