Bamboo Cafe & Restaurant

Bamboo Cafe & Restaurant The glasshouse restaurant located in the beautiful National Kandawgyi Gardens, a perfect place to enjoy the view while dining!
(716)

မြန်မာ့ရိုးရာအရသာကို တစ်ပွဲတည်းမှာ စုံလင်စွာခံစားနိုင်မယ့် ဆီထမင်း၊ ကောက်ညင်းအချိတ်နဲ့ ပဲကောက်ညင်း  ရိုးရှင်းပေမယ့် အရသာ...
18/08/2026

မြန်မာ့ရိုးရာအရသာကို တစ်ပွဲတည်းမှာ စုံလင်စွာခံစားနိုင်မယ့် ဆီထမင်း၊ ကောက်ညင်းအချိတ်နဲ့ ပဲကောက်ညင်း ရိုးရှင်းပေမယ့် အရသာထူးခြားတဲ့ ရိုးရာအစားအစာလေးတွေပါ။
🍛ဆီထမင်းရဲ့ မွှေးဆိမ့်တဲ့အရသာ
🌾 ကောက်ညင်းအချိတ်ရဲ့ နူးညံ့စေးကပ်တဲ့အရသာ
🫘 ပဲကောက်ညင်းရဲ့ ဆိမ့်မွှေးတဲ့အရသာ
🐟 ငါးခြောက်၊ ပဲပြုတ်နဲ့ ကြက်သွန်ကြော်တို့နဲ့ တွဲဖက်သုံးဆောင်ရင်း ရိုးရာအရသာစစ်စစ်ကို ခံစားလိုက်ပါ။
မေမြို့ရဲ့ အေးမြတဲ့လေထုနဲ့အတူ Bamboo Coffee & Restaurants မှာ ရိုးရာအရသာကောင်းကောင်း လာရောက်မြည်းစမ်းကြည့်လိုက်ပါ။ 🌿

Job Vacancy!Bamboo Cafe & Restaurant တွင် လက်တွဲလုပ်ကိုင်ရန် သွက်လက်ထက်မြက်သော ၀န်ထမ်းများအမြန်အလိုရှိပါသည်။ ● Server (5...
01/08/2026

Job Vacancy!

Bamboo Cafe & Restaurant တွင် လက်တွဲလုပ်ကိုင်ရန် သွက်လက်ထက်မြက်သော ၀န်ထမ်းများအမြန်အလိုရှိပါသည်။

● Server (5) posts
● Line Cook (2)post

ပြင်ဦးလွင် (မေမြို့) တွင် နေထိုင်သူများလည်း ‌ေလျှာက်ထားနိုင်ပါသည်။

အဆိုပါအလုပ်အကိုင်အခွင့်အလမ်းများကို စိတ်ပါoင်စားသူများအနေဖြင့် Updated Resume/CV များ ယူလာပြီး လူကိုယ်တိုင်လာရောက်‌ေလျှာက်ထားနိုင်ပါသည်။

Email ဖြင့် ပေးပို့လိုပါက [email protected] သို့ ပေးပို့နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - 09 42222 7758 နှင့် 09 76680 8983 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Shortlist အရွေးခံရသောသူများကိုသာ Bamboo Cafe & Restaurant HR မှ ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

မြင့်မြတ်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်ခြင်း၊ ကောင်းချီ...
29/07/2026

မြင့်မြတ်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်ခြင်း၊ ကောင်းချီးမင်္ဂလာများ ပြည့်စုံကြပါစေလို့ Bamboo Café & Restaurant မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လပြည့်အလင်းရောင်ကဲ့သို့ သင့်ဘဝလမ်းခရီးသည် မျှော်လင့်ချက်၊ ငြိမ်းချမ်းမှုနှင့် အောင်မြင်မှုများဖြင့် အမြဲတမ်း ထွန်းလင်းတောက်ပနေပါစေ။ 🙏

#မင်္ဂလာရှိသောဝါဆိုလပြည့်နေ့

ဒီနေ့လို ထူးမြတ်တဲ့ အဖေများနေ့မှာတော့... သားသမီးတွေအတွက် ဘာတစ်ခုမှ ပြန်လည်မမျှော်လင့်ဘဲ မိမိတို့ရဲ့ အရာရာကို ပေးဆပ်ခဲ့ကြ...
21/06/2026

