Zuethit

Zuethit Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zuethit, Art, တမ္ပဝတီ, Mandalay.

25/04/2024
04/04/2024

- စွယ်စုံကျော်ထင် ဝိသောဓနီ

ရှစ်သောင်းလေးထောင်၊
ကျမ်းကုန်အောင်၊
ထုတ်ဆောင် အက္ခရာ ဘယ်မျှနည်း။

(ကြည့်ကန်ရှင်ကြီး စွယ်စုံကျော်ထင်ကျမ်း အမေးပုစ္ဆာ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဓမ္မက္ခန္ဓာ တဆူတဆူ ဟူသည်လည်း အများ အနည်း မတူကြသောကြောင့်၊ အက္ခရာကို တွက်သိနိုင်ရာသော အကြောင်း မဟုတ်။ ဗုဒ္ဓါနုဗုဒ္ဓ ဖြစ်သော ဆရာတို့ပြသော ပါဌ်ပဒလည်း မရှိချေ။

(ကျည်းသဲလေးထပ်ဆရာတော် အဖြေ)
~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဝိသောဓနီ အဖြေ။ ။ ရှစ်သောင်းလေးထောင်၊ များမြောင်လှစွာ၊ ဓမ္မက္ခန္ဓာ၌၊ အက္ခရာအရေအတွက်ကား ဂဟိတာ ဂဟိတနည်းဖြင့် ရေတွက်သော် ၄၁ လုံးရှိ၏ ဟူပေ။

(ဟင်္သာတ သပြေပင်ဆရာတော် အဖြေ)

#ရှေးစာကဗျာများ

23/03/2024

***မဃဒေဝ~လီနတ္ထဒီပနီ- ပေါရာဏကထာ***

မန်လည်ဆရာတော်ရေး #ပေါရာဏ တချို့-

=> ပစ္စုပ္ပန်ဝတ္ထု သန္တိကေနိဒါန်း-

၁။ ချက်ကုံ = အကြွင်းမဲ့ အလုံးစုံ
၂။ ပတုန်ပလဲ့ = အကြွင်းမဲ့
၃။ ပတေပတာ = ဖြစ်ခေါင့်ဖြစ်ခဲ
၄။ အမြန်လျင်ခုပ်-> လျင်ခုပ် = အလျင်အမြန်
၅။ စိတ်ချခိုင်ဖြီး->
ဖြီး = ကြီးမားများပြားပြန့်ပြောသည်။

၆။ လွန်စွာအံ့ဖွယ်တမင်း -> တမင်း = အလွန်အမင်း
၇။ မြေ သေဉ် မင်္ဂလာ-> သေဉ် = ဘူမိနက်သန်မင်္ဂလာကြက်သရေ (ကျက်သရေ)
၈။ ချက်ရိုင် = အလုံးစုံ မကြွင်းမကျန်
၉။ သက်တင်ရန်းကို-> ရန်း = အရောင်အဆင်း
၁၀။ ဦးထိပ်ချာ-> ချာ = အလယ်ချက်

၁၁။ သိမြော်ရကား- နှိုက် မြော်ဟူသည်ကား မြင်သည်- ဟူလိုရကား - ဟူသည် ဟိတ်အနက်၊ ကြောင့်- ဟုဆိုလိုသည်။
(သိမြော်ရကား=) သိမြင်တော်မူသောကြောင့် - ဟူလို။

၁၂။ အထုအထ= အစုအပေါင်း (အထုကားယှဉ်ဘက်မျှတည်း)

၁၃။ ပလေလက်ချား = စကားပေါ့သွပ်အဖျင်း

၁၄။ ပြည်တဲ့ရေးရာ->
ပြည်တဲ့ = အမြဲးအစွဲးတည်နေသော တိုင်းပြည်
(ပြည်တဲရေး- အကြောင်း ပို့စ် တင်ပြီး)

