28/01/2024
1.
~~~~~~~~~~~~~~~~
ဖြည်းဖြည်းညိမ့်ညိမ့် စီးဆင်းနေတဲ့ စမ်းချောင်း၊ ရေအိုင်တွေမှာ နေထိုင်တတ်ကြတဲ့ Arowana ငါးမျိုးစိတ်ကို ၁၈၄၄ ခုနှစ်မှာ စတင်တွေ့ရှိခဲ့သည်။ သူ့တို့ရဲ့ အရသာက တမူထူးခြားပြီး စားကောင်းလှတဲ့အတွက် အစပိုင်းက စားသောက်ဖို့အတွက်ပဲ ဖမ်းဆီးရောင်းချခဲ့တာဖြစ်ပါတယ်။ အင်ဒိုနီးရှားနိုင်ငံ Kapuas မြစ်အတွင်းတွင် စတင်တွေ့ရှိခဲ့ရတဲ့ Green Arowana တွေက ကနဦးအစ မျိုးစိတ်ပဲ ပြောရပါ့မယ်။ အစောပိုင်း Arowana တွေကို ငါးမွေးဝါသနာထုံသူတွေအကြား ရေပန်းမစားခဲ့ပါဘူး။ သာမန် ငါးတွေပါပဲ။ ဒါပေမဲ့ တရုတ်လူမျိုးတွေရဲ့ ယုံကြည်သက်၀င် လက်ခံလာမှုတွေကြောင့် စျေးကွက်အတွင်း စျေးအကြီးဆုံး အဆင့်အထိ နာမည်ကြီးသွားခဲ့ပါတယ်။ Arowana တွေဟာ pH 6,5-7,5, အပူချိန် 24-30 ° C အတွင်း သင့်တင့်မျှတစွာ အသက်ရှင်နေထိုင်နိုင်ကြပြီး ပုစွန်၊ ငါးအသေးများ၊ ဖားအမျိုးမျိုး၊ ပိုးကောင်များ စားသောက်အသက်ရှင်ကြပါတယ်။ ဥမှ အကောင်ပေါက်သော မျိုးစိတ်ဖြစ်ပြီး တစ်ခါ မိတ်လိုက်ထားပြီးရင် ဥ ၃၀ ကနေ ၅၀ အထိ ဥတတ်ပါတယ်။ ဥတွေကိုလည်း မိခင်က ပါးစပ်အတွင်း ရက်ပေါင်း ၄၀ ကျော် ငုံထားပြီး အကောင်ပေါက်မှ အပြင်ကို လွှတ်ပေးပါတယ်။
~~~~~~~~~~~~~~~~~~
1.1
~~~~~~~~~~~~~~~~~~
တရုတ်လူမျိုးတို့ရဲ့ ယုံကြည်ရာ နဂါးအမှတ်တံဆိပ်, "yin" and "yang" , နတ်ဘုရားရဲ့အမွေဆက်ခံသူအဖြစ် ယုံကြည်လာမှုကနေစပြီး arowana တွေဟာ Lucky Fish အဖြစ် လူသိများလာခဲ့တော့တယ်။ ကံကောင်းစေသော၊ ဂုဏ်ကျက်သရေတိ်ုးပွားစေသော၊ စည်းစိမ်ချမ်းသာ ကြွယ်ဝစေသော၊ ကျရောက်လာမည့် ဘေးအန္တရာယ်များကို ကာကွယ်စောင့်ရှောက်ပေးသော ငါး စသဖြင့် အယူအဆအမျိုးမျိုး ရှိနေကြပါတယ်။ လူအမျိုးမျိုး ဘာသာအယူဝါဒအမျိုးမျိုးရှိသည့်အတွက် ယုံကြည်သက်၀င်မှု အမျိုးမျိုးရှိနိုင်ပါသည်။ ထို့အတူ အရောင်အသွေး ရောယှက်ပြီး ထူးခြားဆန်းကြယ်တဲ့ အရောင်အသွေးပိုင်ဆိုင်သော arowana တွေဟာ ကမ္ဘာ့စျေးအကြီးဆုံးငါး အဖြစ် ခိုင်မာစွာ ရပ်တည်လာခဲ့တော့တယ်။ နောက်ပြီး ထူးခြားလှတဲ့ "လျှာ" ကလည်း arowana တွေကို နာမည်ပိုကြီးလာစေပါတယ်။
