Kooky

Kooky Kooky Content Sharing interesting content

☕ကော်ဖီအကြောင်း သိကောင်းစရာအဖြာဖြာ ~~~~~~~~~~~~©~~~~~~~~~~~     ☕ကော်ဖီရာဇ၀င်။     အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ပထမဆုံ...
26/11/2021

☕ကော်ဖီအကြောင်း သိကောင်းစရာအဖြာဖြာ
~~~~~~~~~~~~©~~~~~~~~~~~
☕ကော်ဖီရာဇ၀င်။
အီသီယိုးပီးယားနိုင်ငံသည် ကမ္ဘာ့ပထမဆုံးနိုင်ငံ အဖြစ် ကော်ဖီကို (၉) ရာစုခန့်ကတည်းက အစပြု သောက်သုံးလာခဲ့ရာ၊ (၁၆) ရာစုနှစ် ရောက် သောအခါ ကမ္ဘာတစ်၀န်း၌ “အာရေဗျဝိုင်” ဟု ရေပန်းစားလာခဲ့သည်။ ယနေ့ထိတိုင် ကော်ဖီကို လူမျိုးမရွေး၊ ဘာသာမရွေး အာသာငမ်းငမ်း သောက်သုံး လျက် ရှိနေကြပါသည်။ လတ်တလော စစ်တမ်းများအရ ကမ္ဘာပေါ်တွင် အာရေဘီကာကော်ဖီစေ့ကို ၇၀ ရာခိုင်နှုန်း အသုံးပြုကြကြောင်း၊ ရိုဘက်စတာ ကော်ဖီစေ့ကို အသုံးပြုမှု နည်းသော်လည်း အခါးဓာတ်များ၍ ကဖိန်းဓာတ် နှစ်ဆပိုသဖြင့် နှစ်သက်သူများကြောင်း၊ လက်ရှိ နိုင်ငံပေါင်း ၅၀ ခန့်မှ တောင်သူ များသည် ကော်ဖီစိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ကြကြောင်း နှင့် ကမ္ဘာပေါ်တွင် ကုန်သွယ်မှုအများဆုံး ရပ်တည်လျက်ရှိသည့် ထုတ်ကုန်မှာ ရေနံဖြစ်ပြီး၊ ဒုတိယမြောက် ကုန်သွယ်မှုအများဆုံး ထုတ်ကုန်မှာ ကော်ဖီဖြစ်ကြောင်း လေ့လာသိရသည်။

ကမ္ဘာသုံး အစားအသောက်တစ်မျိုးဖြစ်သော ကော်ဖီကို အဖျော်ယမကာအဖြစ် မြှင့်တင်ဂုဏ်ပြုသောအားဖြင့် နှစ်စဉ် အောက်တို ဘာလ (၁) ရက်နေ့ကို “ International Coffee Day - အပြည်ပြည်ဆိုင်ရာကော်ဖီနေ့ ” အဖြစ် သတ်မှတ်ထားသည်။ အပြည်ပြည်ဆိုင်ရာ ကော်ဖီအဖွဲ့အစည်း၏ သဘောတူညီချက်အရ အီတလီမြောက်ပိုင်း၊ မီလန်မြို့တွင် ကမ္ဘာ့ပထမဆုံး အပြည်ပြည်ဆိုင်ရာ ကော်ဖီနေ့ကို ၂၀၁၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့၌ စတင် သတ်မှတ်ခဲ့ကြောင်း လေ့လာသိရသည်။ ထိုသို့သတ်မှတ်ရခြင်း၏ ရည်ရွယ်ချက်မှာ တရားမျှတသော ကော်ဖီရောင်း၀ယ်မှုကို မြှင့်တင်ရန် နှင့် ကော်ဖီ စိုက်ပျိုးသူများ၏ အခက်အခဲကို အသိပညာပေးရန် တို့ဖြစ်သည်။ International Coffee Day သည် နှစ်စဉ် သက်၀င်လှုပ်ရှားလျက်ရှိပြီး အချို့သော ကုမ္ပဏီ များက ကော်ဖီနေ့ နှုတ်ခွန်းဆက်ကဒ်များနှင့်အတူ အခမဲ့ e - ကဒ်များ ရောင်းချကြသည်။ ကော်ဖီသည် ကမ္ဘာသုံးအဖျော်ယမကာ ဖြစ်သည့်အားလျော်စွာ မျက်မှောက်ကာလတွင် စီးပွားရေးနယ်ပယ်အသီးသီး၌ ကော်ဖီခွက်ကို အခမဲ့ (သို့မဟုတ်) လျှော့စျေး ၀န်ဆောင်မှုပေးကြသလို၊ အချို့သော စီးပွားရေး လုပ်ငန်းရှင်များကလည်း ကူပွန်များဖြင့် အထူး စျေးရောင်းမြှင့်တင်ခြင်းများကို လူမှုကွန်ယက်မှတဆင့် မျှဝေလျက်ရှိသည်။

မြန်မာ့ကော်ဖီ။

နိုင်ငံတကာတွင် ကော်ဖီကို တန်ဖိုးထားမက်မောစွာ သောက်သုံးကြသလို မြန်မာနိုင်ငံတွင်လည်း ကော်ဖီသောက်သုံးသည့် အလေ့အထ ရှိနေကြ သည်။ မြန်မာနိုင်ငံ၌ စျေးကွက်၀င်ကော်ဖီမျိုး စိုက်ပျိုးလျက်ရှိပါသည်။ လက်ရှိ ကော်ဖီစိုက်ဧက သုံးသောင်းကျော်ရှိပြီး ဒေသအလိုက် ကော်ဖီစေ့မှ ကော်ဖီ မှုန့် ဖြစ်လာသည့် အာရေဘီကာ နှင့် ရိုဘက်စတာမျိုး နှစ်မျိုးကို အဓိကစိုက်ပျိုးကြသည်။ ပြင်ဦးလွင်ဒေသသည် ကော်ဖီစိုက်ပျိုးမှု အများဆုံးဖြစ်ပြီး၊ ကော်ဖီ စိုက်ဧက တစ်သောင်းကျော်ရှိကာ စျေးကွက်အတွင်း နာမည်ရရှိပြီးဖြစ်သည်။

ဆေးဖက်၀င် ကော်ဖီ။

Aroma မျိုးနွယ်၀င်ဖြစ်သည့် အပင်မှရရှိတာကြောင့် ကော်ဖီက ကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်ကြောင်း နိုင်ငံတကာ ကျန်းမာရေး သုတေသီများ၏ မှတ်တမ်းတချို့ကို အောက်ပါအတိုင်း လေ့လာသိရသည်။

· ကော်ဖီတွင် ရောဂါပိုးမွှားများကို တိုက်ဖျက်ကာကွယ်ပေးနိုင်သည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်း (ခေါ်) antioxidant အာဟာ ရ ဓာတ်သတ္တုများစွာ ပါ၀င်နေသည်။

· ခန္ဓာကိုယ်တွင်း အဆီလောင်ကျွမ်းမှုကို ကော်ဖီက အားပေးကူညီပေးနိုင်သည်။

· အသည်းကို အားကောင်းလာစေသည်။

· ပါကင်ဆန် (ခေါ်) အသက်ကြီး၍ ခြေတုန်လက်တုန်ရောဂါများ နှင့် အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါများ ဖြစ်နိုင်ခြေကို လျော့ချ ပေးနိုင်သည်။ ထို့ကြောင့် အသက် ၆၅ နှစ်အထက် သက်ကြီးပိုင်းများကို ကဖိန်းဓာတ်နည်းသော ကော်ဖီပျော့ပျော့ နေ့စဉ် တိုက်ကျွေးသင့် ကြောင်း the University of South Florida နှင့် the University of Miami တို့မှ သုတေသီများက အကြံပြုထားကြသည်။

· အချိုမပါသောကော်ဖီ တနေ့ နှစ်ခွက် ပုံမှန်သောက်ခြင်းက ဆီးချိုအမှတ်ရောဂါ-၂ ဖြစ်နိုင်ခြေကို ၅၀ ရာခိုင်နှုန်း လျော့ချပေးကြောင်း The American Chemical Society က အကြံပြုထားသည်။

· ကဖိန်းဓာတ်က သွေးထဲရှိ ဖက်တီးအက်ဆစ် ပမာဏကိုတိုးပွားစေကာ၊ ထိုအက်ဆစ်တွေကို ခန္ဓာကိုယ်ကြွက်သားများက စုပ်ယူ လောင်မြိုက် ပေးသဖြင့် ကိုယ်လက်ကိုက်ခဲ နာကျင်ခြင်းကို သက်သာစေသည်။ အထူးသဖြင့် မာရသွန်၊ ပြေးခုန်ပစ်၊ ကြက်တောင် နှင့် စက်ဘီးစီး စသည့် အားကစားသမားများအတွက် ကော်ဖီက အထောက်အကူပြုကြောင်း The New York Times မှာ ဖော်ပြထားသည်။

· အမျိုးသား၊ အမျိုးသမီး ဦးရေစုစုပေါင်း တစ်သိန်းကျော်ကို အနှစ် (၂၀) ကြာ သုတေသနပြုပြီးနောက် ကော်ဖီက အရေပြားကင်ဆာနှင့် ရင်သား ကင်ဆာ ဖြစ်နိုင်ခြေ လွန်စွာနည်းပါးစေကြောင်း Brigham and Women's Hospital မှ အကြံပြုထားသည်။

· ကော်ဖီသောက်ပြီးနောက် စိတ်ကိုလန်းဆန်း ပျော်ရွှင်လာစေသဖြင့် ဆယ်ကျော်သက်များ မိမိကိုယ်ကို သေကြောင်းကြံစည်လိုမှု ၅၀ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း the Harvard School of Public Health မှ အတည်ပြုထားသည်။

· ကိုရီးယားနိုင်ငံ Seoul National University က ကြွက်များ နှင့် စမ်းသပ်ပြီးနောက်မှာ ကော်ဖီက စိတ်ကျရောဂါကို ပျောက်ကင်းစေသည့်ပြင် လိင်စိတ်နိုးကြွစေသည်ဟု ဆိုပါသည်။

· ၂၀၀၆ ခုနှစ်ကလည်း အမေရိကန်မှာ အရက်စွဲနေသူ လူဦးရေ တစ်သိန်းနှစ်သောင်းကျော်ကို (၂၂) နှစ်ကြာ သုတေသန ပြုချက်များအရ၊ နေ့စဉ် ကော်ဖီတစ်ခွက် ပုံမှန်သောက်သူတွေမှာ အရက်ကြောင့်ဖြစ်သည့် အသည်းခြောက်ရောဂါ ဖြစ်နိုင်ခြေအလားအလာ ၂၀ ရာခိုင်နှုန်း လျော့ကျစေကြောင်း လေ့လာသိရသည်။

· ကော်ဖီက အရွယ်တင်နုပျိုစေသည့်အပြင် သည်းခြေအိတ်ကျောက်တည်ခြင်း၊ မကြာခဏ မျက်စိ ပုတ်ခတ်ပုတ်ခတ်လုပ်သူများ၊ သွားပိုးစား ခြင်း၊ ဂေါက် (ခေါ်) အဆစ်မြစ်ရောင်ရမ်းနာများ စသည်တ်ို့အတွက် ဆေးဖက်၀င်ကြောင်း ကျန်းမာရေးသုတေသီများက ဆိုထားသည်။

