Mg Myo

Mg Myo Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Mg Myo, Poet, Mawlamyine.

01/10/2025

🥰

🤍
01/10/2025

🤍

အမေရီကန်
ဆန်ဖရန်/မယ်ရီလန်း/ဘော်စတွန်/နယူးယောက်
ကိုရီးယား
ဘန်ကောက်
မဲဆောက်
မလေးရှား
စင်ကာပူ မကြာမီလာမည်။

😥
30/09/2025

😥

🤍
30/09/2025

🤍

🤍
30/09/2025

🤍

သတိရှိတဲ့သူတွေ သတိထပ်ရှိဖို့လိုတာတခုက ကိုယ်ကလူဖြစ်တဲ့အလျှောက် တခါတလေတခြားလူတွေကို judge လုပ်မိတတ်တယ်။ ကိုယ်ကသတိရှိတော့ ကိုယ့်ကိုယ်ကိုယ်သတိထားမိပြီး ကိုယ့်ကိုယ်ကိုယ် judge ပြန်လုပ်တတ်ပြန်တယ်။ အဲဒီမှာ မုန့်လုံးစက္ကူကပ်ဖြစ်ပါလေရော။ ကြာလာတော့စိတ်ညစ်ညမ်းမှု(mind pollution)ဖြစ်လာပြီး ကိုယ့်ကိုယ်ကိုယ်မကောင်းတဲ့လူတယောက်လိုမြင်လာနိုင်တယ်။ သူတပါးကို judge လုပ်မိရင် ကိုယ့်ကိုယ်ကိုယ် judge ပြန်မလုပ်ပဲ သတိလေးရှိလိုက်ရင် okay ပါတယ်။

Good night ✨💤⭐️🌙
(အိပ်ရာဝင်အတွေး)

📸Noah ☺️

🤍
29/09/2025

🤍

#မွေးရာပါမဟုတ်တာကိုမွေးမယူပါနဲ့
သံသယနဲ့ စိုးရိမ်စိတ်က
မွေးရာပါမဟုတ်ပါဘူး၊
မွေးယူတဲ့စိတ်ပါ။

သံသယစိတ်ကအင်မတန်ဆိုးပါတယ်။
လူအများရှေ့စကားပြောခြင်းမှာ အဓိကမိမိကိုယ်မိမိယုံကြည်မှုကို ဟန့်တာနေတာလည်း ဒီသံသယစိတ်ပါပဲ။
လူတွေက ကိုယ့်ကိုကဲ့ရဲ့ကြမလား?
ကိုယ်ပြောတာ အမှားပါသွားမလား?
ကိုယ်က အဆင်ပြေအောင်ပြောနိုင်ပါမလား? စသဖြင့် လားပေါင်းများစွာနဲ့ သံသယက ယုံကြည်မှုကိုပိတ်ထားတာပါ။

ဒီစိတ်တွေက မွေးရာပါလာတာတစ်ခုမှ မဟုတ်ပါဘူး။
ကိုယ်ကမွေးယူလိုက်တာပါ။

တကယ်တမ်းလက်တွေ့လေ့ကျင့်မှု‌တွေများများလုပ်ပြီး ဒါတွေကျော်ဖြတ်လိုက်ကြတဲ့အခါ ဒီသံသယစိတ်တွေဟာ တစ်ခုမှမရှိကြတော့ပါဘူး။

ဒီလိုသံသယစိတ်တွေပျောက်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုတွေတိုးစေဖို့ စာတွေ့လက်တွေ့ပါဝင်တဲ့ လာမယ့် အောက်တိုဘာလ ၃ ရက်နေ့မှာဖွင့်လှစ်မယ့် #စကားပြောစွမ်းရည်နဲ့လူမှုဆက်ဆံရေးစွမ်းရည် သင်တန်းအမှတ်စဉ် - ၄၇ သင်တန်းကြီးလည်း စတော့မှာမို့ သင်တန်းတက်ရောက်လိုသူများ မန့်မှာ "PSCS" လို့မန့်ခဲ့နိုင်ပါတယ်။

Telegram/
Viber/ 09785229414 တို့ကနေလည်း တိုက်ရိုက်ဆက်သွယ်နိုင်ကြပါတယ်။



#သင်တန်းများအပ်နှံနိုင်ကြပါပြီ

🤍
29/09/2025

🤍

■ကဗျာ

‘စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်’

◼️လင်းညိုရိပ်

လူငယ်တွေဟာ အချစ်ကို
ခေတ်နဲ့ယှဉ်ပြီး ဦးစားပေးလို့မရမှန်းသိတဲ့အခါ
အချစ်ဆိုတာကို ခဏမေ့ထားပြီး
သူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

နောက်မျိုးဆက်တွေအတွက် အနာဂတ်ဆိုတာဟာ
စနစ်အပေါ်မှာပဲ မူတည်နေတော့
သူတို့အနာဂတ်ဆိုတာကို ခဏမေ့ထားပြီး
သူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

လူငယ်တွေဟာ ပန်းသိပ်ကြိုက်တဲ့အမေအိုအတွက်
ပန်းကလေးတွေကို အရင်လိုအလွယ်တကူ
ခူးပေးလို့မရမှန်းသိတဲ့အခါ ဓားထက်ထက်သွေးပြီး
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

သံချေးကိုက်နေတဲ့ ယန္တရားအပျက်ကြီးကို
ပြင်လို့မရနိုင်မှန်းသိတဲ့အခါ လူငယ်တွေဟာ
ပိုကောင်းတဲ့အသစ်တစ်ခုနဲ့ အစားထိုးဖို့အတွက်
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက်
သူတို့ထမ်းဆောင်လို့မရတော့တဲ့ တာဝန်တွေကို
"ငါတို့ပခုံးပေါ်လွှဲပြောင်းယူရမယ်လို့" ခံယူထားကြတဲ့အခါ
အဲ့ဒီခံယူချက်အတွက်
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

မပြောမဆိုနဲ့ အိမ်ကထွက်လာတဲ့နောက်
အမေ့ကိုဖုန်းဆက်ပြီးပြောခဲ့တဲ့စကား
"အောင်ပွဲနဲ့အတူပြန်ခဲ့မယ်အမေ" ဆိုတဲ့
အဲ့ဒီသွေးထဲက ကတိအတွက်
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။

လူငယ်တွေဟာ အိမ်အပြန်ခရီးအတွက်
သူတို့လမ်းကိုသူတို့ဖောက်
သူတို့သွေးကိုသူတို့သောက်လို့
ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်
စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ ။

(The Call -ခေါ်သံ"အွန်လိုင်းမဂ္ဂဇင်းမှာ 'လင်းညိုရိပ်' ရေးဖွဲ့တဲ့ "စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်" ကဗျာကို People's Spring ကပြန်လည်​ဖော်ပြ​ပေးတာ ဖြစ်ပါတယ်။အနုရသကဲပြီးတော်လှန်​ရေးအတွက်အ​ထောက်အကူပြုတဲ့ စာ​ပေကဏ္ဍမျိုးစုံကို "The Call - ​ခေါ်သံ" အွန်လိုင်းမဂ္ဂဇင်းရဲ့ ​page ဖြစ်တဲ့ https://www.facebook.com/profile.php?id=100087677882749... မှာလည်းသွား​ရောက်ဖတ်ရှုနိုင်ပါတယ်)

29/09/2025

🤍

29/09/2025

🤍

Address

Mawlamyine

Telephone

+13095214945

Website

Alerts

Be the first to know and let us send you an email when Mg Myo posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category