MDL Movie Store

MDL Movie Store ကွာလတီမြင့် HD Movie နှင့် Series များကို ရုပ်

ကျွန်တော်က 𝐊-𝐩𝐚𝐲 ပဲရှိတာအကိုရေ𝐖𝐚𝐯𝐞 လေး ပြောင်းချင်လို့ဗျာဆိုတဲ့ အကိုအမတွေအဖွားက မြေးလေးဆီ ကျောင်းစရိတ်လွှဲချင်တာငွေသားပဲ...
04/06/2024

ကျွန်တော်က 𝐊-𝐩𝐚𝐲 ပဲရှိတာအကိုရေ
𝐖𝐚𝐯𝐞 လေး ပြောင်းချင်လို့ဗျာဆိုတဲ့ အကိုအမတွေ

အဖွားက မြေးလေးဆီ ကျောင်းစရိတ်လွှဲချင်တာ
ငွေသားပဲရှိလို့ 𝐊-𝐩𝐚𝐲 ထဲထည့်ချင်တာ ငါ့မြေးရာဆိုတဲ့
ဖွားဖွားတွေ

Wave Money က Password နဲ့ လွဲတာကို ထုတ်ပြီး Wave acc ထည့်ချင်တာဖြစ်ဖြစ် 𝐊-𝐩𝐚𝐲 ထဲ ထည့်ချင်တဲ့ မိတ်ဆွေတွေအတွက်

အဆင်ပြေစေဖို့
❝ 𝐌𝐃𝐋 𝐌𝐨𝐛𝐢𝐥𝐞 ❞ မှာ 𝗘 𝗠𝗼𝗻𝗲𝘆 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 လေး ရပြီဆိုတဲ့အကြောင်းလေး အသိပေးပါရစေခင်ဗျာ။

▫️ 𝐊-𝐩𝐚𝐲 🔁 𝐖𝐚𝐯𝐞 🔁 𝐀𝐘𝐀 🔁 𝐔𝐀𝐁 🔁 𝐂𝐁
💰𝐌𝐨𝐛𝐢𝐥𝐞 𝐁𝐚𝐧𝐤𝐢𝐧𝐠 အစရှိတဲ့
💰𝗘 𝗠𝗼𝗻𝗲𝘆 အမျိုးမျိုးအတွက် ဝန်ဆောင်မှုပေးနေပါပြီး
% ရာခိုင်နှုန်းနည်းနည်းနဲ့ ဆောင်ရွက်ပေးနေပါတယ်ဗျ။

☑️ ငွေလွှဲငွေထုတ်
☑️ 𝗘 𝗠𝗼𝗻𝗲𝘆 𝗘𝘅𝗰𝗵𝗮𝗻𝗴𝗲 နဲ့ပတ်သက်ရင်
ပြင်ဦးလွင်မြို့က ❝ 𝐌𝐃𝐋 𝐌𝐨𝐛𝐢𝐥𝐞 ❞ ကိုသာ
သတိရလိုက်ပါတော့ဗျို့ မိတ်ဆွေတို့ရေ။

🏡 𝗔𝗱𝗱𝗿𝗲𝘀𝘀 : အခန်းအမှတ် (A-3ဂ)၊ National Mart ဘေး၊ ကားကြီးကွင်းအရှေ့တိုက်တန်း၊ ပြင်ဦးလွင်မြို့

☎️ 𝗣𝗵𝗼𝗻𝗲 𝗻𝗼 : 09765544332, 09975545533, 09259140412

29/05/2023

🙏မင်္ဂလာပါခင်ဗျာ🙏

📲 ဖုန်း လေးတွေဝယ်ဖို့စဉ်းစားနေရင် ကို ကြွလှမ်းခဲ့ဖို ဖိတ်ခေါ်ပါတယ်ခင်ဗျာ😘

🥰အသစ်တိုင်းအသန့် ဖုန်း Model အနိမ့် အမြင့်အစုံး နှင့် ဖုန်း Accessories မျိုး စုံး တိုကို စျေးနှုန်းချိုသာစွာ ဖြင့်တစ်နေရာထည့်တွင် 🥰

♦️ လက်လီ / လက္ကားရရှိနိုင်ပါပြီခင်ဗျာ ♦️

#အရစ်ကျစနစ်ဖြင့်လည်းဝယ်ယူအားပေးလို့ရပါပြီခင်ဗျာ

😊ကျနော်တို MDLmobile မှာ ဆိုရင် အသစ်နီးပါသန့်သော ဖုန်းများကိုအာမခံအပြည့်ပေးပြီး စျေးနှုန်းချိုသာစွာဖြင့်ရောင်းချပေးနေတာမို့….. မိတ်ဆွေတို့ ယုံကြည်စိတိချစွာအားပေးနိင်ပါသည်။

🚗 နယ်မြို့များမှ မှာယူလိုသူမိတ်ဆွေများအတွက်လည်း သက်ဆိုင်ရာ ကားဂိတ်အထိအရောက်ပို့ဆောင်ပေးပါသည်။

😊Second Error အာမခံ (15)ရက် တိတိဖြင့်ရောင်းချပေးပါသည်

📲 လူကြီးမင်းတို့ ပေါ့စမှုကြောင့် ဖြစ်သော Error များအတွက် လက်ခ Free ဖြင့်ပြုပြင်ပေး ပါသည်။
🚫ပစ္စည်းလဲရပါက ပစ္စည်းဖိုးပေးရပါမည်။

