04/09/2021
Month journal လေးကတော့ စတင်ဖို့အဆင်သင့်
ဖြစ်နေပါပြီရှင့်။
ဒီJournal လေးထဲမှာ ဖန်တီးမယ့် အရာတိုင်းကိုအားလုံးအတွက်မျှဝေပေးသွားမှာပါ။
ငယ်ငယ်တည်းက journaling အရမ်း စိတ်ဝင်စားခဲ့ပေမဲ့ ရိုးရိုး diaryလောက်ပဲရေးဖြစ်ခဲ့တယ်။
အခုတော့ journal သေချာလေးလုပ်ပြီး
ကိုယ့်ကိုယ်ကို ဂရုစိုက်မယ် ၊တိုးတက်မှုတွေ
တကယ်ဖြစ်လာအောင် လုပ်မှာဖြစ်ပါတယ်။
ဒီနေ့မှာတော့ ဗဟုသုတလေးမျှဝေ တဲ့အနေနဲ့
Journaling ရဲ့ အကျိုးကျေးဇူး များစွာထဲကမှ (၂)ချက်ကို မျှဝေပေးလိုက်ပါတယ်။
၁- အတွေးတွေကို စုစည်းပေးပါတယ်။
မေတို့အတွေးတွေဟာ ကိုယ့်အတွက်အရေးပါတဲ့အကြောင်းအရာတွေကို တွေးဖို့မေ့နေတတ်ပြီး အစီစဉ်တကျမရှိပဲ မြင်တဲ့အရာ ကြားတဲ့အရာတွေအပေါ် ၊ အတိတ် သို့ အနာဂတ်အကြောင်းအရာတွေပေါ်မှာ ပြန့်ကျဲနေတတ်ပါတယ်။ Journal ရေးချင်းအားဖြင့် ရေးတဲ့အကြောင်းအရာ နဲ့ဖန်တီးမှုအပေါ်မှာပဲ အာရုံစိုက်နေရတဲ့အတွက် အတွေးတွေကို မပြန့်လွင့်စေတော့ပဲ စုစည်းစေပါတယ်။
၂- ကိုယ့်ရဲ့ စာရေးခြင်း စွမ်းရည်ကိုတိုးတင်စေပါတယ်။
Writing skills ဟာကျောင်းမှာသာမက professional fieldတွေ မှာပါအရေးပါတဲ့ စွမ်းရည်တစ်ခုဆို အားလုံးသိပြီးသားဖြစ်ပါတယ်။ Journal ရေးတဲ့အခါ မှာဖြစ်စေ Dear me from the past/ Today’s feeling /Diary စတဲ့ ခေါင်းစဉ်လေးတွေရေးပါများလာတဲ့အခါ ကိုယ့်ရဲ Writing skillကကိုယ်မသိတဲ့အချိန်မှာပဲ တိုးတက်လာတာကို သတိထားမိလာပါလိမ့်မယ် ။မေဆို English ဘာသာရပ်ကိုလေ့လာနေတဲ့အတွက် Journal မှာ English ဘာသာနဲ့ရေးပါများလာတဲ့အခါ တိုးတက်မှုကို လက်တွေ့ခံစားမိခဲ့ပါတယ်။
နောက်ထပ်အကျိုးကျေးဇူးတွေများစွာရှိသေးတဲ့အတွက် ထပ်ပြီးဝေမျှပေးပါဦးမယ်။
Journal creation and decoration video လေးတွေလဲ နေ့စဉ်နီးပါး တင်ပေးနေတဲ့အတွက် မေ့ရဲ့
Pageလေးကို follow လုပ်ပေးထားပါဦးနော်။
Thank you 🤍