National Landmarks Garden - Pyin Oo Lwin

National Landmarks Garden - Pyin Oo Lwin National Landmarks Garden , Pyin Oo Lwin

🏆 MTB (လူသစ်တန်း) စက်ဘီးပြိုင်ပွဲ အတွက် Main Sponsor အဖြစ် FNI မှ ပံ့ပိုးကူညီထားပါသည်။​ပြိုင်ပွဲဝင် အားကစားသမားများအားလု...
05/08/2026

🏆 MTB (လူသစ်တန်း) စက်ဘီးပြိုင်ပွဲ အတွက် Main Sponsor အဖြစ် FNI မှ ပံ့ပိုးကူညီထားပါသည်။

​ပြိုင်ပွဲဝင် အားကစားသမားများအားလုံး စိုးရိမ်ပူပန်မှုကင်းစွာနဲ့ မိမိတို့ရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်များကို စိတ်အေးချမ်းစွာ ပုံဖော်ယှဉ်ပြိုင်နိုင်ဖို့အတွက် FNI မှ ပြိုင်ပွဲဝင်တစ်ဦးချင်းစီအတွက် Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) ကို အထူးအစီအစဉ်အဖြစ် ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်ရှင်။ 🚴‍♂️✨

​📌 အာမခံအကျိုးခံစားခွင့်

​ပြိုင်ပွဲအတွင်း မတော်တဆ ကိုယ်အင်္ဂါထိခိုက်မှု ဖြစ်ပွားပါက ပြိုင်ပွဲဝင်တစ်ဦးလျှင် အများဆုံး ကျပ် ၁,၀၀၀,၀၀၀ (ကျပ်ဆယ်သိန်း) အထိ အာမခံ အကာအကွယ် ရရှိမည်ဖြစ်ပါသည်။

​💙 FNI ရဲ့ ချစ်လှစွာသော Customer များအနေဖြင့်လည်း ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်လိုပါက ဆက်သွယ်စုံစမ်းပြီး စာရင်းပေးသွင်းနိုင်ပါပြီရှင်။

​"စိတ်အေးချမ်းသာမှုနဲ့ လုံခြုံစိတ်ချရမှုကို FNI က တာဝန်ယူထားတာမို့ အောင်မြင်မှုကိုတော့ သင်ကိုယ်တိုင် ရဲရဲဝံ့ဝံ့ စိန်ခေါ်လိုက်ပါ။" 🚴‍♂️💙

​

✨တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) သို့ စီးနင်းယှဥ်ပြိုင်မည့် စိတ်လှုပ်ရှားဖွယ် Mounta...
03/08/2026

✨တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) သို့ စီးနင်းယှဥ်ပြိုင်မည့် စိတ်လှုပ်ရှားဖွယ် Mountain Bike (MTB) လူသစ်တန်း စက်ဘီးစီးပြိုင်ပွဲကြီးတွင် ပါဝင်မည့် ပြိုင်ပွဲဝင်များအနေဖြင့် မိမိတို့ဖြတ်သန်းရမည့် လမ်းကြောင်းအသေးစိတ်နှင့် လိုအပ်သော အချက်အလက်များကို ကြိုတင်လေ့လာနိုင်ရန် ဖော်ပြပေးလိုက်ပါတယ်ရှင်။🙆

📍တာထွက်နေရာ − တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ပင်မဂိတ်၊ ၁၂ လမ်း၊ မန္တလေးမြို့
လမ်းကြောင်း(၁) − တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ဂိတ်ရှေ့မှ ၁၂ လမ်းအတိုင်း ၆၆ လမ်းဆုံရာအထိ၊ ၆၆ လမ်းအတိုင်း ၂၆ လမ်းဆုံရာအထိ၊ ၂၆ လမ်းအတိုင်း မန္တလေး− ပြင်ဦးလွင် လမ်းဆုံရာအထိ၊ မန္တလေး−ပြင်ဦးလွင် လမ်းအတိုင်း ပြင်ဦးလွင်မြို့အထိ။
လမ်းကြောင်း (၂) − ပြင်ဦးလွင်မြို့အဝင်မှ နန်းမြိုင်လမ်းအတိုင်း ဂေါက်ကလပ်လမ်းဆုံအထိ၊ ဂေါက်ကလပ်လမ်းအတိုင်း စန္ဒာလမ်းဆုံအထိ၊ စန္ဒာလမ်းအတိုင်း ဂန္ဓမာမြိုင်အဝိုင်းအထိ၊ ဂန္ဓမာမြိုင်အဝိုင်းမှ ကန်တော်ကြီးကန်ဘောင် လမ်းဆုံအထိ။
လမ်းကြောင်း (၃) − ကန်တော်ကြီးကန်ဘောင်အတိုင်း ဥယျာဉ်မြောက်ဂိတ် (မျှော်စင်ဂိတ်) အထိ၊ မြောက်ဂိတ်အဝင်လမ်းအတိုင်း တောတွင်းစက်ဘီးစီးလမ်းအထိ။
လမ်းကြောင်း (၄) −တောတွင်းစက်ဘီးစီးလမ်းအတိုင်း ဘာဂီပတ်လမ်းအပေါ် ပြန်ထွက်၍ဘာဂီလမ်းအတိုင်း ထင်းရှူးတောလမ်းဆုံအထိ၊ ထိုမှ ဝါးတော၊ ဒရယ်ခြံ၊ ရွှံ့နွံတော ဘေးလမ်းအတိုင်း Main Stage အထိ။

