Pyay Nyein

Pyay Nyein 🍀 welcome to my little world of words 🍀

လောကဓမ္မတာများလား #ပြေငြိမ်း
07/01/2026

လောကဓမ္မတာများလား

#ပြေငြိမ်း

"အတွေးစလေးတချို့..."ကျွန်မ ဟင်းချက်ဖို့အတွက် ပြင်ဆင်တဲ့အချိန်ပေါ့ ကြက်သွန်နီကိုပါးပါးလှီးတယ် ဖြစ်ချင်တော့ ကြက်သွန်နီကခပ်...
18/10/2025

"အတွေးစလေးတချို့..."

ကျွန်မ ဟင်းချက်ဖို့အတွက် ပြင်ဆင်တဲ့အချိန်ပေါ့
ကြက်သွန်နီကိုပါးပါးလှီးတယ် ဖြစ်ချင်တော့ ကြက်သွန်နီကခပ်များများရယ်ဆိုတော့ ကြက်သွန်နံ့ တွေ မွှန်ပြီးတော့ မျက်လုံးတွေကနေ မျက်ရည်တွေကျလာတယ် တွေးကြည့်လိုက်တော့ သူ့ကိုအခွံခွာရင် သူ့ကိုလှီးလိုက်ရင် ကိုယ်ပဲ မွှန်ပြီး မျက်ရည်ကျရတယ်
အဲဒီအတိုင်းပဲ ကျွန်မတို့နေ့စဥ် ဖြတ်သန်းနေရတဲ့ လောကကြီးမှာလည်း သူများကို ကိုယ်ကဘယ်လိုပဲပြောဆိုနေ ပြုမူဆက်ဆံနေလည်းပဲ နောက်ဆုံးမှာ နာကျင်ရတာ ပြန်ထိတဲ့သူဟာ မိမိကိုယ်တိုင်ဖြစ်နေခဲ့တာပါပဲ
ကြက်သွန်နီကို အများကြီးလှီးရင် အများကြီးမွှန်မယ် နည်းနည်းလှီးရင် နည်းနည်းမွှန်မယ် တချို့ကြက်သွန်နီတွေကတော့ နည်းနည်းလှီးရင်လည်းပဲ များများမွှန်တတ်ပါသေးတယ်

မင်းကလမင်းကြီးဆိုရင် ကိုယ်က မင်းနဲ့ဘယ်တော့မှ မနီးနိိုင်တဲ့ကြယ်ကလေးပေါ့ကွယ်
23/03/2024

မင်းကလမင်းကြီးဆိုရင် ကိုယ်က မင်းနဲ့ဘယ်တော့မှ မနီးနိိုင်တဲ့ကြယ်ကလေးပေါ့ကွယ်

နေရောင်ခြည်ကို သဘောကျရုံနဲ့ နေလုံးကြီးတစ်ခုလုံးကို အပိုင်သိမ်းထားဖို့မှမလိုတာပဲကွယ်
22/03/2024

နေရောင်ခြည်ကို သဘောကျရုံနဲ့ နေလုံးကြီးတစ်ခုလုံးကို အပိုင်သိမ်းထားဖို့မှမလိုတာပဲကွယ်

"မရှိမဖြစ်""ရေဟာ သက်ရှိတို့ အသက်ရှင်သန်ရန် မရှိမဖြစ်သောအရာ"တဲ့ကျွန်မအတွက်တော့ ကဗျာတွေရယ် စာတွေရယ် သဘာဝတရားကြီးရယ်ဟာ နောက...
24/02/2024

"မရှိမဖြစ်"

"ရေဟာ သက်ရှိတို့ အသက်ရှင်သန်ရန် မရှိမဖြစ်သောအရာ"တဲ့
ကျွန်မအတွက်တော့ ကဗျာတွေရယ် စာတွေရယ် သဘာဝတရားကြီးရယ်ဟာ နောက်ထပ် ရှင်သန်ဖို့ မရှိမဖြစ်သောအကြောင်းအရာတွေပေါ့
ကဗျာတွေစာတွေဖတ်ရင်းနဲ့ သဘာဝတရားကြီးကို အကောင်းမြင်တတ်လာတာပေါ့လေ
သဘာဝတရားအရ လှချင်းတိုင်းလှနေကြတဲ့ သစ်ပင်ပန်းမန်တွေ၊ လည်ပတ်နေကြတဲ့ အချိန်ရာသီစက်ဝန်းတွေ၊ တည်ရှိနေကြတဲ့ အလှအပတွေကို စာဖွဲ့ရတာ သိပ်ကိုကြည်နူးစရာကောင်းတယ်။
သို့သော်...
အဲသည်လှပခြင်းတွေနောက်က စစ်မှန်ခြင်းတွေဟာ သိပ်ကိုရှားသွားပြီ
မတရားမှုတွေ ဒုစရိုက်မှုတွေ စိတ်ဝမ်းကွဲမှုတွေ လောဘတွေ ဒေါသတွေ အငြိုးအတေးတွေသာ ပိုလို့များလာလေတယ်
အခုတော့...
သည်လောကမှာ အသက်ရှင်သန်ဖို့အတွက် မရှိမဖြစ်က ရေဖြစ်ပြီး အသက်ရှင်ရကျိုးနပ်ဖို့အတွက် မရှိမဖြစ်က ပူလောင်ခြင်းတွေချုပ်ငြိမ်းပြီး အေးချမ်းသာယာခြင်းတွေသာ...။

လူတစ်ယာက်ကို ဆုံးရှုံးလိုက်ပြီးကာမှ သူ့ရဲ့တန်ဖိုးကိုသိလိုက်ရတဲ့အချိန်ဟာ သိပ်ကို နာကျင်ဖွယ်အတိနဲ့ပါလား
19/02/2024

လူတစ်ယာက်ကို
ဆုံးရှုံးလိုက်ပြီးကာမှ
သူ့ရဲ့တန်ဖိုးကို
သိလိုက်ရတဲ့အချိန်ဟာ
သိပ်ကို နာကျင်ဖွယ်အတိနဲ့ပါလား

Address

MM
Maymyo
05082

Website

Alerts

Be the first to know and let us send you an email when Pyay Nyein posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category