၁၅။ ပန်ထွာညွှတ်ခ-> ပန်ထွာ = တောင်းပန်သည်

၁၆။ ကျေးဇူးမဖြင်-> ဖြင် = များသည်

=> ရာဇဝင်ခဏ်း-

၁၇။ ပုန်တောင်းရတနာ->
ပုန်တောင်း = စကြာလှည်းပတောင်း

၁၈။ ဖြတ်တောင်းပိုင်းလှန်-> တောင်း = ဖြတ်ပိုင်းသည်

၁၉။ ပဏ္ဍုကြငှန်း-> ကြငှန်း = အမြတ်

၂၀။ မန္ဓာတ်စကြာ ဘေးစော-> စော = အမြတ်အချစ်

၂၁။ ထက်ထိုက်ကျ၏့ -> ထက်ထိုက် = ယခုတိုင်အောင်

၂၂။ အတီးရှေးခါ ->
အတီး = ရှေးလွန်လေပြီးသော အတိတ်အခါ

၂၃။ ပြည့် သေတ္တု -> သေတ္တု = အဆီခဲး အနှစ်ခဲး
၂၄။ သားကမြေးကွန့် -> ကွန့် = စည်ပင်ပြန့်ပွားသည်။
၂၅။ မိုးနှောင်းသံထင် = ဘုန်းတန်ခိုးနှင့် ပြည့်စုံသည်

၂၆။ မိုးနတ်တရထည်-> တရထည် = အတူ

၂၇။ ကျူးဧး ကျံကျံ ->
ကျံကျံ = ညိုးညိုးညံညံ စီစီညံညံ ကျက်ကျက်ညံညံ ဟူသောအသံ။
(ဤနှိုက် ညိုးညိုးညံညံ ဆိုလိုသည်။ အရာသို့ လိုက်၍့ သိရာ၏့။)

၂၈။ နရစိုးမည်->
စိုး(စော) = ဒေဝသဒ္ဒါ၏ ပေါရာဏ
(မဃဒေဝ- မဃစိုး၊ အနုရုဒ္ဓဒေဝ- အနော်ရထာမင်းစော)

၂၉။ စံကွန်းပျော်မှ -> ကွန်း = နန်းအိမ်

၃၀။ ဇေယျနက်သန်->
နက်သန် = မင်္ဂလာကြက်သရေရှိသော အောင်မြေ

၃၁။ စုလျား = အပေါ်တင် အဝတ်သဘက်

=> မြို့ပြောင်းခဏ်း-

၃၂။ ယူဇနာရှည့်ရှည့် = တယူဇနာပမာဏလောက်
၃၃။ တသွန် ဝင်းမှူး -> တသွန် = တစုတသင်း
၃၄။ ရောရုယှဉ်တွဲး -> ရောရု = အစုအပေါင်း
၃၅။ အိမ်ရှေ့ရန်ငူး -> ရန်ငူး = မင်း

၃၆။ များစွာမွမ်းဖြင့် -> မွမ်းဖြင့် = အများ
၃၇။ များဥဿုံ -> ဥဿုံ = အများ
၃၈။ များဖြင်ပြွမ်းကို-> ဖြင်ပြွမ်း = အများအရောရော
၃၉။ ခြည်းခြည်းတီးဆော် ->
ခြည်းခြည်း = ညင်းညင်းညောင်းအသံ

၄၀။ များကလန် ->
ကလန် = ရွာတရွာကိုသာအုပ်ထိန်းရသည့် အမတ်

၄၁။ သံပျင် = ရွာအများကို အုပ်ထိန်းရသည့် အမတ်

=> မြို့တည်နန်းတည်ခဏ်း-

၄၂။ နဂိုကြငှန်း -> (နဂရ+) ကြငှန်း= ကြက်သရေ
၄၃။ ဘုန်းတော်ကြို့၍ -> ကြို့ = ကရ သဒ္ဒါ
(ဘုန်းတော်ပြု၍့၊ ဘုန်းတော်စီမံဘန်ဆင်း၍့)

၄၃။ မစိုမပြည် = ကြာရှည်သည်
၄၄။ သဏ္ဌာန်နှုန်းနှန်း -> နှုန်းနှန်း =အတူ
၄၅။ ဘုန်းဝှန်ထွတ်ထား ->
ဝှန် = ထက်မြက်ကြီးမားသည်

၄၆။ ကြွေ့ကြွေ့ပွားကြွယ် ->
ကြွေ့ = များသည်။ တိုးပွားသည်။
၄၇။ လှိုက်လှိုက်ကြည်းအောင် ->
ကြည်း = မြည်တွန်ကြော်ကြူးသည်
၄၈။ ဆော်နှက်ပဟိုရ် နယန်း -> နယန်း =
(နယ=နည်း၊ အန္တရ=အထူူ)