ဒီနေ့လို ထူးမြတ်တဲ့ အဖေများနေ့မှာတော့... သားသမီးတွေအတွက် ဘာတစ်ခုမှ ပြန်လည်မမျှော်လင့်ဘဲ မိမိတို့ရဲ့ အရာရာကို ပေးဆပ်ခဲ့ကြတဲ့ မိသားစုရဲ့သူရဲကောင်း ဖခင်များအားလုံးကို Bamboo Cafe & Restaurant အဖွဲ့သားများမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။ ဖခင်များအားလုံး သက်ရှည်ကျန်းမာပြီး အမြဲတမ်း စိတ်အေးချမ်းသာရှိပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 💚

မနက်ခင်း အချိန်လေးတွေမှာ စိတ်ရောကိုယ်ပါ နွေးထွေးသွားစေဖို့ဆိုရင်တော့ "Bamboo" ရဲ့ အနုစိတ်ပြင်ဆင်ထားတဲ့ ပူပူနွေးနွေး တိုဖ...
02/06/2026

မနက်ခင်း အချိန်လေးတွေမှာ စိတ်ရောကိုယ်ပါ နွေးထွေးသွားစေဖို့ဆိုရင်တော့ "Bamboo" ရဲ့ အနုစိတ်ပြင်ဆင်ထားတဲ့ ပူပူနွေးနွေး တိုဖူးနွေး (ဒေသစာ) လေး ရှိပါတယ်နော်။
သန့်ရှင်းလတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို ရိုးရာလက်ရာမပျက် သေသပ်လှပစွာ စီမံထားတာမို့၊ တစ်လုပ်စားလိုက်တိုင်း မိသားစုလက်ရာလို နွေးထွေးအိစက်တဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါ။ ချဉ်၊ ငံ၊ စပ် အနှစ်လေးတွေနဲ့ နှမ်းမွှေးမွှေးလေးတွေရဲ့ ပေါင်းစပ်မှုက လျှာပေါ်မှာတင် စွဲကျန်နေမယ့် အရသာမျိုးပါ။
ဒီနေ့ရဲ့ ပင်ပန်းမှုတွေကို "Bamboo" က ပူပူနွေးနွေး အရသာလေးတွေနဲ့ အတူတူ ဖြေဖျောက်လိုက်ရအောင်လားခင်ဗျာ။ 🤗 ✨

Bamboo Cafe & Restaurant ရဲ့ စစ်မှန်ပြီး ပြင်းရှတဲ့ ရနံ့နဲ့အတူ တစ်နေ့တာလုံး အားအင်ပြည့်ဝဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စိတ်အပန...
20/05/2026

Bamboo Cafe & Restaurant ရဲ့ စစ်မှန်ပြီး ပြင်းရှတဲ့ ရနံ့နဲ့အတူ တစ်နေ့တာလုံး အားအင်ပြည့်ဝဖို့ ဖိတ်ခေါ်လိုက်ပါတယ်။ စိတ်အပန်းဖြေဖို့ပဲဖြစ်ဖြစ်၊ လုပ်ငန်းခွင်အစမှာ Mood သွင်းဖို့ပဲဖြစ်ဖြစ်... အကောင်းဆုံး Roasted Coffee Beans တွေနဲ့ သေသေချာချာ ဖျော်စပ်ပေးထားတဲ့ Premium Coffee ☕ တစ်ခွက်က သင့်ကို အပြည့်အဝ စိတ်ကျေနပ်မှု ပေးပါလိမ့်မယ်။
ဒီနေ့ မနက်ခင်းအတွက် ပြီးပြည့်စုံတဲ့ ကော်ဖီတစ်ခွက် သောက်ဖို့ Bamboo ဆီ လှမ်းခဲ့လိုက်တော့နော်။ 😉

"Bamboo ရဲ့ ထူးခြားတဲ့လက်ရာ၊ ဘဝရဲ့ အနှစ်သာရ။""အရသာတင်မကဘဲ စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းမယ့် Bamboo Signature။""Bamboo မှာဆ...
12/05/2026