MDLmobile မှ အလုံးအသန့် နဲ့ Quality ကောင်းတာ‌ တွေဘယ် ရစေရပါမယ် ခင်ဗျာ....😘😘

ယုံကြည်စိတ်ချစွာ အစဥ်အမြဲအားပေးခဲ့ကြသော မိတ်ဟောင်းများကို အထူးကျေးဇူးတင်ရှိလျက်🙏🙏🙏
မိတ်သစ်များကိုလည်း MDLmobile မှနွေးထွေးစွာ ကြိုဆိုပါရစေခင်ဗျာ 💙💙💙

MDL Mobile (1)
အခန်းအမှတ်(15/16),အ.ထ.က(၁)အနောက်
တိုက်တန်း,ဝေဟင်စတိုးအနီး
ပြင်ဦးလွင်မြို့

Google Map Location (‌မြေပုံလမ်းညွန်)
https://maps.app.goo.gl/fmh5fGd979BxP8xq9

MDLmobile (2)
အခန်အမှတ်(A-1ဃ)၊Nation Mart ဘေး၊ကားကြီးကွင်းအရှေ တိုက်တန်း ၊ ပြင်ဦးလွင်မြို့

📱09975545533 (လက်လီ စျေး စုံးစမ်း ရန်)
📱09765544332 (လက်ကာ စျေး စုံးစမ်း ရန်)
📱09259140412 (ဆိုင်းဖုန်း)

Movie Name : Om – The Battle Within (2022)ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချောအာဒစ်သယားရွိုင်းကပူး (Malank မင်းသာ...
11/08/2022

Movie Name : Om – The Battle Within (2022)

ခုတစ်ခါထွက်ရှိလာတဲ့ ကားလေးကတော့ မင်းသားချော
အာဒစ်သယားရွိုင်းကပူး (Malank မင်းသား) ရဲ့ အက်ရှင်ကားလေးတစ်ကားပဲ ဖြစ်ပါတယ်

ကမ္ဘာ့နိုင်ငံကြီးတွေမှာ နျူးကလီးယားလက်နက်တွေ
တီထွင်နေကြတယ်
ဖွံ့ဖြိုးတိုးတက်နေကြတယ် ဒါပေမဲ့ နျူးကလီးယားလက်နက်ကိုခုခံနိုင်မယ့်
လက်နက်တစ်ခု မရှိဘူးဖြစ်နေတယ်..

အိန္ဒိယနိုင်ငံက ဒီလက်နက်ကို တီထွင်တယ်ဆိုပါတော့…

နျူးကလီးယားလက်နက်ကို ခုခံနိုင်တဲ့ လက်နက်တစ်ခုကို
အောင်မြင်စွာ တီထွင်လို့အပြီးမှာ တီထွင်သူဟာ နိုင်ငံတော်ကို
သစ္စာဖောက်သွားခဲ့ပါတယ်…

အဲ့ဒီသစ္စာဖောက်ကို တပ်ဖွဲ့တစ်ခုဖွဲ့စည်းပြီး လိုက်လံဖမ်းဆီးဖို့
နိုင်ငံတော်က တာဝန်ပေးလိုက်တယ်..

ဒီကိစ္စဟာ ထင်သလိုမရိုးရှင်းလာဘဲ လှည့်ကွက်လေးတွေပါနေတဲ့အခါ
ဇာတ်ကွက်တစ်ခုချင်းစီကို ဘယ်လိုဖေါ်ထုတ်မလဲဆိုတာကို
စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်

ဇတ်ကားကြည့်ရန်👇♥️👇

Telegram Link 👇♥️👇

https://t.me/mdlmoviestore/1121

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

777 Charlie [2022] MM SUBIMDb - 9.1 / 10လူတစ်ယောက်ကို ပြောင်းလဲစေတာကအချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...ငယ်စဉ်က မိသ...
08/08/2022

777 Charlie [2022] MM SUB

IMDb - 9.1 / 10

လူတစ်ယောက်ကို ပြောင်းလဲစေတာက
အချစ်လို့ပြောမယ်ဆို ရဲရဲကြီးယုံလိုက်ပါ...

ငယ်စဉ်က မိသားစုတွေ ဆုံးပါးသွားပြီး
တစ်ယောက်တည်းကျန်ခဲ့တဲ့ "ဒါမာ"

ကြီးပြင်းတဲ့အထိ တစ်ယောက်တည်းနေဖို့ကိုပဲ
ရွေးချယ်ခဲ့ပြီး လူ့ပတ်ဝန်းကျင်နဲ့ဝင်ဆံ့ဖို့ မကြိုးစားတဲ့ လူ့ဂွစာတစ်ယောက်

အဲဒီ့သူ့ဘဝထဲကို မမျှော်လင့်ဘဲ ရောက်လာတာကတော့ခွေးလေးတစ်ကောင်

အဲဒီခွေးလေးကို သူမမွေးချင်လို့မွေးစားမယ့်သူကို ရှာနေတုန်းမှာပဲခွေးလေးနဲ့ သံယောဇဉ်တွယ်သွားပြီး
ခွေးလေးက သူ့ရဲ့ဘဝဖြစ်လာခဲ့တော့တယ်