၄၉။ ပြဋ္ဌာန်းပိုင်းခြား -> ပြဋ္ဌာန်း =
အကြီးအမြတ်အားဖြင့် ပိုင်းခြားသည်။
၅၀။ အထူးဖြင်သား -> ဖြင် = များသည်

=> ဘိသိက်ခဏ်း-

၅၁။ ကွန်းပြောက်ရွှေနန်း-> ကွန်းပြောက် = နန်းတော်

၅၂။ မင်းကျော်ရန်နှည်->
ရန်နှည် = ရန်ကို နှိပ်နှယ်ဖျောက်တတ်သည်

၅၃။ ခရော်ခရွတ် = မညီမညွတ်သောမြေ

၅၄။ ညီညွတ်ကုတ်သဲး -> ကုတ်သဲး =
ညီညွတ်သန့်ရှင်းအောင်လုပ်သည်

၅၅။ မျှို့ဦးမင်္ဂလာ တင်မှန်းတည်း ->
မျှို့ = မင်္ဂလာကြက်သရေ

၅၆။ ဟူးရားတတ်စွာ -> ဟူးရား = ဗေဒင် (ဟောရာ)

၅၇။ စီရီသား = ရေခပ်တစု (ရက္ခိုင်တို့ဘာသာ)

၅၈။ ပွယ်ရာဥဿုံ ->
ပွယ် = နတ်အား ပသတင်ကြား ပြောဆိုတတ်သူ

၅၉။ ပွဲးစုံကျင်းပ ပုစ္ဆန်းတည်း -> ပုစ္ဆန်း =
နတ်ပွယ် နတ်ပသတတ်သောသူ နတ်စောင့် နန်းထိန်း။

၆၀။ ပြိုးပြက်သရေ ကွန့်ရွှန်း -> ကွန့် = မြူးထွက်သည်

၆၁။ မင်းရတုဖြင့် မင်းမှုသန္တေး ဦးတော်ဆေးပြီး ->
မင်းရတု = မင်းပွဲသဘင် ကာလ အခါ

၆၂။ ထုံးတံထွာ -> တံထွာ = သဘောဓမ္မထုံးစံ

၆၃။ ဘွဲ့ယှဉ် ပလ္လင် ->
ပလ္လင် = ထက်ဝယ်ဘွဲ့ တင်ပျဉ်ခွေခြင်း

၆၄။ နတ်တူ တနှုန်း တနန်းတည်း->
တနှုန်း = တနန်း = အတူ

၆၅။ တင့်တယ်ထွန်းစည့် -> စည့် = ထွန်းပသည်

၆၆။ ရွှေပြည့်သနင်း -> သနင်း = မင်း

၆၇။ ကော်ရော်လေးမြတ် -> ကော်ရော် = မြတ်နိုးရိုသေ

၆၈။ ရှေးတီးကမ္ဘာ -> တီး= အတီး = ရှေးအတိတ်ကာလ၊ လွန်လေပြီးသောအခါ

၆၉။ ဒူယင်ရတနာ -> ဒူယင် = အင်္ကျီ (ချပ်တန်းဆာ)

၇၀။ မိုးပျော်ပျံလုဘန်း -> ဘနန်း = နီးနီး ဆဲးဆဲး

=> မြို့နန်းသိမ်းခဏ်း-

၇၁။ ကိုးဆောင်သရစ်၊ ပလ္လင်ရှစ်နှင့် ->
သရစ် = ကြက်သရေ

၇၂။ ရောင်ချိုးချက်နှင့် -> ချိုးချက် = အရောင်ပြိုးပြက်

၇၃။ ပိတ်စပ်ရှစ်ခွင် ကာရန်းတည်း ->
ပိတ်စပ် = အနံ့အစပ်၊ မလပ်မခြား

၇၄။ မြေမိုးဝှန့်တက် -> ဝှန့် = နှံ့ကျော်ကြားသည်
၇၅။ မမှားတူရူ -> တူရူ = မျက်နှာတည့်တည့်

