18/07/2023
𝙆𝙖𝙜𝙪𝙧𝙖 "𝘽𝙚𝙮𝙤𝙣𝙙 𝙩𝙝𝙚 𝘾𝙡𝙤𝙪𝙙𝙨" 𝙎𝙠𝙞𝙣 ကို 𝙁𝙧𝙚𝙚 ရနိုင်မလား....!!?
အားလုံးပဲမင်္ဂလာပါ 👋
ဒီနေ့မှာတော့အက်မင်က မကြာခင် ထွက်ရှိလာတော့မယ့် "Beyond The Cloud" Anime Series Skin တွေထဲက Skin တစ်ခု ဖြစ်တဲ့ Kagura skin ဟာ 𝗙𝗿𝗲𝗲 𝗦𝗸𝗶𝗻 တစ်ခုဟုတ်မဟုတ် ရှင်းပြပေးသွားမှာဖြစ်ပါတယ်....။....
August လ 8 ရက်မှာထွက်လာမယ့် Kagura Skin ဟာ 💎1288လုံး တန် 𝗕𝘂𝘆𝗮𝗯𝗹𝗲 𝗧𝗶𝗺𝗲 𝗹𝗶𝗺𝗶𝘁𝗲𝗱 𝗦𝗸𝗶𝗻 တစ်ခုဖြစ်ပြီး ဒီလို Diamond ထောင်ချီပေးရမယ့် Skin ကို
0💎 နဲ့၀ယ်လို့ရမယ့်အခွင့်အရေးတစ်ခုလည်းရှိပါတယ်၊
ဒီလို Free နီးပါး၀ယ်လို့ရနိုင်ဖို့အတွက် အဓိကလုပ်ရမှာက "𝗕𝗲𝘆𝗼𝗻𝗱 𝘁𝗵𝗲 𝗖𝗹𝗼𝘂𝗱𝘀 𝗘𝗹𝘃𝗲𝗻 𝗦𝗰𝗿𝗼𝗹𝗹" event ကနေ { 𝗔𝗻𝗰𝗶𝗲𝗻𝘁 𝗥𝗲𝗹𝗶𝗰𝘀 } လို့ခေါ်တဲ့ Event Item လေးတွေကိုရသလောက်စုထားရမှာပါ၊
ဘာကြောင့်စုရမှာလည်းလို့ မေးရင်
𝗔𝗻𝗰𝗶𝗲𝗻𝘁 𝗥𝗲𝗹𝗶𝗰𝘀 လေးတွေက ကိုယ့်မှာ ရှိရင်ရှိသလောက် Kagura Beyond the Clouds Skin ရဲ့
တစ်ကယ့် ကုန်မယ့် Diamond ပမာဏကို 0💎 အထိ လျှော့ပေးနိုင်လို့ပဲဖြစ်ပါတယ်၊
သဘောက
Skin ရဲ့တန်ဖိုးဟာ 💎1288လုံး ဖြစ်နေပေမယ့်
ကိုယ့်မှာ 1288 Ancient Relics အထိစုထားနိုင်တယ်ဆိုရင် 💎1288လုံးအစား 0💎 နဲ့ ၀ယ်လို့ရမှာဖြစ်ပါတယ်
ပြီးတော့ ကိုယ်က Ancient Relics တွေကိုသုံးပြီး Skin ကို၀ယ်ထားပြီးပြီဆိုရင် Eventကနေအသစ်ထပ်ရလာမယ့် Ancient Relics တွေကို တူညီတဲ့ Diamond ပမာဏတစ်ခုနဲ့ ပြောင်းလဲပေးသွားဦးမှာပါ၊
[ ဒီဟာကို Diamond Rebate (ပြန်အမ်း) ပေးတာလို့ခေါ်လို့ရပါတယ် ]
🗿Event အကြောင်းပြန်ဆက်ရအောင်...
