A Poem Born From The Heart

A Poem Born From The Heart Chill

16/01/2023

နှင်းပျောက်မဲ့နွေ

ရောက်တော့မယ်လေ

အလွမ်းတွေ ကျူးရင့်

အနမ်းတွေဖူးပွင့်ဖို့

စမ်းရေအေးတွေယခုပဲ

စီးနှင့်ပါတော့လေ

25/07/2022

မနက်ခင်းရဲ့

အလှတရားတွေဟာ

အကျည်းတန်ချင်တွေနဲ့

ဖုံးလွမ်းခဲ့တာကြာပါပြီ

ဒီနေ့ဟာဆိုရင်ဖြင့်

ဆိုးယုတ်ခြင်းကို

ပိုပြီးပေါ်လွင်စေခဲ့ပြီ

😔😔😔😔😔😔😔

အိပ်မရတဲ့ညတွေတိုင်းမှာပျောက်ရှခဲ့တဲ့အတိတ်နေ့တိုင်းကိုအတွေးပင်လယ်မှာလက်ပစ်ကူးရင်းရှာဖွေနေမိတုန်း.....
17/06/2022

အိပ်မရတဲ့

ညတွေတိုင်းမှာ

ပျောက်ရှခဲ့တဲ့

အတိတ်နေ့တိုင်းကို

အတွေးပင်လယ်မှာ

လက်ပစ်ကူးရင်း

ရှာဖွေနေမိတုန်း.....

တစ်နေ့တာရဲ့ မပြေလည်မှု့တွေနဲ့ ချိုမြိန်ခြင်းတွေကို ဆိုးအတူ ကောင်းအတူ မျှဝေခံစားနိုင်မဲ့ရင်ခွင်တစ်စုံဟာ ငါ့ဘဝထဲမှာမရှိခဲ့...
17/06/2022

တစ်နေ့တာရဲ့

မပြေလည်မှု့တွေနဲ့

ချိုမြိန်ခြင်းတွေကို

ဆိုးအတူ ကောင်းအတူ

မျှဝေခံစားနိုင်မဲ့

ရင်ခွင်တစ်စုံဟာ ငါ့ဘဝထဲမှာ

မရှိခဲ့ဘူးဆိုရင်

ပိုမှန်မယ်ထင်တယ်

မပြေလည်နိုင်တာတွေကို

ပြေလည်နိုင်အောင်

ဖြေရှင်းပေးနိုင်ခဲ့သော်လည်း

ငါ့ဘဝအတွက်က တစ်နေ့ပြီး

တစ်နေ့ပိုပိုပြီး

အထီးကျန်လာခဲ့သလိုပဲ

ပေးဆပ်သူတို့နှလုံးသားဟာ

မြင့်မြတ်တယ်ဆိုပေမဲ့လဲ

ပိုင်ဆိုင်ချင်တဲ့အချိန်တွေမှာတောင်

ပိုင်ဆိုင်ချင်တဲ့အင်အားဟာ

ပျောက်ရှနေခဲ့တယ်

ဒုက္ခကိုထမ်းပိုး သောကကို

ကျောမှာလွယ်လို့

ချိုမြိန်ခြင်းတွေရဲ့အဝေး

ခါးသီးခြင်းတွေကိုသုံးဆောင်ရင်း

လူမသိသူမသိပဲ

ပျောက်ဆုံးသွားတော့မယ် ........

17/06/2022

ညဖက်ရောက်တိုင်း

အတွေးစိတ်ရိုင်းက

ရင်မှာဖြစ်တည်

ဆေးရယ်မမှီလို့

အော်မြည်တမ်းတ

နွမ်းလှပေါ့လေ

ဘယ်ခါများမှ

ပျောက်ပါ့မလေ....

17/06/2022

ဒီ...ဝေဒနာ

ရင်မှာလာ၍

အကြိမ်ကြိမ်တိုင်းမှာ

စိတ်မှာခံစား

ဘယ်ခါများမှ

ပျောက်ပါလိမ့်..

ရေအလယ်ရွှေကြာရယ်ဘဝင်ရယ်မမြင့်လိုက်ပါနဲ့မင်းဘဝမင်းအလှကသိပ်မမြင်ရပေမဲ့အမြတ်တနိုးတန်ဖိုးထားသူကတော့.....
11/06/2022

ရေအလယ်

ရွှေကြာရယ်

ဘဝင်ရယ်

မမြင့်လိုက်ပါနဲ့

မင်းဘဝ

မင်းအလှက

သိပ်မမြင်ရပေမဲ့

အမြတ်တနိုးတန်ဖိုးထားသူကတော့.....

တကယ်တမ်းတော့ဘဝဆိုတာအသုံးမဝင်တဲ့အပိုင်းစလေးတွေကိုသုံးပြီးတော့ရုပ်လုံးပေါ်အောင်ဖော်ဆောင်တဲ့ရုပ်ပုံကားချပ်ကြီးတစ်ခုပါပဲ.......
06/04/2022

တကယ်တမ်းတော့

ဘဝဆိုတာ

အသုံးမဝင်တဲ့

အပိုင်းစလေးတွေကို

သုံးပြီးတော့

ရုပ်လုံးပေါ်အောင်

ဖော်ဆောင်တဲ့

ရုပ်ပုံကားချပ်ကြီးတစ်ခုပါပဲ.....

ကဗျာတွေကိုစာစီပြီးဒဏ်ရာတွေကိုခဏမေ့ဖို့ဝေဒနာလေးကိုဆေးကြောရင်မှာအစဥ်သာသူ့ကိုမေ့သွားစေချင်လို့မကြင်နာသူ​ပြေးသွားခဲ့တာနှစ်လတ...
26/03/2022

ကဗျာတွေကို

စာစီပြီး

ဒဏ်ရာတွေကို

ခဏမေ့ဖို့

ဝေဒနာလေးကိုဆေးကြော

ရင်မှာအစဥ်သာ

သူ့ကိုမေ့သွားစေချင်လို့

မကြင်နာသူ​ပြေးသွားခဲ့တာ

နှစ်လတွေရယ်ကြာခဲ့ပါပေါ့လား..

26/03/2022

အတွေးကမ္ဘာမှာ

ချာချာလည်

အဆွေးတစ်ရာမကပါတယ်

အလွမ်းဒဏ်ရာတွေရယ်

မေ့ပျောက်ပါတော့

ကျွန်တော့ရင်မှာ

မောပန်းလှပေါ့....

😔😔😔😔😔😔

Address

19th
Mandalay

Website

Alerts

Be the first to know and let us send you an email when A Poem Born From The Heart posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share