=> ဥကင်တော်ဘွင့်ခဏ်း-

၇၆။ ရွှေမှောက်မင်းကျော် -> ရွှေမှောက် = မင်း
၇၇။ နတ်တပြီလည်း -> တပြီ = အတူမယွင်း
၇၈။ ရှင်လူဥဒါဟို -> ဥဒါဟို = များစွာမစဲး၊ မလပ်
၇၉။ ခပဲးပြောထူ -> ခပဲး = ပြောထူ = အများ
၈၀။ ဦဦညိတ်ညိတ် ->
ဦဦ = သောင်းသောင်းသဲးသဲး ရိုးရိုးရွရွ

၈၁။ ဗိုလ်အစုတ်ကို -> အစုတ် = အပေါင်း
၈၂။ ဇာတိရွှေဉာဏ် ခိုင်ကျန်းတည်း ->
ခိုင်ကျန်း = ခိုင်မာသည်

=> ဘုန်းတော်ဘွဲ့ခဏ်း-

၈၃။ တုကျွန်းမမြော် -> တုကျွန်း = အတုမဲ့သည်
၈၄။ ဆင်ကျားပေါပည်း -> ပေါပည်း = အပုံအများ
၈၅။ ဂယ်လောင်းမျက်လုံး -> ဂယ်လောင်း =
ကြွက်စုပ်အမည်၊ ကြွက်စုပ်မျက်လုံး နှင့်အတူ

