Enchanted Narratives by The¡nt

Enchanted Narratives by The¡nt မင်းက ကဗျာလို့ ပြောတယ်
ငါက ဘဝပါပဲ

– ဝင်းမြင့်

မေမြို့ ပရိတ္တဝါ ပြခန်းက ခုံကလေး 🤍
24/04/2026

မေမြို့ ပရိတ္တဝါ ပြခန်းက ခုံကလေး 🤍

တချိန်ကရွက်ဝါတွေ မောဟိုက်ဝဲယိုင်လွင့်မျောနေတတ်သည့် ရွက်ကြွေတောမှ အပြန် ...ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏။ မိုးထိအောင် လှ...
18/04/2026

တချိန်က
ရွက်ဝါတွေ မောဟိုက်ဝဲယိုင်
လွင့်မျောနေတတ်သည့်
ရွက်ကြွေတောမှ အပြန် ...
ချောင်းရေပြင်တွင် စာရေးခဲ့ဖူး၏။
မိုးထိအောင် လှေကားထောင်၍
တိမ်အရုပ်ကို ဖမ်းဆုပ်ဖို့လည်း စိတ်ကူးခဲ့ဖူး၏။

အခု
လူ့ဘဝဟူသည် ရွက်‌ကြွေလို လွင့်မျောခြင်း။
အမှန်တရားဟူသည် ရေစီး၌ စာရေးခြင်း။
ဒဿနဟူသည် တိမ်အရုပ်ကို ဖမ်းဆုပ်ခြင်းမျှသာ။

▫️နန္ဒာသိန်းဇံ

ကျွန်မက ပေါ့ပေါ့ပါးပါးပန်းကလေးတစ်ပွင့်။လေ‌ပြေထဲမှာ လှလှလေးလွင့်နေတယ်။လွတ်လပ်မှုကို ဖော်ပြဖို့မလွတ်လပ်မှုကို ဖော်ပြဖို့"င...
12/04/2026

ကျွန်မက ပေါ့ပေါ့ပါးပါးပန်းကလေးတစ်ပွင့်။
လေ‌ပြေထဲမှာ လှလှလေးလွင့်နေတယ်။

လွတ်လပ်မှုကို ဖော်ပြဖို့
မလွတ်လပ်မှုကို ဖော်ပြဖို့
"ငှက်"ဆိုတဲ့စကားလုံးကို
ကျွန်မ သုံးတော့မှာမဟုတ်ဘူး။

အသဲကွဲဖူးတာကို မှတ်ထားတယ်။
အသဲခွဲဖူးသူကိုတော့ မေ့လိုက်တယ်။

စတော်ဘယ်ရီယို၊ နာနတ်ယို
ပြီးတော့ .... ချဲရီးယို
ဓားဦးချွန်ကလေးနဲ့ ကလော်ပြီး
ပေါင်မုန့်နဲ့စားတော့
အားလုံးဟာ ချိုနေတာပဲလေ။

▫️အနီ

ကျွန်တော့်ကို ညွှန်းဆိုဖို့ အဘိဓာန်တစ်ခုရှိလိမ့်နိုးနဲ့ - - - - -တွင်တွင်ရှာခဲ့ဘူးတယ်။ခေါင်းမာ ၊သံသယတွေများ ၊အားလုံးကို ...
29/03/2026

ကျွန်တော့်ကို ညွှန်းဆိုဖို့ အဘိဓာန်တစ်ခု
ရှိလိမ့်နိုးနဲ့ - - - - -
တွင်တွင်ရှာခဲ့ဘူးတယ်။
ခေါင်းမာ ၊
သံသယတွေများ ၊
အားလုံးကို အယုံအကြည်နည်း ၊
မျက်ရည်လွယ်၊ စသဖြင့်
ခင်ဖုန်းသက်ဝေ ပြောခဲ့ဘူးသလို
စိတ်ဝင်စားစရာကောင်းလောက်အောင်
သူသိ , သူတတ် ဆောင့်ကြွားကြွားနိုင် - - -
စသဖြင့် ၊
အဲဒီ‌ခေါင်းစဉ်တွေနဲ့ ရှာခဲ့ဘူးပါတယ်
ဘယ်လိုဖွင့်ဆိုကြလိမ့်မလဲပေါ့