· ကော်ဖီက လူ့သငံရည်(သားနံရည်)ကြော အဖွဲ့အစည်းကို အဆိပ်အတောက်ပြေစေသည်။ အထူးသဖြင့် orange peel (ခေါ်) အရေပြား အဖု အထစ် ကြမ်းတမ်းခြင်းကို သက်သာစေနိုင်သည်။ ထို့ကြောင့် အရေပြားရောဂါရှိသူများက ကော်ဖီမှုန့်ဖြင့့်ပြုလုပ်ထားသည့် ဆပ်ပြာ၊ ကရင်မ်၊ လိုးရှင်းများကို အသုံးပြုသင့်ကြောင်း လှပမှုဆိုင်ရာ အရေပြားရောဂါဗေဒ ပညာရှင်များက Beauty Mantra (ခေါ်) အမေရိကန် အလှအပ ဆိုင်ရာ အင်တာနက်စာမျက်ထက်တွင် အကြံပြုထားသည်။

· ၂၀၁၅ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဗြိတိန်နိုင်ငံ Imperial College London မှ စမ်းသပ်ချက်အရ အမျိုးသမီးဦးရေ ၄၅၆,၀၀၀ ကို လေ့လာခဲ့ရာ တစ်နေ့ ကော်ဖီ သုံးခွက် သောက်သုံးလေ့ရှိသော အမျိုးသမီးများမှာ သားအိမ်ကင်ဆာ ဖြစ်ပွားနိုင်မှုအန္တရာယ်ကို ၁၈ ရာခိုင်နှုန်း လျော့ချပေးနိုင်ကြောင်း လေ့လာတွေ့ရှိခဲ့သည်။

· ၂၀၁၅ ခုနှစ်၊ နှစ်လယ်ပိုင်းတွင် အီတလီနိုင်ငံ၊ ဘာရီမြို့ရှိ ဆေးဝါးသုတေသန ပညာရှင်များက အသက်အရွယ်ကြီးရင့်သူ ၁,၄၀၀ အား စမ်းသပ် လေ့လာခဲ့ရာ၌ မပြင်းလွန်းမပျော့လွန်း(အလယ်အလတ်စား) ကော်ဖီသောက်သုံးသည့် အလေ့အကျင့်သည် ဦးနှောက်ကျန်းမာရေးကို အ ထောက်အကူပြုကြောင်း တွေ့ရသည်။ အဆိုပါလေ့လာမှုအား အီတလီ ဘာရီအယ်လ်ဒိုမော်ရိုတက္ကသိုလ်မှ သုတေသီများက ပြုလုပ်ခဲ့ခြင်း ဖြစ်ပြီး၊ အသက် ၆၅ နှစ် မှ ၈၄ နှစ် အရွယ်ကြား သက်ကြီးပိုင်း ၁,၄၄၅ ဦး၏ ကော်ဖီသောက်သုံးခြင်း နှင့် အာရုံကြောဆိုင်ရာ ကျန်းမာသန်စွမ်း ခြင်း ဆက်နွှယ်နေမှုအပေါ် သုံးနှစ် ကြာအချိန်ယူ၍ လေ့လာခဲ့သည်။ နေ့စဉ် ကော်ဖီ နှစ်ခွက် သောက်သုံးခြင်းက ဦးနှောက်၏စွမ်းအင်ကို တိုး တက်လာစေနိုင်ကြောင်း နှင့် အဆိုပါတွေ့ရှိမှုအား ဦးနှောက်အမေ့လွန်ရောဂါနှင့် ပတ်သက်သည့် အယ်လ်ဇိုင်းမားဂျာနယ်တွင် ပုံနှိပ်ဖော်ပြခဲ့ ခြင်းဖြစ်သည်။

· အိမ်ခန်းအတွင်း အနံ့ဆိုးများ မရှိစေရန်အတွက် ကော်ဖီမှုန့်က အသုံးတည့်လှသည်။ ကော်ဖီအမှုန့် (ground coffee) ကို အဝတ်အိတ်ပါးထဲ ထည့်၍ အခန်းထောင့်ပတ်လည်မှာ ချိတ်ဆွဲထားပေးပါ။ ၄င်းကော်ဖီမှုန့်က ဆေးလိပ်မီးခိုးတွေကိုလည်း စုပ်ယူပေးနိုင်ပါသည်။ သင်းပျံ့နေသော ကော်ဖီရနံ့က ကော်ဖီချစ်သူများအတွက် စိတ်အာရုံကြည်လင်လန်းဆန်းမှုကို ဖြစ်စေပါသည်။

နေ့စဉ်ကော်ဖီသောက်ခြင်းက ဆီးချိုရောဂါအမှတ်-၂ ကို ကာကွယ်ရာရောက်။

ဆီးချိုရောဂါအမှတ်-၂ ဆိုသည်မှာ ခန္ဓာကိုယ်ထဲမှာ အင်ဆူလင်ကို တုံ့ပြန်နိုင်အား ကျဆင်းလာသည့်အတွက် အင်ဆူလင်မလိုအပ်ဘဲ အင်ဆူ လင်ကို တုံ့ပြန်ပေးနိုင်သည့်ဆေးဝါးများ လိုအပ်ခြင်းကြောင့် ဖြစ်လာရသည့် နာတာရှည်ရောဂါတစ်မျိုး ဖြစ်ပေသည်။ ပျမ်းမျှ အသက် ၃၅ အထက်မှာ စဖြစ် လေ့ရှိပြီး သွေးတိုး၊ နှလုံးရောဂါတို့နှင့် ဆက်စပ်နေသည်။ သက်ကြီးပိုင်းဖြစ်လေ့ရှိသော ဆီးချိုရောဂါ၏ ၉၀ ရာခိုင်နှုန်းခန့်က ၄င်းဆီးချိုရောဂါအမှတ်-၂ ဖြစ်ပါ သည်။

ကော်ဖီကြိုက်သူများအတွက် သတင်းကောင်းလေးဖြစ်ပါသည်။ “ ကော်ဖီကို ရံဖန်ရံခါမှ သောက်သူတွေထက်စာရင်၊ ကော်ဖီကို နေ့စဉ်ပုံမှန် သောက်သူများဟာ ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေအလားအလာ နည်းပါးနိုင်တယ် ” ဟု ပြင်သစ်နိုင်ငံ အခြေစိုက် AFP သတင်းဌာနမှ သတင်း ထုတ်ပြန် ထားသည်။ ယခုလို ကော်ဖီ နှင့် ဆီးချိုရောဂါဆက်စပ်မှု သုတေသနကို Diabetologia အသင်းအဖွဲ့မှ စေတနာ့ရှင် ကျန်းမာရေး၀န်ထမ်းဦးရေ ၁၂၀,၀၀၀ ကျော်နှင့် လေ့လာစမ်းစစ်ခဲ့ခြင်း ဖြစ်သည်။ လေးနှစ်ကြာမျှ ကော်ဖီ စွဲသောက်လာခဲ့ကြသူများဖြစ်ကြသော ထိုကျန်းမာရေး၀န်ထမ်းများကို အုပ်စု (၂) စုခွဲ၍ လေ့လာကြည့်ရာ ယခုလို အဖြေထွက်ရှိခဲ့သည်။ (က) တစ်နေ့လျှင် ကော်ဖီ ပျမ်းမျှ တစ်ခွက် (သို့မဟုတ်) တစ်ခွက်ခွဲ သောက်လေ့ရှိသူက ဆီးချိုရောဂါ အမှတ်-၂ ဖြစ်နိုင်ခြေအလားအလာ ၁၁ ရာခိုင်နှုန်းနည်းပါးကြောင်း၊ (ခ) တချို့နေ့တွေမှာ ပုံမှန်သောက်နေကျ တစ်ခွက်ထက်ပို၍ နှစ်ခွက်တိတိ သောက် တတ်သူများက ဆီးချိုရောဂါအမှတ်-၂ ဖြစ်နိုင်ခြေ အလားအလာ ၁၈ ရာခိုင်နှုန်းထိ နည်းပါးသွားကြောင်း၊ (ဂ) ဘော့စတွန်နိုင်ငံရှိ the Harvard School of Public Health မှ Shilpa Bhupathiraju ဆိုသူက ထိုသုတေသနကို ဦးဆောင်းသူဖြစ်ကြောင်း the European Association for the Study of Diabetes (ခေါ်) ဆီးချိုရောဂါ လေ့လာစောင့်ရှောက်ရေး ကျန်းမာရေးဂျာနယ်တစ်စောင်မှာ ယခုလို အကျယ်တ၀င့် ဖော်ပြထားသည်။

၄င်းအဆိုကို the Science Media Centre မှ ကျွမ်းကျင်သူများကလည်း အတည်ပြု ထောက်ခံထားကြပြီး၊ ကော်ဖီ တစ်ခွက် နေ့စဉ် သောက်သင့် ကြောင်း နှင့် တချို့နေ့တွေမှာ နှစ်ခွက်သောက်ခြင်းဖြင့် ဆီးချိုရောဂါဖြစ်မလာအောင် ထိန်းထားနိုင်ကြောင်း ထပ်လောင်းအကြံပြုထားသည်။ သို့သော် အထက်ပါသုတေသန ပြုချက်ထဲတွင် လ္ဘက်ရည် နှင့် decaffeinated coffee (ခေါ်) ကဖိန်းဓာတ်မပါသည့် ကော်ဖီအမျိုးအစားတွေကို မဆိုလိုပေ။ အကယ် ၍ လ္ဘက်ရည် နှင့် decaffeinated coffee တို့ကို စွဲသောက်သည့်အခါ သွေးထဲမှာ သကြားဓာတ်တွေများလာပြီး ဆီးချိုအမှတ်-၂ ဖြစ်စေသည့်အပြင် အ၀လွန်ရောဂါလည်း ဖြစ်လာစေနိုင်ကြောင်း သိရသည်။

ကော်ဖီ နှင့် ဘေးထွက်ဆိုးကျိုး။

ကော်ဖီက အထက်ပါကျန်းမာရေး အကျိုးကျေးဇူးများစွာကို ပေးစွမ်းနိုင်သော်လည်း မွေးရာပါကိုယ်ခံအားနည်းသူများ၊ ကဖိန်းဓာတ်နှင့် ဓာတ်မ တည့်သူများ၊ ကဖိန်းဓာတ်ပြင်းပြင်း သောက်သုံးသူများ နှင့် ကော်ဖီအမှုန့်ကို မစစ်ခံဘဲ သောက်မိသည့်အခါ ခန္ဓာကိုယ်ကိုအကျိုးယုတ်စေသည့် LDL ကိုလက်ထရောများ မြင့်တက်လာပြီး နှလုံးသွေးကြောရောဂါ၊ အစာအိမ်အချဉ်ဖောက်ခြင်း၊ အာရုံကြောကိုနှိုးဆွ၍ အိပ်မပျော်ခြင်း၊ ကတုန်ကယင်ဖြစ်ခြင်း သွေးတိုးရောဂါ၊ အရိုးပါးရောဂါ၊ အစာအိမ် နှင့် အူလမ်းကြောင်း အတွင်းဖုံးလွှာထိခိုက်ခြင်း၊ သွားများညိုမည်းခြင်း စသည်တို့ ဖြစ်တတ်သည်။ ထို့ပြင် ကော်ဖီ အသောက်များသော ကလေးငယ်တွေမှာ ခန္ဓာကိုယ်ကြီးထွားမှုနှောင့်နှေးခြင်း၊ ကိုယ်၀န်ဆောင်မိခင်လောင်းများ၌ သားလျောသားပျက်ခြင်း စသည့် ဘေး ထွက်ဆိုးကျိုးများ ဖြစ်စေနိုင်သည်။

ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန်။

“သူ့ခါးသက်သက်အရသာလေးက လျှာရင်းမြက်စေသလို၊ နက်ရှိုင်းတဲ့ရနံ့လေးကို ရှုရှိုက်မိတိုင်း စိတ်ဘ၀င်ကို ကြည်လင် လန်းဆန်းသွားစေတယ်” ဟု ကော်ဖီချစ်သူများက မှတ်ချက်ချကြသည်။ နိုင်ငံတကာဆေးသုတေသီများ၏ စမ်းစစ်မှုအရ၊ နံနက် အိပ်ယာနိုးထပြီးနောက် တစ်နာရီခန့်အကြာသည် ကော်ဖီသောက်ရန် အသင့်တော်ဆုံးအချိန် ဖြစ်ကြောင်း လေ့လာသိရှိရပါသည်။ ကော်ဖီမသောက်ခင် အစားအစာ အဖတ်တစ်ခုခုဖြစ်စေ၊ ပေါင်မုန့်ကြမ်း တစ်ချပ်ဖြစ်စေ စားပြီးမှသာ သောက်ကြပါရန် အကြံပြုထားသည်။ ထို့ပြင် နေ့လည်စာစားပြီးနောက် တစ်နာရီကျော်အကြာ နှင့် ညနေခင်း အချိန်တွေက လည်း ကော်ဖီသောက်ရန် သင့်တော်ကောင်းမွန်သည့် အချိန်များဖြစ်ပါသည်။

ကော်ဖီရှောင်ရမည့် အချိန်။

