07/01/2025
လူတစ်ယောက်ပြောဖူးတယ်
တစ်ခါတလေ ဘာမှမသိတာက ပိုကောင်းတယ်တဲ့။
သိလိုက်ရရင် စိတ်မချမ်းမြေ့စရာတွေက ပိုများနေလို့ အခုနောက်ပိုင်း ဘာဆိုဘာမှ မသိချင်တော့ဘူး။
သ်ိချင်စိတ်ပေါ်လာရင်တောင် ရအောင် ဖြေဖျောက် ပစ်လိုက်တာမျိုး....
ငြိမ်းချမ်းမှု ဆိုတာကိုယ်ကိုယ်တိုင်ရှာဖွေမှ တွေ့တတ်တာမျိုးလေ။ ဘာမှမသိတာကလည်း ငြိမ်းချမ်းခြင်း တစ်မျိုးပဲပေါ့။
အစစအရာရာ အကုန်သိနေရင် ခေါင်းလည်းလေးတယ်။ သိထားတဲ့အလျောက် ကိုယ့်ကိစ္စဟုတ်သည်ရှ်ိ၊ မဟုတ်သည်ရှိ ဝင်ပါရတယ်။ ဖြေရှင်းရတယ်။ အဲ့လိုမဟုတ်တဲ့အကြောင်း ကိုယ်က ဝင်ပြောရတယ်။
အရင်ကတော့ တစ်ခုခုဆို သိချင်စိတ်အရမ်းပြင်းပြပေမယ့် ခုနောက်ပိုင်းတော့ သိစေချင်လို့ လာပြောရင် တောင် မသိချင်ယောင်ဆောင်ရတဲ့ အခြေအနေဖြစ်သွားပြီ။
မသိချင်တော့ဘူး။ လူတွေရဲ့ အကြောင်း၊ အဖြစ်အပျက်တွေရဲ့ အကြောင်း၊ အတိတ်က အကြောင်း ဘာဆို ဘာတစ်ခုမှ မသိချင်တော့ဘူး။ သိပြီးသွားရင်လည်း ကိုယ်ပျော်ရမှာ မဟုတ်ဘူးဆိုတာ သိနေလို့။
ဘာမှမသိတာပဲ ကောင်းပါတယ်...
သိချင်လည်း မသိချင်နဲ့။
မသိချင်လည်း မသိချင်နဲ့။
မသိတာကိုက တကယ်အေးချမ်းတာမို့
မသ်ိအောင်ပဲ ကြိုးစားနေပါ။
ဘာမှမသိရင် ဘာမှစိတ်မညစ်ရတော့ဘူး။
🌻🤍