D-garden

D-garden Online Service
(1193)

ကားဝယ်စီးနိုင်မှ သူ့ဆီသွားတော့မယ် ပိုက်ဆံ ဘယ်လောက်ရမှ ပျော်မယ် အိမ်ကောင်းကောင်းနေနိုင်မှ ခရီးသွားတော့မယ်လို့ကျွန်တော်တို...
13/03/2023

ကားဝယ်စီးနိုင်မှ သူ့ဆီသွားတော့မယ်
ပိုက်ဆံ ဘယ်လောက်ရမှ ပျော်မယ်
အိမ်ကောင်းကောင်းနေနိုင်မှ ခရီးသွားတော့မယ်လို့
ကျွန်တော်တို့တွေ အဲလိုတွေးတတ်ကြတယ်နော်..

တကယ် ပိုက်ဆံတွေရှိလာတော့ အသက်တွေကြီးလာ
ပျော်စရာလည်း သိပ်မကောင်းတော့ဘူး
အိမ်ကောင်းကောင်း ရှိလာတဲ့အခါ
နေမကောင်းလို့ ခရီးတွေမသွားနိုင်တော့ဘူး
ကားကောင်းကောင်း စီးလာနိုင်တဲ့အခါ သူမရှိတော့ဘူး..

အဲ့လိုမျိုးတွေ ဖြစ်လာတတ်ပါတယ် ။

ဒါကြောင့် ပိုက်ဆံရှိရှိ မရှိရှိ
ချမ်းသာဆင်းရဲ အရေးမကြီးဘူး ဖြစ်တည်မှုမှာ
ရှိနေတဲ့အချိန်တိုင်းက အဖိုးတန်ပါတယ်
တန်ဖိုးထားတတ်ဖို့ပါပဲ..
ဘဝကို ဘယ်လိုပဲ ဖြတ်သန်းရပါစေ
ကိုယ်ချစ်တဲ့သူတွေနဲ့ ပျော်သလို နေသွားပါ..

ရေစက်ကုန်သွားရင် ပြန်ဆုံဖို့ မလွယ်တော့ဘူး..

ℂ𝕣𝕕.

မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့  🙏 🙏 🙏 🙏 🙏အကျွန်ုပ်သည်ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။ကိုယ်ဆင်...
09/06/2021

မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့
🙏 🙏 🙏 🙏 🙏

အကျွန်ုပ်သည်
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ
ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။

ကျွန်ုပ်၏ မိဘ နှစ်ပါး၊ ဆရာသမားအားလုံး၊
ညာတကာ မိတ်ဆွေများအားလုံး၊
တရားကျင့်ဖော်များအားလုံး၊
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ
ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။

ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော
ယောဂီသူတော်စင်အားလုံး
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ
ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။

ဤအရံအတွင်းမှာ မှီတင်းနေထိုင်ကြကုန်သော
ရဟန်း သာမဏေများအားလုံး၊
သူတော်စင်အမျိုးသား၊
သူတော်စင်အမျိုးသမီးအားလုံး
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။

ကျွန်ုပ်၏ ပစ္စည်းလေးပါး
အလှူ ဒါယကာ၊ အလှူဒါယိကာမအားလုံး
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။

ကျွန်ုပ်၏ ကိုယ်စောင့်နတ်အပေါင်း
ဤ ကျောင်းတိုက်အတွင်း၌လည်းကောင်း၊
ဤ အိမ်အတွင်း၌ လည်းကောင်း၊
ဤ ခြံကြီး အတွင်း၌ လည်းကောင်း၊
စောင့်ရှောက်ကြကုန်သော ဒေ၀တာ နတ်အပေါင်း
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။

သက်ရှိကျားမ- မဟူ သတ္တဝါအပေါင်း၊
၀င်သက်ထွက်သက် ရှိကြကုန်သော
အလုံးစုံသော သတ္တဝါအပေါင်း၊
ပုဂ္ဂိုလ်အပေါင်း၊
ရုပ် နာမ် နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း၊
အမျိုးသမီးအပေါင်း၊ အမျိုးသားအပေါင်း၊
အရိယာ သူတော်စင်အပေါင်း၊
အရိယာမဖြစ်သေးကုန်သောပုဂ္ဂိုလ်အပေါင်း၊
နတ်ဗြဟ္မာအပေါင်း၊ လူသားအပေါင်း၊
အပါယ်ဘုံသားအပေါင်း၊
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။
ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ။
ရရှိပြီးသော ဂုဏ်သိန်စည်းစိမ်
ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း။