ဗိုက်ထဲမှာ ဘာအစာမျှမရှိတဲ့အချိန် ကော်ဖီ လုံး၀ မသောက်ရ။ အသင့်အတင့် ကော်ဖီသောက်ခြင်းက ကျန်းမာရေးနှင့် ညီညွတ်ကြောင်းကို သိထား ကြပြီး ဖြစ်သည်။ အထူးသဖြင့် ကော်ဖီထဲမှာပါရှိသည့် ခန္ဓာကိုယ်အကျိုးပြု ဓာတ်တိုးဆန့်ကျင်ပစ္စည်းများက အူမကြီးကင်ဆာ မဖြစ်အောင် ကာကွယ်ပေးပါ သည်။ သို့သော် အသီးအနှံမျိုးနွယ်၀င် ကော်ဖီစေ့ထဲမှာ chlorine genic အက်ဆစ် (ခေါ်) ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ပါရှိနေကြောင်း တွေ့ရသည်။ အစားအသောက်ဆိုင်ရာ ဓာတ်ခွဲစမ်းသပ်သူများ၏ လေ့လာချက်များအရ၊ ၄င်းဓာတ်တိုးဆန့်ကျင်ပစ္စည်းက ဟာလာဟင်းလင်းဖြစ်နေသည့် အစာအိမ်၊ တစ်နည်းအားဖြင့်ဆိုသော် ဗိုက်ထဲမှာ ဘာအစာမျှမရှိဘဲ ကော်ဖီသောက်မိတဲ့အခါ ဆိုးရွားသည့် ဓာတ်ဖောက်ပြန်မှုကို ခံစားရစေနိုင်ကြောင်း တွေ့ရသည်။

အသေးစိပ်အနေဖြင့်ဆိုသော် ဟာလာဟင်းလင်းဖြစ်နေသည့် အစာအိမ်ထဲကို ဘလက်ခ်ကော်ဖီ(နို့ လုံး၀ မပါသောကော်ဖီကြမ်း) တစ်ခွက် လောင်း ထည့်လိုက်သောအခါ အစာချေအင်္ဂါ အစိပ်အပိုင်းများထဲမှ hydrochloric အက်ဆစ်ထွက်ရှိလာပြီး အစာအိမ်ရောင်ရမ်းနာရောဂါကို ဖြစ်စေသည်။ မည်မျှပင် ကျန်းမာနေသော အစာအိမ်ဖြစ်ပါစေ ထိုကဲ့သို့ သောက်သုံးလိုက်ခြင်းကြောင့် hydrochloric အက်ဆစ်များ အစာအိမ်ထဲမှာပျံ့နှံ့သွားပြီးနောက် ထမင်း (သို့ မဟုတ်) အဖတ်များ စားပြီးသည့်အခါ ထိုအစားအစာတွေကို အစာအိမ်က ကောင်းစွာချေဖျက်ရန် ခက်ခဲသွားသည်။ ထို့ပြင် ထိုအစားအစာများထဲမှာ ပါရှိ သော ပရိုတင်းအာဟာရ တန်ဖိုးများမှာလည်း အာနိသင်ပျက်ပြယ်လုနီးပါး ဖြစ်သွားသည်။ ၄င်း၏ နောက်ဆက်တွဲ ဆိုးကျိုးများအဖြစ် ရင်ပြည့်ရင်ကယ်ခြင်း၊ အစာအိမ်အက်ဆစ် အထွက်များခြင်း၊ ပျို့ချင်အန်ချင်ခံစားရခြင်း၊ ဗိုက်နာဗိုက်အောင့်ခြင်း၊ အူရောင်လေပွခြင်း စသည်တို့အပြင် အဆုံးစွန်သော ဆိုးကျိုး အဖြစ် အူမကြီးကင်ဆာကိုပါ ဖြစ်စေနိုင်သည်။

တဖန် အမေရိကန်နိုင်ငံရှိ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်သူများက အိပ်စက်ခြင်း နှင့် ကော်ဖီသောက်သုံးခြင်းကြောင့် သက်ရောက်မှုများကို လူ ၅ ဦး ဖြင့် အချိန်တစ်လခွဲကြာ လေ့လာခဲ့ကြရာ (က) ကော်ဖီတွင်ပါ၀င်သော ကဖိန်းဓာတ်က ကိုယ်တွင်း ဇီဝြဖစ်စဉ်များကို မိနစ် ၄၀ ခန့် နောက်ကျစေကြောင်း၊ (ခ) ညနေပိုင်း ကော်ဖီသောက်သုံးခြင်းက အိပ်ယာ၀င်ချိန်ကို တစ်နာရီခွဲခန့်ထိ နောက်ကျသွားစေကြောင်း၊ (ဂ) ညအိပ်ယာ၀င်ချိန်မတိုင်မီ သုံးနာရီအတွင်း ကော်ဖီသောက်သုံးခြင်းက အိပ်ပျော်စေသော ဟိုမုန်းများထုတ်လုပ်မှုကို မိနစ် ၄၀ ခန့်နောက်ကျစေကြောင်း၊ (ဃ) ညနေပိုင်း ကော်ဖီသောက်ခြင်းက အိပ်၍ မပျော်စေရုံသာမက ကိုယ်တွင်းအင်္ဂါများ လှုပ်ရှားလည်ပတ်မှုဖြစ်စဉ်များကို နှေးကွေးသွားစေကြောင်း စသည်ဖြင့် အဖြေထွက်ရှိသည်။ ထို့ကြောင့် ၄င်းအချိန် များမှာလည်း ကော်ဖီသောက်ရန် မသင့်ပေ။ (င) အရေးကြီးဆုံးအချက်က နံနက်အိပ်ယာထထချင်း ကော်ဖီကို အလျင်စလို မသောက်ပါနှင့်။ အဘယ် ကြောင့်ဆိုသော် နံနက်အိပ်ယာ ထထချင်း ကော်ဖီသောက်မိရာ ခန္ဓာကိုယ်ထဲမှာ cortisol ပမာဏ ရုတ်တရက်တိုးပွားလာကြပြီး၊ ၄င်း cortisol တွေက ခန္ဓာ ကိုယ်တွင်း ဇီဝြဖစ်စဉ်နာရီများကို ကြီးမားသည့် အဟန့်အတားများ ဖြစ်စေနိုင်ပါသည်။ (စ) သိုသော် ချွင်းချက်အဖြစ် ကော်ဖီသောက်သုံးခြင်းက စံတော်ချိန် မတူညီသော နိုင်ငံများသို့ခရီးထွက်ရာတွင် အချိန်ထိန်းညှိမှုအတွက် အကျိုးဖြစ်ထွန်းစေပါမည်။

သို့ပါ၍ အသက်ရှည်ရာ အနာမဲ့ကြောင်း ဖြစ်စေဖို့အတွက် ဗိုက်ထဲမှာ ဘာအစာမျှမရှိခင် ကော်ဖီမသောက်ကြပါရန် နှင့် နံနက်ချိန်ခါနိုးထချိန်မှာ ကော်ဖီခွက်ကိုင်၍ ထလေ့ရှိသူများ (ဝါ) မသောက်ရ မနေနိုင်သူများအတွက် ကော်ဖီမှုန့် နည်းနည်းမျှသာထည့်၍ နွားနို့အနည်းငယ် (သို့မဟုတ်) ထောပတ် အနည်းငယ် ထပ်ဖြည့်ကာ အာသာပြေ သောက်ကြပါရန် သတိပေးလိုပါသည်။

ကော်ဖီသောက်လွန်ခြင်း၏ ဘေးထွက်ဆိုးကျိုး။

တန်ဆေးလွန်ဘေး ဖြစ်တတ်သဖြင့် ကျန်းမာရေးကောင်းမွန်သူ တစ်ယောက်အတွက် ကော်ဖီကို တစ်နေ့ သုံးခွက်ထက် ပိုမသောက်သင့်ပေ။ ကော်ဖီကို တစ်နေ့ သုံးခွက်ထက် ပိုသောက်သူတွေမှာ ကျောက်ကပ်ပျက်စီး၍ ဆီးတစက်စက်ကျရောဂါနှင့် အရိုးပါး၊ အရိုးပွရောဂါများ ဖြစ်လာစေနိုင်သည်။ ကော်ဖီကို တစ်နေ့ လေးခွက် သောက်သုံးသူများက မျက်လုံးဖိအား မြင့်တက်လာကာ ရေတိမ်ရောဂါဖြစ်စေနိုင်သည်။ တစ်နေ့ ခြောက်ခွက်နှင့်အထက် သောက်သုံးသူများမှာ ဦးနှောက်ထုထည် ကျုံ့၀င်လာပြီး ဦးနှောက်စွမ်းဆောင်ရည် ထိခိုက်ပျက်စီးမှုရောဂါ (Dementia) ဖြစ်စေနိုင်သည်။ အချိန်မတိုင်မီ အသက်တိုစေနိုင်ပါသည်။ ထို့ပြင် ကော်ဖီကို ပါရာစီတမောလ် (သို့မဟုတ်) အကိုက်အခဲပျောက်ဆေးများနှင့် တွဲပြီး လုံး၀ မသောက်သင့်ပေ။ ကလေးသူ ငယ်များ၊ သက်ကြီးရွယ်အိုများ နှင့် ကျန်းမာရေးမကောင်း၍ ကိုယ်ခံအားနည်းသူများက ကော်ဖီကို အထူး လျော့သောက်သင့်ပါသည်။

(မှတ်ချက်)

ကော်ဖီမှုန့််ကို ရေခဲသေတ္တာထဲ သိမ်းဆည်းခြင်းက ၎င်းကော်ဖီမှုန့်၏ သိပ်သည်းဆ ပုံစံပြောင်းလဲသွားကာ အနံ့ နှင့် အရသာတို့ကို ပျက်ပြယ်သွား စေသည့်ပြင်၊ ရေခဲသေတ္တာထဲရှိ အခြားသော အစားအသောက်များ၏ အနံ့အရသာ တို့ကိုလည်း ကော်ဖီရနံ့က အဟန့်အတားဖြစ်စေသည်။ ကော်ဖီကောင်း တစ်ခွက် ရရှိရန်အတွက် လေလုံသော ဖန်ပုလင်း (သို့မဟုတ်) ကြွေပုလင်းထဲတွင် သိမ်းဆည်းထားရမည်။ လေသလပ်ခြင်း နှင့် ပူလွန်းသော နေရာများက လည်း ကော်ဖီ၏အရသာကို ပျက်ပြယ်စေတတ်သည်။

အချုပ်အားဖြင့်ဆိုသော် ကော်ဖီကို အသက်အရွယ်အလိုက် အသင့်အတင့်ပုံမှန်သောက်သုံးခြင်း၊ သကြား နို့ဆီ စသည့် အချိုလျော့ထည့် သောက် ခြင်းတို့က အထက်ဖော်ပြပါ ကျန်းမာရေးအကျိုး ကျေးဇူးများစွာကို မလွဲမသွေရရှိစေပါသည်။ ၂၁ ရာစုတွင် အဖြစ်များသော စိတ်ကျရောဂါ၊ အယ်လ်ဇိုင်းမား (ခေါ်) ဦးနှောက်ဇရာကြိုရောဂါ၊ ပါကင်ဆန် (ခေါ်) ခြေတုန်လက်တုန်ရောဂါ နှင့် နာတာရှည် ဆီးချိုရောဂါအမှတ်-၂ စသည့် ရောဂါတို့ကိုလည်း ကော်ဖီက အတိုင်းအတာ တစ်ခုထိ လျော့ချပေးနိုင်ပါသည်။ ကော်ဖီသည် ကမ္ဘာ့စျေးကွက်တွင် ဒုတိယကုန်သွယ်မှု အများဆုံးဖြစ်သည့်အလျောက် ကော်ဖီစိုက်ပျိုး သူများအနေဖြင့် မြန်မာ့ကော်ဖီသည် အနံ့၊ အရသာ၊ အရောင်အသွေး ကောင်းမွန်ရမည်ဖြစ်ပြီး အရည်အသွေးမြင့် ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်အဖြစ် ရောင်းချနိုင်မည်ဆိုပါက ကမ္ဘာ့အလည်တွင် မြန်မာ့ကော်ဖီစျေးကွက် ခိုင်ခိုင်မာမာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။ ယခုအခါ နိုင်ငံတော်ကလည်း ကော်ဖီ စိုက်ပျိုးရေးကို အထူး အားပေးလျက်ရှိပါကြောင်း နှင့် ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ပိုမို တိုးတက်ကောင်းမွန်အောင် ဝိုင်း၀န်းကြိုးပမ်း ဆောင်ရွက်ကြစေ လိုပါကြောင်း အကြံပြု တိုက်တွန်းလိုက်ရပါသည်။