~~~~~~~~~~~~~~~~~~~~
1.1.1
~~~~~~~~~~~~~~~~~~~~
တခါက စီးပွားရေးလုပ်ငန်းရှင်တစ်ယောက်က ကားတိုက်မှုဖြစ်ခဲ့တယ်။ သူ့ရဲ့ကား ဆိုးဆိုးရွားရွား ပျက်စီးသွားခဲ့တယ်။ သူကတော့ အနာတရ အနည်းငယ်သာ ရခဲ့ပါတယ်။ သူ အိမ်ပြန်ရောက်တော့ သူမွေးထားတဲ့ Arowana ငါးကန် ကွဲကျနေပြီး ငါးသေနေတာကို တွေ့ခဲ့ရတယ်။ ဒါဟာဆိုရင် ငါးမွေးသူ ပိုင်ရှင်အပေါ် ကျရောက်မဲ့ သေဘေးကို ငါးက အစား၀င်ခံပေးတယ်လို့ ယုံကြည်နိုင်တယ်။ ကျရောက်လာမဲ့ မကောင်းတဲ့ ဘေးအန္တရာယ်အပေါင်းကို Arowana တွေက ပိုင်ရှင်အစား ကာကွယ်ပေးတယ်လို့ ဆိုနိုင်တယ်။
~~~~~~~~~~~~~~~~~~~~
1.1.2
~~~~~~~~~~~~~~~~~~~
တခါကလည်း လူတယောက်ရှိတယ်။ သူ Arowana မွေးထားတာ ၈ နှစ်လောက်ရှိပြီ။ တနေ့မှာ သူက Arowana ကို ကြည့်ပြီး အဓိဌာန်ခဲ့တယ်။ "ငါမင်းအတွက် ကန်အကြီးကြီး တစ်ကန်လုပ်ပေးချင်တယ် ဒါပေမဲ့ ငါ့ကို ထီပေါက်အောင် မစပါ" တဲ့။ မကြာဘူး သူ ထီပေါက်သွားတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Arowana တွေက ယုံကြည်ကိုးကွယ်ရာနေရာ တစ်ခု ဖြစ်လာနိုင်တယ်။
~~~~~~~~~~
2.
~~~~~~~~~~
2.1 အင်ဒိုနွယ်ဖွား Red Arowana ကတော့ အပူချိန် 28 ~ 30 degrees C ၊ PH 6.5၊ အကြီးဆုံးအရှည် 90 cm ကျော်။ Red Arowana ရဲ့ ထူးခြားချက်ကတော့ တကိုယ်လုံးနီတာပါပဲ။ Red Arowana ကို အဓိကအားဖြင့် Blood-Red နဲ့ Chili-Red ဆိုပြီး ထပ်ခွဲပါသေးတယ်။
~~~~~~~~~~~~~~~~