ကိုယ်ပြုသော အမှုအတိုင်း
ခံစား ၊ စံစားရသူချည်းပါတကား။

အရှေ့အရပ်၌ရှိကြကုန်သော၊
အနောက်အရပ်၌ ရှိကြကုန်သော၊
မြောက်အရပ်၌ ရှိကြကုန်သော၊
တောင်အရပ်၌ ရှိကြကုန်သော၊
အရှေ့တောင်ထောင့် အရပ်၌ ရှိကြကုန်သော၊
အနောက်မြောက်ထောင့်အရပ်၌ ရှိကြကုန်သော၊
အရှေ့မြောက်ထောင့် အရပ်၌ ရှိကြကုန်သော၊
အနောက်တောင်ထောင့် အရပ်၌ရှိကြကုန်သော၊
အောက်အရပ်၌ ရှိကြကုန်သော၊
အထက် အရပ်၌ ရှိကြကုန်သော၊
သက်ရှိကျားမ- မဟူ
သတ္တဝါအပေါင်း၊
၀င်သက်ထွက်သက် ရှိကြကုန်သော
အလုံးစုံသော သတ္တဝါအပေါင်း၊ ပုဂ္ဂိုလ်အပေါင်း၊
ရုပ် နာမ် နှစ်ပါးရှိကြကုန်သော သတ္တဝါအပေါင်း၊
အမျိုးသမီးအပေါင်း၊
အမျိုးသား အပေါင်း၊
အရိယာ သူတော်စင်အပေါင်း၊
အရိယာမဖြစ်သေးကုန်သော ပုဂ္ဂိုလ်အပေါင်း၊
နတ်ဗြဟ္မာအပေါင်း၊ လူသားအပေါင်း၊
အပါယ်ဘုံသားအပေါင်း၊
ဘေးရန်ကင်းကွာ ချမ်းသာကြပါစေ။
စိတ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ်ဆင်းရဲခြင်း ကင်းကြပါစေ။
ကိုယ့်၀န် ကိုယ်တာ ကိုယ်ခန္ဓာ ချမ်းသာစွာမွေးမြူနိုင်ကြပါစေ။
ကိုယ်စိတ်ဆင်းရဲခြင်းမှ ကင်းလွတ်ကြပါစေ။
ရရှိပြီးသော ဂုဏ်သိန်စည်းစိမ်
ဥစ္စာများလည်း မယုတ်လျော့ကြပါစေသတည်း။
ကိုယ်ပြုသော အမှုအတိုင်း
ခံစား ၊ စံစားရသူချည်းပါတကား။

အထက်ဘ၀ဂ်၊ အောက်အဝီစိ၊
ရှိရှိသမျှ အနန္တစကြာ၀ဠာ
ကုန်းနေသတ္တဝါအားလုံး
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး
ငြိမ်းအေးကြပါစေ။
အထက်ဘ၀ဂ်၊ အောက်အဝီစိ၊
ရှိရှိသမျှ အနန္တစကြာ၀ဠာ
ရေနေသတ္တဝါအားလုံး
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
အထက်ဘ၀ဂ်၊ အောက်အဝီစိ၊
ရှိရှိသမျှ အနန္တစကြာ၀ဠာ
ကောင်းကင်နေသတ္တဝါအားလုံး
ဥပါဒ်ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။

🙏🙏🙏🙏🙏

(မဟာစည်ဆရာတော်ဘုရားကြီး၏ မေတ္တာပို့)

 #သရက်သီးအရွက်အရမ်းကို အံ့ဩမိ ပါသည် 😳😳😲😲 ဖတ်ကြည့်ကြပါအုံးးး🍃ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့  #သရက်ရွက်( Mango Leave ) ...
05/05/2021