သူ့ရဲ့ မာကြောနေတဲ့ ဘဝကြီးကို နူးညံ့ပျော့ပျောင်းလာစေပြီး ဂျစ်ကန်ကန်နဲ့ လောကကြီးကို အရွဲ့တိုက်နေထိုင်ခဲ့တဲ့ သူ့ကိုအမြင်ကျယ်လာစေခဲ့တာက အဲဒီခွေးလေးပေါ့

လူနဲ့ တိရစ္ဆာန်ကြားက မေတ္တာတရား‌အဲဒီမေတ္တာဆိုတဲ့အရာဟာ စစ်မှန်ရင် ဘယ်လောက်တောင် စွမ်း အားကြီးတယ်ဆိုတဲ့အကြောင်း ရိုက်ကူးပြသထားတဲ့မျက်ရည်မခိုင်သူတွေ မျက်ရည်ကျစေမယ့်ဒရမ်မာကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်

ဇတ်ကားကြည့်ရန်👇♥️👇

Telegram Link 👇♥️👇

https://t.me/mdlmoviestore/1106

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

Samrat Prithviraj (2022)မြန်မာစာတန်းထိုး ___________________________________________ #ဇာတ်ကားသစ် IMDb 7.4ရရှိထားတဲ့ မင်း...
11/07/2022

Samrat Prithviraj (2022)မြန်မာစာတန်းထိုး
___________________________________________
#ဇာတ်ကားသစ်

IMDb 7.4ရရှိထားတဲ့ မင်းသားကြီးအာရှေးကူမားရဲ့ ရုံတင်ဇာတ်ကား ကြည်တောက်ရှင်းထွက်ရှိလာပါပြီ...
ဒီဇာတ်ကားကတော့ ရှေးခေတ်အိန္ဒိယနိုင်ငံ‌ရဲ့ကျော်ကြားတဲ့စစ်သူကြီး
Samrat Prithviraj Chauhan အကြောင်းကို အခြေခံရိုက်ကူးထားတာပါ။

IMDb 7.4ရရှိထားပြီး မင်းသားကြီးအာရှေးကူမားပါဝင်သရုပ်ဆောင်ထားတဲ့
ဒီရာဇဝင်ကားသစ်ဟာဆိုရင်..
ကြောက်လန့်ခြင်းမရှိ ရန်အပေါင်းကိုအောင်နိုင်တဲ့ ပရစ်ထဗီရာဂ်ျဆိုတာ
အခက်အခဲတိုင်းကိုရင်ဆိုင်နိုင်သူပါ တစ်နေ့မှာကန်နူးဂ်ျတိုင်းပြည်ရဲ့ဘုရင်က
ပရစ်ထ‌ဗီရာဂ်ျ့တို့နေတဲ့ဒေလီမြို့ကို ပူဇော်ပွဲတက်ရောက်ဖို့ဖိတ်ကြားလွှာပို့ခဲ့ပါတယ်

အဲ့ဒီဖိတ်ကြားလွှဲကဘယ်လိုမျိုးလဲ ရဲရင့်တဲ့ သူရဲကောင်းSamrat
ဘယ်လိုဘယ်ပုံဖြေရှင်းရမလဲ
ဆိုတာကို မင်းသားကြီးအာရှေးကူမားရဲ့ သရုပ်ဆောင်ပိုင်နိုင်မှုနဲ့
ဆွဲဆောင်မှုမှုရှိရှိကြည့်ရှုရမယ့်ဇာတ်လမ်းကောင်းတပုဒ်ဖြစ်ပါတယ်

File size…1.2GB
Quality…720p WEB DL
Format…mp4
Duration….2h 15m
Subtitle….Myanmar Subtitle (Hard Sub)
Encoder….YK
Translated by Taylor & Yunni & Honeyey & Guu Guu
Reviewed by : Yunni

#ဇာတ်ကားကြည့်ရန်👉🏻 https://t.me/mdlmoviestore/1011

ြင့်ကြည်ရန်👉🏻 https://t.me/mdlhindidub/34

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

Major-2022မြန်မာစာတန်းထိုး_____________________________Rating IDMB : 8,7/10Rating : 4.5/5၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့...
11/07/2022

Major-2022မြန်မာစာတန်းထိုး
_____________________________

Rating IDMB : 8,7/10
Rating : 4.5/5

၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့မှာ
အစွန်းရောက်အကြမ်းဖက်တွေဟာ မွန်ဘိုင်းမြို့ရဲ့ Iconic တစ်ခုလိုဖြစ်တဲ့ Taj Mahal Palace Hotel ကို ဝင်ရောက်စီးနင်းခဲ့တယ်...

အလွှာပေါင်း ၄၄ လွှာ ၊အခန်းပေါင်း ၅၆၀ရှိတဲ့ ဒီဟော်တယ်ကြီးဟာ စစ်အတွင်းမှာတောင်ကုတင် ၆၀၀ဆံ့ ယာယီဆေးရုံအဖြစ် ပြောင်းလဲခဲ့ဖူးတယ်လို့ဆိုတယ်...

ဒီဟော်တယ်ကြီး စီးနင်းခံရတဲ့အဖြစ်အပျက်ကတော့ အတော်ထိတ်လန့်စရာကောင်းပါတယ်..