2.2 XB ရဲ့ ဇစ်မြစ်က မလေးရှားကဖြစ်ပြီး နေရာအနှံ့မှာ မျိုးပွားတာ တွေ့မြင်ရပါလိမ့်မယ်။ ဥပမာ အင်ဒို၊ ထိုင်း၊ ဗီယက်နမ်၊ မြန်မာတို့ဖြစ်ပါတယ်။ အပူချိန် 28 ~ 30 degrees C ၊ PH: Neutral 6.5 ~ weak 5.8 ၊ အကြီးဆုံးအရှည် 60 cm။ ကြေးခွံ ၆ တန်းပါ XB တွေဟာ ရွှေရောင်တောက်ပနေတဲ့အတွက် အကြိုက်တွေ့စေမဲ့ ငါးမျိုးစိတ်လဲ ဖြစ်ပါတယ်။ ပေါက်စနအရွယ်မှာတော့ ရွှေအပြည့်တက်လာမှာမဟုတ်ပဲ အဝါရောင်သန်းနေပါလိမ့်မယ်။ XB (သို့မဟုတ်) Cross Back Golden (သို့မဟုတ်) Malaysian Golden လို့ လူသိများကြတဲ့အတိုင်း RTG နဲ့လဲ ခပ်ဆင်ဆင် အသွင်ရော အရောင်ပါတူနေပါလိမ့်မယ်။ XB တွေကိုလဲ Blue, Purple, Gold, Green နဲ့ the Silver-Based ဆိုပြီး ထပ်ခွဲနိုင်ပါသေးတယ်။
~~~~~~~~~~~~~~~~
2.3 RTG တွေကို ထိုင်း၊ မလေး၊ ဗီယက်နမ်၊ မြန်မာအနှံ့ မျိုးဖောက်ကြတာ တွေ့မြင်ရပါလိမ့်မယ်။ အပူချိန် 28 ~ 30 degrees C ၊ PH: Neutral 6.5 ~ weak 5.8 ၊ အကြီးဆုံးအရှည် 50 ~ 60 cm။ RTG နဲ့ XB တွေဟာ ရွှေမျိုးစိတ်တစ်ခုထဲမှာ ပါ၀င်နေပါတယ်။ ပေါက်စနအရွယ် ကြေးခွံ ၄ တန်းအထိ ရွှေရောင်ဖြစ်နေတဲ့ RTG တွေကို Blue, Purple, Gold, Green နဲ့ the Silver-Based ဆိုပြီး ထပ်ခွဲနိုင်ပါသေးတယ်။
~~~~~~~~~~~~~~~~
2.4 GA တွေကတော့ ထိုင်း၊ ဗီယက်၊ မလေးနဲ့မြန်မာမှာ တွေ့မြင်နိုင်ပြီး အပူချိန် 28 ~ 30 degrees C ၊ PH: Neutral 6.5 ~ weak 5.8 ၊ အကြီးဆုံးအရှည် 50 ~ 60 cm။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အများအပြားတွေ့မြင်ရတဲ့ ငါးမျိုးစိတ်လဲ ဖြစ်ပါတယ်။
~~~~~~~~~~~~~~~~
2.5 အရှေ့အလယ်ပိုင်းဒေသမျိုးစိတ်ဖြစ်ပြီး အပူချိန် 28 ~ 30 degrees C ၊ PH: Neutral 6.5 ~ weak 5.8 ၊ အကြီးဆုံးအရှည် 50 ~ 60 cm ။
~~~~~~~~~~~~~~~~
2.6 တောင်အမေရိကတိုက်နွယ်ဖွား အမေဇုန်သားလေး Black ကတော့ 28 ~ 30 degrees C ၊ PH value: acidic 5.5 - 6.0 နဲ့ 60 cm အထိ ကြီးထွားမှာဖြစ်ပါတယ်။
~~~~~~~~~~~~~~~~
