24/08/2021
ကိုယ်မြို့လဲဖြစ်လာနိုင်ပါတယ် ကြိုတင်ပြင်ဆင်ထာကြပါနော်
ဖားကန့်မှာ အင်တာနက် ဖြတ်တောက်ခံထားရတာ (၄) ရက်ရှိပြီ
အွန်လိုင်းငွေလွှဲစနစ်တွေပါ ရပ်ထားရတဲ့အပြင် ဖုန်းဘေလ်ပါ ဖြည့်မရဖြစ်နေ
ဖားကန့်မြို့နယ်မှာအင်တာနက်မရတာကြောင့် အွန်လိုင်းငွေလွှဲစနစ်တွေဖြစ်တဲ့ Wave Money နဲ့ K pay အသုံးပြုမှုရပ်ထားရသလို ဖုန်းဘေလ်ပါ ထည့်မရဖြစ်နေတယ်လို့ ဒေသခံတွေက ဘီဘီစီကို ပြောပါတယ်။
ဒါ့အပြင် ဖားကန့်မြို့နယ်၊ လုံးခင်းဘက်က တချို့နေရာတွေမှာ လျှပ်စစ်မီးပါပြတ် တောက်နေတာ (၂)ရက်ခန့် ရှိပါပြီ။
ဒါကြောင့် ဒေသခံတချို့ကတော့ ကုန်ခြောက်တွေဝယ်ယူစုဆောင်းနေတယ်လို့ ဆိုပါတယ်။
“အခုဆို အင်တာနက်လည်းမရဘူး၊ ဖုန်းဘေလ်လည်းဖြည့်လို့မရဘူး။ အရင်တုန်းက သုံးခဲ့တဲ့ ဆော့စ်ဝဲလ်နဲ့ ဆိုင်ကနေသွားပြီးဖြည့်နေတယ်။ စီးပွားရေးလုပ်တဲ့သူတွေလည်း အင်တာနက်မရတော့အဆင်မပြေဘူးပေါ့။ တချို့တွေက လိုင်းနဲ့ပဲ ကျောက်လုပ်ကြတာလေ၊ ဗီဒီယိုခေါ်ပြီး၊ မက်ဆင်ဂျာကနေပို့ အဲ့လိုစီးပွားရေးလုပ်တဲ့ သူတွေလည်း အင်တာနက်ကို အားကိုးရတာ။ အင်တာနက်ကိုပဲအားကိုးနေရတော့ အခုလိုအင်တာနက်မရ တာက ခက်ခဲမှုတခုပဲဗျ”လို့ ဒေသခံလူငယ်တဦးက သူကြုံတွေ့နေရတဲ့အခြေအနေကို ပြောပါတယ်။
မိုဘိုင်းလ်အင်တာနက်သာမက ဖုန်းလိုင်းတွေလည်း ဆက်သွယ်ရခက်ခဲနေတာပါ။ ဒီလိုဖြစ်နေတာကြောင့် ဖားကန့်ဒေသအတွင်း တိုက်ပွဲတွေဖြစ်လာနိုင်မလားလို့ စိုးရိမ်နေရကြောင်း ဖားကန်ပြည်သူတွေက ဘီဘီစီကို ပြောပါတယ်။
ဒီအကြောင်းအပါအဝင် နောက်ဆုံးရသတင်းစုစည်းမှုကို အောက်ပါလင့်ကနေ ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ်။
https://www.bbc.com/burmese/live/burma-58248887