10/08/2026
🎬 The Wolf of Wall Street (2013)
ဒါရိုက်တာကြီး Martin Scorsese နဲ့ မင်းသားကြီး Leonardo DiCaprio တို့ရဲ့ အကောင်းဆုံး လက်တွဲဖန်တီးမှုတစ်ခုဖြစ်ပြီး အမေရိကန် စတော့စျေးကွက်က ပွဲစားကြီး Jordan Belfort ရဲ့ ဖြစ်ရပ်မှန် ဘဝဇာတ်ကြောင်းကို ရိုက်ကူးထားတဲ့ ဂန္ထဝင် Crime / Comedy / Drama ရုပ်ရှင်ကားကြီး!
ဇာတ်လမ်းအကျဉ်း
အသက် ၂၀ ကျော် အရွယ်မှာတင် စတော့ပွဲစားဘဝနဲ့ Wall Street ကို ခြေချခဲ့တဲ့ Jordan Belfort (Leonardo DiCaprio)...
သူဟာ လျှင်မြန်လှတဲ့ စကားပြောစွမ်းရည်၊ လိမ်ညာလှည့်ဖြားမှုတွေနဲ့အတူ Stratton Oakmont ဆိုတဲ့ ကုမ္ပဏီကို ထူထောင်ပြီး တရားမဝင် စတော့ရှယ်ယာ ရောင်းချမှုတွေကနေ ဒေါ်လာသန်းပေါင်းများစွာ ချမ်းသာလာခဲ့ပါတယ်။
ငွေကြေး ပေါများလာတာနဲ့အမျှ မူးယစ်ဆေးဝါး၊ မိန်းမရှုပ်ပွေမှုတွေ၊ စိတ္တဇဆန်ဆန် သုံးဖြုန်းမှုတွေနဲ့ အမှောင်ဘဝထဲ နက်ရှိုင်းစွာ ကျဆင်းလာခဲ့ရပြီး နောက်ဆုံးမှာတော့ FBI အဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ၊ တရားဥပဒေရဲ့ ရိုက်ခတ်မှုတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ... 💵ဆောရီးမပါဘဲ သန်းကြွယ်သူဌေးဖြစ်လာပုံနှင့် ပျက်စီးခန်းများ..
Comment တွင် movie link👇