2.7 အမေဇုန်နွယ်ဖွားဖြစ်ပါတယ်။ အပူချိန် 28 ~ 30 degrees C ၊ PH: Neutral 6.5 ~ weak acid 5.8။ metallic silver ၊soft blue ၊ pink light ဆိုပြီး ခွဲနိုင်ပါသေးတယ်။
~~~~~~~~~~~~~~~~
2.8 အော်စတေးလျနွယ်၀င် ဖြစ်ပြီး အပူချိန် 28 ~ 30 degrees C ၊ PH value: acidic 5.8 ၊ အရှည်ဆုံး 50 ~ 60 cm။
~~~~~~~~~~~~~~~~
3. ကန်ဖြင့်မွေးမြူခြင်း
~~~~~~~~~~~~~~~~
3.1 ကန်ဖြင့်မွေးမြူရန်အတွက် ငါးအတွက် သင့်တင့်လျောက်ပတ်သည့် အကျယ်အ၀န်း၊ ဆက်စပ်ကိရိယာများ တပ်ဆင်ပေးရန်လိုသည်။ 1. Aerator (air pump ကို ပြောတာပါ)။ 2. Heater & Thermometer အပူချိန် တိုးမြင့်ပေးရန်နှင့် လက်ရှိအပူချိန်ကို သိရှိရန် မရှိမဖြစ် လိုအပ်ပါသည်။ 3. Filter ကန်သန့်ရှင်းရေးနှင့် ငါးရောဂါမကျရောက်စေရန် မရှိမဖြစ် လိုအပ်ပါသည်။ 4. Fluorescent Lamp မစူးသည့် အလင်းရောင်သာ ဖြစ်ရပါမည်။ ကန်အရွယ်အစားရွေးချယ်ရာတွင် အမြင့်နှင့်အကျယ် အလွန် ကျယ်၀န်းရန်လိုပါသည်။ မူလဗီဇအတိုင်း အလျှင်အမြန် ကူးခတ်ရခြင်းအား နှစ်သက်သောကြောင့် ကန်အရွယ်အစား သေးငယ်နေပါက ကြီးထွားမှုနှုန်း နှေးကွေးမည်။ မလိုလားအပ်သော ရောဂါများ ကျရောက်မည်။ မဖြစ်မနေ ဖုံးအုပ်ပေးရပါမည်။ Arowana သည် live food ဖြင့်သာ သင့်တော်ပါသည်။ ထို့အတူ ရေပေါ်ပေါနေသော အစာလဲ ဖြစ်ရပါမည်။ အစာအား အငမ်းမရ ဟတ်ထိုးစားတတ်သော အလေ့အကျင့်ရှိသဖြင့် ကန်ကျယ်ကျယ်တွင် live food ကျွေးပါက ခဏတွင်း ကြီးထွားမှုနှုန်း မြန်ပါလိမ့်မည်။ ပိုးတုံးလုံး၊ ပုရစ်၊ နှံကောင်၊ ဒါးခုတ်ကောင်၊ တီကောင်၊ ယင်ကောင်၊ ဖား၊ ငါးသေးသေးလေးများ၊ ပုစွန်၊ အမဲနှလုံး စသည်တို့သည် Arowana ကြိုက်သော အစာများဖြစ်သည်။ မုန်လာဥနီ (ခါကြက်ဥ)သည်လည်း ငါးအတွက် သင့်တော်သည်။ သတိပြုရန်အချက်မှာ နေ့စဉ် ပုံမှန်အစာသာ ကျွေးသင့်သည်။ အလွန်အကျွံကျွေးပါက ကျန်းမာရေး ထိခိုက်နိုင်သည်။
~~~~~~~~~~~~~~~~
4.