Facebook မှာ ကိုယ်ကလိချင်တဲ့ setting တွေဆီအလွယ်တကူသွားလို့ရတဲ့ link လေးတွေပါ။အောက်က link တွေအတိုင်းလုပ်ပါ။==============...
22/10/2021

Facebook မှာ ကိုယ်ကလိချင်တဲ့ setting တွေဆီအလွယ်တကူသွားလို့ရတဲ့ link လေးတွေပါ။
အောက်က link တွေအတိုင်းလုပ်ပါ။

=================================

→ မွေးသက္ကရာဇ် ပြင်ဆင်ရန်
https://m.facebook.com/profile/edit/infotab/section/forms/?section=basic-info&cb=1548035023&ref=bookmarks
→ မိမိ Wall အလှဆင်ရန်
https://m.facebook.com/profile/edit/infotab/section/forms/?section=contact-info&cb=1548035094&ref=bookmarks

→ Nickname(နာမည်အပို)ထည့်ရန်-
https://m.facebook.com/profile/edit/info/nicknames/?ref=bookmarks

→ Fri အပ်ထားပြီး လက်မခံသူတွေ Undo လုပ်ရန်-
https://m.facebook.com/friends/center/requests/outgoing/?fb_ref=ft&ref=bookmarks

→ မိမိမန့်ထားသော comment အားလုံးကြည့်ရန်-
မနှစ်သက်ရင် ပြန်ဖျက်ရန်-
https://m.facebook.com/100015890196549/allactivity?log_filter=cluster_116&category_key=commentscluster&ref=bookmarks

→ မိမိကြည့်ခဲ့တဲ့ Video တွေ ပြန်ရှာရန်-
https://m.facebook.com/100015890196549/allactivity?log_filter=videowatch&category_key=videowatch&ref=bookmarks

→ Fb Name ပြောင်းရန်-
https://m.facebook.com/settings/account/?name

→ Gmail အသစ်ပြောင်းရန်-
https://m.facebook.com/settings/email/add

→ Phone No အသစ်ပြောင်းရန်-
https://m.facebook.com/phoneacquire/?source=m_account

→ မိမိ Fb အား ယာယီပိတ်ထားရန်-
https://m.facebook.com/deactivate/?source=account_settings_page

→ ဘာသာစကား ရွေးချယ်ရန်/ပြောင်းရန်-
https://m.facebook.com/language.php

→ Fb password အသစ်ပြောင်းရန်-
https://m.facebook.com/settings/security/password/

→ Trusted Contacts(TC) ခံထားရန်-
https://m.facebook.com/trusted_contacts/view/?gfid=AQB9boIRRGvN0K_i

→ မိမိအကောင့် ဘယ်သူခိုးဝင်လဲ...ကြည့်ရန်-
https://m.facebook.com/account_review/?section=sessions

→ မိမိရဲ့ Post/Comment/Friends အား ကြည့်ရန်-
https://m.facebook.com/account_review/?state=overview

→ အကောင့်ကို 2 Step ခံထားရန်
https://m.facebook.com/security/2fac/setup/choose/

→ App Password ယူရန်
https://m.facebook.com/new_sec_settings/app_passwords/

→ အကောင့် ခိုးဝင်လျှင်သိရန် သတိပေးချက်ယူမယ်-
https://m.facebook.com/login_alerts/settings/?source=security_settings_page

→ Add Friends ပိတ်ရန်-
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787540733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

→ Friends List ဖျောက်ရန်-
https://m.facebook.com/privacy/touch/basic/?mds=%2Fprivacy%2Ftouch%2Fselector%2Fdialog%2F%3FsettingFBID%3D8787365733%26return_uri%3D%252Fprivacy%252Ftouch%252Fbasic%252F&mdf=1

→ မိမိ WallထဲPostရေးလို့မရအောင် ပိတ်ရန်-
https://m.facebook.com/privacy/touch/timeline_and_tagging/?mds=%2Fprivacy%2Ftouch%2Ftimeline_and_tagging_selectors%2Fdialog%2F%3Fcancel_uri%3D%252Fprivacy%252Ftouch%252Ftimeline_and_tagging%252F%26fbid%3D10153940308610734&mdf=1

→ Tag post ပိတ်ရန်-
အောက်က linkကိုဝင်ပြီး on ထားပေးပါဗျ။
→ပထမ link▽
https://m.facebook.com/privacy/touch/tags/review/?type=tag&gfid=AQB7o-THcAe4uS8X
→​ဒုတိယ link▽
https://m.facebook.com/privacy/touch/tags/review/?type=profile&gfid=AQAHnvqPo7PnKLfd

→ Follow ဖွင့်ရန်-
Publish အကုန်ထားပေးပါ။
https://m.facebook.com/settings/subscribe/

→ Fb မှာ Block ထားသူတွေကို ပြန်ကြည့်ရန်-
https://m.facebook.com/privacy/touch/block/

→ See first/Follow/Unfollow တနေရာတည်းကြည့်ရန်-
https://m.facebook.com/feed_preferences/home/

→ Video တွေ auto ပွင့်နေတာကို ပိတ်ရန်-
https://m.facebook.com/settings/videos/

→ Fb acc အား အပြီးဖျက်ရန်-
https://m.facebook.com/account/delete/?back_uri=https%3A%2F%2Fm.facebook.com%2Fprivacy%2F&account_screen&consent

→ Page အသစ်ထောင်ရန်-
https://m.facebook.com/pages/creation_flow/?step=name&cat_ref_page_id=0&ref_type=bookmark

→ Group အသစ်ဖွဲ့စည်းရန်-
https://m.facebook.com/groups/?category=groups&ref=bookmarks

→ ID တင်ရန်-
https://m.facebook.com/help/contact/301294069923254?id=301294069923254
အဆင်ပြေကြပါစေ

→Thank You Log Qut ဖြည်ရန်Mailကနေ help us confirmဆို ရိုက်မဝင်တတ်သူများဒီ Link ကနေဝင်ပါ။

https://m.facebook.com/help/contact/255904741169641?refid=69&ref=dbl

→Disable lock ဖြည်ရန်
(1) https://m.facebook.com/help/contact/183000765122339

(2) https://m.facebook.com/help/contact/260749603972907

(3) https://m.facebook.com/help/contact/199052956872279

(Disable-Ineligible)---(1)
https://m.facebook.com/help/contact/317389574998690

(Disabled–Ineligible)---(2)
https://m.facebook.com/help/contact/122145551250439

(Disable-Ineligible)---(3)
https://m.facebook.com/help/contact/269030579858086?refid=69

(Disable-Ineligible)---(4)
https://m.facebook.com/help/contact/1553947421490701

(personal data request)
https://www.facebook.com/help/contact/180237885820953

(Verify Information)
https://mobile.facebook.com/help/contact/199052956872279

(Confirm Your Identity With Fb)
https://mobile.facebook.com/help/contact/183000765122339

(My personal account was disable)
https://mobile.facebook.com/help/contact/260749603972907

(Disabled - multiple accounts)
https://www.facebook.com/help/contact/167692083333796

(Security Disable)
https://www.facebook.com/help/contact/313733425335072

❝ လူသိနည်းတဲ့   ရဲ့ လုပ်ဆောင်ချက် (၅) ခု ❞===========================လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ခ...