➡️✨️ပြိုင်ပွဲဝင်များ အဆင်ပြေချောမွေ့စွာ ပန်းဝင်နိုင်ရေးအတွက် ကန်ဘောင်လမ်းဆုံမှ စတင်၍ ဥယျာဉ်ဝင်းတစ်လျှောက်နှင့် ပန်းဝင်အထိ လမ်းညွှန်ဆိုင်းဘုတ်များကို ထားရှိပေးသွားမည် ဖြစ်ပါသည်။✨️🎊

🚴 ခရီးအကွာအဝေးမှာ (၇၀) ကီလိုမီတာခန့်ဖြစ်ပါသည်။

📝 စာရင်းသွင်းရန် နောက်ဆုံးရက်
ပြိုင်ပွဲဝင်လိုသူများအနေဖြင့် Online မှဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ စာရင်းပေးသွင်းနိုင်ပြီး ဩဂုတ်လ (၁၄) ရက်နေ့၊ မနက် (၁၀:၀၀) နာရီ နောက်ဆုံးထား၍ ပေးသွင်းရပါမယ်ရှင်။

🎯ပြိုင်ပွဲဝင်စဥ်အတွင်း စက်ဘီးဦးထုပ် Helmet အား မဖြစ်မနေ ဆောင်းပေးရပါမည်။ 🙆

✨မြို့ပြလမ်းမတွေပေါ်မှ တဆင့် သဘာဝတောတွင်းလမ်း (Bike Trail) အထိ အခက်အခဲ စိန်ခေါ် မှုတွေကို ရင်ဆိုင်ကျော်ဖြတ်ပြီး အောင်မြင်မှုအရသာကို ခံစားနိုင်ဖို့ Mountain Bike (MTB) လူသစ်တန်းစက်ဘီးစီး
ပြိုင်ပွဲကြီးတွင် အခုပဲ စာရင်းသွင်း ပါဝင်လိုက်ကြပါစို့နော်။🚵‍♂️

ပြင်ဦးလွင်မြို့အဝင်မှ အမျိုးသားကန်တော်ကြီးဥယျာဉ် ပန်းဝင်နေရာထိ Google Track လမ်းကြောင်း📍
https://earth.google.com/earth/d/1Us_Ob4cGjKigKxaLeKpu2w2r7ms0gxvY?usp=sharing

☎️ဆက်သွယ်မေးမြန်းရန်
📍တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)
09 401546847, 09 421028711
📍တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ)
09 977101971,09 255564324
📍အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)
09259737736

General

✨ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) သို့ MTB စက်ဘီးစီးပြိုင်ပွဲ၏ Official Race Jersey က...
02/08/2026

✨ တိရစ္ဆာန်ဥယျာဉ်(ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ်(ပြင်ဦးလွင်) သို့ MTB စက်ဘီးစီးပြိုင်ပွဲ၏ Official Race Jersey ကို ဂုဏ်ယူစွာ မိတ်ဆက်လိုက်ပါပြီ! 🎽🚴
MTB Challenge တွင် ပါဝင်ယှဉ်ပြိုင်မည့် Biker များအားလုံးအတွက် အထူးဒီဇိုင်းဖန်တီးထားသော Official Race Jersey ကို ယနေ့တွင် မိတ်ဆက်ပေးလိုက်ပါတယ်ရှင်။ 💛
🎽ဒီ Jersey လေးဟာ ပြိုင်ပွဲအတွက်သာမက Biker များ၏ စီးနင်းမှုအတွေ့အကြုံကို ပိုမိုပြည့်စုံစေပြီး အမှတ်တရအဖြစ် သိမ်းဆည်းထားနိုင်မည့် Special Edition တစ်ခုလည်း ဖြစ်ပါတယ်။ စတိုင်ကျလှပ​စေရန်နှင့် သက်သောင့်သက်သာရှိမှုကို အရည်အ​သွေးမြှင့်ပေါင်းစပ် ဖန်တီးထားပြီး ပြိုင်ပွဲနေ့တစ်လျှောက် ယုံကြည်မှုအပြည့်ဖြင့် စီးနင်းနိုင်စေရန် အထူးဒီဇိုင်းရေးဆွဲထားပါတယ်။

🏅 Every registered biker will receive an Official Race Jersey.
🚴‍♂️ အတူစီးမယ်… အတူအမှတ်တရဖန်တီးမယ်… အတူစိန်ခေါ်မှုကို ကျော်ဖြတ်မယ်!