~~~~~~~~~~~~~~~~
4.1
~~~~~~~~~~~~~~~~
CE ကတော့ မျက်စိဒဏ်ရာရခြင်း၊ ရောင်ကိုင်းခြင်း၊ ဖူးယောင်ခြင်းဖြစ်ပါတယ်။ အစပိုင်းလက္ခဏာတွေမှာ မျက်စိ မှိုတတ်သလိုမျိုးဖြစ်နေမယ် နောက်ပိုင်းမှာ ဖောင်းလာမယ်၊ ပြာလဲ့လဲ့ဖြစ်လာမယ်၊ နောက်ဆုံးအဆင့်ကတော့ မျက်စိကွယ်သွားမယ် ဒါမှမဟုတ် သေဆုံးသွားပါလိမ့်မယ်။ CE ကို ကုသခြင်တယ်ဆိုရင်တော့ ပထမအဆင့် (မှိုစွဲခြင်းအဆင့်)မှာ ရေ (၃)ပုံ၁(ပုံ)လဲပေးရမယ်။ ဆားအနည်းငယ်ထည့်ပေးရမယ်။ ရေအပူချိန်ကို ၃၀ ကနေ ၃၃ စင်တီဂရိတ်အတွင်း ထားပေးရမယ်။ ၂ ရက်အကြာမှာ မပျောက်ဘူးဆိုရင်တော့ ၃ ရက်တစ်ကြိမ် ရေ (၄)ပုံ(၁)ပုံ လဲပေးရမယ်။ ဆားထပ်ထည့်ပေးရမယ်။ ဒုတိယအဆင့်(မျက်စိဖောင်းနေတဲ့အဆင့်)ဆိုရင်တော့ ဆေးကုပေးရပါတော့မယ်။ ခွဲစိတ်ကုသဖို့လိုရင်တောင် လိုပါလိမ့်မယ်။ ဆားထည့်ရုံ ရေလဲရုံနဲ့ မရတော့ပါဘူး။ ပုံမှန်အတိုင်း ပြန်ကောင်းဖို့ဆိုတာ လတော်တော် ကြာမှာကို သတိပြုပါ။ ချက်ချင်းမပျောက်ပါဘူး။
4.2
~~~~~~~~~~~~~~~~
DE ကတော့ ရောဂါလို့တော့ မပြောနိုင်ပါဘူး။ သာမန်အားဖြင့် ကန်အခြေ ကြမ်းပြင်ကို အကြည့်များသွားသောကြောင့် မျက်စိစွေသွားခြင်းမျိုးပါ။ တချို့ ပိုင်ရှင်တွေက ကန်ရဲ့အလင်းရောင်ကို သာမန်ထက် ပိုပေးထားတတ်ကြတယ်။ အလင်းရောင်ပိုပေးတာမျိုး၊ Tank Mate မှားနေတာမျိုးတွေဆို DE ဖြစ်နိုင်ချေများနေပါပြီ။ ပင်ဘောင်ဘောလုံး (ဒါမှမဟုတ်) ရေပေါ် ပေါ်နေတဲ့ ပစ္စည်းမျိုး ကန်ထဲထည့်ထားပေးရပါမယ်။ ဒါဆိုရင်တော့ ပြန်ကောင်းလာနိုင်ချေရှိပါတယ်။ နောက်ပြီး အသက်အရွယ် ရလာတဲ့ အခါမှာလဲ DE ဖြစ်လာနိုင်ပါတယ်။ ငါးမျိုးစိတ်တစ်ခုနဲ့တစ်ခုတော့ မတူပါဘူး။ ဥပမာ Silver Arowana တွေက လက်မ ၂၀ ကျော်လာရင် DE ဖြစ်နိုင်ချေများလာပြီး Black Arowanas တွေဆိုရင် DE မဖြစ်သလောက် ရှားပါတယ်။ DE ဖြစ်စေနိုင်တဲ့ ယေဘူယျအချက်တွေကတော့- (ငါးဟာ အလွန်၀လာချိန်၊ Tank Mate လွဲတာတွေ၊ အလင်းရောင် များလွန်းနေတာတွေ၊ ကြမ်းပြင်အစာတွေကို အာရုံစိုက်ရတာ များလွန်းချိန်၊ မျိုးရိုးဗီဇကြောင့် တွေကြောင့်လို့) ပဲ ဆိုရမှာပါ။