၈၆။ တင့်တယ်လှကျော ->
ကျော = လှပတင့်တယ်ကောင်းမြတ်သည်

၈၇။ ဗွေသန့်ကြော ->
ကြော = သန့်ရှင်းစင်ကြယ်သည်

၈၈။ ပျံကွန်မြေမိုး -> ကွန် = ပျံတက်သည်

၈၉။ ပိုလွန်းကဲး = အပြည့်အလျှမ်း

၉၀။ အပည်းပည်း = အပုံအပင်များသည်

၉၁။ အကျဉ်းအခဲ ရှောက်ရွှာကြဲးသို့->
ရှောက်ရွှား = မိုးသီး

=> ကပ္ပကာရောစနခဏ်း-

၉၂။ မင်းလျာကြငှန်း၊ ကွမ်းထည့်မှန်းသား->
ကွမ်းထည့် = အလောင်းအလျာ မှန်းသည်

=> ပလိတဒဿနခဏ်း-

၉၃။ ဘော်ကျောငွေချည် ->
ကျောငွေ = ငွေဖြူ ငွေကောင်း ဘော်ငွေ

၉၄။ တရထည် = အတူ

၉၅။ ခေါက်ရက်မရှု မအားတည်း->
ခေါက်ရက် = အားရဝမ်းသာ

=> အတ္တစိန္တာခဏ်း-

၉၆။ နစ်နစ်နောနော = ရင်းဖျားစဆုံး၊ အပြန်အလှန်။

၉၆။ ဤလူပေါယယ် -> ပေါယယ် = အများ = ခပဲး

၉၇။ အချင်းအထ = အရည်အချင်း အစွမ်းသတ္တိ အရေးအရာ

၉၈။ ဦးမထောင်း = ဘေးရန်မရှိ

၉၉။ အန်းမရဘဲး ->
အန်းမရ = အထောက်အလှမ်းစွဲးလမ်းရာမရ

၁၀၀။ ကျော့ကျည်း = ပျင်းရိ

၁၀၁။ ရွှင်ကြည်း -> ကြည်း = ရွှင်လန်းကြည်လင်

၁၀၂။ ကိလေနောက်ဆူး ->
နောက်ဆူး = နောက်ကျိဆူဝေသည်

၁၀၃။ မူးထူးမင်းထင် = ထိုင်းမိ ထိုင်းမှိုင်း တွေဝိ တွေဝေ

၁၀၄။ မိုးကြယ်တစံ -> တစံ = အတူ

၁၀၅။ အားမနာစောက် ->
စောက် = အကျင့်သဘော

၁၀၆။ တသက်လျာ = တခဏမျှ

၁၀၇။ တလည်လည် = အတူတူ၊ အဘန်ဘန် အကြိမ်ကြိမ်။

၁၀၈။ စိုပြည်ကာလ -> စိုပြည် = ရှည်ကြာသည်

၁၀၉။ တိလင်းကျည်း = အပိတ်အဆီးမရှိ ဟင်းလင်း

၁၁၀။ ပုပ်မိုမကုန် -> မို = ရှည်ကြာစွာကာလ

၁၁၁။ အုန်အုန်အောက်အောက် = ဟောင်းနွမ်းဆွေးမြေ့ ပုပ်သိုးသည်

၁၁၂။ ထိုးကျင့်ပြင်းစွာ ->
ထိုးကျင့် = အတွင်းကနှိပ်စက်သည်

၁၁၃။ အိုင်းအမာ -> အမာ = အနာ

၁၁၄။ စီးကျသုန်၍့ -> သုန် = ခုန်သည် ပျံသည်

၁၁၅။ မြစ်လောင်းတံလည်း ->
မြစ်လောင်း = မြစ်ငယ်
တံလည်း = ရေယာဉ်

၁၂၆။ ရေယဉ်ပြောင် -> ပြောင် = ကြီးမားသည်။
(တနည်း မြစ် ကိုပင် ပြောင်ခေါ်သည်။)

၁၂၇။ ခန့်ချုံးတရှိ -> တရှိ = မလွန်မစား၊ အတူတူ

၁၂၈။ တွေ့ကြုံရွပ်ရွပ် -> ရွပ်ရွပ် = စိစိကြပ်ကြပ် အပြင်းအထန် မဆုတ်မနစ်

၁၂၉။ ဆောင်ကာဖက်ထစ် -> ဖက်ထစ် = အမြဲး

၁၃၀။ ပန်းလည်စက်တိုင် ->
ပန်းလည် = စက်တိုင်မှန်တိုင်

၁၃၁။ မကွာကတ်လပ် -> ကတ်လပ် = မကွာအမြဲး

၁၃၂။ တလုံလဲးလဲး = အဘန်တလဲးလဲး

၁၃၃။ ကျဉ်းမြောင်းတမွေမွေ ->
တမွေမွေ = အလွန်ကျဉ်းမြောင်း

၁၃၄။ တောင့်တသွေးချို ->
သွေးချို = တောင့်တအလိုရှိသည်

၁၃၅။ မဟဲ့အဆုံး -> မဟဲ့ = မယှိ

၁၃၆။ လိပ်ခဲးတည်းလည်း - မှုတင်းလင်း->
တည်းလည်း = တင်းလင်း = တန်းလန်းအမြဲမလွတ်

၁၃၇။ တော်လှန် = ကျွန်အရာမှ လွတ်ကင်းသည်

၁၃၈။ နောက်မှိုဟထိုး ->
နောက်မှို = ရှည်ကြာစွာသော ကမ္ဘာကာလ

၁၃၉။ ကြိုးသံလျောင် -> သံလျောင် = သံကြိုးရှည်

၁၄၀။ ပျို့ = နှစ်သက် ဝမ်းသာသည်

၁၄၁။ ဘင်အစုကို -> ဘင် = မစင်အညစ်အကြေး

၁၄၂။ လှုလှုတပ်ပြွေ့ -> လှုလှု = ဝမ်းမြောက်ဝမ်းသာ

၁၄၃။ ငြမ်း = မှီရာဓမ္မတာထုံးစံ

၁၄၄။ တလုံလဲးလဲး = အဘန်တလဲးလဲး

၁၄၅။ လောဘသဟာယ် ->
သဟာယ် = အဆွေခင်ပွန်း (သဟာယ-ပါ)

၁၄၆။ ပြေး၍့ဆုန်းဆုန်း->
ဆုန်းဆုန်း = စဉ်ခွာရှောင်ရှားသည်

၁၄၇။ တင့်ရည်းစိတ်နေ ->
တင့်ရည်း = အတင့်ရဲးသည် မထိတ်မကြောက်

(မန်လည်ဆရာတော်ဘုရားကြီး)

( #ရှေးစာကဗျာများ)

photo- မန်လည်ဆရာတော်ကြီးလက်ရေးစာ

19/03/2024
နီးရင်လာခဲ့ကြအုန်း
18/03/2024

နီးရင်လာခဲ့ကြအုန်း

15/03/2024

Address

တမ္ပဝတီ
Mandalay

Website

Alerts

Be the first to know and let us send you an email when Zuethit posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share

Category