ကျွန်‌တော် ရှာကြည့်တယ်

တောတွေ , တောင်တွေ
မဖွယ်မရာ လမ်းခုလပ်တွေ

အပြစ်တင်ရင်လည်း တင်ကြပါစေလေ

ဒီမယ် ခင်ဖုန်းသက်ဝေ ရဲ့
ကျွန်တော်ဆိုတာကလေ ကိုယ့် ကိုယ် ကို တောင်
မကယ်တင်ချင်စရာ ဝန်လေးမှုလေးပါ

အလှည့်ကျော်ပြီး လှပခဲ့ရတဲ့
ပိတောက်ပုန်းနေတုန်းက ငု ပါ

ကိုယ့်နာမည်ကိုယ်ခေါ်ပြီး
ဘယ်ငှက်ကိုရှာနေမှန်း မသိတဲ့ ဥဩငယ်ပါ

အလွမ်းတွေ မိုးတိုးမတ်တပ် နဲ့
ခင်ဖုန်းသက်ဝေ ရဲ့ ခြောက်ပြစ်ကင်းတဲ့
ရန်သူတော်ပါ

ဒီအတိုင်း သမိုင်းဆက်ရရင်
ဘယ်သူမှ
အနာတရ မဖြစ်ဘူးမဟုတ်လား

26/03/2026

Hello Hello

မနေ့က နေသိပ်မကောင်းလို့ မဲနှိုက်ဖို့ မေ့သွားတာ ဆောရီးပါ 🤍
အဲ့ဒါနဲ့ ခု roulette wheel လေး လှည့်ပြီး ရွေးလိုက်ပါတယ်နော်

Wheel အရောင်ကလည်း ရောင်စုံကြီး မကြိုက်လို့ ပန်းရောင်ရွေးနေတာနဲ့ video လေးတော့ နည်းနည်းရှည်သွားတယ် 🤭
Wheel ကလည်း ဘယ်လိုလှည့်ရမယ်မသိတော့ သိပ်မလည်လိုက်ဘူး 🥹

ဘာပဲဖြစ်ဖြစ် ကဗျာလေးတွေနဲ့ ပါဝင်ပေးကြတဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။ May you have a safe and peaceful night 💖

ပျင်းစရာကောင်းလိုက်ပုံဟာ ကိုယ့်နှုတ်ခမ်းပေါ်ကို ချိတ်တက်လာမယ်။အချစ်လို့ ပြောပြောပြီး အသက်ရှင်နေရတာ။ ဆော်လမွန်သီချင်းတို့...
23/03/2026

ပျင်းစရာကောင်းလိုက်ပုံဟာ ကိုယ့်နှုတ်ခမ်းပေါ်ကို ချိတ်တက်လာမယ်။

အချစ်လို့ ပြောပြောပြီး အသက်ရှင်နေရတာ။ ဆော်လမွန်သီချင်းတို့၊ တစ်ကိုယ်ရေစာ ချို့တဲ့မှုများတို့၊ ကိုယ့်မှတ်စုလေးတွေ အကုန်ဖျက်ဆီးခဲ့ပြီး အင်းတူသည် ဝိုင်းချင်လာ။ ပြောင်းလဲတတ်တဲ့ ကိုယ့်အသည်းထဲ မင်းကို ငြိမ်နေအောင် ကပ်ထားမိတယ်။ ကိုယ် အမြဲ ငါးတွေ အပေါ်ကို ရက်စက်မိတယ်။ ကိုယ်ဟာ ကိုယ့်ကိုယ်ကိုယ် မညှာတာလွန်းသူ။ ခြောက်ကပ်နေတဲ့ ရယ်သံတွေရဲ့ အလယ်မှာ စစ်ချီသီချင်းကို ရင်ဆက်ခုန်လျက်၊ ငိုချင်စရာ အမြဲ ကောင်းကောင်းနေတဲ့ မေလများ။ နှောင်းလဆို ကိုယ့်မွေးနေ့ ရောက်ပါပြီ။ လပြည့်ပြီ။ ကိုယ် ဘာများ တောင်းဆိုဖူးလို့လဲ။ မင်းရဲ့လက်ကို ကိုင်ထားပြီး သီချင်းညည်းနေရရင် တော်ပြီ။ သိပ်ရက်စက်တဲ့ နနွင်းဖူးလေး၊ မျှော်တော်ယောင်နေ့ရက်၊ တနွေးနွေး လောင်နေရတဲ့ စာနာမှု၊ ပျက်သွားတဲ့ကိုယ်၊ ပြင်မရတော့တဲ့ကိုယ်၊ ကိုယ့်ကိုယ် ကိုယ် ထားခဲ့ပြီး အင်းတူသည် ဝိုင်းချင်လာ။ ဒီချယ်ရီသီး အကွဲတွေ ကုန်ရင် ခပ်ဖွဖွလေး မင်းဘေးမှာ ထိုင်နေချင်တဲ့ ဆန္ဒလေးကို ပိုက်ပြီး ကိုယ် အိမ်ကို ပြန်တော့မယ်။