27/08/2021

❝ လူသိနည်းတဲ့ ရဲ့ လုပ်ဆောင်ချက် (၅) ခု ❞
===========================

လတ်တလောမှာ လူသုံးများလာတဲ့ Telegram ရဲ့ လုပ်ဆောင် ချက်တွေက အရမ်းလည်းအသုံးဝင်သလို Telegram ရဲ့
နောက်ဆုံးထွက် Vesrsion Update မှာလည်း Features
တွေပိုစုံလာပါပြီ။

❝ Telegram ဟာ End-to-end Encryption စနစ်သုံးထားပြီးMessage တွေကို လက်ခံသူတစ်ဦးတည်းပဲ ဖတ်ရူနိုင်သလို ကြားဖြတ် အသုံးပြုတာမျိူးတွေကို လုံးဝပိတ်ပင်ထားတာမို့လို့ သာမန် Message App တွေထက် ပိုလုံခြုံပါတယ်။ ♨️

လက်ရှိမှာတော့ Movie Channel တွေကြောင့် လူသုံးများလာသလို ကိုယ်တိုင်ကလည်း Telegram ရဲ့ Message Chat တွေကို အသုံးပြု နေတယ် ဆိုရင်တော့ ဒီလုပ်ဆောင်ချက် (၅)ခုက တကယ်ကိုအသုံးဝင်မှာပါ
ဖြစ်ပါတယ်။
🔖🔖...

1⃣ Message တွေကို Schedule နဲ့ ပို့နိုင်တယ်
===============

📎 (Schedule Message)

- ဒီ Feature က အတော်လေးမိုက်ပါတယ်။ စာကို ကိုယ်ကြိုက်တဲ့ချိန် ရွေးထားပြီးပို့တာပါ။ Birthday Wish တွေအတွက် အထူးအသုံးဝင်ပါလိမ့်မယ်။

** ကိုယ်ပို့ချင်တဲ့ လူဆီကို စာရိုက်ပြီးတာနဲ့ Send button ကို ခပ်ကြာကြာလေးဖိထားလိုက်မယ်ဆိုရင် Schedule Message ကိုတွေ့ပါလိမ့်မယ်။ Schedule Message ကိုနှိပ်လိုက်မယ်ဆိုရင်တော့ ကိုယ်ပို့ချင်တဲ့ အချိန်ကို စိတ်ကြိုက်ရွေးပြီး ပို့လို့ရပါတယ်။ 🔖

2⃣ အသံမကြားအောင် စာပို့မယ်
===============

📎 (Silent Messages)

- တစ်ဖက်လူက အလုပ်ရူပ်နေနိုင်တဲ့အချိန် ကိုယ်ကလည်း အရေးတကြီး စာပို့ဖို့လိုနေတယ်ဆိုရင် ဒီ Feature လေးကိုအသုံးပြုနိုင်ပါတယ်။
ပို့လိုက်တဲ့စာက ဝင်သွားမယ် ၊ ဒါပေမဲ့ တစ်ဖက်လူဆီမှာ Noti Soundသံကြားရမှာမဟုတ်ပါဘူး။

** စာရိုက်ပြီးတာနဲ့ Send Button ကိုဖိထားပြီး Silent Messages ကိုရွေးပေးလိုက်ပါ။ 🔖

3⃣ စာတွေ ၊ File တွေကို အလိုအလျှောက်ဖျက်ပေးနိုင်တယ်
===============

📎 (Self-Destruct Media)

- ကိုယ်ပို့ထားတဲ့ Message တွေကို အချိန်အတိုင်းအတာတစ်ခုထိ ရှိနေပြီး ကြာရင် သူ့ဘာသူ အလိုလိုပျက်သွားအောင်လုပ်တာပါ။
Photo , Video , Text အကုန်လုံးကို Self-Destruct အနေနဲ့
လုပ်နိုင်ပါတယ်။

** Secret Chat အနေနဲ့ သုံးနေတဲ့လူဆိုရင် Text Bar မှာ နာရီ ပုံလေးရှိပါတယ်။ စာရိုက်ပြီး နာရီပုံလေးကိုနှိပ်လိုက်တာနဲ့ ကိုယ်ပို့စေချင်တဲ့ အချိန်အထိပဲပြပေးပြီး အချိန်ပြည့်ရင် တစ်ဖက်လူကမြင်ရတော့မှာ မဟုတ်ပါဘူး။ ပုံတွေဆိုရင်တော့ ပို့မယ်ပုံကို အရင်ထောက်လိုက်မှ နာရီပုံ
လေး ပေါ်ပါတယ်။ 🔖

4⃣ ပို့ချင်တဲ့ Video တွေကို တည်းဖြတ်နိုင်တယ်
===============

📎 (Edit Send Video)

- တစ်ယောက်ယောက်ဆီကိုပို့ဖို့ Video တွေကို သီးခြား Edit လုပ်ဖို့ မလိုတော့ပါဘူး။ Telegram မှာ Video Edit Feature ပါလာပါ ပြီ။ Version အသစ်ဖြစ်ဖို့တော့လိုပါတယ်။

** ပို့မယ့် Video ကို Play လုပ်ဖို့ ထောက်လိုက်ပါ ၊ Edit ပေါ်လာပါလိမ့်မယ် ၊ Brightness , Contrast နဲ့ Clip Edit ကိုပါလုပ်လို့ရမှာဖြစ်သလို Self-destruct နဲ့လည်း ပို့နိုင်ပါတယ်။ 🔖

5⃣ Youtube Video တွေကို Youtube မှာ သွားရှာနေဖို့
မလိုတော့ဘူး၊
===============

📎 (Youtube and Gif Search)

- Youtube ထဲမှာ Video Link တွေကို Copy သွားယူနေစရာမလိုတော့ပါဘူး ၊ @ youtube လို့ခေါ်ပြီး နောက်ကကိုယ်ရှာချင်တဲ့Video Name ကို ရိုက်လိုက်တာနဲ့ Video တွေ တန်းပေါ်ပါတယ်။
🔖
......

❝ ကိုယ်တိုင်က Telegram သုံးနေတယ်ဆိုရင် Movie ကြည့်ဖို့ အတွက်တင်မဟုတ်ပဲ ၊ Chat အတွက် သုံးသင့်ပါတယ်။ ပြီးတော့ ခုဝေမျှထားတဲ့ လုပ်ဆောင်ချက်လေးတွေကိုလည်း စမ်းသုံးကြည့်သင့်ပါတယ်။

✍️✍️

===========================

" အားလုံးဘေးကင်းလုံခြုံကြပါစေ "
Credit

"👍ကမ္ဘာ့အသက်အကြီးဆုံး Programmer👍"အသက် ၈၂ နှစ်ကျော်မှာ programming လေ့လာခဲ့သူMasako Wakamiya (မစကို ဝါကာမီယာ)Translated ...
14/08/2021

"👍ကမ္ဘာ့အသက်အကြီးဆုံး Programmer👍"
အသက် ၈၂ နှစ်ကျော်မှာ programming လေ့လာခဲ့သူ
Masako Wakamiya (မစကို ဝါကာမီယာ)
Translated By

အသက် ၈၂ အရွယ် Masako Wakamiya (မစကို ဝါကာမီယာ)သည်
ပညာလိုအိုသည်မရှိ ဆိုတာကို သက်သေပြခဲ့ပါတယ်။ လူတိုင်း လုပ်နိုင်တယ်လို့ဆုံးဖြတ်ပြီးရင် ကြိုက်တဲ့အရွယ်မှာ ကြိုက်တဲ့ပညာရပ်ကို သင်နိုင်တယ်ဆိုတာကိုပါ သက်သေပြခဲ့ပါတယ်။ အသက်(၇၀)မှာ Piano သင်တယ်၊ (၈၀)ကျော်မှာ ကုဒ်ရေးတာကို စသင်တယ်။ သူမ ပထမဆုံးအလုပ်တုန်းက တွက်ချက်တာတွေလုပ်ဖို့ တရုတ်ပေသီးကိုတောင် သုံးခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခုတော့ သူမဟာ ကမ္ဘာ့အသက်အကြီးဆုံး iPhone App developer တွေထဲက တစ်ယောက်ဖြစ်လို့နေပါပြီ။

Masako Wakamiya (မစကို ဝါကာမီယာ)
အသက်ကြီးဆုံး app developer ဘယ်လိုဖြစ်တာလဲ?