အဆိုးကတော့ အကြမ်းဖက်အဖွဲ့တွေဟာ ဧည့်သည်တွေကိုအထိန်းအကွပ်မဲ့ပစ်သတ်ခဲ့သလို အဆောက်အဦးကိုလည်း အတော်ဖျက်ဆီးခဲ့ပါတယ်..

ဒါ့ကြောင့် ကျန်ရှိနေသေးတဲ့ ဓားစာခံ ပြည်သူတွေကို ကယ်ထုတ်ပြီး အကြမ်းဖက်အဖွဲ့ကို
နှိမ်နှင်းဖို့ ဆန်ဒီဗ်အွန်နီခရစ်ရှနန်းဆိုတဲ့ ကယ်ဆယ်ရေးတပ်ဖွဲ့မှ မေဂျာအဆင့်ရှိသူဦးစီး တပ်စိတ်တစ်စိတ်ဟာ ဝင်ရောက်ခဲ့တယ်..

ဒီနေရာမှာအကြမ်းဖက်အဖွဲ့ဟာ ခပ်ညံညံအဖွဲ့မဟုတ်ခဲ့ဘဲသေချာထရိန်းပြီး တိုက်ပွဲအတွေ့အကြုံတွေများစွာရှိနေတဲ့သူတွေဖြစ်တယ်...

ဒီတော့ မေဂျာတို့အဖွဲ့ ဘယ်လိုတွေ ဆက်လုပ်ကြမလဲဆိုတာကတော့ဒီဇာတ်ကားက ဖြစ်ရပ်မှန်ကို ရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပါတယ်..

မေဂျာအဆင့်ဖြင့်တာဝန်ထမ်းဆောင်စဉ် ကြောက်မက်ဖွယ် အကြမ်းဖက်တိုက်ခိုက်ခဲ့
မှုကြီးကို ကယ်ဆယ်ခဲ့တဲ့ Major Sandeep Unnikrishnan အကြောင်းကိုရိုက်ပြထားခြင်းဖြစ်လို့ ခံစားကြည့်ကြပါဦး...

သမိုင်းဝင်ဖြစ်ရပ်မို့ ဘက်ဂျက်အများကြီ:အကုန်ကျခံထားသလိုအက်ရှင်ခန်းတွေလည်း တော်တော်ကြည့်ကောင်းပါတယ်..

ဇာတ်ကားကြည့်ရန်👇😜👇

Pushpa : The Rise (2021)=====================IMDB- 8.1/10 #ဘယ်နှစ်ခါတင်တင်မကြည့်ရသေးသူများဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 20...
01/02/2022

Pushpa : The Rise (2021)
=====================
IMDB- 8.1/10

#ဘယ်နှစ်ခါတင်တင်မကြည့်ရသေးသူများ

ဒီဇင်ဘာလကမှ ရုံတင်ခဲ့ပေမယ့် 2021 မှာ အိန္ဒိယရဲ့ ဝင်ငွေအကောင်းဆုံးဇာတ်ကားဖြစ်ပြီး ဟော့နေတဲ့ Pushpa Part1 ကို တင်ဆက်လိုက်ပါတယ်။

အင်တာနက်မှာတော့ ဒီ​နေ့မှ ပူပူ​နွေးနွေး ထွက်ရှိလာခဲ့တာပါ။

နာမည်ကြီး မင်းသား Allu Arjun ပါ၀င်သရုပ်​ဆောင်ထားပြီး မင်းသမီးချော Rashmika Mandanna ကလည်း ပါ၀င်အားဖြည့်ထားပါ​သေးတယ်။

သာမန်ဆင်းရဲသား ကြုံရာကျပန်း လုပ်တတ်တဲ့ ပွတ်ရှ်ပါ ဟာ ဆင်းရဲသ​​​လောက် မာနကြီးသလို

ဘု​​ဘောက်လည်းကျပါတယ်။ တစ်ခွန်းတည်းစာဖွဲ့ရရင် လူ့ဂွစာ​ပေါ့ဗျာ။ ကိုယ်မှန်တယ်ထင်ရင်

ဘာကိုမှ အ​လျှော့မ​ပေးတတ်သလို အ​​​မျှော်အမြင်လည်း အ​တော်ကြီးရှာတယ်။

အဲ့လိုလူတစ်​ယောက်က အလွန်ရှားပါးသော သစ်တစ်မျိုးဖြစ်တဲ့ အနီ​ရောင်စန္ဒကူးပင်ကို

မှော်ခို​ရောင်း၀ယ်ကူးလူးတဲ့ ဂိုဏ်းနဲ့ ချိတ်ဆက်မိသွားရာက

ပရိသတ်ကြီးတို့ အကြိုက်​တွေ့​စေမဲ့ ဇာတ်လမ်းတစ်ခု ပေါ်​​ပေါက်လာခဲ့ပါတယ်။

ဒီကားကို ဝေဖန်​ရေးဆရာများက ချီးကျုးထားကြပြီး

အထူးသဖြင့် မင်းသား Allu ရဲ့ ကာရိုက်တာဇာတ်ရုပ်အား ပီပြင်စွာ

သရုပ်ဖော်နိုင်ခြင်းကို အထူးသ​ဘောကျနှစ်သက်​နေကြပါတယ်။

Box Office မှာလည်း ၀င်​ငွေများစွာ ရရှိ​နေပြီး အောင်မြင်မှုအ​ပေါင်း

သရဖူ​ဆောင်းထားတယ်လို့ ဆိုရမှာပါ။ ဘာပဲ​​ပြော​ပြော

လူတစ်ကိုယ်အကြိုက်တစ်မျိူးဖြစ်တဲ့အတွက် တကယ်​ကောင်းမ​ကောင်း

ကြိုက်မကြိုက်ကို ကိုယ်တိုင်ကြည့်ရှုခံစားပြီးမှသာ ဆုံးဖြတ်သင့်​ကြောင်း တိုက်တွန်းလိုပါတယ်။