Ellips

💜 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 💜Hello, it's me, Theint! ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေနဲ့  စာအုပ်လက်ဆောင်လေး ပေးပါရစေ။ ဆရာမောင်ဒေး ဘာသာပြန်ထား...
21/03/2026

💜 𝐆𝐢𝐯𝐞𝐚𝐰𝐚𝐲 💜

Hello, it's me, Theint!
ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ်အနေနဲ့ စာအုပ်လက်ဆောင်လေး ပေးပါရစေ။

ဆရာမောင်ဒေး ဘာသာပြန်ထားပြီး ကဗျာဆရာမ နိုင်ယီရာ ဝါးဟီးဒ် ရဲ့ ကဗျာစုစည်းမှုဖြစ်တဲ့ ❝ ဆား ❞ စာအုပ်လေးပါ။ မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့ (International Women's day) ဖြစ်တာမို့ တစ်လတည်းမှာ အတူကျရောက်တဲ့ ဒီနေ့ ကမ္ဘာ့ကဗျာနေ့မှာ အမျိုးသမီးကဗျာဆရာတစ်ဦးရဲ့ စာအုပ်ကို လက်ဆောင်ပေးချင်မိပါတယ်။ ဒီကဗျာစာအုပ်လေးကနေတဆင့် ကိုယ့်ပတ်ဝန်းကျင်က အမျိုးသမီးတွေကို ပိုတန်ဖိုးထားတတ်ဖို့၊ သူတို့ရဲ့ ဒဏ်ရာတွေ နာကျင်မှုတွေကို ပိုနားလည်ပေးနိုင်ဖို့၊ သူတို့ရဲ့ ရွေးချယ်မှုတွေကို ပိုအသိအမှတ်ပြုနိုင်လာဖို့ ရည်ရွယ်လိုရင်းဖြစ်ပါတယ်။


၂၅.၀၃.၂၀၂၆ မှာ ကံထူးရှင်တစ်ဦးကို random ရွေးချယ်ပေးပါမယ်ရှင့်။ အမှတ်တရတစ်ခုခုပဲဖြစ်ဖြစ်၊ ဆုတောင်းစကားပဲဖြစ်ဖြစ်၊ စိတ်ထဲ စွဲစွဲထင်ထင်ရှိနေတဲ့ ကဗျာတစ်ကြောင်းတစ်လေဖြစ်ဖြစ် comment လေးတစ်ခု ချန်ပေးခဲ့ရင် ရပါပြီ။ လက်ဆောင်ရရှိသူဘက်က delivery ခ အကုန်အကျခံစရာမလိုပါဘူးနော်။

အားလုံးပဲ စိတ်ရော ကိုယ်ပါ အနာတရကင်းကြပါစေ။ 💜

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူကို ကိုယ့်ရဲ့ အပြစ်အနာအဆာတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ အဲဒီလူဟာ...
17/03/2026

လူတစ်ယောက်ကို ချစ်မိပြီဆိုရင် အဲဒီလူကို ကိုယ့်ရဲ့ အပြစ်အနာအဆာတွေနဲ့ ဒဏ်ရာဒဏ်ချက်တွေကို တွေဝေတုံ့ဆိုင်းမှုမရှိဘဲ အဲဒီလူဟာ ကိုယ့်ကိုထိခိုက်စေလိမ့်မှာ မဟုတ်ပါဘူးဆိုတဲ့ ယုံကြည်ချက်အပြည့်နဲ့ ပြောပြနိုင်ရမယ်။ ဒါမှမဟုတ် အချစ်ဆိုတာ လောင်းကစားလို စွန့်စားမှုတစ်မျိုးလည်း ဖြစ်ကောင်းဖြစ်မယ်။ ကျွန်မတို့က လူ့လောကရဲ့ အဆိုးဝါးဆုံး ဖန်တီးမှုတွေထဲက တစ်ခုဖြစ်တဲ့ ၉ နာရီကနေ ၅ နာရီအထိ လုပ်ရတဲ့ နေ့စဉ်အလုပ်တွေကို ရွေးချယ်ကြတဲ့ မျိုးဆက်လေ။ ကျွန်မတို့မှာ စွန့်စားရဲတဲ့ သတ္တိရှိလိမ့်မယ်လို့ မထင်ဘူး။