🚴🔥သဘာဝ​တော​တောင်အလှအပ​တွေကြားထဲမှာ စက်ဘီးပြိုင်ပွဲဝင်ဖို့အဆင်သင့်ပဲလား?🚵‍♂️🚵‍♂️🎉 🎖️🙇‍♀️Challenge တွေကိုစိတ်ဝင်စားတဲ့ bik...
31/07/2026

🚴🔥သဘာဝ​တော​တောင်အလှအပ​တွေကြားထဲမှာ စက်ဘီးပြိုင်ပွဲဝင်ဖို့အဆင်သင့်ပဲလား?🚵‍♂️
🚵‍♂️🎉 🎖️🙇‍♀️Challenge တွေကိုစိတ်ဝင်စားတဲ့ biker တွေအတွက် ရင်ခုန်စရာ ဆုကြေးငွေများစွာနဲ့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) သို့ 70km ပြိုင်ပွဲအတွက် စတင်စာရင်းသွင်းနိုင်ပါပြီရှင်🙇‍♀️

📍ပြိုင်ပွဲကျင်းပမည့်ရက်စွဲနှင့်အချိန်
ကျင်းပမည့်နေ့ရက် - ၁၅ - ၈ - ၂၀၂၆ (စနေနေ့)
ကျင်းပမည့်အချိန် - နံနက် (၅: ၃၀) နာရီ
ကျင်းပမည့်နေရာ - တာလွှတ်နေရာ  တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) ပင်မဂိတ်
- ပန်းဝင်နေရာ  အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)Main Stage (ဥယျာဉ် အရှေ့ဘက်ခြမ်း၊ Bamboo Cafe အရှေ့)
🏁(​နောက်ဆုံးပန်း​ဝင်ချိန်နံနက် ၁၀း၃၀ နာရီ)
✨ပါဝင်စာရင်းသွင်းလိုသူတိုင်းအတွက် ငွေသွင်း registration fees မှာ တစ်ဦးလျှင်
၅၀,၀၀၀ ကျပ် ဖြစ်ပြီး ပြိုင်ပွဲဝင်အင်္ကျီ (Race Jersey) ၁ ထည် ထုတ်ပေးမည်ဖြစ်ပါသည်။

✅ ဆုချီးမြှင့်ခြင်း အစီအစဉ်
စက်ဘီးစီးပြိုင်ပွဲတွင် အစွမ်းကုန်ကြိုးစားယှဉ်ပြိုင်ကြမည့် အားကစားသမားများအတွက် ချီးမြှင့်သွားမည့် ထိုက်တန်သော ဆုကြေးငွေများမှာ
(အမျိုးသား-စက်ဘီးစီးပြိုင်ပွဲဝင်)
🥇 ပထမဆု - ၁,၅၀၀,၀၀၀ ကျပ်
🥈 ဒုတိယဆု - ၁,၂၀၀,၀၀၀ ကျပ်
🥉 တတိယဆု - ၁,၀၀၀,၀၀၀ ကျပ်

(အမျိုးသား-စက်ဘီးစီးပြိုင်ပွဲဝင်)
🥇 ပထမဆု - ၁,၀၀၀,၀၀၀ ကျပ်
🥈 ဒုတိယဆု - ၇၀၀,၀၀၀ ကျပ်
🥉 တတိယဆု - ၅၀၀,၀၀၀ ကျပ်

🏅 (၄) မှ (၁၃) အတွင်း ပန်းဝင်သူ - ၂၀၀,၀၀၀ ကျပ်
🏅 (၁၄) မှ (၂၃) အတွင်း ပန်းဝင်သူ - ၁၀၀,၀၀၀ ကျပ် ချီးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်ရှင်။
ပြိုင်ပွဲဝင်သူတိုင်းကို Finisher Awardပေးအပ်သွားမှာ ဖြစ်ပါတယ်ရှင်။