အခု ဇာတ်လမ်းဟာ Part 1 ဖြစ်ပြီး Part 2 ကို​တော့ February 2022 မှာ

ရိုက်ကူး​ရေးစတင်မှာဖြစ်လို့ ပရိသတ်ကြီးတို့ အကြာကြီး မ​စောင့်ရမှာ​သေချာပါတယ်နော်။

#ဇာတ်ကားကြည့်ရန်👉🏻https://t.me/mdlmoviestore/633

ြင့်ကြည်ရန်👉🏻 https://t.me/mdlhindidub/34

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

လာပါဘီ ဗျိူ့Sanak (2021)  မြန်မာစာတန်းထိုး🇮🇳🇮🇳🇮🇳🇮🇳🇮🇳ဒီဇာတ်ကားကတော့ ဆေးရုံကို အကြမ်းဖက်သမားတွေဝင်စီးတဲ့ အက်ရှင်ဇာတ်ကားကော...
15/10/2021

လာပါဘီ ဗျိူ့
Sanak (2021) မြန်မာစာတန်းထိုး
🇮🇳🇮🇳🇮🇳🇮🇳🇮🇳
ဒီဇာတ်ကားကတော့ ဆေးရုံကို အကြမ်းဖက်သမားတွေဝင်စီးတဲ့ အက်ရှင်ဇာတ်ကားကောင်းပဲဖြစ်လို့
အမိုက်စားကြည့်ရူရမယ့်ဇာတ်ကားပဲဖြစ်ပါတယ်

ဗီဗန်ဟာ နှလုံးခွဲစိတ်မှုခံယူထားတဲ့ ဇနီးဖြစ်သူ အန်ရှီကာကိုသိပ်ချစ်မြတ်နိုးပြီး တစ်နေ့ သူတို့ဆေးရုံဆင်းခါနီး
ဗီဗန် ဆေးရုံစရိတ်သွားဆောင်နေတုန်း အကြမ်းဖက်သမားတွေက ဆေးရုံကိုဝင်စီးခဲ့ပါတယ်
ဖြစ်စဉ်ကတော့ လက်နက်မှောင်ခိုသမားတစ်ယောက်ဟာ နှလုံးဖောက်လို အကျဉ်းထောင်ကနေ ဆေးရုံကိုရောက်လာခဲ့ပါတယ်
ထိုလူကို ကယ်ထုတ်သွားဖို့ အကြမ်းဖက်သမားတွေက ကြိုတင်ကြံစည်ထားပြီး ဆေးရုံကိုဝင်စီးခဲ့ပါတယ်
နှလုံးရောဂါသည်ဇနီးဖြစ်သူကိုစိုးရိမ်နေတဲ့ ဗီဗန်တစ်ယောက် အကြမ်းဖက်သမားတွေနဲ့ ဘယ်လိုရင်ဆိုင်မလဲ
ဆေးရုံကိုဝင်စီးမှုအောင်မြင်မလားဆိုတာ ဒီဇာတ်ကားမှာစောင့်ကြည့်ရမှာဖြစ်လို့ တင်ဆက်ပေးလိုက်ပါတယ်

Movie ကြည့်ရန် Link 👇
https://t.me/mdlmoviestore/429

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

မြန်မာစာတန်းထိုးဇာတ်ကားကောင်းကြိုက်သူများအတွက် Telegram မှာနေ့စဉ်တင်ဆက်ပေးနေပါတယ်။ MDL Movie Store ကို ဝင်ရောက်ကြည့်ရှု့...
02/10/2021

မြန်မာစာတန်းထိုးဇာတ်ကားကောင်းကြိုက်သူများအတွက် Telegram မှာနေ့စဉ်တင်ဆက်ပေးနေပါတယ်။ MDL Movie Store ကို ဝင်ရောက်ကြည့်ရှု့ဖို့ဖိတ်ခေါ်ပါတယ်ခင်ဗျာ. . .

Telegram Link👉🏻 -https://t.me/mdlmoviestore

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

အခုတလောနာမည်ကြီးနေတဲ့ကားပါနော်😍😘Netflix ရဲ့ လူသတ်ကားအကြီးစားအက်ရှင်ပါ😍 ❣️𝗦𝗾𝘂𝗶𝗱 𝗚𝗮𝗺𝗲❣️(2021)🇰🇷🇰🇷K-Drama 🇲🇲🇲🇲MMSub EP 1 to...
26/09/2021