#သရက်သီးအရွက်

အရမ်းကို အံ့ဩမိ ပါသည် 😳😳😲😲 ဖတ်ကြည့်ကြပါအုံးးး

🍃ကျနော်တို့ နိုင်ငံမှာပေါများလှတဲ့
#သရက်ရွက်( Mango Leave ) ကို အမေရိကန်နိုင်ငံမှာ ၂အောင်စ ကို
13$ နဲ့ရောင်းနေတာတွေ့ရတော့ ဘာတွေကောင်းလဲဆို google ခေါက်ကြည့်လိုက်ပါတယ် သူများတွေရောင်းနေတာ ကုန်ချောအဆင့်တောင်မဟုတ်ပါဖူးနော်

သူများရောင်းတာထိုင်ဝယ်စားနေရမယ့် ခေတ်လဲ မဟုတ်တော့ပါဖူး

🍃သရက်သီးအရွက်ဟာ
သရက်သီးထက် အဟာရပိုများနေပါတယ်

ဗီတာမင် အေ ဘီ စီနဲ့ antioxidant တွေကြွယ်ဝပါတယ်

🍃 သရက်ရွက်ကို ဆေးဘက်ဆိုင်ရာမှာ ရေနဲ့ပြုတ်၍ဖြစ်စေ အရွက်ကိုအမှုန့်ပြုလုပ်ဖြစ်စေ အသုံးပြုနိုင်သလို အရှေ့တောင်အာရှမှာချက်ပြုတ်စားသောက်ကြပါတယ်

👉‌ ဆေးဘက်ဆိုင်ရာအနေဖြင့် ဆီးချိုရောဂါကိုထိန်းညိဖို့သောက်သုံးကြပါတယ်
👉‌ဒါအပြင် သွေးတိုးရောဂါ ထိန်းညိပေးပါတယ် စိတ်ရောဂါ အသက်ရှူလမ်းကြောင်းဆိုင်ရာ
ရောဂါ ကုသနိုင်ပါတယ်
အကျိတ်တွေနဲ့ ကင်ဆာရောဂါကြီးထွားမှုကို လျော့ချပေးပါတယ်

👉‌သည်းခြေမှာ ကျောက်တည်ခြင်းကို ခြေဖျက်နိုင်ပါတယ်
👉‌အစာအိမ်ရောဂါတွေ
သွေးဝမ်းသွားရောဂါတွေ ကုသနိုင်ပါတယ်
👉‌ကြို့ထိုးတဲ့ ရောဂါအတွက်ဆို သရွက်ရွက်ခြောက်ကိုမီးရှို့ပီး ရှူပေးရင်ပျောက်ကင်းပါတယ်
👉‌မီးလောင်ဒဏ်ရာတွေမှာ အသုံးပြုနိုင်ပါတယ်
👉‌နားကိုက်ရောဂါကုသနိုင်ပါတယ်
👉‌ကိုယ်အလေးချိန်ကို လျော့ချနိုင်ပါတယ်

🍃သုံးစွဲနည်းအသေးစိတ်ကို
google မှာ mango leave benefit ဆိုပီး ရှာနိုင်ပါတယ် အလျင်းသင့်ရင် ဘာသာပြန်ပြီးဖော်ပြပေးပါအုန်းမယ်


လေးစားစွာဖြင့် ...

Credit .... Original Uploader
မူရင်းတင်သူ

 #စိတ်ချမ်းသာအောင်နေနည်း (၁၀)ချက်​________________၁။ သူများပြောတိုင်းလိုက်ပြီးမခံစားနဲ့။(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတ...
05/05/2021

#စိတ်ချမ်းသာအောင်နေနည်း (၁၀)ချက်​

________________

၁။ သူများပြောတိုင်း
လိုက်ပြီးမခံစားနဲ့။
(ပိန်တယ်၊ဝတယ်၊ပုတယ်၊ရှည်တယ်၊ဖြူတယ်၊မဲတယ်၊နှိမ်တယ်၊ကဲ့ရဲ့တယ် စသည်ဖြင့်)

၂။ ပြီးခဲ့တဲ့
ဒေါသထွက်စရာတွေ
စိတ်မချမ်းသာစရာတွေ ပြန်မတွေးနဲ့။

၃။ မဖြစ်သေးတဲ့
အကြောင်းအရာတွေကို
စိုးရိမ်သောကစိတ်နဲ့ ကြိုတွေးမနေပါနဲ့။

၄။ ကိုယ်ဝါသနာပါတဲ့အလုပ်ကို
စူးစူးစိုက်စိုက် လုပ်ကြည့်ပါ။

၅။ ကိုယ့်အကြောင်းကို
ကိုယ့်ကွယ်ရာမှာ အတင်းပြောနေတဲ့အကြောင်း
ကိုယ်ပြန်ကြားတဲ့အခါ ခံစားမနေပါနဲ့။
(ကိုယ့်ကို ဒဲ့ပြောတာမှ မဟုတ်တာ၊ ကိုယ်လဲ တိုက်ရိုက်ကြားရတာ မဟုတ်ဘူး)

