30/09/2017
Congratulations Logo 10 !
ဂုဏ်ယူပါတယ် နံပါတ် ၁၀ ရေ .
ကျတော့်ကို ဝိုင်းဝန်းအားပေးခဲ့ကြတဲ့ ညီကိုမောင်နှစ်မတွေအားလုံးကို လှိုက်လှိုက်လှဲလှဲကျေးဇူးတင်ပါတယ်..✌️✌️✌️
ပွဲနေ့ကြ ဆုံကြတာပေါ့ဗျာ 🙏🙏🙏
မိုးကုတ် နှစ်(၈၀၀)ပြည့် လိုဂို Voting နဲ့ ရွေးချယ်ခြင်း ပြီးဆုံးသွားပြီဖြစ်ပါတယ်...
Voting Result အရ Vote Count စုစုပေါင်း (6566) တွင်
Logo - 10 မှ Voting (3094)ဖြင့်
ဦးဆောင်ကာ အနိုင်ရသွားခဲ့ပါပြီ။
ဒုတိယ အနေဖြင့် Logo - 12 မှ Voting (2834) ရရှိခဲ့ပါသည်။
ရွေးချယ်ပွဲကို စိတ်အားတက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြသော
ရန်ကုန်၊ မန်းလေး၊ မိုးကုတ် အပြင်... ဒေသ အသီးသီးမှ
မိုးကုတ်သူ မိုးကုတ်သားအပေါင်းအား
အထူးပင် ကျေးဇူးတင်ရှိပါသည်။
အနိုင်ရရှိသွားသော Logo -10 နှင့် ဒုတိယ Logo - 12 တို့အပြင်
တကူးတက စိတ်ကူးဥာဏ် ကွန့်မြူးကာ အကောင်းဆုံး ရေးဆွဲပြီး
ဝင်ပြိုင်ခဲ့ကြသော ပြိုင်ပွဲဝင် Logo ပိုင်ရှင်များအားလည်း
အထူးလေးစား အသိအမှတ်ပြုကာ ကျေးဇူးတင်ရှိပါသည်။
Online Voting Result အား ကျေနပ်သဘောတူစွာ
လက်ခံပေးသော ပြိုင်ပွဲဝင်များနှင့်
Voting ပေးခဲ့သူ မိုးကုတ်သူ မိုးကုတ်သားအားလုံး
Democracy နည်းလမ်းကျကျ၊ အဆင့်အတန်းရှိရှိဖြင့်
ပြုလုပ်နိုင်ခဲ့ကြောင်း ရွေးချယ်ရေးကော်မတီအနေဖြင့် ယုံကြည်ပါသည်။
နောင် ကျင်းပမည့် ပြိုင်ပွဲများကိုလည်း
ယခုကဲ့သို့ စည်းစည်းလုံးလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့်
ဆက်လက်ပူးပေါင်းပါဝင်ကြမည်ကို
မျှော်လင့်မိပါကြောင်း ...။