Bamboo Cafe & Restaurant

Call Directions Contact the establishment

Bamboo Cafe & Restaurant The glasshouse restaurant located in the beautiful National Kandawgyi Gardens, a perfect place to enjoy the view while dining!
(716)

ကြွပ်ကြွပ်ရွရွ အကြော်လေးတွေနဲ့ ချောမွေ့တဲ့ ခေါက်ဆွဲအမျှင်လေးတွေကို ဆီပြန်ငရုတ်သီးနဲ့ သံပုရာသီးရဲ့ ချဉ်စပ်အရသာနဲ့ ပေါင်းစ...
30/09/2026

ကြွပ်ကြွပ်ရွရွ အကြော်လေးတွေနဲ့ ချောမွေ့တဲ့ ခေါက်ဆွဲအမျှင်လေးတွေကို ဆီပြန်ငရုတ်သီးနဲ့ သံပုရာသီးရဲ့ ချဉ်စပ်အရသာနဲ့ ပေါင်းစပ်ထားတဲ့ Bamboo ရဲ့ အထူးဟင်းလျာ(ကြိုးပင်ကောက် ခေါက်ဆွဲ)

ဟင်းချိုပူပူလေးနဲ့ တွဲစားရင် ပိုပြီးပြည့်စုံစေပါတယ်။ 🥣

📍 Bamboo Cafe and Restaurant
စားသောက်ရင်း အရသာရှိတဲ့ အချိန်လေးတွေကို ဖန်တီးလိုက်ပါ။ ကြိုဆိုပါတယ်။ ❤️

နူးညံ့အိစက်တဲ့ နံရိုးသားကို အရသာမွှေးပျံ့စွာ ပေါင်းချက်ပြီး ဆီချက်ခေါက်ဆွဲနဲ့ တွဲဖက်တင်ဆက်ထားတဲ့ Bamboo ရဲ့ အရသာရှိတဲ့ M...
18/09/2026

နူးညံ့အိစက်တဲ့ နံရိုးသားကို အရသာမွှေးပျံ့စွာ ပေါင်းချက်ပြီး ဆီချက်ခေါက်ဆွဲနဲ့ တွဲဖက်တင်ဆက်ထားတဲ့ Bamboo ရဲ့ အရသာရှိတဲ့ Menu တစ်မျိုးပါ။ ✨
အသားရဲ့ နူးညံ့မှု၊ ဟင်းရည်အရသာနဲ့ ခေါက်ဆွဲရဲ့ မွှေးပျံ့မှုတို့ ပေါင်းစပ်ထားတာကြောင့် အရသာကောင်းကောင်းနဲ့ အေးအေးဆေးဆေး စားသုံးချင်သူတွေအတွက် သင့်တော်တဲ့ ရွေးချယ်မှုတစ်ခုပါ။ 🍜🥢
Bamboo Cafe and Restaurant မှာ အရသာရှိတဲ့ နံရိုးပေါင်းဆီချက် ကို လာရောက်မြည်းစမ်းလိုက်ပါနော်။

ကြက်သားနူးနူးလေးကို အရသာပြည့်ဝတဲ့ ဟင်းခတ်အနှစ်တွေနဲ့ သုပ်ထားပြီး လတ်ဆတ်တဲ့ အရွက်နံ့လေးတွေနဲ့ ပိုပြီးမွှေးကြိုင်အောင် ဖန်...
09/09/2026

ကြက်သားနူးနူးလေးကို အရသာပြည့်ဝတဲ့ ဟင်းခတ်အနှစ်တွေနဲ့ သုပ်ထားပြီး လတ်ဆတ်တဲ့ အရွက်နံ့လေးတွေနဲ့ ပိုပြီးမွှေးကြိုင်အောင် ဖန်တီးထားတဲ့ Bamboo ကြက်သားသုတ် 🤤
တစ်ကိုက်စားလိုက်တာနဲ့ ချဉ်စပ်မွှေးပြီး အရသာကောင်းကောင်းလေး ကြောင့် ထပ်စားချင်စိတ်ကို ဖြစ်စေမှာသေချာပါတယ်။ 😋
နေ့လည်စာပဲဖြစ်ဖြစ်၊ ညနေခင်းမှာ သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေးစားချင်တာပဲဖြစ်ဖြစ် Bamboo မှာ လာမြည်းစမ်းကြည့်လိုက်ပါနော်။ 🌿✨
📍 Bamboo Cafe and Restaurant
🍽️ Good food • Good mood • Great moments

ရိုးရာအရသာကို ခေတ်မီတဲ့တင်ဆက်မှုပုံစံနဲ့ မြည်းစမ်းကြည့်လိုက်ပါ။ ✨လတ်ဆတ်တဲ့ အသီးအရွက်တွေရဲ့ ကြွပ်ကြွပ်ဆတ်ဆတ်အရသာ၊ ချဉ်စပ်...
31/08/2026

