Moe Myint Zu Wynn

Moe Myint Zu Wynn My own thoughts

17/09/2025

Hello.. testing 😄

Same Feeling
24/05/2024

Same Feeling

လောကကြီးရဲ့ နားတွေနဲ့ အမှန်တရားဆိုတဲ့ မကန်းတဲ့မျက်လုံးတွေကိုတိုင်တည်ပါတယ်...ကျွန်မရဲ့မယုတ်မာ၊မလိမ်ညာခဲ့တဲ့စိတ်ရင်းတွေကြေ...
18/01/2024

လောကကြီးရဲ့ နားတွေနဲ့
အမှန်တရားဆိုတဲ့ မကန်းတဲ့မျက်လုံးတွေကို
တိုင်တည်ပါတယ်...
ကျွန်မရဲ့မယုတ်မာ၊မလိမ်ညာခဲ့တဲ့
စိတ်ရင်းတွေကြောင့်....
သံသရာတစ်လျှောက်လုံးအေးချမ်းပါရစေ။ ။
💜Moe 💜

25/05/2023

မိုးသားနဲ့တိမ်ညိုလာရင်လွမ်းနာကျ🌨️🌧️

ချစ်တဲ့သူရှိဖူးတယ်အချစ်ခံရဖူးတယ်••ဒီလောက်ဆို ဒီဘဝသံသရာလူဖြစ်ရတာ လုံလောက်ပြီ•••တိတ်တိတ်လေး ထွက်သွားပြီးငိုသံမကြားရတဲ့အရပ်...
28/01/2022

ချစ်တဲ့သူရှိဖူးတယ်
အချစ်ခံရဖူးတယ်••
ဒီလောက်ဆို ဒီဘဝသံသရာ
လူဖြစ်ရတာ လုံလောက်ပြီ•••
တိတ်တိတ်လေး ထွက်သွားပြီး
ငိုသံမကြားရတဲ့အရပ်မှာ
နောက်ထပ် တစ်ဇာတ်လမ်း စ ပါရစေ....။ ။
💜MMZW💜

29/11/2020

ဓါးနဲ့ထိုးခံရလို့သွေးထွက်နာနေတဲ့သူကအသံတိတ်ပြီးဓါးနဲ့ထိုးတဲ့သူကနာလွန်းလို့ပါဆိုပြီးအော်ပြနေတာသိပ်ပြီးများမလွန်လွန်းဘူးလား

15/10/2020

ရည်းစားလုံးဝမထားဖူးသေးတဲ့အရွယ်က ရိုက်ခဲ့တဲ့ စုံတွဲ VCD Karaokeသီချင်း☺️ဘာလို့လဲတော့မသိဘူး။ပြန်ကြည့်တိုင်း ရှက်တယ်😁😁(မရယ်ကြနဲ့နော်)အမှတ်တရပါ💁‍♀️
🎶လုံးဝမကြားချင်ဘူး🎶

မျှော်လင့်ချက်တွေမှာ အရောင်မပါဘူးကွယ့်💁‍♀️သတိရရင် တိမ်တွေကိုငေးတယ်☁️👀အရမ်းလွမ်းရင် မြေပြင်ကိုကြည့် တိုးတိုးမေးမိတယ်💁‍♀️က...
14/08/2020

မျှော်လင့်ချက်တွေမှာ အရောင်မပါဘူးကွယ့်💁‍♀️
သတိရရင် တိမ်တွေကိုငေးတယ်☁️👀
အရမ်းလွမ်းရင် မြေပြင်ကိုကြည့် တိုးတိုးမေးမိတယ်💁‍♀️
ကောင်းကင်ကြီးလည်းအမြဲပြာလဲ့မနေဘူး🙅🏼‍♀️
မြေပြင်လည်း အမြဲမာကြောမနေဘူး🙅‍♀️
မတည်မြဲခြင်းတွေကြားမှာ💁‍♀️💁‍♀️
တည်မြဲခြင်းတစ်ခုကို ကိုယ်ပြောနိုင်တယ်👍🏻
မပိုင်ဆိုင်ရခြင်းတွေထဲမှာ•••
ကိုယ်ချစ်ခြင်းနဲ့ကိုယ့်လွမ်းဆွတ်မှုကို ကိုယ်ပိုင်တယ်💁‍♀️💁‍♀️
မိုးမဉ္ဇူဝင်း

ခုချိန်မှာ အချစ်တွေဘယ်လိုရပ်သွားလဲ ဆိုတာထက်❣️ မန္တလေးက တာရိုး ရေမကျော်အောင် ဘယ်လိုရပ်သွားလဲ ❣️ ပိုအရေးကြီးတယ်👌မန္တလေးမှ ...
21/07/2020

ခုချိန်မှာ အချစ်တွေဘယ်လိုရပ်သွားလဲ ဆိုတာထက်❣️
မန္တလေးက တာရိုး ရေမကျော်အောင် ဘယ်လိုရပ်သွားလဲ ❣️ ပိုအရေးကြီးတယ်👌
မန္တလေးမှ ချစ်ရသူများ ဘေးအန္တရာယ် ဝေးကွာကြပါစေ❣️
​ဘာစာကြောင်းတွေမှရေးလို့မရဘူး😌
အမျိုးတွေအားလုံး အန္တရာယ်ကင်းဘေးရှင်းကြပါစေရှင်🙏🙏🙏