အခုတလောနာမည်ကြီးနေတဲ့ကားပါနော်😍😘
Netflix ရဲ့ လူသတ်ကားအကြီးစားအက်ရှင်ပါ😍

❣️𝗦𝗾𝘂𝗶𝗱 𝗚𝗮𝗺𝗲❣️(2021)
🇰🇷🇰🇷K-Drama 🇲🇲🇲🇲MMSub
EP 1 to 9 မြန်မာစာတန်းထိုး စ-ဆုံး 🆙🆙

ဇာတ်လမ်းအညွှန်း
*****************
Squid Game ဆိုတာကတော့ ဒေါ်လာ သန်း ၄၀ ဆုကြေးအနေနဲ့ ရရှိမယ့်
Survival Game ပဲ ဖြစ်ပါတယ်။

ဂီဟွန်းက အလုပ်ထုတ်ခံလိုက်ရပြီးတဲ့နောက်မှာ
ဒီဂိမ်းကို ဝင်ကစားဖို့ ဖြစ်လာခဲ့ပါတယ်။

ဆန်ဝူးကတော့ ဂီဟွန်းရဲ့ကလေးဘဝကတည်းက သူငယ်ချင်းပါ။
သူလည်း အလုပ်တွေ ဘယ်လောက်ပဲ လုပ်လုပ်
လူရာအသွင်းမခံရ အလုပ်မှာ အဆင်မပြေတာတွေနဲ့ ကြုံရတာမို့
သူလည်း ဒီဂိမ်းကို ပြိုင်ပြီး ပိုက်ဆံရှာဖို့ ဖြစ်လာခဲ့ပါတယ်။

Squid Game ဆိုတာ ဂီဟွန်း နဲ့ ဆန်ဝူး ကလေးဘဝက အတူတူကစားခဲ့ကြတဲ့
လမ်းပေါ်ကဂိမ်းတစ်ခုပဲ ဖြစ်ပါတယ်။

ခန္ဓာကိုယ်ကို သုံးပြီး ဆော့ရတဲ့ ကစားနည်းတစ်ခုဖြစ်ပြီးတော့
နောက်ဆုံး အနိုင်ရရှိသူက တစ်ဦးပဲ ရှိမှာပါ။
သူတို့ အခုကစားတဲ့ Survival ဂိမ်းလိုမျိုးပါပဲ။

ဒီဂိမ်းကို ဘာလို့ ကင်းမွန်လို့ နာမည်ပေးထားရသလဲဆိုတော့
ဂိမ်းနာမည်အတိုင်း မြေပြင်အနေအထားပေါ်မူတည်ပြီး
ပုံစံအမျိုးမျိုး ပြောင်းနေရတဲ့ ကင်းမွန်လိုမျိုး ဖြစ်နေလို့ပါပဲ။

Netflix စီးရီးတစ်ခု ဖြစ်ပြီးတော့ R-Rated အဆင့်ရှိတဲ့ စီးရီးတစ်ခုပါ။
သွေးထွက်သံယို အခန်းတွေ ပါတာမို့ အသည်းငယ်သူတွေတော့ မကြည့်သင့်ပါဘူး။

အပိုင်း ၉ ပိုင်း ပါဝင်မှာ ဖြစ်ပြီးတော့ တစ်နေ့တည်းအပြီး ထုတ်လွှင့်ပေးသွားမှာပါ။

စပြပြချင်းမှာပဲ Rating အမြင့်ကြီးနဲ့ သတ်ချသွားတာ လက်လန်

ဒီကားက လူသတ်ပက်စက်တယ်နော်
တစ်ဒိုင်းဒိုင်း တစ်ဇွက်ဇွက်နဲ့ လန့်လန့်သွားတာပဲ ကြည့်ရတာ ရင်တစ်ထိတ်ထိတ်နဲ့ ခြေတွေလက်တွေတောင်တုန်တယ် အသဲငယ်တတ်တဲ့သူတွေမကြည့်နဲ့ မင်မင်တောင် တစ်ဝက်နဲ့ဆက်မကြည့်နိုင်သေးဘူး 😒

Squid Game
မြန်မာစာတန်းထိုး စဆုံးကြည်ရန်👇

https://t.me/mdlmoviestore/249

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

 #စောင့်မျှော်နေကြတဲ့ကား လာပါဘီလို့Bell Bottom (2021) [မြန်မာစာတန်းထိုး)__________________Quality- 1080P / 720P_________...
16/09/2021

#စောင့်မျှော်နေကြတဲ့ကား လာပါဘီလို့

Bell Bottom (2021) [မြန်မာစာတန်းထိုး)
__________________

Quality- 1080P / 720P
__________________
[ Thriller, Mystery ]
Imdb - 6.7/ 10

ဒီဇာတ်ကားထဲမှာ အရှေးကူးမားက RAW အေးဂျင့်တစ်ယောက်ပေါ့...
အစပိုင်းမှာတော့ သူက အေးဂျင့်မဟုတ်ခဲ့ဘူး . . .

ပျော်ပျော်နေတတ်တဲ့ အမေရယ် ၊ မျက်ခွက်ပြောင်လွန်းတဲ့ဇနီးရယ်
သူတို့နှစ်ယောက်ကြား အမြဲတမ်း စနောက်ခံနေရတဲ့လူ

ကောလိပ်မှာ ပြင်သစ်စာ နဲ့ ဂျာမနီစာသင်တယ်
နိုင်ငံအဆင့် ချက်စ် ကစားသမား

တစ်နေ့တော့ လေယာဉ်ပြန်ပေးဆွဲမှုတစ်ခုမှာ သူ့အမေဆုံးသွားတယ်...
အဲ့ဒီအကြောင်းအရင်းကို မြစ်ဖျားခံပြီးတော့ RAW အေးဂျင့်တစ်ယောက်ဖြစ်လာခဲ့တာပေါ့...