ရိုးရာအရသာကို ခေတ်မီတဲ့တင်ဆက်မှုပုံစံနဲ့ မြည်းစမ်းကြည့်လိုက်ပါ။ ✨
လတ်ဆတ်တဲ့ အသီးအရွက်တွေရဲ့ ကြွပ်ကြွပ်ဆတ်ဆတ်အရသာ၊ ချဉ်စပ်အရသာလေးနဲ့ ဆေးဘဲဥရဲ့ ထူးခြားနူးညံ့တဲ့အရသာ ကို ပြည့်စုံစွာခံစားနိုင်ပါတယ်။ 🌿
ပေါ့ပါးပြီး အရသာပြည့်ဝတဲ့အပြင် ထူးခြားတဲ့အရသာလေးကို ရှာနေသူတွေအတွက် Bamboo ရဲ့ မလွတ်သင့်တဲ့ Menu လေးတစ်ခုပါ။ 💚
တစ်ခါမြည်းစမ်းပြီးရင် Bamboo ရဲ့ အကြိုက်ဆုံး Menu တစ်ခု ဖြစ်လာနိုင်ပါတယ်။
📍 Bamboo Café & Restaurants
အရသာကောင်းတဲ့အချိန်တွေကို Bamboo နဲ့အတူ ဖန်တီးလိုက်ပါ

Craving something rich, comforting, and truly Burmese? 🍜✨Enjoy our Ohn No Khao Swè (Burmese Coconut Chicken Noodle Soup)...
26/08/2026

Craving something rich, comforting, and truly Burmese? 🍜✨

Enjoy our Ohn No Khao Swè (Burmese Coconut Chicken Noodle Soup) silky coconut broth, tender chicken, soft noodles, and delicious traditional toppings, all served together for a satisfying Myanmar dining experience.

Perfect for a hearty breakfast, a comforting lunch, or simply whenever you’re craving an authentic taste of Myanmar. ❤️

📍 Bamboo Café & Restaurant
Come and enjoy the taste of tradition, served with care. 🌿

မြန်မာ့ရိုးရာအရသာကို တစ်ပွဲတည်းမှာ စုံလင်စွာခံစားနိုင်မယ့် ဆီထမင်း၊ ကောက်ညင်းအချိတ်နဲ့ ပဲကောက်ညင်း  ရိုးရှင်းပေမယ့် အရသာ...
18/08/2026

မြန်မာ့ရိုးရာအရသာကို တစ်ပွဲတည်းမှာ စုံလင်စွာခံစားနိုင်မယ့် ဆီထမင်း၊ ကောက်ညင်းအချိတ်နဲ့ ပဲကောက်ညင်း ရိုးရှင်းပေမယ့် အရသာထူးခြားတဲ့ ရိုးရာအစားအစာလေးတွေပါ။
🍛ဆီထမင်းရဲ့ မွှေးဆိမ့်တဲ့အရသာ
🌾 ကောက်ညင်းအချိတ်ရဲ့ နူးညံ့စေးကပ်တဲ့အရသာ
🫘 ပဲကောက်ညင်းရဲ့ ဆိမ့်မွှေးတဲ့အရသာ
🐟 ငါးခြောက်၊ ပဲပြုတ်နဲ့ ကြက်သွန်ကြော်တို့နဲ့ တွဲဖက်သုံးဆောင်ရင်း ရိုးရာအရသာစစ်စစ်ကို ခံစားလိုက်ပါ။
မေမြို့ရဲ့ အေးမြတဲ့လေထုနဲ့အတူ Bamboo Cafe & Restaurant မှာ ရိုးရာအရသာကောင်းကောင်း လာရောက်မြည်းစမ်းကြည့်လိုက်ပါ။ 🌿

Job Vacancy!Bamboo Cafe & Restaurant တွင် လက်တွဲလုပ်ကိုင်ရန် သွက်လက်ထက်မြက်သော ၀န်ထမ်းများအမြန်အလိုရှိပါသည်။ ● Server (5...
01/08/2026

Job Vacancy!