အခု 𝗕𝗲𝘆𝗼𝗻𝗱 𝘁𝗵𝗲 𝗖𝗹𝗼𝘂𝗱𝘀 𝗘𝗹𝘃𝗲𝗻 𝗦𝗰𝗿𝗼𝗹𝗹 𝗲𝘃𝗲𝗻𝘁 မှာ
Tasks တွေလုပ်ရမယ့် 𝗧𝗮𝘀𝗸𝘀 𝗦𝘁𝗮𝗴𝗲 ရယ် ၊ ပုံးဖောက်ရမယ့် 𝗖𝗵𝗲𝘀𝘁 𝗦𝘁𝗮𝗴𝗲 ရယ်ဆိုပြီး Stages ( 2 ) ခုရှိပါတယ်
: 𝗦𝘁𝗮𝗴𝗲 1 [ 𝗧𝗮𝘀𝗸𝘀 𝗦𝘁𝗮𝗴𝗲 ]
Tasks Stage ဟာဆိုရင် [ 8/8 ] ကနေ [ 8/26 ] ရက်နေ့အထိရောက်လာမှာဖြစ်ပြီး
ဒီအဆင့်မှာ Tasks တွေအကုန်ပြီးအောင်လုပ်နိုင်ရင်
"Ancient Relics 840ခု" အထိရနိုင်ပါတယ်၊
: 𝗦𝘁𝗮𝗴𝗲 2 [ 𝗖𝗵𝗲𝘀𝘁 𝗦𝘁𝗮𝗴𝗲 ]
8/27 ကနေ 9/4 ကြားမှာ ရောက်လာမယ့် Chest Stage မှာ Relic Chest ကို ဖောက်ပြီးတော့
"Ancient Relics 448ခု" အထိရနိုင်ပါတယ်၊
Note*
( 1 Ancient Relics = 1 Diamond 💎)
ဒါဆိုရင် Stage1 ရဲ့ Tasks တွေကိုအသေးစိတ်ကြည့်ကြည့်ကြမယ်🙎!
𝗦𝘁𝗮𝗴𝗲 1 : 𝗧𝗮𝘀𝗸𝘀 𝗦𝘁𝗮𝗴𝗲
Tasks တွေဟာ ပုံစံ 3 မျိုးနဲ့လာမှာဖြစ်ပြီး Taskအသစ်ပြန်စမယ့်အချိန်တွေဟာလည်းမတူပါဘူး၊
1. Daily Tasks က နေ့တိုင်း (Server Time)12:00AM မှာ Tasks အသစ်ပြန်စမှာဖြစ်ပြီး
2. Weeky Tasks ကတော့ အပတ်စဉ် တနင်္လာနေ့၊ (Server Time) 00:00 တိုင်းမှာ Task အသစ်ပြန်စမှာဖြစ်ပါတယ်။
3.Special Taskကတော့ Event တစ်လျှောက်လုံး တစ်ခါပဲလုပ်လို့ရပါမယ်။
𝗗𝗮𝗶𝗹𝘆 𝗧𝗮𝘀𝗸 နဲ့ 𝗪𝗲𝗲𝗸𝗹𝘆 𝗧𝗮𝘀𝗸𝘀 နှစ်ခုမှာ Tasks တွေလုပ်ရင်း ရလာမှာတွေကတော့ 𝗘𝗹𝘃𝗲𝗻 𝘀𝗰𝗿𝗼𝗹𝗹𝘀 လို့ခေါ်တဲ့ စာလိပ်လေးတွေဖြစ်ပါတယ်၊
ရလာတဲ့စာလိပ်လေးတွေက 31 ခုထိ ပြည့်သွားတဲ့အခါ
ပုံမှန်စာလိပ်နဲ့မတူတဲ့ စာလိပ်အသစ်တစ်ခုကို ထပ်ပြီးရပါမယ်၊
ဒီရလာတဲ့စာလိပ်အသစ်တွေမှာ 𝗖𝗼𝗺𝗺𝗼𝗻,𝗥𝗮𝗿𝗲, နဲ့ 𝗦𝘂𝗽𝗲𝗿 𝗥𝗮𝗿𝗲 ဆိုတဲ့ Quality 3 မျိုးရှိပြီး ကိုယ့်အသစ်ရတဲ့ စာလိပ်က မြင့်ရင်မြင့်သလို အပိုရမယ့် collection Rewards တွေကလည်းတူမှာမဟုတ်ပါဘူး၊
