No U Turn

No U Turn Short Films

" ဒီမိုကရေစီကို ကာကွယ်ကြ "" လက်နက်အားကိုးဝါဒ ဆန့်ကျင်ကြ "" အဓမ္မဝါဒ ဆန့်ကျင်ကြ "" စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် "
01/02/2021

" ဒီမိုကရေစီကို ကာကွယ်ကြ "

" လက်နက်အားကိုးဝါဒ ဆန့်ကျင်ကြ "

" အဓမ္မဝါဒ ဆန့်ကျင်ကြ "

" စစ်အာဏာရှင်စနစ် မုချကျဆုံးရမည် "

No U Turn ဟာ " The Nightmare - အိပ်မက်ဆိုး " ဆိုတဲ့ ပြိုင်ပွဲဝင် Short Film လေးမှတစ်ဆင့် ပေါ်ထွက်လာတဲ့ Production အသေးစာ...
27/01/2021

No U Turn ဟာ " The Nightmare - အိပ်မက်ဆိုး " ဆိုတဲ့ ပြိုင်ပွဲဝင် Short Film လေးမှတစ်ဆင့် ပေါ်ထွက်လာတဲ့ Production အသေးစားလေးပဲဖြစ်ပါတယ်။

ကျနော်တို့ No U Turn အဖွဲ့အနေနဲ့ No U Turn ကို ရေရှည်ရပ်တည်နိုင်ရေးနဲ့ မြောက်မြားလှစွာသော အနုပညာမြောက်လက်ရာတွေကို ဆက်လက်ဖန်တီးနိုင်ဖို့ လူသားအရင်းအမြစ်တွေကို လိုအပ်လျက်ရှိပါတယ်။

No U Turn ဟာ စီးပွားဖြစ် ဖွဲ့စည်းထားတဲ့ အဖွဲ့မဟုတ်ပါ။ အဖွဲ့သားတွေဟာလည်း တက္ကသိုလ်တက်ရောက်နေဆဲ လူငယ်တချို့ပဲဖြစ်ပါတယ်။ ကျနော်တို့မှာ လစာငွေမရှိသလို၊ မည်သည့်အဖွဲ့ထံမှလည်း ထောက်ပံ့ကြေးယူထားခြင်း မရှိပါဘူး။ ဝါသနာမှ တစ်ဆင့် Professional အဆင့်ကို တက်လှမ်းနိုင်ဖို့ ကိုယ်စွမ်း၊ ဥာဏ်စွမ်းရှိသမျှနဲ့ ကြိုးစားနေတဲ့ အဖွဲ့လေးတစ်ခုသာ ဖြစ်ပါတယ်။

သို့သော် ယခုတွင် အကြောင်းအမျိုးမျိုးကြောင့် No U Turn တွင် အဖွဲ့ဝင် (၃)ယောက်သာ ကျန်ရှိပါတယ်။ ဒီအတွက် No U Turn ကို စိတ်ပါဝင်စားပြီး ဝါသနာမှ Professional အထိ ကျနော်တို့နဲ့အတူ လက်တွဲပုံဖော်နိုင်မယ့် လူသားအရင်းအမြစ်တွေကို အပူတပြင်းလိုအပ်လျက်ရှိပါတယ်။

လက်ရှိတွင်လည်း International Film Festival တစ်ခုတွင် ပါဝင်နိုင်ဖို့ ကြိုးစားဖန်တီးလျက်ရှိပါတယ်။

စိတ်ပါဝင်စားတဲ့ မိတ်ဆွေတို့ရှိပါက Page Message Box မှတစ်ဆင့် ဆက်သွယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။


The Nightmare short film is available on " No U Turn " YouTube Channel.
22/12/2020

The Nightmare short film is available on " No U Turn " YouTube Channel.

This short film is the official selection of Change Myanmar Mobile Film Festival (It's Time for Peace) and the very first film of " No U Turn Production " .W...