4.3
~~~~~~~~~~~~~~~~
Parasites ဖြစ်စေနိုင်တဲ့အဓိကအချက်တွေကတော့ Live Food တွေ ကျွေးရာကနေ စတာပါပဲ။ Live Food ကျွေးပြီး ကန်သန့်ရှင်ရေးမလုပ်နိုင်ရင်တော့ Parasites ဖြစ်ဖို့ ရာခိုင်နှုန်းများသွားပါပြီ။ Parasites ကို လွယ်လွယ်မှတ်ရရင်တော့ အနာပေါက်တာပါပဲ Parasites မှာကတော့ အဓိကအားဖြင့် ၂ မျိုးရှိပါတယ်။ Fish Lice နဲ့ anchor worms ဖြစ်တာပါပဲ။ Fish Lice ကတော့ ၃ ကနေ ၅ မီလီမီတာလောက်ပဲရှိပြီး စဖြစ်ဖြစ်ချင်းမှာတော့ သာမန်မျက်စိနဲ့ မြင်ဖို့ခက်ပါလိမ့်မယ်။ ရှည်ရှည်မျောမျော ပုံသဏ္ဍာန်ရှိပြီး ခဏလေးအတွင်း ကြီးထွားလာလိမ့်မယ်။ anchor worms ကတော့ သံကောင် တမျိုးပါပဲ။ မပူပါနဲ့ copper sulfate ပါတဲ့ ဆေးတွေနဲ့ သတ်နိုင်ပါတယ်။ နောက်ပြီး ကန်ထဲ ဆားခပ်တဲ့နည်း၊ နည်းနဲ့ ဖယ်ထုတ်နိုင်ပါတယ်။ ရောဂါကျရောက်ပြီးသားကန်ကိုတော့ ဖြစ်နိုင်ရင် ပိုးသေအောင် သတ်ထားဖို့တော့ လိုပါတယ်။ မဟုတ်ရင် အဲဒီရောဂါတွေ ထပ်ထပ် ဖြစ်နေတတ်ပါတယ်။
4.4
~~~~~~~~~~~~~~~~
ဒီရောဂါကတော့ arowana ပေါက်စဘ၀မှာ ဖြစ်လေ့ဖြစ်ထရှိပါတယ်။ PSD ကို လွယ်လွယ်မှတ်ရရင် ကြေးခွံတွေ မညီမညာဖြစ်တဲ့ လက္ခဏာပါ။ အရွယ်ရောက်ပြီးသား အကောင်တွေမှာတော့ ကြုံတောင့်ကြုံခဲမှသာ ဖြစ်တတ်တာပါ။ ရောဂါဖြစ်စေတဲ့ အဓိကအကြောင်းကတော့ အပူချိန် အတတ်အကျ မြန်နေခြင်းကြောင့် ဖြစ်ပါတယ်။ PSD ဖြစ်တာကို အချိန်မီ မကုဘူးဆိုရင်တော့ သေမှာပါ။ ဘာလို့လဲဆိုတော့ ရွဲ့စောင်းသွားတာ ကြေးခွံတွေက ငါးရဲ့ သွေးလည်ပတ်မှုကို ဖြတ်တောက်ပြစ်သည်အထိ သက်ရောက်မှု ရှိနေလို့ပါပဲ။ ကုသနည်းကတော့ ရေရဲ့အပူချိန်ကို 32-34°C အကြားထားပေးရပါမယ်၊ အောက်ဆီဂျင် ပိုပေးထားရပါမယ်။ ဆားနည်းနည်း ထည့်ပေးရပါမယ်။ ၃ ရက်တစ်ကြိမ် ရေ (၄)ပုံ(၁)ပုံလဲပေးရပါမယ်။ copper sulfate ပါတဲ့ ဆေးများ ထည့်ပေးရပါမယ်။
4.5
~~~~~~~~~~~~~~~~