▪️လင်းနက်

(အချစ်ရှားပါးခြင်း — မှ)

သူက မေးတယ် ‘အချစ်ကို နင်တွေ့နေပြီချစ်ရတာ ဘာနဲ့တူသလဲ’ တဲ့‘ငါဆုံးရှုံးခဲ့ရဖူးသမျှ အရာအားလုံးငါ့ဆီပြန်လာသလိုပဲ’ လို့ကျွန်မ ...
13/03/2026

သူက မေးတယ်
‘အချစ်ကို နင်တွေ့နေပြီ
ချစ်ရတာ ဘာနဲ့တူသလဲ’ တဲ့
‘ငါဆုံးရှုံးခဲ့ရဖူးသမျှ အရာအားလုံး
ငါ့ဆီပြန်လာသလိုပဲ’ လို့
ကျွန်မ ပြန်ဖြေလိုက်တယ်။

ရှင်ဒီမှာ
ရှိနေတဲ့အခါ
အရာအားလုံးဟာ
ထိန်းမနိုင်သိမ်းမရ။

– လမင်း

▪️နိုင်ယီရားဝါဟီးဒ်

.

09/03/2026

ငါ Normal People ကို သဘောကျတဲ့ ပုံစံက လူတွေပြောကြတဲ့ ‘အချစ်’ ဆိုတာနဲ့ အနီးစပ်ဆုံးတူမယ်ထင်တယ်။ ငါ ယုံကြည်ထားတာ တစ်ခုက ‘အချစ်’ ဆိုတာ မပြီးဆုံးနိုင်တဲ့ သောက ဝေဒနာတွေပဲ။ ဘာလို့လဲဆိုတော့ သူက သိပ်ကို မရေရာလွန်းတယ်၊ ခန့်မှန်းရလည်း ခက်တယ်။ သူက စဉ်းစားတွေးခေါ်နိုင်စွမ်းတွေ၊ ကြောင်းကျိုးဆင်ခြင်နိုင်စွမ်းတွေကို ကျော်လွန်ပြီး တည်ရှိနေတယ်။ ‘အချစ်’ ဆိုတာ ‘ပျော်ရွှင်မှု’ နဲ့ တိုက်ရိုက်ဆက်နွယ်နေတာတောင် မဟုတ်ဘူး။ သူဆက်နွယ်နေတာက ငါတို့ ဒီဝေဒနာထဲမှာ ဘယ်လောက်ထိ သည်းခံပြီးနေနိုင်စွမ်းရှိလဲ၊ သူ့ရဲ့နာကျင်မှုတွေကို ဘယ်လောက်ထိ တောင့်ခံထားနိုင်လဲ ဆိုတာတွေနဲ့။ တစ်ဖက်လူဟာ ဘယ်လောက်ပဲ ကောင်းတဲ့သူဖြစ်နေပါစေ ငါတို့မျက်စိရှေ့က၊ ငါတို့ရဲ့ သိစိတ်ထဲမှာရှိတဲ့ အန္တရာယ်ကို ကာကွယ်လိုတဲ့စိတ်တွေ၊ ငါတို့ ရထားပြီးသားအရာ တစ်ခု ဆုံးရှုံးသွားမှာ စိုးရိမ်တဲ့စိတ်တွေ၊ ဒါမှမဟုတ် တစုံတယောက်ကို ပြင်းပြင်းထန်ထန် လိုချင်တဲ့စိတ်တွေ၊ ဒီလို မသေချာမရေရာမှုတွေနဲ့ ဖုံးလွှမ်းထားတာကြောင့် ‘အချစ်’ နဲ့ ပါတ်သတ်မိတဲ့ လူတိုင်းဟာ ‘နာကျင်မှု’ တွေနဲ့ ဆက်နွယ်ဖို့ အကြောင်းကိုပါနေလိမ့်မယ်။ Normal People က ဒီလိုမျိုး ငါ့တို့ကိုထပ်တလဲလဲ နာကျင်စေပေမယ့်၊ ငါတို့ကို ပြိုလဲကြေကွဲသွားအောင်လုပ်နိုင်ပေမယ့် ငါတို့ အဲဒါကို လက်မလွှတ်နိုင်ကြဘူး။ ဘာလို့လဲဆိုတော့ အဲဒီအတွေ့ အကြုံ၊ အဲဒီ ခံစားချက်တွေက ခမ်းနားကြီးကျယ်လွန်းလို့ ငါတို့ကြုံရတဲ့ နာကျင်မှုတွေ၊ ညှင်းပန်းနှိပ်စက်ခံရတဲ့ ဝေဒနာတွေနဲ့ ယှဉ်လိုက်ရင် တန်နေပါသေးတယ်လို့ ခံစားရတာကြောင့် ဖြစ်မယ်။ အဲဒါကြောင့် လူတွေက ပြောကြတာ၊ ‘အချစ်’ ဆိုတာ ပျော့ညံ့တဲ့လူတွေ အတွက် မဟုတ်ဘူး ဆိုပြီး။