အငြိမ်းစာယူပြီး အလုပ်မရှိပဲ အားနေတဲ့အချိန်တွေများနေတာ သူကိုယ်သူသိလာတယ်။ နည်းပညာက လျင်လျင်မြန်မြန်တိုးတက်လာတယ်ဆိုတာကို သူယုံကြည်လာတယ်။ အလုပ်မရှိတစ်ယောက်ထဲနေရတဲ့ အသက် ၆၀ နောက်ပိုင်းမှာ IT နယ်ပယ်ကို သူမ စတင်စူးစမ်း လေ့လာပါတော့တယ်။ သူမအတွက် ပထမဆုံး system ကို setup လုပ်ဖို့ကို လပေါင်းများစွာကြာခဲ့ပါတယ်။
အဲ့နောက်ပိုင်းမှာ Window software အချို့ကို develop လုပ်လာနိုင်ခဲ့ပါတယ်။
နောက် နည်းပညာတွေတိုးတက်ပြီး iPhone တွေ စျေးကွက်မှာ စတင်မိတ်ဆက်လာတဲ့အခါမှာတော့ သူမ iPhone တွေကို စိတ်ဝင်စားလာပါတယ်။ နှစ်တွေကြာလာတော့ iPhone store မှာ အသက်ကြီးတဲ့သူတွေအတွက် app တွေ game တွေ မရှိတာနဲ့ ဘယ်သူမှ လူကြီးတွေအတွက် မဖန်းတီးကြဘူးဆိုတာ သူတွေ့ခဲ့တယ်။ သူမ ထိပ်ဆုံး app ကုမ္ပဏီတွေကို လူကြီးတွေအတွက် တစ်ခုခုလုပ်ဖို့ အကြံပြုခဲ့ပေမဲ့ ဘယ်သူမှ သူ့အမြင်ကို စိတ်မဝင်စားခဲ့ကြပါဘူး။ နည်းပညာကုမ္ပဏီတွေက စိတ်မဝင်စားတဲ့အတွက် စိတ်ဓာတ်ကျပြီး ၈၀ နှစ်အရွယ်သူမက ကိုယ်တိုင် ကုဒ်ရေးနည်းသင်ပြီး လူကြီးတွေအတွက် အသုံးပြုရလွယ်မည့် app ကို တည်ဆောက်ဖို့အတွက် စတင်လုပ်ဆောင်ပါတော့တယ်။
အဲဒိကနေစပြီးတော့ပဲ ဝါကာမီယာဟာ developer တစ်ယောက်ဖြစ်လာပြီးတော့ “Hinadan- the doll staircase လို့အမည်ရတဲ့ ios game ရဲ့ ဖန်တီးသူဖြစ်လာပါတော့တယ်။ Hinadan game က သက်ကြီး japan လူမျိုးတွေကို ပြစ်မှတ်ထားပြီး စတင် release လုပ်တဲ့အချိန်ကစပြီး App Store မှာ 5 stars နီးပါးရှိပြီး 50000+ downloads နီးပါးရှိပါတယ်။ ဝါကာမီယာက အခု အဲ့ game ကိုပဲ English , Chinese , French version နဲ့ develop လုပ်ဖို့အတွက် စဥ်းစားနေပါတယ်။
သူမပြောခဲ့တဲ့စကားကတော့
"💕မင်းအသက်ကြီးလာတာနဲ့အမျှ ဆုံးရှုံးမှုတွေများလာမယ်၊ ခင်ပွန်း, အလုပ်, ဆံပင်, မျက်စိ စတာတွေပေါ့၊ ဆုတ်ယုတ်မှု(အနှုတ်လက္ခဏာ)တွေ တော်တော်လေးများပါတယ်။ ဒါပေမဲ့ မင်း programming , piano စတဲ့ အသစ်တစ်ခုခုကို သင်မယ်ဆိုရင်တော့ အဲဒါ တိုးတတ်မှု(အပေါင်းလက္ခဏာ)ပါပဲ။ ဒါက သူမရဲ့ မိုတီဗေးရှင်းပါ။💕"
နာမည်ကြီး နည်းပညာကုမ္ပဏီတိုင်းရဲ့ ဝန်ထမ်းတွေရဲ့ အသက်ဟာ ပျှမ်းမျှ ၃၄ နှစ်ဝန်းကျင်မှာပဲ ဖြစ်နေတဲ့ ဒီဘက်ခေတ်မှာကိုပဲ ဝါကာမီယာဟာ အသက်ကြီးသူတွေအတွက် အလုပ်ရှုပ်နေခဲ့ပါတယ်။
Apple CEO Tim Cook က နှစ်စဥ်ကျင်းပတဲ့ Worldwide Developers Conference မှာ ဝါကာမီယာကို “world’s oldest app developer” လို့
ခေါပြီးတဲ့ နောက်မှာတော့ ဝါကာမီယာရဲ့ လူကြိုက်များမှုဟာ ကြီးထွားလာခဲ့ပါတော့တယ်။
ဝါကာမီယာရဲ့ ရည်မှန်းချက်ကတော့ အခြားလူကြီးများအတွက် ဖျော်ဖြေရေး appတွေဆက်ရေးဖို့နဲ့ လူငယ်တွေကို ယဥ်ကျေးမှုနဲံ့အစဥ်လာတွေကို လက်ဆင့်ကမ်းဖို့ပါပဲ။ ဝါကာမီယာဟာ သင်ယူမှုကို အဆုံးသက်မပြစ်ဖို့နဲ့ စိတ်ထက်သန်တဲ့သူဟာ လိုချင်တဲ့အရာကို လွယ်ကူစွာရနိုင်တယ်
ဆိုတာကို သက်သေပြခဲ့ပါတယ်။ ၈၀ အရွယ်သူမက လူငယ်မျိုးဆက်တွေကိုလည်း ရည်မှန်းချက်တွေပြည့်ဖို့ စိတ်ဓာတ်ခိုင်မာရမည်ဆိုတာကို
လှုံ့ဆော်အားပေးနေပါတော့တယ်။

Translated By

သင်လည်း programming ကို စိတ်ဝင်စားတယ်ဆိုရင် Sirius Computer Club ကနေ ကိုယ်တိုင်မြန်မာလို သင်ကြားအသံသွင်းဖြန့်ချီတဲ့ သင်ခန်းစာတွေက ကူညီပေးပါလိမ့်မယ်။
သင်ခန်းစာတိုင်းကို Googele Drive Download Link (lifetime access) နဲ့
ဝယ်ယူလေ့လာနိုင်ပါပြီ။
programming ကို အစကနေ ဘာမှမသိတာကနေ လေ့လာဖို့အတွက်👇👇👇
https://www.facebook.com/siriuscomputerclub/posts/189260299303107
Python Programming လေ့လာဖို့အတွက် 👇👇👇
https://www.facebook.com/siriuscomputerclub/posts/258401222389014
JavaFX ကိုလေ့လာဖို့ 👇👇👇
https://www.facebook.com/siriuscomputerclub/posts/103491011213370
JavaFx နဲ့ လက်တွေ့ Project ရေးတာကိုလေ့လာဖို့အတွက် 👇👇👇
https://www.facebook.com/siriuscomputerclub/posts/183275633234907

မြွေအကြောင်း
14/08/2021

မြွေအကြောင်း

ဗီယက်နမ်မြောက်ပိုင်းမှာ နာမည်ကြီး လူသိများတဲ့ စပါးဖူးဝိုင် ဖြစ်ပါတယ် 📝ထွန်းလင်း
14/07/2021

ဗီယက်နမ်မြောက်ပိုင်းမှာ နာမည်ကြီး လူသိများတဲ့ စပါးဖူးဝိုင် ဖြစ်ပါတယ်

📝ထွန်းလင်း

Run box လို့ပြောလိုက်တာနဲ့…Window ကို တော်တော်တန်တန်ကလိဖူးသူတိုင်းRun box လေးနဲ့ ရင်းနှီးနေကြပါလိမ့်မယ်။Run box မှာ ထည့်...