ချက်စ်ကစားသမားတစ်ယောက်ဖြစ်တဲ့အတွက် တစ်ဖက်က ဘယ်အကွက်ရွှေ့မလဲဆိုတာ ကြိုတင်ပြီးစဉ်းစားနိုင်တယ် . . .

ဒါပေမယ့် အဲ့ဒီလိုမစဉ်းစားတတ်တဲ့လူတွေက သူပြောတာတွေကို မယုံကြည်ဘူး...
ဒီလိုနဲ့ နောက်တစ်ကြိမ် လေယာဉ်ပြန်ပေးဆွဲမှု ထပ်ဖြစ်လာပြန်တဲ့နောက်မှာတော့.....

ဘာသာပြန် - Minthu, K
အညွှန်း - Minthu
credit : :MvF

ဇာတ်ကားကြည့်ရန်👇🇮🇳👇
https://t.me/mdlmoviestore/207

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

Movie Name : Scam 1992 (2020) Tv Series--------------------------------Gener :  Drama / Crime / BiographySynopsis of Sca...
31/08/2021

Movie Name : Scam 1992 (2020) Tv Series
--------------------------------
Gener : Drama / Crime / Biography

Synopsis of Scam 1992 – The Harshad Mehta Story
လွန်ခဲ့သောရက်ပိုင်းအတွင်း imdb website မှာ rating အမြင့်ဆုံး စီးရီးတွေဖြစ်တဲ့ Breaking Bad,Charnobyl အစရှိသည့် စီးရီးတွေကို ကျော်ဖြတ်ပြီး India Series တစ်ခုက rating 9.8 ဖြင့် ထိပ်ဆုံးရောက်ရှိခဲ့တဲ့ သတင်းက အတော်နာမည်ကြီးသွားခဲ့တယ်၊
India နိုင်ငံကလူတွေ မင်းသားအစွဲ၊မင်းသမီးအစွဲကြောင့် မဟုတ်ပဲ ဇာတ်လမ်းကို သဘောကျလွန်းလို့ ကြည့်ပြီးတဲ့ သူတိုင်း Rating 10 ပေးခဲ့တာကြောင့် အခုလို Rating 9.8 ရပြီး ထိပ်ဆုံးရောက်သွားခဲ့ရခြင်းဖြစ်တယ်၊ ကြည့်ရှူသူများလာလို့ vote များပြီး Rating ကျလာပေမယ့် အခုအချိန်ထိ Top 10 ထဲမှာ ဆက်လက်ရှိနေပါတယ်၊
ထိုဇာတ်ကားကတော့ ယခု MDL ပရိသတ်တွေကို တင်ဆက်ပေးလိုက်တဲ့ Scam 1992 : The Harshad Mehta Story ဆိုတဲ့ ဇာတ်ကားပဲ ဖြစ်ပါတယ်၊
တကယ့်ဖြစ်ရပ်မှန် အဖြစ်အပျက်ကို အခြေခံထားတဲ့ ဒီစီးရီး India နိုင်ငံမှာ 1992 နှစ်အတွင်း ငွေကြေးကပ်ပျက်မှုကို ဖြစ်ပေါ်စေခဲ့တဲ့ ဟာရှဒ်မဟ်တာ ဆိုတဲ့ လူတစ်ယောက်ရဲ့ ဘဝကို အခြေခံပြီး ရိုက်ကူးထားတာပါ၊
ငယ်စဥ်က ဆင်းရဲပြီး နေထိုင်ခက်ခဲ့တဲ့ ဟာရှဒ်မဟ်တာရဲ့ အိပ်မက်က ချမ်းသာကြွယ်ဝပြီး တင့်တောင်းတင့်တယ်နေထိုင်ချင်တာာပါ၊ သူ့အိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့ ဟာရှဒ်အတွက် ဘုံဘေ စတော့အိတ်ချိန်းက မျက်စိကျစရာပါ၊
စတော့ပွဲစားကနေအစပြုခဲ့တဲ့ သူ့ရဲ့လမ်းကြောင်းက နောက်ဆုံးမှာ တစ်နိုင်ငံလုံးမှာရှိတဲ့ ငွေကြေးစီးဆင်းမှုကိုပါ တစ်မိနစ်အတွင်း ​မှောက်ခုံပြုလုပ်နိုင်တဲ့အထိ အင်းအားကြီးလာခဲ့ပါတယ်၊ဒီစီးရီးက ဟာရှဒ်တစ်ယောက် ဘယ်လို စီးပွားရေးတွေလုပ်ပြီး ဘယ်လိုတွေ ချမ်းသာလာခဲ့တယ်၊