ငြိမ်းချမ်းဖို့အချိန်တန်ပြီ ခေါင်းစဉ်အောက်ပြုလုပ်သော Change Mobile Film Competition (It's time for Peace) ပြိုင်ပွဲကြီးဟ...
01/12/2020

ငြိမ်းချမ်းဖို့အချိန်တန်ပြီ ခေါင်းစဉ်အောက်ပြုလုပ်သော
Change Mobile Film Competition
(It's time for Peace) ပြိုင်ပွဲကြီးဟာ
အောင်မြင်စွာနဲ့ ကျင်းပ ပြီးစီးသွားခဲ့ပါပြီ။

ဆုအသီးသီးရရှိခဲ့တဲ့ Film တွေအားလုံးကို
Congratulations ပါ။

မိတ်ဆွေတို့ရဲ့ အားပေးမှုနဲ့အတူ
ဒိုင်လူကြီးတွေရဲ့ ရွေးချယ်မှုအရ ကျွန်တော်တို့ရဲ့
The Nightmare - အိပ်မက်ဆိုး Short Film လေးဟာ
People Choice Award မှာ Nomination ဝင်ခဲ့ပေမယ့်
A memoir by Reporter (Documentary Short Film)
လေးက ရရှိသွားပါတယ်။

ကျွန်တော်အဖွဲ့ရဲ့ ဇာတ်လမ်းတိုလေးကို အားပေး
ထောက်ပံံ့ပေးခဲ့ကြတဲ့ မိတ်ဆွေတို့အား အထူးပင်
ကျေးဇူးတင်ရှိပါတယ်။

နောက်ထပ်သော ဇာတ်လမ်းတိုလေးများကိုလည်း
စောင့်မျှော်ပြီး အားပေးကြပါဦး။


#အိပ်မက်ဆိုး

29/11/2020

Bye Change Mobile Film Festival!( Director's Talk )
'Change Mobile Film Festival ( It's Time for Peace!) ၏ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား ကို ၂၀၂၀ ဒီဇင်ဘာလ ၁ ရက်နေ့ တွင် Online Event အဖြစ် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဒါရိုက်တာများ ၏ ငြိမ်းချမ်းရေးစကားသံနှင့် ရိုက်ကူးရေးအတွေ့အကြုံစကားသံများကို ပိတ်ပွဲအတွက် နှုတ်ဆက်စကား အဖြစ် မျှဝေလိုက်ပါတယ်။

" Change Mobile Film Festival (It's Time for Peace) " ရဲ့ ဆုချီးမြှင့်ခြင်းနဲ့ ပိတ်ပွဲအခမ်းအနားကို December 1 ရက်နေ့မှာ ...
28/11/2020

" Change Mobile Film Festival (It's Time for Peace) " ရဲ့ ဆုချီးမြှင့်ခြင်းနဲ့ ပိတ်ပွဲအခမ်းအနားကို December 1 ရက်နေ့မှာ Online Event အနေနဲ့ ကျင်းပသွားပါမယ်။

အားပေးကြသူမိတ်ဆွေများအား ကျွန်တော်တို့ Team တစ်ခုလုံးမှ အထူးပင်ကျေးဇူးတင်ရှိပါတယ်။

'Change Mobile Film Festival ( It's Time for Peace!) ၏ ဆုချီးမြှင့်ပွဲနှင့် ပိတ်ပွဲ အခမ်းအနား ကြေညာခြင်း'
ငြိမ်းချမ်းရေးရုပ်ဂှင်ပွဲတော်၏ ပိတ်ပွဲနှင့် ဆုချီးမြင့်ခြင်း အခမ်းအနားကို ၂၀၂၀ ဒီဇင်ဘာလ ၁ ရက်နေ့ မနက် ၁၀ နာရီခွဲတွင် Zoom တွင် Online Event အဖြစ် ကျင်းပမည်ဖြစ်ရာ ပြိုင်ပွဲဝင်ဒါရိုက်တာများ နှင့် အကဲဖြတ်လူကြီးမင်းများကို ဖိတ်ကြားသွားမှာ ဖြစ်ကြောင်း၊ zoom သို့ တက်ရောက်ချင်သူ ပြင်ပ ပရိသတ်ရှိလျှင် page messenger သို့ လာရောက်ဆက်သွယ်နိုင်ကြောင်း၊ ပရိသတ်များလည်း Facebook live မှတဆင့် ပြိုင်ပွဲဝင် ဒါရိုက်တာများ အားရှိရန် အားပေးနိုင်ပါကြောင်း ချစ်ခင်ရင်းနှီးစွာ အသိပေးအပ်ပါတယ်။

လေးစားချစ်ခင်လျက်
Change Mobile Film Festival Team

ပုံ - အိပ်မက် မမက်ခင် မင်းသားအား ချွေးထွက်ရန် ရေဖြန်းပေးနေခြင်းဖြစ်သည်။ပြိုင်ပွဲဝင်ဇာတ်လမ်းတိုကို မကြည့်ရှူရသေးသော မိတ်ဆ...
15/11/2020