RS ကတော့ ပျိုးဆိုဒ်တွေမှာ အဖြစ်များပါတယ်။ ငါးရဲ့ ကျောဘက်နဲ့ အမြီးပိုင်းတွေမှာ အဖြစ်များပြီး RS နေရာတွေ ဖောင်းလာမယ်၊ ကြေးခွံတွေပါ ရွံ့စောင်းလာမယ်၊ အချိန်မီ ဆေးမကုရင် သေပါမယ်။ ကုသနည်းကတော့ လွယ်ပါတယ်။ ရေအပူချိန်ကို 36°C အထိ တိုးထားပေးပါ၊ ဆားနဲနဲ ထည့်ထားပေးပါ။ အောက်ဆီဂျင် ပိုထည့်ထားပေးပါ။
4.6
~~~~~~~~~~~~~~~~
RGD ကတော့ Parasites နဲ့ ခပ်ဆင်ဆင်ပါပဲ။ ရောဂါ လက္ခဏာအရ ငါးဟာ အသက်ရှုနည်း မြန်လာမယ်။ အရောင်တွေ မှိန်လာလိမ့်မယ်။ ဘာလို့ RGD ဖြစ်သလိုဆိုတော့ ကျွေးတဲ့ Live Food ကနေ ကူးတာများပါတယ်။ နောက်ပြီး ကန်ကို သန့်ရှင်းရေးမလုပ်ဘဲ ထားတာ ကြာလို့လဲ ဖြစ်ပါတယ်။ ကုသနည်းကတော့ ရေတစ်လီမှာ ဆား , Quinine ငှက်ဖျားဆေး (0.8 Gram) ကို ထည့်ပေးရပါမယ်။ လက်ရှိ ရေအပူချိန်ထက် 2-3°C တိုးထားပေးရပါမယ်။ အောက်ဆီဂျင် ပိုပေးထားရပါမယ်။ ကုသနေချိန်မှာ အစာခြောက်ကိုသာ ကျွေးရပါမယ်။ Live Food ဖြတ်ထားရပါမယ်။
4.7
~~~~~~~~~~~~~~~~
SA အစာအိမ်ရောင်ရမ်းသည့်အခြေအနေကတော့ ပျိုးဆိုဒ်တွေမှာ အဖြစ်များပါတယ်။ ပုတ်သိုးနေတဲ့ အစာတွေကြောင့် အစာအိမ် ရောင်ရမ်းတာဖြစ်ပြီး မှန်ကန်နဲ့ ၀မ်းဗိုက်နဲ့ ပွတ်တိုက်မှုများလာရင်လဲ ဖြစ်တတ်ပါတယ်။ အမြီးပိုင်းနဲ့ ၀မ်းဗိုက်ပိုင်းမှာ အနီရောင်အစက်တွေဖြစ်ပေါ်တတ်ပြီး အစာအိမ်အနည်းငယ် ရောင်ကိုင်းနေတတ်ပါတယ်။ ငါးဟာ အနည်းငယ် ပိန်လာပါလိမ့်မယ်။ ကုသနည်းကတော့ လက်ရှိရေအပူချိန်ထက် 2-3°C တိုးမြင့်ထားဖို့ပဲ လိုတာပါ။ အစာကိုတော့ လတ်ဆတ်တဲ့ အစာကို ရွေးချယ်ရပါလိမ့်မယ်။
4.8
~~~~~~~~~~~~~~~~
TGC ကတော့ ကျွေးထားတဲ့ အစာ အပိုင်းအစတွေ ရေအတွင်းပျော်၀င်ရာမှုကြောင့်ဖြစ်ပြီး ရေမသန့်ရှင်းသောကြောင့် အဖြစ်များတာပါ။ ငါးအတွက် အာဟာရရှိပြီး နေရာထိုင်ခင်း (ကန်အကျယ်) ကျယ်ကျယ်ပြန့်ပြန့်ဖြစ်နေဖို့ လိုပါမယ်။ အဲလိုမှမဟုတ်ရင် ငါးဟပ်စောင်းလာခြင်း၊ ပါးဟတ်အတွင်း အရောင်ပြောင်းနေခြင်း၊ အနီရောင်အဆင့်မှ ညိုသည့်အဆင့်အထိ ဖြစ်ပေါ်နေတတ်ပါတယ်။ စိတ်ကျန်းမာရေးအခြေအနေလို့ ညွှန်းခြင်ပါတယ်။ အစပိုင်းမှာ ပါးဟတ် ဟစိဟစိဖြစ်လာမယ်။ အသက်ရှုနှုန်း ပုံမှန်မဟုတ်တော့ဘူး။ နောက်ပိုင်း ကန်အပြင် ရေအပေါ်ကို