Bamboo Cafe & Restaurant တွင် လက်တွဲလုပ်ကိုင်ရန် သွက်လက်ထက်မြက်သော ၀န်ထမ်းများအမြန်အလိုရှိပါသည်။

● Server (5) posts
● Line Cook (2)post

ပြင်ဦးလွင် (မေမြို့) တွင် နေထိုင်သူများလည်း ‌ေလျှာက်ထားနိုင်ပါသည်။

အဆိုပါအလုပ်အကိုင်အခွင့်အလမ်းများကို စိတ်ပါoင်စားသူများအနေဖြင့် Updated Resume/CV များ ယူလာပြီး လူကိုယ်တိုင်လာရောက်‌ေလျှာက်ထားနိုင်ပါသည်။

Email ဖြင့် ပေးပို့လိုပါက [email protected] သို့ ပေးပို့နိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် - 09 42222 7758 နှင့် 09 76680 8983 သို့ဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါသည်။
Shortlist အရွေးခံရသောသူများကိုသာ Bamboo Cafe & Restaurant HR မှ ဆက်သွယ်ပေးသွားမည်ဖြစ်ပါသည်။

မြင့်မြတ်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်ခြင်း၊ ကောင်းချီ...
29/07/2026

မြင့်မြတ်သော ဝါဆိုလပြည့်နေ့ အခါသမယတွင် စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်း၊ မိသားစုနှင့်အတူ ပျော်ရွှင်ခြင်း၊ ကောင်းချီးမင်္ဂလာများ ပြည့်စုံကြပါစေလို့ Bamboo Café & Restaurant မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

လပြည့်အလင်းရောင်ကဲ့သို့ သင့်ဘဝလမ်းခရီးသည် မျှော်လင့်ချက်၊ ငြိမ်းချမ်းမှုနှင့် အောင်မြင်မှုများဖြင့် အမြဲတမ်း ထွန်းလင်းတောက်ပနေပါစေ။ 🙏

#မင်္ဂလာရှိသောဝါဆိုလပြည့်နေ့

ဒီနေ့လို ထူးမြတ်တဲ့ အဖေများနေ့မှာတော့... သားသမီးတွေအတွက် ဘာတစ်ခုမှ ပြန်လည်မမျှော်လင့်ဘဲ မိမိတို့ရဲ့ အရာရာကို ပေးဆပ်ခဲ့ကြ...
21/06/2026

ဒီနေ့လို ထူးမြတ်တဲ့ အဖေများနေ့မှာတော့... သားသမီးတွေအတွက် ဘာတစ်ခုမှ ပြန်လည်မမျှော်လင့်ဘဲ မိမိတို့ရဲ့ အရာရာကို ပေးဆပ်ခဲ့ကြတဲ့ မိသားစုရဲ့သူရဲကောင်း ဖခင်များအားလုံးကို Bamboo Cafe & Restaurant အဖွဲ့သားများမှ လှိုက်လှိုက်လှဲလှဲ ဂုဏ်ပြုဆုမွန်ကောင်း တောင်းအပ်ပါသည်။ ဖခင်များအားလုံး သက်ရှည်ကျန်းမာပြီး အမြဲတမ်း စိတ်အေးချမ်းသာရှိပါစေကြောင်း ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 💚

မနက်ခင်း အချိန်လေးတွေမှာ စိတ်ရောကိုယ်ပါ နွေးထွေးသွားစေဖို့ဆိုရင်တော့ "Bamboo" ရဲ့ အနုစိတ်ပြင်ဆင်ထားတဲ့ ပူပူနွေးနွေး တိုဖ...
02/06/2026

မနက်ခင်း အချိန်လေးတွေမှာ စိတ်ရောကိုယ်ပါ နွေးထွေးသွားစေဖို့ဆိုရင်တော့ "Bamboo" ရဲ့ အနုစိတ်ပြင်ဆင်ထားတဲ့ ပူပူနွေးနွေး တိုဖူးနွေး (ဒေသစာ) လေး ရှိပါတယ်နော်။
သန့်ရှင်းလတ်ဆတ်တဲ့ ပါဝင်ပစ္စည်းတွေကို ရိုးရာလက်ရာမပျက် သေသပ်လှပစွာ စီမံထားတာမို့၊ တစ်လုပ်စားလိုက်တိုင်း မိသားစုလက်ရာလို နွေးထွေးအိစက်တဲ့ အရသာကို အပြည့်အဝ ခံစားရမှာပါ။ ချဉ်၊ ငံ၊ စပ် အနှစ်လေးတွေနဲ့ နှမ်းမွှေးမွှေးလေးတွေရဲ့ ပေါင်းစပ်မှုက လျှာပေါ်မှာတင် စွဲကျန်နေမယ့် အရသာမျိုးပါ။
ဒီနေ့ရဲ့ ပင်ပန်းမှုတွေကို "Bamboo" က ပူပူနွေးနွေး အရသာလေးတွေနဲ့ အတူတူ ဖြေဖျောက်လိုက်ရအောင်လားခင်ဗျာ။ 🤗 ✨

Address

National Kandawgyi Gardens
Maymyo
05013

Opening Hours

Monday 08:00 - 17:00
Tuesday 08:00 - 17:00
Wednesday 08:00 - 17:00
Thursday 08:00 - 17:00
Friday 08:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959422227758

Website

Alerts

Be the first to know and let us send you an email when Bamboo Cafe & Restaurant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Bamboo Cafe & Restaurant:

Shortcuts

Share