ပုံ - အိပ်မက် မမက်ခင် မင်းသားအား ချွေးထွက်ရန် ရေဖြန်းပေးနေခြင်းဖြစ်သည်။

ပြိုင်ပွဲဝင်ဇာတ်လမ်းတိုကို မကြည့်ရှူရသေးသော မိတ်ဆွေများအနေနဲ့ အောက်ပါ Link မှ တစ်ဆင့်ကြည့်ရှူနိုင်ပါသေးတယ်။

https://m.facebook.com/story.php?story_fbid=648624732441450&id=100591734850763

ကြိုက်နှစ်သက်ပါကလည်း People Choice Award အတွက် Like & Share ပြီး အားပေးနိုင်ပါတယ်။
Deadline ကတော့ နိုဝင်ဘာ (၂၅)ပါ။

အားပေးကြသူမိတ်ဆွေများအား အထူးပင်ကျေးဇူးတင်ရှိပါတယ်။


#အိပ်မက်ဆိုး

ငြိမ်းချမ်းဖို့အချိန်တန်ပြီ ခေါင်းစဉ်အောက်ပြုလုပ်သော Change Mobile Film Competition မှ ပြိုင်ပွဲဝင်ဇာတ်ကားများကို ဒီမှာက...
13/11/2020

ငြိမ်းချမ်းဖို့အချိန်တန်ပြီ ခေါင်းစဉ်အောက်ပြုလုပ်သော Change Mobile Film Competition မှ ပြိုင်ပွဲဝင်ဇာတ်ကားများကို ဒီမှာကြည့်နိုင်ပါပြီ။
ပုံများအောက်မှ လင့်ခ်ကို နှိပ်ကာ ကြည့်နိုင်ပါတယ်။

People Choice Award အတွက် မိမိနှစ်သက်သော ဇာတ်လမ်းတိုများကိုDigital User အခွင့်အရေးလေးစားစွာ မူရင်းဗီဒီယို အောက်မှာ Like and Share ခြင်းဖြင့် အားပေးနိုင်ပါတယ်။

မြန်မာပြည်ကြီး အေးချမ်းပါစေ။





ငြိမ်းချမ်းဖို့အချိန်တန်ပြီ ခေါင်းစဉ်အောက်ပြုလုပ်သော Change Mobile Film Competition မှ ပြိုင်ပွဲဝင်ဇာတ်ကားများကို ဒီမှာကြည့်နိုင်ပါပြီ။
ပုံများအောက်မှ လင့်ခ်ကို နှိပ်ကာ ကြည့်နိုင်ပါတယ်။

People Choice Award အတွက် မိမိနှစ်သက်သော ဇာတ်လမ်းတိုများကိုDigital User အခွင့်အရေးလေးစားစွာ မူရင်းဗီဒီယို အောက်မှာ Like and Share ခြင်းဖြင့် အားပေးနိုင်ပါတယ်။
*ပရိသတ်များအနေဖြင့် Profile အစစ်ဖြင့်( မိမိကြိုက်သော ဇာတ်ကားကို)Public ထား share ပေးရန် ‌တောင်းဆိုပါရစေ။ ဒါမှပဲ Festival Monitoring Team က share အရေအတွက်ကို ကြည့်ရှုရေတွက်နိုင်မှာပါ။ "

ပြည်တွင်းစစ်ဆိုးကျိုး၊မြန်မာ့ငြိမ်းချမ်း‌‌ရေးဖြစ်စဉ်၊ မတူကွဲပြား/စုံလင်ကွဲပြားမှု၊လူမှုသဟဇာတဖြစ်မှု စတဲ့ မြန်မာပြည်နှင့်သက်ဆိုင်သော Peace concept ပါသော Film များကို တင်ဆက်တဲ့ ဒီ Smartphone ရုပ်ရှင်ပြိုင်ပွဲမှာ 1Mins ( တစ်မိနစ်အတွင်း ဇာတ်ကားတို ) နှင့် 2-3 mins ( ၂ မိနစ်ကျော် ၃ မိနစ်အတွင်း ဇာတ်ကားတို)ဆိုပြီး အမျိုးအစား ၂ ခုရှိပါတယ်။ "ပေးအပ်မည့်ဆုများက" ပထမဆု - USD 700 , ဒုတိယဆု - USD 500 , People Choice Award - USD 300 ဖြစ်ပြီး ဇာတ်ကားများကို နိုဝင်ဘာ ၂၅ အထိပဲ လက်ခံပေးမှာ ဖြစ်ပါတယ်

မြန်မာပြည်ကြီး အေးချမ်းပါစေ။





Address

Mandalay

Telephone

+959974465218

Website

Alerts

Be the first to know and let us send you an email when No U Turn posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share