၆။ ဆုံးရှုံးသွားတဲ့အရာတွေအတွက်
နမြောတဲ့စိတ်နဲ့ ခဏခဏ ပြန်မစဉ်းပါနဲ့။
(ဘာမှပြန်မရတော့ဘူး ပြီးသွားပြီ၊ သင်ခန်းစာပဲယူပါ)

၇။ ကိုယ့်ချစ်သူက
သစ္စာဖောက်သွားတဲ့ခါ ဝမ်းသာလိုက်ပါ
သူ့အကြောင်းကို စောစောစီးစီး
သိလိုက်ရလို့..........

အသဲကွဲချင်လဲ
ယာယီတော့ အသဲကွဲ
မစားနိုင်မသောက်နိုင်
တစ်မှိုင်မှိုင်တစ်တွေတွေ လုပ်မနေနဲ့။
(ကမ်ဘာမှာ လူပေါင်း သန်း၇ထောင်ကျော်ရှိတယ်၊ ကိုယ်နဲ့ထိုက်တန်ရာတစ်ယောက်တော့ရတယ်၊ရောက်လာလိမ့်မယ်)

၈။ များများ ယူဖို့ထက်
များများပေးနိုင်အောင် ကြိုးစား။
(သူများကို များများပေးနိုင်လေ စိတ်ချမ်းသာရလေပဲ)

၉။ ပတ်ဝန်းကျင်ကို
လိုအပ်တာထက်ပိုပြီး
ဂရုမစိုက်မိစေနဲ့။

၁၀။ ကိုယ့်မှာ ရှိသလောက်နဲ့ပဲ
ရောင့်ရဲတင်းတိမ်နိုင်အောင် ကြိုးစားပါ။

(ကိုယ်လုပ်နိုင်စွမ်းရှိသလောက်ပဲ မျှော်လင့်ပါ)

Credit....Org Uploader

 #ဆား ရဲ့အသုံးဝင်ပုံများဆားနဲ့ ပတ်သက်သော ဗဟုသုတ  ====================          #ခေါင်းလျှော်တဲ့အခါ ဆားနည်းနည်းထည့်လျှော်...
05/05/2021

#ဆား ရဲ့အသုံးဝင်ပုံများ

ဆားနဲ့ ပတ်သက်သော ဗဟုသုတ
====================

#ခေါင်းလျှော်တဲ့အခါ
ဆားနည်းနည်းထည့်လျှော်ရင်
ဆံပင်ကျွတ်တာကို …
ကြို တင်ကာကွယ်နိုင်ပါတယ်


နည်းနည်းစိုနေတဲ့
#မီးခြစ်ကို ဆားပေါ်မှာ တင်ထားရင်
၁မိနစ် ၂မိနစ်ကြာတဲ့အချိန်
ပြန်လည်ခြောက်သွေ့လာ ………


#ပန်းအိုးထဲကို
ဆားနည်းနည်းထည့်
ပြီး ပန်းထိုးပါက ကြာရှည်ခံနိုင် ………

#ဆားနဲ့
ဓားးသွေးရင် ဓား ပို၍
ထက်ပါတယ် ………

#ခြင်ထောင်ကို
ဆား ထည့်ပြီး လျှော်ရင် ဂျ ပိုးတွေကို နှိမ်နင်းနိုင်ပါတယ်…

#အသစ်ဝယ်လာတဲ့ဖန်ခွက်ပန်းကန်
ပန်းကန်ပြားတွေကို ဆားရည်ထဲမှာထည့်
ပြီး ခဏလောက်စိမ်ထားရင် နောင်မှာ…
အက်ကွဲ လွယ်မှာ မဟုတ်ဘူး………