တတ်တတ်ပြီး ခေါင်းမော့လာတဲ့အဆင့်အထိ ဖြစ်လာလိမ့်မယ်။ TGC လို့ ခန့်မှန်းမိပြီးဆိုတာနဲ့ ရေကို ၂ ရက်ခြား ၂၀ ရာခိုင်နှုန်း လဲပြစ်လိုက်ပါ။ အောက်ဆီဂျင် တိုးပေးထားပါ။ filter media ထဲကို ကျောက်မီးသွေး ထည့်ထားပေးပါ။ ပါးဟတ် အရမ်းပြဲလာပြီး အညိုရောင် သမ်းနေပြီဆိုရင်တော့ ရေကို ၅၀ ရာခိုင်နှုန်း လဲပေးလိုက်ပါ။ အောက်ဆီဂျင် ကျောက်မီးသွေးကတော့ အပေါ်နည်းအတိုင်းပါပဲ။ နောက်ဆုံးအဆင့် ရေပေါ်တတ်လာပြီး ခေါင်းဖော်နေပြီဆိုရင်တော့ ခွဲစိတ်ကုသဖို့ လိုအပ်တော့မှာဖြစ်ပါတယ်။
4.9
~~~~~~~~~~~~~~~~
WS ကတော့ အဖြစ်များဆုံး ရောဂါပါ။ အစပိုင်းမှာ အတောင်တွေမှာပဲ တွေ့ရမှာပါ။ ကုသနည်းကတော့ ရေတစ်လီမှာ ဆား , Quinine ငှက်ဖျားဆေး (0.8 Gram) ကို ထည့်ပေးရပါမယ်။ လက်ရှိ ရေအပူချိန်ထက် 2-3°C တိုးထားပေးရပါမယ်။ အောက်ဆီဂျင် ပိုပေးထားရပါမယ်။ ကုသနေချိန်မှာ အစာခြောက်ကိုသာ ကျွေးရပါမယ်။ Live Food ဖြတ်ထားရပါမယ်။
~~~~~~~~~~~~~~~~
5.Tankmates
~~~~~~~~~~~~~~~~
Arowana အတွက် Tankmate များစွာရှိပါတယ်။ Tankmate သုံးမယ်ဆိုရင် စဉ်းစားရမဲ့အချက်တွေလဲ အမြောက်အများရှိပါတယ်။ ပြီးတော့ arowana မျိုးစိတ်တစ်ခုမှာ သူပျော်တဲ့ ရေအပူချိန်ရှိပါတယ်။ မျိုးစိတ်တစ်ခုနဲ့တစ်ခု မတူပါဘူး။ ဒါကြောင့် Tankmate အတွက် စဉ်းစားပေးမယ်ဆိုရင် အပူချိန်ကစပြီး စဉ်းစားရမှာပါ။ နောက်ပြီး Arowana က Tankmate ကို အမြဲတစေ လိုက်ခြောက်လှန့်နေရင်လဲ မဖြစ်ပြန်ဘူး။ win-win အခြေအနေတစ်ခုကို ဖန်တီးပေးရမှာက ကန်ပိုင်ရှင် သင်ပဲဖြစ်ပါတယ်။ လူအများဆုံးထားပေးတဲ့ Tankmate တွေကတော့ Birchirs, Silver Dollars, Red Hooks, Emperor Hooks, Tin Foil Barbs, FF (Semaprochilodus taeniurus) တို့ ဖြစ်ပါတယ်။ နောက်စဉ်းစားရမဲ့အချက်ကတော့ Tankmate က Arowana ကို ဘယ်လိုအကျိုးပြုပေးမှာလဲ?? အစကျွေးရင်ရော ဘယ်လို စားကြမှာလဲ? ကန်သန့်ရှင်းရေးအတွက် စဉ်းစားထားတာလား? စဉ်းစားရမဲ့အချက်တွေ အများအပြားရှိပါတယ်။
pageမှကူးယူဖော်ပြပါသည်။
Crd