13/07/2021

Run box လို့ပြောလိုက်တာနဲ့…
Window ကို တော်တော်တန်တန်ကလိဖူးသူတိုင်း
Run box လေးနဲ့ ရင်းနှီးနေကြပါလိမ့်မယ်။

Run box မှာ ထည့်ရိုက်လို့ရမယ့် Command တွေဖြစ်ပါတယ်။

Run box အတွင်းမှ အသုံးတည့် Search key များ

အားလုံးဘဲ အသုံးတည့်မယ်လို့ထင်လို့ဖော်ပြပေးလိုက်ရခြင်းဖြစ်ပါတယ်။

1. Run (box) ကိုဖွင့်ဖို့ရာ မခက်ပါ။ Windows logo key+ R ကီးကို နှိပ်လိုက်ပါ

2. Windows 7 မှာ Start > Search (search programs and files) (box) ကိုသုံးပါတယ်။

3. Component Services (box) ကိုဖွင့်ဖို့ရာ dcomcnfg လို့ရိုက်ထည့်ပါ

4. Add/Remove Programs ကိုဖွင့်ချင်ရင် Search မှာ appwix.cpl လို့ရိုက်ထည့်ပြီး Enter ကီးနှိပ်ရင်လည်း program > Program and Feature (box) ပွင့်ပါတယ်။

5. Administrative Toolas (box) ပွင့်ဖို့ရာ Run (box) မှာ control admintools လိုရိုက်ထည့်ပါ။ Search မှာ ရိုက်လို့မရပါ။

6. Calculator ကိုဖွင့်ဖို့ရာ clac လို့ရိုက်ထည့်ပါ

7. Character map ကိုဖွင့်ဖို့ရာ charmap သို့မဟုတ် char လို့ရိုက်ထည့်နိုင်ပါတယ်။

8. Certificate Manager (box) ကိုဖွင့်ချင်ရင် ‘certmgr.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။

9. Authorization Manager (box) ကိုဖွင့်ချင်ရင် ‘azman.msc’ လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

10. Check Disk Utility အတွက် chkdsk လို့ရိုက်ထည့်ပါ။ တစ်ခါတည်း check disk လုပ်ပါလိမ့်မယ်။ ပုံမှန်အားဖြင့် Run (box) မှာ cmd လို့ရိုက်ထည့်ပြီး Command Prompt ပေါ်လာမှ၎င်းမှာ chkcsk (check disk) ကိုသုံးခြင်းဖြစ်ပါတယ်။

11. Control Panel ကိုဖွင့်ချင်ရင် control လို့ရိုက်ထည့်ပါ။ ထို့အတူ Command Prompt အတွက် cmd.exe သို့မဟုတ် cmd လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

12. Device Manager ကိုတိုက်ရိုက်ဖွင့်ဖို့ရယ devmgmt.msc လို့ရိုက်ထည့်ပါ။ ရှည်တယ်ထင်ရင် device m လို့ရိုက်ထည့်ပြီး Enter ကီးကိုနှိပ်နိုင်ပါတယ်။

13. Disk Management လုပ်ငန်းစဉ်အတွက် diskmgmt.msc လို့ရိုက်ထည့်ဖွင့်နိုင်ပါတယ်။

14. Computer Management ကိုဖွင့်ချင်ရင် compmgmt.msc လို့ရိုက်ထည့်ပါ။ Command အသစ်က Comp Mgmt Launcher ဖြစ်ပါတယ်။

15. Date and Time properties ကိုဖွင့်ချင်ရင် timedate.cpl လို့ရိုက်ထည့်ပါ။ date သို့မဟုတ် time လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

16. Disk Cleanup Utility ကိုသုံးချင်ရင် cleanmgr လို့ရိုက်ထည့်ပါ။ clean လို့ရိုက်ရင်လည်း Disk Cleanup ပေါ်ပါတယ်။

17. Direct X Troubleshooter သို့မဟုတ် DirectX Diagnostic Tool ကိုဖွင့်ချင်ရင် dxdiag လို့ရိုက်ထည့်ပါ။

18. Defragment User Interface သို့မဟုတ် Disk Defragmenter လုပ်ချင်ရင် defrag လို့ရိုက်ထည့်ပြီး Disk Defragmenter ကို ရွေးချယ်ဖွင့်နိုင်ပါတယ်။ Command အသစ်က dfrgui ဖြစ်ပါတယ်။

19. Degitizer Calibration Tool ကို သုံးဖို့ရာ tabcal လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။ tabcal.exe ဟာ Window OS ရဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး digital calibrate လုပ်တဲ့ tool လည်းဖြစ်ပါတယ်။

20. Display Properties (box) သို့မဟုတ် Display > Screen Resolution ကိုဖွင့်ချင်ရင် desk.cpl လို့ရိုက်ထည့်ပါ။ control desktop လို့ရိုက်ထည့်ရတယ်လို့ရေးထားပေမယ့် လက်တွေ့အားဖြင့် Systerm Properties (box) ပေါ်ပါတယ်။ Run (box) မှာ ရိုက်ထည့်ရင်လည်း Appearance and Personalization > Personalization (box) ပေါ်ပါတယ်။ File Signature Verification Tool ကိုဖွင့်ဖို့ရာ sigverif လို့ရိုက်ထည့်ပါ။ ၎င်းဟာ ဝင်းဒိုးစ်စနစ်ရဲ့ တည်တံ့ခိုင်မြဲမှုအတွက် အထောက်အကူပြုပေးပါတယ်။ အရေးကြီးတဲ့ စနစ်ဖိုင်များကို ပြင်လို့၊ ပြောင်းလို့မရအောင် လုပ်ဆောင်ပေးခြင်းဖြစ်ပါတယ်။ ဖိုင်ကို logging လုပ်တဲ့သဘောလည်းဖြစ်ပါတယ်။

21. Disk Part ဟာ ဟာ့ဒ်ဒစ်ရဲ့ disks, partitions, volumes ကဲ့သို့သော object များကို စီမံမှုပြုပေးနိုင်တဲ့ text-mode command တစ်ခုဖြစ်ပါတယ်။ Disk Parmelonion Manager အဖြစ်လုပ်ဆောင်ပေးပါတယ်။ ၎င်းအတွက် Search မှာ diskpart လို့ရိုက်ထည့် နိုင်ပါတယ်။

22. DPI Scaling သို့မဟုတ် Appearance and Personalization > Display (box) ကိုဖွင့်ဖို့ရာ dpiscaling လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

23. Search သို့မဟုတ် Run (box) မှာ verifier လို့ရိုက်ထည့်ရင် Driver Verifier Manager (box) ပေါ်ပါတယ်။ Reset လို့လည်း ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် Search မှာလည်း reset ရိုက်ထည့်တဲ့အခါ Forgetten Password Wizard သာပေါ်ပါတယ်။

24. DVD Player ဖွင့်ဖို့ရာ dvdplay လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ် တစ်ခုဖြစ်ပါတယ်။ DVD drive ထဲမှာ DVD ချပ်ထည့်ထားဖို့လိုပါမယ်။

25. ‘rekeywiz’ လို့ရိုက်ထည့်ရင် Encryption File System (box) ပေါ်ပါမယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

26. Event Viewer ကိုဖွင့်ချင်ရင် eventvwr.msc လို့ရိုက်ထည့်ပါ။

27. ‘fxscover’ လို့ရိုက်ထည့်ရင် Cover Page-Fax Cover Page Editor (box) ပေါ်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

28. Folder Option ကိုဖွင့်ဖို့ရာ Run (box) မှာ control folders လို့ရိုက်ထည့်ပါ။ Search မှာထည့်လို့မရပါ။ Search မှာ Folder option လို့ရိုက်ထည့်နိုင်ပါတယ်။ ‘fold’ လို့ရိုက်ထည့်တာနဲ့တင် menu မှာ Folder Options ပေါ်နေပြီး ၎င်းကိုရွေးချယ်ကာ Enter ကီးနှိပ်ပေးနိုင်ပါတယ်။

29. Windows ထဲက Font folder ကိုဖွင့်ဖို့ရာ Run (box) မှာ command fonts လို့ရိုက်ထည့်ပါ။ Search မှာ control fonts ရိုက်ထည့်လို့ မပွင်ပါ။ Search မှာ fonts လို့ရိုက်ထည့်ပြီး enter ကီးနှိပ်ရင်လည်း ရပါတယ်။

30. Free Cell Card Game ကစားချင်ရင် frell cell လို့ Search မှာရိုက်ထည့်ပါ။

31. Group Policy Editor ထဲဝင်ပြီး ပြင်ချင်တယ်၊ ကြည့်ချင်တယ်ဆိုရင် Search မှာ gpedit.msc လို့ရိုက်ထည့်ပါ။ Local Group Policy Editor (box) ပေါ်လာပါမယ်။

32. အင်တာနက်အတွက် Internet Explorer ကိုဖွင့်ချင်ရင် iexplore လို့ရိုက်ထည့်နိုင်ပါတယ်။ အင်တာနက် connection ရှိတယ်ဆိုရင် Windows Internet Explorer-home page ပေါ်လာပါမယ်။ Search မှာ int လို့ရိုက်တာနဲ့တင် menu မှာ Internet Explorer ကိုတွေ့ရပါမယ်။ Enter ကီးကိုနှိပ်ပြီးဖွင့်နိုင်ပါတယ်။ IExpress Wizard အတွက် iexpress လို့ရိုက်ထည့်ပါ။

33. Keyboard Properties ကိုဖွင့်ဖို့ရာ Search မှာ k လို့စရိုက်တာနဲ့ menu မှာ Keyboard ကိုတွေ့ရပါမယ်။ ၎င်းကိုရွေးချယ်ပြီး Enter ကီးကိုနှိပ်ပါ။။ Keyboard Properties ပေါ်ပါမယ်။ Run box မှာ control keyboard လို့ရိုက်ထည့်ရင်လည်း Keyboard Properties (box) ပေါ်ပါတယ်။ Windows 7 ရဲ့ Seach မှာ control keyboard လို့ရိုက်ထည့်ရင်လည်း ‘Use the computer without a muose or keyboard’ ပေါ်လာပါမယ်။

34. Windows 7 Search မှာ keyboard လို့ရိုက်ရင် On-Screen Keyboard ပေါ်ပါတယ်။ osk လို့လည်း အတိုရိုက်ထည့်နိုင်ပါတယ်။ သို့မဟုတ် Windows key+U ကိုနှိပ်ပြီးပေါ်လာတဲ့ Ease of Access Center မှ On-Screen Keyboard (icon ) ကို click လုပ်ပြီး ဖွင့်ပါ။

35. Internet Properties (box) ဖွင့်ဖို့ရာ inetcpl.cpl လို့ရိုက်ထည့်နိုင်ပါတယ်။

36. Ip Configuration လုပ်ဖို့ရာ ipconfig.exe လို့ရိုက်ထည့်ပါ။ Configure လုပ်တာမြန်လို့ သင်မြင်လိုက်ရမယ်မဟုတ်ပါ။

37. ISCSI Initiator အတွက် iscsicpl လို့ရိုက်ထည့််နိုင်ပါတယ်။ ကွန်ပျူတာမှာ SCSI တပ်မထားလို့ iSCSI service အလုပ်လုပ်မယ်မဟုတ်ပါ။ SCSI ရှိရင် iSCSI Initiator Properties (box) ပေါ်လာပါလိမ့်မယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

38. Search မှာ explorer လို့ရိုက်ထည့်ရင် Libraries ပေါ်ပါမယ်။ Windows key+ E ကီးများကိုနှိပ်ပြီး ပေါ်လာတဲ့ box ကနေ Libraries ကို ကလစ်လုပ် ဖွင့်နိုင်ပါတယ်။

39. Local Security Setting အတွက် secpol လို့ရိုက်ထည့်ပါ။ Local Security Policy (box) ပေါ်လာပါမယ်။

40. Logs You Out Of Windows အတွက် logoff လို့ရိုက်ထည့်ရင်လည်း ကွန်ပျူတာ logoff ဖြစ်သွားပါလိမ့်မယ်။

41. Lusrmgr (Local User and Groups) box အတွက် lusrmgr.msc လို့ရိုက်ထည့်နိုင်ပါတယ်။