ချစ်ခြင်းအဖွင့်_____________ချစ်ခြင်းဟာ အချစ်နဲ့ ချစ်ခြင်းတရားရဲ့ ကြားအဆင့်လို့ ကျွန်တော်ယူဆတယ်။ အချစ်ကို လွန်ခဲ့ပြီး ချ...
08/03/2026

ချစ်ခြင်းအဖွင့်
_____________

ချစ်ခြင်းဟာ အချစ်နဲ့ ချစ်ခြင်းတရားရဲ့ ကြားအဆင့်လို့ ကျွန်တော်ယူဆတယ်။ အချစ်ကို လွန်ခဲ့ပြီး ချစ်ခြင်းတရားဆီ မဆိုက်ရောက်ခင် အခြေအနေတစ်ရပ်ဖြစ်တယ်။ အချစ်ကို လူတိုင်းလိုလို တွေ့ကြုံခံစားရဖို့များပေမယ့် ချစ်ခြင်းဆီကို တော့ လူအနည်းငယ်သာ ရောက်နိုင်ပြီး ချစ်ခြင်းတရားဆီကိုဖြင့် လူတစ်ယောက်တစ်လေသာ ရောက်ရှိနိုင်ပါလိမ့်မယ်။

သာမန်အားဖြင့်တော့ ဘဝတွေဟာ အချစ်ထဲမှာပဲ ဝဲလည်နစ်မြုပ်နေတတ်တယ်။ အချစ်ဟာ ရမ္မက်အပေါ်မှာ အခြေပြုပြီး ချစ်ခြင်းတရားကတော့ ဥာဏ် အလင်းရောင်တစ်မျိုးလို့ ကျွန်တော် တွေးမိပါတယ်။ အချစ်ဟာ ငယ်ရွယ်မှု ၊ တော်လှန်ရေး ၊ ဟော်မုန်းဓာတ် ၊ အရက်နဲ့ စီးကရက်တွေ ၊ ဂီတ ၊ အမှောင် ၊ နိုင်ငံတော် ၊ ခန္ဓာကိုယ်ရဲ့ အသားနဲ့ ဒွါရအရည်တွေ ၊ အမုန်း ၊ သွေးစက်တွေ ၊ သေချင်စိတ် စတဲ့ အရာတွေနဲ့ ဆက်နွယ်နိုင်တယ်။ ချစ်ခြင်းတရားကတော့ ရမ္မက်ကနေ “ဘဝအတွေ့အကြုံ” လုံထဲမှာ ရွှေအဖြစ်ပြောင်းသွားတဲ့ သန္ဓရသ။ ချစ်ခြင်း နဲ့ ပတ်သက်သမျှ အရာတွေအားလုံးကိုပဲ ရမ္မက်မဟုတ်တဲ့ မွေ့လျော်ဖွယ် အသွင် တစ်မျိုးနဲ့ ခံစားနိုင်မှုကို ချစ်ခြင်းတရားလို့ ကျွန်တော် ဖွင့်ဆိုပါတယ်။ ဒါဆိုရင် ချစ်ခြင်းကရော။ ချစ်ခြင်းကတော့ တောင်ကမ်းပါးနှစ်ခုကို ဆက်ထားတဲ့ တလှုပ်လှုပ် ကြိုးတံတား။ ကူးပြောင်းမှုကာလ။ အမှောင်နဲ့ အလင်းရောနေတဲ့ မြူခိုး။ တစ်ဘဝကနေ နောက်တစ်ဘဝကို သွားနေဆဲ လမ်းပေါ်က တစ္ဆေ။