#ခြေဆီလက်ဆီ အထွက်နည်းလို့
#ခြေကွဲကြောင်းတွေ ပေါ်နေရင်
ညအိပ်ယာဝင်ခါနီး ဆားကြမ်းနဲ့
ပွတ်တိုက်ပေးပါက အကွဲရာများ
ပျောက်ကင်းပြီး နဂိုချောမွေ့သော အသားအရည်ကိုပြန်လည်
ရရှိစေမှာ ဖြစ်ပါတယ်………

credit း မောင်မောင်မြတ်သူ
China Myanmar

မီးဖိုချောင်ပစ္စည်းများဖြင့်  #အပင်များရှင်သန်လှပ_ဖူးပွင့်စေသောနည်းများ #ကြက်ဥခွံ         နေလှန်းပြီးခြောက်သွေ့လာသော ဥခွ...
05/05/2021

မီးဖိုချောင်ပစ္စည်းများဖြင့်
#အပင်များရှင်သန်လှပ_ဖူးပွင့်စေသောနည်းများ

#ကြက်ဥခွံ

နေလှန်းပြီးခြောက်သွေ့လာသော ဥခွံများကို အမှုန်ဖြစ်အောင် ထောင်းခြင်း၊ကြိတ်ခြင်းဖြင် အပင်ခြေရင်းတွင်ပုံပေးနိုင်ပါသည်။Calciumပမာဏများများပါဝင်ခြင်းက အပွင့်ပွင့်စေရန်အထောက်အကူဖြစ်စေပါသည်။

#ကြက်သွန်နီအခွံ
ကြက်သွန်နီအခွံများကို ရေနှင့် 3ရက်ခန့်စိမ်ပြီးအရည်ကို အပင်လောင်းပေးပါက အအပင်အတွက်လိုအပ်သောအဟာရများစွာရရှိစေပါသည်။

#ငှက်ပျောခွံ
ငှက်ပျောခွံရေစိမ်ပြီး ရလာသောအရည်ကိုလောင်းတာဖြစ်ဖြစ် ၊ အခြောက်လှမ်းပြီးရလာသောအခွံများကို အမှုန့်ဖြစ်အောင်လုပ်ပြီးဖြစ်ဖြစ်အပင်များကို ကျွေးနိူင်ပါသည်။အပင်အပွင့်အမြစ်ပါအကုန်အားရှိစေပြီး ရောဂါခံနိုင်ရည်လည်းမြင့်တက်စေပါသည်။(Potassium+Phosphorus+Nitrogen+Magbesium+Potash)

#နွားနို့
နွားနို့တွင် အပွင့်အားကောင်းစေသော Clacium ပါသည့်အတွက် ရေနှင့်ရောပြီး အပင်လောင်းနိုင်ပါသည်။နွားနို့ အချဉ်ပေါက်လာသောအကျိုးပြုများကလည်း အပင်ကို ရောဂါကာကွယ်ရာတွင် ကူညီပေးနိူင်ပါသည်။

#ဆန်ဆေးရည်
ဆန်ဆေးရည်တွင် ဘက်တီးရီးယားများကိုရှင်သန်ပေါက်ဖွားစေနိုင်သော လက်တစ်အက်ဆစ်ပါဝင်သည့်အတွက် အပင်များကို လောင်းပေးခြင်းဖြင့် အပင်သန်ခြင်းအပွင့်ပွင့်ခြင်း ဖြစ်ပေါ်စေပါသည်။

#သကြား
သကြားတစ်ဇွန်း ရေတစ်ခွက် ကိုရောပြီး ရလာသောသကြားရည်ကို အပင်ကိုလောင်းပေးခြင်းဖြင့် အပင် အထူးသဖြင့် အပွင့်တွေကို အားရှိစေပါသည်။

#ရှောက်သီး_သံပရိုသီးအခွံ
ရှောက်သီး၊သံပရိုသီးအခွံများကို အပင်အိုးထဲတွင် ထည့်ထားခြင်းဖြင့် ကပ်ပါးရန်မှကာကွယ်ပေးနိုင်ပါသည်။

#ဆပ်ပြာရည်
ပန်းကန်ဆေးဆပ်ပြာ တစ်ဇွန်းနှင့် ရေတစ်ခွက်ကို ရောပြီးရလာသည့် ဆပ်ပြာရည်ကို ရေဖြန်းဘူးထဲထည့်ပြီး အပင်ဖြန်းပါက ဖြုတ်စိမ်း၊ပြပိုး၊ပင့်ကူအိမ်ငယ်လေးများကို သေစေနိုင်ပါသည်။

