03/08/2026
သဘာဝကိုချစ်တဲ့ ၊ အဝတ်အထည်ကို နှစ်သက်တဲ့ ၊ ဖန်တီးမှုကို မြတ်နိုးတဲ့ အမျိုးသမီးတွေ အတွက် MAS ရဲ့ လက်ဆောင်ပါ
_________________
ပုံမှန် ကျင်းပနေကြဖြစ်တဲ့ သဘာဝနဲ့ပြန်လည်ချိတ်ဆက်ပေးမယ့် Eco- Printing သင်တန်းလေးကို August လ 11 ရက်နေ့မှစပြီး 14 ရက်နေ့အထိ ပညာဒါန သင်ကြားပေးမယ့် အစီအစဉ် ပြန်စမှာပါ ။
တစ်ဖြေးဖြေးဝေးကွာနေတဲ့ သဘာဝနဲ့ ပြန်လည်နီးစပ်အောင် သင်ယူကြရင်း သစ်ပင် ပန်းပင်လေးတွေကိုလဲ ပုံမှန်ထပ်ပိုပြီးတန်ဖိုးထားတက်လာမှာပါ။
ပြီးခဲ့တဲ့ Batch 2 ခုလုံး မသင်ယူလိုက်ရလဲ စိတ်ပူစရာမလိုပါဘူးရှင်။ သင်ပေးသမျှအတန်းတိုင်းမှာ အခြေခံကစပြီးသင်ပေးတာမို့ Join လို့ရပါတယ်။
လက်မှုပညာကိုမြတ်နိုးတဲ့ အမျိုးသမီးရပ်ဝန်းလေးဖြစ်လို့ သင်တန်းလာသူတိုင်း ပျော်စရာအခိုက်အတန့် လေးတစ်ခုကို ပျော်ပျော်ပါးပါးပါဝင်ရင်း အမှတ်တရတွေယူသွားဖို့ကိုပဲ MASနဲ့ 108 အဖွဲ့သားအားလုံးက မျှော်လင့်တာပါ💕
ဒါကြောင့် သင်တန်းလေးကိုလက်လွတ်မခံပဲ အခုပဲ Page Cb မှာ စာရင်းသွင်းအပ်နှံလို့ရပါပြီရှင်။
သင်တန်းအသေးစိတ်-
📅 ၂၀၂၆ ၊ ဩဂုတ်လ ၁၁ ရက်နေ့မှ ၁၄ ရက်နေ့အထိ
⏰ မနက် ၁၀:၀၀ မှ ညနေ ၄:၀၀
📍 Myanmar Art Space ၊ အမှတ် (၁၀၈) ၊ ပိတောက်လမ်း ၊ ရပ်ကွက် (၆) ၊ မေမြို့။
Art space