"Bamboo ရဲ့ ထူးခြားတဲ့လက်ရာ၊ ဘဝရဲ့ အနှစ်သာရ။"
"အရသာတင်မကဘဲ စိတ်ကျေနပ်မှုကိုပါ ပေးစွမ်းမယ့် Bamboo Signature။"
"Bamboo မှာဆို အရသာက အမြဲတမ်း အသက်ဝင်နေတယ်။"
"ကန်တော်ကြီးရဲ့ အအေးဓာတ်မှာ Bamboo ရဲ့ ဝက်နံရိုးကြော် ပူပူနွေးနွေးလေးနဲ့ အနှစ်သာရရှိတဲ့ အချိန်ကို ဖန်တီးလိုက်ပါ။"
"အေးမြတဲ့ ပြင်ဦးလွင်ရဲ့ အလှနဲ့ Bamboo ရဲ့ လက်ရာက သင့်အတွက် အကောင်းဆုံး ခံစားမှု ဖြစ်စေမှာပါ။"
"ပြင်ဦးလွင်ရဲ့ အငွေ့အသက်မှာ Bamboo ရဲ့ အထူးလက်ရာ ဝက်နံရိုးကြော်နဲ့ တစ်နေ့တာကို အပန်းဖြေလိုက်ပါ။"
"သဘာဝရဲ့ အငွေ့အသက်နဲ့ အဆင့်မြင့်အရသာ ဆုံစည်းရာ Bamboo Cafe & Restaurant"
"ဝါးရိပ်အောက်က အေးချမ်းမှုနဲ့အတူ အကောင်းဆုံးလက်ရာတွေကို ခံစားဖို့ Bamboo သို့ လှမ်းခဲ့ပါ။"

ဘဝရဲ့ ပထမဆုံးသော ဆရာသမား၊ ပထမဆုံးသော သူငယ်ချင်းနဲ့ အရာရာထက် ပိုချစ်ရတဲ့ 'မေမေ' များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်...
10/05/2026

ဘဝရဲ့ ပထမဆုံးသော ဆရာသမား၊ ပထမဆုံးသော သူငယ်ချင်းနဲ့ အရာရာထက် ပိုချစ်ရတဲ့ 'မေမေ' များအားလုံး စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းများနဲ့ ပြည့်စုံပါစေကြောင်း Bamboo မိသားစုမှ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ ❤️
ဒီနေ့လို ထူးခြားတဲ့နေ့လေးမှာ မိသားစုနဲ့အတူ အမှတ်တရကောင်းလေးတွေ ဖန်တီးဖို့ Bamboo ကိုလည်း လှမ်းလာခဲ့ကြဖို့ ဖိတ်ခေါ်ပါတယ်ခင်ဗျာ။ ✨
Happy Mother's Day! 💐"

Happy Labour Day!To the hands that build, the minds that create, and the hearts that never stop striving,today is for yo...
01/05/2026

Happy Labour Day!
To the hands that build, the minds that create, and the hearts that never stop striving,today is for you. Thank you for everything you do. Enjoy your well-deserved break 🫶🏻

တောင်ပေါ်ဒေသ ရှမ်းအစားအစာကိုမှ သုံးဆောင်ချင်တဲ့ မိတ်ဆွေများအတွက် နူးညံ့တဲ့ခေါက်ဆွဲသားနဲ့ ပြုလုပ်ထားတဲ့ ရှမ်းခေါက်ဆွဲကို ...
23/04/2026

တောင်ပေါ်ဒေသ ရှမ်းအစားအစာကိုမှ သုံးဆောင်ချင်တဲ့ မိတ်ဆွေများအတွက် နူးညံ့တဲ့ခေါက်ဆွဲသားနဲ့ ပြုလုပ်ထားတဲ့ ရှမ်းခေါက်ဆွဲကို မနက်ခင်း အဆာပြေဖြစ်ဖြစ်၊ နေ့လည်နဲ့ညနေပိုင်း ပေါ့ပေါ့ပါးပါးစားဖို့ပဲဖြစ်ဖြစ် လာရောက်သုံးဆောင်နိုင်ပါပြီ။

ကြက်၊ ဝက် နှစ်မျိုးနဲ့ မိမိနှစ်သက်ရာ ရွေးချယ်သုံးဆောင်နိုင်တာမို့ ပြင်ဦးလွင်အမျိုးသားကန်တော်ကြီးဥယျာဉ်ထဲမှာရှိတဲ့ Bamboo Cafe & Restaurant ကိုလာလိုက်တော့နော်။

.pol

Address

National Kandawgyi Gardens
Maymyo
05013

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959422227758

Website

Alerts

Be the first to know and let us send you an email when Bamboo Cafe & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Bamboo Cafe & Restaurant:

Shortcuts

Share