"နေ" မှာကိုယ်ပိုင်အလင်းရောင်ရှိတယ်☀️"လ"ကတော့ သူများအလင်းရောင်နဲ့သာ တောက်ပနိုင်တယ်🌙ကျွန်မကတော့ ဖျော့ဖျော့လေးမြင်ရယုံသာ တေ...
12/07/2020

"နေ" မှာကိုယ်ပိုင်အလင်းရောင်ရှိတယ်☀️
"လ"ကတော့ သူများအလင်းရောင်နဲ့သာ တောက်ပနိုင်တယ်🌙
ကျွန်မကတော့ ဖျော့ဖျော့လေးမြင်ရယုံသာ တောက်ပပြီး ကိုယ်တိုင်လောင်ကျွမ်း စတေးလိုက်မှ လင်းရမယ့် ကြယ်ပွင့်သေးသေးလေးဖြစ်မယ်ဆိုလျှင်တောင် မီးလျှံကြောင့်ကြွေကျ၊ မြေခတဲ့ ကြယ်လေးတစ်ပွင့်ဖြစ်လည်းကျေနပ်တယ်🌟⭐💫(တခြားအရာ/တခြားသူတွေ မမှီခိုပဲ ကိုယ်တိုင်လောင်ကျွမ်းခံစတေးပြီးတောက်ပလို့)။
💜မိုးမဉ္ဇူဝင်း💜

ကျွန်မက ငယ်ငယ်ကတည်းက ဆံပင်အရှည်ထားရတာကိုနှစ်သက်မြတ်နိုးတယ်။အဲ့ဒီဆံပင်အရှည်ကြောင့် ခုလိုမိုးတွင်းကျောင်းအသွားအပြန် မိုးစိ...
01/07/2020

ကျွန်မက ငယ်ငယ်ကတည်းက ဆံပင်အရှည်ထားရတာကိုနှစ်သက်မြတ်နိုးတယ်။အဲ့ဒီဆံပင်အရှည်ကြောင့် ခုလိုမိုးတွင်းကျောင်းအသွားအပြန် မိုးစိုလို့၊ ခဏခဏအအေးမိဖျားတော့ ဆံပင်ညှပ်ဖို့ပြောရင် အရမ်းစိတ်ဆိုးတာပဲ။
အရမ်းရှည်လာလို့ ဆံပင်အောက်နားတွေမကောင်းတော့လည်းညှပ်ပစ်ရမှာ အရမ်းနှမြောခဲ့တယ်။အဲ့ဒီမကောင်းတဲ့ဆံပင်အောက်နားလေးတွေကြောင့် ဆံပင်အရှည်နှေးတယ်ပြောမှ မညှပ်ချင်ညှပ်ချင်နဲ့ နည်းနည်းလေးပဲညှပ်ပါနော်ဆိုပြီး ဆံပင်ညှပ်ပေးတဲ့သူကို သေချာပြောပြီးနှမြောတသနဲ့ညှပ်ခဲ့ရတယ်။
ခုအသက်အရွယ်တစ်ခုကိုရောက်လာတော့လည်း ကျွန်မ ဆံပင်အရှည်ကိုနှစ်သက်မြတ်နိုးဆဲပါပဲ။ဒါပေမယ့် ငယ်ငယ်တုန်းကလို မကောင်းတဲ့ဆံပင်တွေကို ညှပ်ပစ်ဖို့မနှမြောတော့ဘူး။
မကောင်းတဲ့ဆံပင်တွေညှပ်လိုက်ပြီးလည်း အချိန်တစ်ခုမှာ ကောင်းတဲ့ဆံပင်ပြန်ဖြစ်လာတာကိုသိသွားပြီ။
ဒီလိုပါပဲ ကျွန်မဘဝအတွက် မကောင်းတဲ့ဘယ်အရာမဆို အရင်ကလို သံယောဇဉ်ထားဖက်တွယ်မနေတော့ဘူး။
ကိုယ်ဖက်တွယ်ထားတဲ့အရာကြောင့် ကိုယ့်ဘဝတက်လမ်း နှောင့်နှေးစေမယ်ဆိုရင် ကိုယ်ကစပြီးလက်လွှတ်စွန့်ပစ်လိုက်တယ်။
တကယ်တော့ ကိုယ့်အတွက် မကောင်းမှန်းသိတဲ့ အရာ(လူတွေအပါအဝင်) ဘာကိုမဆို ကိုယ်ကိုတိုင် စွန့်လွှတ်လိုက်နိုင်ရင် ကိုယ့်အတွက်ကောင်းမွန်တဲ့ အသစ်တွေထပ်ရောက်လာစမြဲပါ။
💜မိုးမဉ္ဇူဝင်း💜

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Moe Myint Zu Wynn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Moe Myint Zu Wynn:

Share

Category