ဇုစ်နတ်ဘုရားဟာ သူဆန္ဒရှိတဲ့ မိန်းမတွေကိုရဖို့ သူ့ကိုယ်သူ အသွင်မျိုးစုံဖန်ဆင်းခဲ့တယ်။ လီဒါကို ရဖို့ ငန်းအသွင် ၊ ယူရီမီဒိုဆာကို ရဖို့ ပုရွက်ဆိတ်အသွင် (သူတို့နှစ်ယောက်ရဲ့ သားက မိုင်မီဒွန်လို့ခေါ်တဲ့ ပုရွက်လူ (ant-man) ၊ ခမည်းတော်ဘုရင်က ကြေးမျှော်စင်ထဲမှာ အကျဉ်းချထားတဲ့ ဒနေးကိုရဖို့ ရွှေရောင် မိုးရေအသွင် ၊ ဟီရာကို ရဖို့ ချိုးငှက်အသွင် စသဖြင့် ပြောင်းလဲခဲ့တယ်။ အချစ်ဟာ အပေါ်ယံအသွင် ၊ တန်ခိုး ၊ တောက်ပပြိုးပြတ်မှု ၊ အဆန်းတကြယ်ဖြစ်မှု စတာတွေနဲ့ ဆက်စပ်ပတ်သက်နေတတ်တယ်။

ချစ်ခြင်းဟာ ဘာနဲ့ တူသလဲဆိုတော့ အဲဒီမြို့ကို ရောက်နေပေမယ့် ဘာမှ ထူးခြားတဲ့ ဝိသေသမရှိလို့ လူတစ်ယောက်ဟာ သူ ဘယ်မြို့ကို ရောက်လို့ ရောက်နေမှန်းမသိတဲ့ မြို့မျိုး။ ဒါပေမယ့် အဲဒီမြို့မှာပဲ သူရောက်ဖူးတဲ့ တခြားမြို့ တွေ အားလုံးကို ပြန်မြင်စေနိုင်တဲ့ မြို့မျိုး ၊ ဒီမြို့ဟာ သူကိုယ်တိုင်က ထူးခြားနေတာ မဟုတ်ပေမယ့် သူ့ရှိမှုဟာ တခြားမြို့တွေရဲ့ ဖြစ်တည်မှုတွေကို ပိုခိုင်မာစေတဲ့ မြို့မျိုး။ ချစ်ခြင်းဟာ ယန်မောရစ် စွဲလမ်းခဲ့တဲ့ ထူးမခြားနား ထရီစတီမြို့နဲ့ တူတယ်။ ထရီစတီကို အမြဲတမ်း စိတ်မျက်စိနဲ့ မြင်ကြည့်လို့ မရဘူးတဲ့။ ချစ်ခြင်းဟာ တကယ်မရှိသလို ထင်ရတဲ့ ထရီစတီမြို့ပဲ။ ဒါပေမယ့် တကယ်ရှိတယ်။

ချစ်ခြင်းတရားကတော့ သိမ်မွေ့နက်နဲလွန်းတယ်။ ရင့်ကျက်မှုလား ၊ ကဗျာတစ်ပုဒ်လား ၊ ဂမ္ဘီရဆန်မှုလား ကျွန်တော်မဖွင့်တတ်။ ဒါဆို ဘာလို့ရေးခဲ့လဲလို့ မေးစရာရှိတယ်။ ဟုတ်ကဲ့ ချစ်ခြင်းတရားဆိုတဲ့ အခြေအနေတစ်ရပ် ရှိကြောင်း ကျွန်တော် မမှိတ်မသုန် ယုံကြည်လို့ဖြစ်တယ်။ မမြင်ဖူးပေမယ့် သေခြင်းတရားကို ယုံကြည်သလို ချစ်ခြင်းတရားကို ကျွန်တော်တို့ ယုံကြည်လို့ပါပဲ။ ကျွန်တော်တို့ ကြိုးတံတားက လှုပ်လှုပ်ပေါ်ကနေ ချစ်ခြင်းတရားဆီ လျှောက်နေကြပါတယ်။ အဲဒီလိုပဲ ဖြစ်သင့်ပါတယ်။

▪️အောင်ခင်မြင့်

" နွေဦး " တဲ့ ကျွန်တော် မဖွဲ့တတ်ခဲ့ပေါ့ခြေစုံရပ် ရိုကျိုးခဲ့ပါတယ်။▪️ခင်ဇော်မြင့်
05/03/2026

" နွေဦး " တဲ့
ကျွန်တော် မဖွဲ့တတ်ခဲ့ပေါ့
ခြေစုံရပ် ရိုကျိုးခဲ့ပါတယ်။

▪️ခင်ဇော်မြင့်

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Enchanted Narratives by The¡nt posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share