ဘယ်လိုတွေ အကွက်မြင်ခဲ့တယ်ဆိုတာကို အပုိင်း ၁ ကနေ ၁၀ အထိ တစ်ထိုင်တည်း ကြည့်မိချင်ျလာက်အောင်အထိ စွဲဆောင်နိုင်လွန်းပါတယ်၊ ဒီဇာတ်လမ်းက စတော့စျေးကွက်တွေ၊​ငွေကြေးအကြောင်းတွေကို အများဆုံးအခြေခံထားတယ်ဆိုပေမယ့် ပျင်းရိဖွယ်မကောင်းပဲ ရုပ်ရှင်ကြည့်ပြီးချိန်မှာ ဒီဘဏ်ငွေကြေးဆိုင်ရာလည်ပတ်တဲ့စီးပွားရေးကို အတော်အတန် သဘောပေါက်နားလည်နိုင်သွားစေနိုင်ပါတယ်၊နောက်ပြီး
ဒီဇာတ်ကားရဲ့ အသက်ဖြစ်တဲ့ ဟာရှဒ်ရဲ့ ဒိုင်ယာလောခ့်တွေက အလွန်မှ ရိုးရှင်းပြီး အလွန်မှ အသက်ဝင်လွန်းပါတယ်၊ အောင်မြင်ရေးတက်ကျမ်းတွေဖတ်နေရင်တောင် သဘာဝမကျတဲ့ တော်ကီတွေကိုဖတ်ပြီး နားမလည်နိုင်ပေမယ့် ဒီဇာတ်ကားမှာ အသုံးပြုတဲ့ ဒိုင်ယာလောခ့်အများစုက ရိုးရှင်းလွယ်ကူပြီး စီးပွားရေးလုပ်ငန်းတိုင်းမှာ အကျိုးရှိစေတဲ့အထိ မှတ်သားဖွယ်ကောင်းလှပါတယ်၊
မင်းသားကြီး လီယိုနာဒိုရဲ့ နာမည်ကျော် The Wolf Of Wall Street လိုဇာတ်ကားတွေ၊ မင်းသားကြီး ဘရက်ပစ် ပါဝင်ထားတဲ့ The Big Short လို ဇာတ်ကားမျိုးတွေ ကြိုက်တဲ့သူတွေအတွက်ကတော့ ဒီဇာတ်ကားကရွှေပါ၊
ဒီလိုဇာတ်ကားမျိုးကို ရုပ်ရှင်အဖြစ်ကြည့်ရတဲ့အချိန်မှာ အချိန်အကန့်အသတ်ကြောင့် နားမလည်နိုင်တာတွေရှိနိုင်ပေမယ့် ဒီဇာတ်လမ်းက အပုိင်း ၁၀ ပိုင်းပါတဲ့ စီးရီးဖြစ်တာကြောင့် အလွယ်တကူကြည့်ရလွယ်ကူစေနိုင်မှာပါ၊
ဒီလိုဇာတ်လမ်းမျိုးတူတဲ့ ကိုရီးယာ ဇာတ်လမ်းတွဲတစ်ခုလည်း ဒီနှစ်စကထွက်ရှိထားခဲ့ပါသေးတယ်၊The Money Game လို့အမည်ရပြီး ကျနော်တို့ CM ကနေလည်း ဘာသာပြန်ပြီး တင်ဆက်ခဲ့ပါသေးတယ်၊ကိုရီးယားကားကတော့ အတော်လေး လေးပင်ပြီး ကြည့်ရတာနားမလည်နိုင်ခဲ့ပေမယ့် ဒိဇာတ်ကားကတော့ အလွန်ရှုပ်ထွေးတဲ့ အကြောင်းအရာကို အလွယ်တကူနားလည်နိုင်အောင် တင်ဆက်ပြသနိုင်ခဲ့တဲ့ ဇာတ်ညွှန်းနဲ့ သရုပ်ဆောင်တွေကြောင့် imdb မှာ rating 9.8 ထိရတဲ့အထိ အောင်မြင်နိုင်ခဲ့တာဖြစ်ပါတယ်၊
မကြာမီအချိန်မှာ ​ကျနော်တို့နိုင်ငံမှာလည်း စတော့စျေးကွက်၊ဘဏ်ချေးငွေ အစရှိတဲ့ လုပ်ငန်းတွေက အတော်အများပတ်သတ်ရမှာဖြစ်တာကြောင့် အခုကတည်းက ကြည့်ပြီးပညာယူထားမယ်ဆို မမှားပါဘူ၊
အပုိင်း ၁၀ ပိုင်းသာရှိပြီး india ဇာတ်လမ်းတွဲတွေဆို ပေရှည်ပြီး ပါသမျှသရုပ်ဆောင် မျက်နှာတွေကို မလွတ်တမ်းကင်မရာရိုက်ပြနေတာတွေ မပါဝင်ပဲ သဘာဝကျတဲ့ သရုပ်ဆောင်တွေနဲ့ စိတ်လှုပ်ရှားဖွယ်ရာ ဇာတ်လမ်းကိုမှ ကြည့်ချင်တဲ့ သူတွေ အတွက်ကတော့ scam 1992 ဇာတ်ကားက စိတ်ကျေနပ်မှု ရရှိစေမှာပါ၊

Series ကြည့်ရန်👇👇👇
https://t.me/mdlmoviestore/183

Telegram Movie Linkမို့ (Telegram Acc) တခု ဖွင့်လိုက်ပါ...

(Telegram Acc) ဖွင့်နည်း🔺🔺👇👇
https://www.facebook.com/100002661925863/posts/4003502446415113/?d=n

MDL Movie Store ကို အားပေးမူအတွက်အထူး‌ကျေးဇူးတင်ပါသည်

Address

Maymyo

Alerts

Be the first to know and let us send you an email when MDL Movie Store posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share