13/05/2025
စစ်သည်တယောက်ရဲ့အားမာန်
----------------------------------------------
စစ်သည်၊ စစ်သည်စစ်စစ်တယောက်ဆိုလို့
လေးစားပါတယ်။
ဒါပေမယ့် ပြည်သူ့ကို စာနာပေးကာ
ထောက်ထားလိုက်ကြပါဦး။
လျှောက်လာတဲ့ လေ့ကျင့်ခန်းအနောက်တန်းက
သစ္စာတွေကို ခိုင်မြဲထာားတာသိပါတယ်
ဒါပေမယ့် ပြည်သူ့ကို စာနာပေးကာ
ထောက်ထားလိုက်ကြပါဦး။
စစ်သည်တို့ စာရိတ္တသတ္တိကိုမွေးဖွားစမ်းပါ။
ပညာသင်မောင်ငယ်ညီမငယ်လေးတွေကို
ဗုံးကြဲသတ်ဖြတ်တယ်ဆိုတာ အမိန့်ကြောင့်ဆိုတာကို
နားလည်ပါတယ်။
စစ်သည်တို့ရဲ့နှလုံးပြည့်ဝခြင်းဆိုတာက
ဦးနှောက်က စာရိတ္တနဲ့တအားဆိုင်တယ်။
စစ်သည်တို့ ရင်ထဲမှာ ဗလာသာရှိနေပြီလား။
#အောင်ငြိမ်း(၁၂/၅/၂၀၂၅)