အသစ်ရထားတဲ့စာလိပ်မဟုတ်တဲ့
Normalစာလိပ်တစ်ခုချင်းစီကို 10 𝗔𝗻𝗰𝗶𝗲𝗻𝘁 𝗥𝗲𝗹𝗶𝗰𝘀 နဲ့လဲလို့ရမှာဖြစ်ပါတယ်။ (လဲလို့ရတယ်ဆိုပေမယ့် Limit နဲ့ပါ၊ ဥပမာ - 100,200 etc... )
Limit ပြည့်သွားခဲ့ရင်တော့ စာလိပ်တွေကို Ancient Relics နဲ့လဲလို့ရတော့မှာမဟုတ်ပေမယ့် collection rewards တွေကတော့ ဆက်ပြီးဖောက်လို့ရပါဦးမယ်
[လဲလို့မရတော့ရင်တောင် စာလိပ် 31ခုပြည့်တိုင်းအခြားလက်ဆောင်တွေရဦးမယ်လို့ဆိုလိုတာပါ]
𝗦𝗽𝗲𝗰𝗶𝗮𝗹 𝗧𝗮𝘀𝗸 မှာတော့ Ancient Relics ကို
လဲစရာပြုစရာမလိုပဲတိုက်ရိုက်ရမှာဖြစ်ပါတယ်၊
Recharge လုပ်ရမယ့် Task မျိုးပါလာနိုင်ပြီး ကိုယ်က Weekly Pass ၀ယ်ထားတဲ့အချိန်မျိုးဆိုရင် Task က ချက်ချင်းပြီးသွားမယ်လို့သိရပါတယ်။
𝗦𝘁𝗮𝗴𝗲 2 : 𝗖𝗵𝗲𝘀𝘁 𝗦𝘁𝗮𝗴𝗲
Stage 2 စတာနဲ့ Taskတွေအကုန်ပျောက်သွားမှာဖြစ်ပြီး Tasks Reward တွေလည်းယူလို့ရတော့မှာမဟုတ်ပါဘူး၊
Chest Stage ရဲ့ Relic Chestကနေ ကျပန်း Ancient Relics ပမာဏတစ်ခုကိုရမှာဖြစ်ပြီး Stage တစ်ခုလုံးကို တစ်ခါပဲဖွင့်လို့ရပါမယ်။
...
အက်မင်ရဲ့ ဒီ Event တစ်ခုလုံးကို overall သုံးသပ်ချက်အရ
ကိုယ်က 𝗦𝘁𝗮𝗴𝗲 1 မှာ 𝗧𝗮𝘀𝗸𝘀 တွေအကုန်သေချာလိုက်လုပ်ထားမယ်ဆိုရင်
Kagura ရဲ့ "𝗕𝗲𝘆𝗼𝗻𝗱 𝘁𝗵𝗲 𝗖𝗹𝗼𝘂𝗱𝘀" Skin ဟာ
𝗦𝘁𝗮𝗴𝗲 2 မှာဖောက်ရမယ့် 𝗥𝗲𝗹𝗶𝗰 𝗖𝗵𝗲𝘀𝘁 ပေါ်မှာမူတည်ပြီး 𝗙𝗿𝗲𝗲 𝗦𝗸𝗶𝗻 လည်း ဖြစ်သွားနိုင်သလို Diamond သုံးပြီးပြန်၀ယ်ရမယ့် Skin တစ်ခုလည်းဖြစ်သွားနိုင်ပါတယ်
ဘယ်လိုပဲပြောပြော Free မရခဲ့ရင်တောင်
💎1288လုံးတန် Time limited Skin တစ်ခုကို 💎448 လုံးအောက်နဲ့၀ယ်ရမယ်ဆိုရင်လည်း အက်မင်ကတော့
အတော်လေးတန်တယ်လို့မြင်မိပါတယ်။