42. Microsoft Support Diagnostic Tool အတွက် msdt လို့ရိုက်ထည့်ပါ။ Command အသ်စတစ်ခုဖြစ်ပါတယ်။

43. Microsoft Paint ကိုဖွင့်ချင်ရင် mspaint.exe လို့ရိုက်ထည့်နိုင်ပါတယ်။ paint လို့ရိုက်ထည့်ရင်လည်း ရပါတယ်။

44. Mouse Properties ကိုဖွင့်ဖို့ရာ Search မှာ mouse လို့ရိုက်ပြီး menu က Mouse ကို ကလစ်လုပ် ရွေးချယ်ပါ။ Mouse Properties (box) ပေါ်ပါမယ်။ Run box မှာ control mouse လို့ရိုက်ထည့်ရင်လည်း Mouse Properties (box) ပေါ်ပါတယ်။ Search သို့မဟုတ် Run (box) မှာလည်း main.cpl လို့ရိုက်ထည့်လည်း ရပါတယ်။ Windows 7 ရဲ့ Search မှာ Control mouse လို့ရိုက်ထည့်တော့ ‘Use the computer without a mouse or keyboard’ ပေါ်ပါလိမ့်မယ်။

45. Windows Mobility Center အတွက် mblctr လို့ရိုက်ထည့်ပါ။ သို့မဟုတ် Windows key+ X ကို နှိပ်ပါ။ Laptop ကဲ့သို့ mobile ကွန်ပျူတာများအတွက်သာဖြစ်ပါတယ်။ ပီစီကွန်ပျူတာမှာ ဘာမှပေါ်မယ် မဟုတ်ပါ။

46. Network connection အတွက် Run box မှာ control connections လို့ရိုက်ထည့်နိုင်ပါတယ်။ ncpa.cpl လို့လည်း ရိုက်ထည့်ကြည့်ပါ။ Local Area Connection ပေါ်ပါမယ်။

47. Notepad ကိုဖွင့်ချင်ရင် notepad လို့ရိုက်ထည့်ပါ။ Wordpad ကိုဖွင့်ချင်ရင် writepad လို့ရိုက်ထည့်ပါ။

48. OBDC Data Source Administration (box) ကိုဖွင့်ဖို့ရာ odbcad32 လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

49. Power Configuration ပြုလုပ်ဖို့ရာ powercfg.cpl လို့ရိုက်ထည့်ပါ။ Power Option (box) ပေါ်လာမှာပါ။

50. Phome and Modem Options အတွက် telephon.cpl လို့ရိုက်ထည့်ပါ။

51. Printers and Faxes ကိုဖွင့်ဖို့ရာ control printers လို့ရိုက်ထည့်နိုင်ပါတယ်။ အဲဒီမှာ ပရင်တာများသာမက အခြားသော device များကိုလည်း ထပ်ထည့်နိုင်ပါတယ်။

52. Printer Migration အတွက် Print BrmUi လို့ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

53. Optional Features Manager သို့မဟုတ် Windwos Features အတွက် optional features လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

54. Performance Monitor ကိုဖွင့်ဖို့ရာ perfmon.msc လို့ ရိုက်ထည့်ပါ။

55. Regional Settings ကိုဝင်ရန် သို့မဟုတ် ပြင်ရန် intl.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

56. Private Character Editor သို့ဝင်ဖို့ရာ eudcedit လို့ရိုက်ထည့်ပါ။

57. Resultant Set of Policy အတွက် rsop.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

58. အသုံးအများဆုံး command ဖြစ်ပါတယ်။ Registery Editor ကိုဝင်ဖို့ရာ regedit.exe လို့ ရိုက်ထည့် နိုင်ပါတယ်။ regedit ဆိုရင်လုံလောက်ပါတယ်။

59. Windows Remote Assistance အတွက် msra လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။ MSRA ဟာ MS Remote Assistance ကို ဆိုလိုပါတယ်။

60. Remote Desktop အတွက် mstsc လို့ရိုက်ထည့်နိုင်ပါတယ်။ mstsc.exe ဟာ terminal services command ဖြစ်ပါတယ်။

61. Scheduled Tasks သို့မဟုတ် Task Scheduler ကိုဖွင့်ရန် Run (box) တွင် control schedtasks လို့ ရိုက်ထည့်ပါ။ Search မှာရိုက်ထည့်ပါက မပေါ်ပါ။

62. Services (box) ကိုဖွင့်ဖို့ရာ services.msc လို့ရိုက်ထည့်ပါ။

63. Security Center အတွက် wscui.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။

64. Shared Folders ကိုဖွင့်ရန် fsmgmt.msc လို့ ရိုက်ထည့်ပါ။

65. Sound Recorder အတွက် soundrecorder လို့ ရိုက်ထည့်ပါ။ Audio recording device မရှိရင် မပေါ်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

66. Sound Volume အတွက် sndvol လို့ ရိုက်ထည့်ပါ။ Volume Mixer (Speaker) box ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

67. Spider Solitare Card Game ကစားဖို့ရာ spider လို့ရိုက်ထည့်ပါ။

68. System Configuration Editor အတွက် sysedit လို့ ရိုက်ထည့်နိုင်ပါတယ်။

69. Stored User Names and Passwords ကို Backup သို့မဟုတ် Restore ပြုလုပ်ဖို့ရာ credwiz လို လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်ဖြစ်ပါတယ်။

70. Sticky Note ဖော်ထုတ်ဖို့ရာ Stiky Not လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

71. System File Checker Utility အတွက် sfc လို့ရိုက်ထည့်နိုင်ပါတယ်။ လုပ်ဆောင်ချက်မြန်လို့ မြင်ရမယ် မဟုတ်ပါ။

72. System Configuration Utility အတွက် msconfig လို့ ရိုက်ထည့်နိုင်ပါတယ်။

73. သင့်ကွန်ပျူတာ System Information ကိုကြည့်ချင်ရင် msinfo32 လို့ရိုက်ထည့်ပါ။

74. System Properties ကိုဖွင့်ဖို့ရာ sysdm.cpl လို့ရိုက်ထည့်ပါ။ Windows key+Pause/Break ကီးများနှိပ်ရင်လည်း ရပါတယ်။

75. Windows Backup Utitily သို့မဟုတ် Backup and Restore အတွက် sdclt လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

76. Sound and Audio အတွက် mmsys.cpl လို့ ရိုက်ထည့်နိုင်ပါတယ်။ Sound (box) ပေါ်လာပါမယ်။ Shared Folders ကိုဖွင့်ဖို့ fsmgmt.msc လို့ ရိုက်ထည့်ပါ။

77. Task Manager ကိုဖွင့်ဖို့ရာ taxkmgr လို့ ရိုက်ထည့်ပါ။

78. Windows OS ကိုပိတ်ဖို့ရာ shutdown လို့ရိုက်ထည့်ပါ။ Search မှာ shutdown လို့ ရိုက်ထည့်ရင် ‘Change what the power buttons do’ နဲ့ ‘Choose when to turn off display’ ဆိုပြီး လုပ်ဆောင်ချက် နှစ်မျိုးတွေ့ရပါမယ်။

79. ‘Change what the power buttons do’ ကိုရွေးချယ်ပါက Power > System Setting ပေါ်လာပြီး ၎င်းမှာ power button နဲ့ sleep button တို့ကို သတ်မှတ်နိုင်ပါတယ်။ ‘Choose when to turn off display’ ကိုရွေးချယ်ပါက display ကို ဘယ်နှမိနစ်ကြာမှ ခေတ္တ (turn off) ပိတ်ထားမယ်နဲ့ ကွန်ပျူတာကို ဘယ်နှမိနစ်အကြာမှာ sleep လုပ်မယ်ဆိုတာကို သတ်မှတ်နိုင်ပါတယ်။

80. Utility Manager အတွက် utilman လို့ ရိုက်ထည့်ပါ။

81. User Accounts ကိုဖွင့်ဖို့ရာ netplwiz လို့ ရိုက်ထည့်ပါ။ Run (box) တွင် controluserpasswords2 လို့ ရိုက်ထည့်လည်း ရပါတယ်။

82. Windows Fax and Scan ကိုဖွင့်ဖို့ရာ wfs လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

83. Windows Firewall with Advance Security ကိုဖွင့်ဖို့ရာ wf.msc လို့ ရိုက်ထည့်နိုင်ပါတယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

84. Windows Activation ပြုလုပ်ဖို့ရာ slui လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

85. Windows Media Player ကိုဖွင့်ဖို့ရာ wmplayer လို့ ရိုက်ထည့်ပါ။

86. Search မှာ magnify လို့ ရိုက်ထည့်ပြီး Enter နှိပ်လိုက်တာနဲ့ display မြင်ကွင်းမှာ စာလုံးတွေ၊ ပုံတွေ အကြီးကြီး ဖြစ်သွားပါလိမ့်မယ်။ မှန်ဘီလူးနဲ့ ကြည့်လိုက်တဲ့ သဘောပါ။

87. Windows Management Infrastructure သို့မဟုတ် wmimgmt [Console Root\WMI Control(local)] ကိုဖွင့်ဖို့ရာ wmimgmt.msc လို့ ရိုက်ထည့်နိုင်ပါတယ်။

88. Windows System Secutity Tool သို့မဟုတ် Securing the Windows Account Database ကိုဖွင့်ဖို့ရာ syskey လို့ ရိုက်ထည့်နိုင်ပါတယ်။

89. Windows Share Creation Wizard ကိုဖွင့်ဖို့ရာ shrpubw လို့ ရိုက်ထည့်ပါ။ Create A Shared Folder Wizard (box) ပေါ်လာပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

90. Windows Firewall အတွက် firewall.cpl လို့ ရိုက်ထည့်ပါ။

91. Trusted Plattform Module အတွက် TpmInit လို့ ရိုက်ထည့်နိုင်ပါတယ်။ Network connection ရှိမှ ဒီ Command ဟာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

92. Windows Image Acquisition အတွက် wiaacmgr လို့ရိုက်ထည့်ပါ။ ၎င်းဟာ scanner အတွက်ဖြစ်လို့ scanner ကို install လုပ်မှသာ အလုပ်လုပ်ပါမယ်။ Command အသစ်တစ်ခုဖြစ်ပါတယ်။

93. Windows Update App Manager သို့မဟုတ် Windows Update ကိုဖွင့်ဖို့ရာ wuapp လို့ ရိုက်ထည့်ပါ။ Command အသစ်တစ်ခုဖြစ်ပါတယ်။

94. Windows Standdalong Update Manager အတွက် wusa လို့ရိုက်ထည့်ပါ။ Command အသစ်တစ်ခု ဖြစ်ပါတယ်။

မှတ်ချက်- အထက်ပါ command များကို Start > Search မှာ ရိုက်ထည့်နိုင်တယ်ဆိုပေမယ့် အချို့ကို Run (box) မှာ ရိုက်ထည့်မှသာ အလုပ်လုပ်တာကို တွေ့ရှိရပါတယ်။

Credit to Original Uploader

Address

No. 11
Mawlamyine
12016

Website

Alerts

Be the first to know and let us send you an email when Kooky posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Kooky:

Share