#အက်စပရင်ဆေးပြား
အက်စ်စပရင်ဆေးပြားကို ရေတစ်ခွက်နှင့်ရောစပ်ပြီး အပင်ဖြန်းပါက အပင်ကပ် ရောဂါပိုးများ၊မှိုများ မကျအောင် ကာကွယ်နိုင်ပြီး အပင်ကို ကိုယ်ခံအားကောင်းအောင်လုပ်ပေးနိုင်ပါသည်။

#တမာဆီ
တမာဆီတစ်စက်နှင့် ရေတစ်ခွက် ရောစပ်ပြီးဖြန်းပါက ဖြုတ်စိမ်း ပျပိုး ပင့်ကူအိမ်လေးများကို သေစေပါသည်။

#ဘီယာ
ဘီယာကို ခွက်တစ်ခုထဲထည့်ပြီး အပင်ခြေအိုးဘေးတွင်ထားပါက ခရုပက်ကျိများ ဘီယာအနံ့ကြောင့်ရောက်လာပါက အသာလေး ဖယ်ရှားနိုင်ပါသည်။

#ကြက်သွန်ဖြူဥ
ကြက်သွန်ဖြူကို အပင်ခြေရင်းတွင်ထားပါက ပိုကောင်များ အင်းဆက်များမလာအောင် ကာကွယ်ပေးနိုင်ပါသည်။

#သားစိမ်းငါးစိမ်းအရည်
ငါးအကြေးခွံမှ အပင်အခက်အလက်အမြစ်တို့အတွက်လိုအပ်သော ခိုင်တိုဇင်ကိုပေးနိုင်ခြင်း၊ငါးကလီစာမှ အပင်အရွက်အတွက် Nitrogen နှင့်အခြားဓာတ်များ ရစေမည့် ငါးအမိုင်နိုကိုပေးနိုင်ခြင်းအတွက် သားစိမ်းငါးစိမ်းအရည်ကိုလည်း အပင်ကိုလောင်းပေးနိုင်ပါသည်။

#ပြာ
ပြာကိုရေဖျော်ပြီး အပင်လောင်းပေးခြင်းဖြင့် အသီးများကိုကြီးထွားစေသည့် Potassium ကိုရရှိစေပါသည်။

ေး
အပင်အတွက်သီးသန့်ထုတ်ထားသည့် Vitamin B1 ဆေးရည်များရှိသကဲ့သို့ Vitamin B1 ဆေးခဲများ၊M150 အချိုရည်တို့ကိုလည်း ရေနဲ့ရောစပ်ပြီး အပင်လောင်းပေးခြင်းဖြင့် အပင်အမြစ်သန်မာစေပါသည်။အိုးပြောင်းထားသည့်အပင်များ၊ရွှေ့စိုက်ထားသောအပင်များတွင် Vitamin B1 သုံးပေးပါက အပင်အမြစ်ထွက်သန်မာစေသည်။

လေးစားစွာဖြင့်...

Credit... Original writer

ပိုက်ဆံလည်းမကုန် လိုင်းရှယ်ကောင်းမယ့်MPT / Ooredoo /  Telenor အကုန်ရ1.1.1.1 VPN app- Android  https://play.google.com/st...
05/05/2021

ပိုက်ဆံလည်းမကုန် လိုင်းရှယ်ကောင်းမယ့်
MPT / Ooredoo / Telenor အကုန်ရ

1.1.1.1 VPN app

- Android
https://play.google.com/store/apps/details?id=com.cloudflare.onedotonedotonedotone&hl=en&gl=US

-IOS
https://apps.apple.com/us/app/1-1-1-1-faster-internet/id1423538627

လိုင်းပိုကောင်းအောင် Gb ထက်တိုးပါ

1.1.1.1 Gb တိုးနည်းပါ

https://www.facebook.com/groups/1699263056920887/permalink/1734876243359568/

Gb မတိုးတတ်တဲ့သူများ အတွက် Android Only
Mod Apk

https://mega.nz/file/ax1TkIaY

အဆင်ပြေကြပါစေ 💕

Address

Mandalay
95014

Website

Alerts

Be the first to know and let us send you an email when D-garden posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share