✅ ကျန်းမာရေးနှင့် လုံခြုံရေး

ပြိုင်ပွဲဝင် အားကစားသမားများအားလုံး စိတ်အေးချမ်းသာစွာနှင့် ဘေးကင်းလုံခြုံစွာ ယှဉ်ပြိုင် နိုင်စေရန်အတွက် FNI (General) မှ Official Insurance Partner အဖြစ် ပူးပေါင်း၍ Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) ကို အထူးအစီအစဉ်အနေဖြင့် ကူညီပံ့ပိုး ပေးသွားမှာဖြစ်ပါတယ်ရှင့်။
ပြိုင်ပွဲဝင် စက်ဘီးအမျိုးအစား သတ်မှတ်ချက်များ
(၁) Mountain Bike စက်ဘီးတာယာ အရွယ်အစား (Tyre Size) 1.95" ထက်မသေးရ။
(၂) ရှေ့ရှော့ဘား (Shock absorber) ပါရှိရမည်။
(၃) ပြိုင်ဘီးလက်ကိုင်များ တပ်ဆင်ခွင့်မပြု။
(၄) 700cc Mountain Bike များ ယှဉ်ပြိုင်ခွင့်မပြု။
(၅) Motor / Battery ကဲ့သို့သော အထောက်အကူပါဝင်သော စက်ဘီးများ လုံးဝ (လုံးဝ) ခွင့်မပြုပါ။
ပြိုင်ပွဲဝင် အားကစားသမား စည်းကမ်းသတ်မှတ်ချက်
(၁) မိမိသဘောဆန္ဒဖြင့် ပါဝင်စီးနင်းယှဉ်ပြိုင်ခြင်း ဖြစ်ရမည်။ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ လိုက်နာ၍ စက်ဘီးစီးဦးထုပ် မဖြစ်မနေ ဝတ်ဆင်ရမည်ဖြစ်ပြီး ပါဝင်သူအားလုံး အန္တရာယ်ကင်း ရေးကို အလေးထားရမည်။
(၂) ပြိုင်ပွဲဝင်သူသည် အသက်(၁၆)နှစ် အထက် ဖြစ်ရမည်။(၂၀၁၀ ခုနှစ် ဩဂုတ်လ နောက်ပိုင်းမွေးဖွားသူများ ပါဝင်ယှဥ်ပြိုင်ခွင့်မပြု။)
(၃) နိုင်ငံ့လက်​ရွေးစင်အဆင့် ပြိုင်ပွဲဝင်အားကစားသမားများ ပါဝင်ယှဉ်ပြိုင်ခွင့်မပြုပါ။
(၄) ပြိုင်ပွဲဝင်နံပါတ်ပြားနှင့်အင်္ကျီ လာရောက်ထုတ်ယူပါက မှတ်ပုံတင်မူရင်းနှင့် ရှေ့/နောက် မိတ္တူ တစ်စောင် ယူလာရမည်။
(၅) ကိုယ်စားလာရောက်ထုတ်ယူခဲ့ပါက သက်ဆိုင်ရာ ကာယကံရှင် မှတ်ပုံတင်မူရင်းနှင့် ရှေ့/နောက် မိတ္တူပါရှိမှသာ ထုတ်ပေးပါမည်။
(၆) ပြိုင်ပွဲဝင်မည့်နေ့တွင် တာထွက်မည့် အချိန်ထက် ကျော်လွန်ရောက်ရှိပါက ယှဉ်ပြိုင်ခွင့်ပြုမည် မဟုတ်ပါ။
(၇) ပြိုင်ပွဲတာထွက် နေရာရှိ တာဝန်ရှိကြီးကြပ်သူများထံ မပျက်မကွက် သတင်းပို့ရမည်။
(၈) အငြင်းပွားဖွယ်ကိစ္စရပ်များ ဖြစ်ပေါ်ပါကပြိုင်ပွဲ ကျင်းပရေးကော်မတီ၏ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။
(၉) မတော်တဆ တစ်စုံတစ်ရာ ဖြစ်ပေါ်ပါက ပြိုင်ပွဲကျင်းပစီစဉ်သူများပေါ်တွင် တာဝန်မရှိဘဲ မိမိတာဝန်သာဖြစ်ကြောင်း ကတိပြုနားလည်ကြောင်း လက်မှတ်ရေးထိုးရပါမည်။

🎗️ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်လိုသော စက်ဘီးစီးဝါသနာရှင်များအနေဖြင့် အောက်ဖော်ပြပါ Google Form Link မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ စာရင်းပေးသွင်းနိုင်ပါတယ်။🙇‍♀️

👉 စာရင်းပေးသွင်းရန် Link:
https://docs.google.com/forms/d/e/1FAIpQLSdmL9-_CeJLxYwl72kg0UqTlc93OVHV-xrxqrb0wOCazzlwTA/viewform?usp=header
🎯 လူကိုယ်တိုင် လာရောက်စာရင်းပေးသွင်းလိုသူများမှာလည်း တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)၊တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ) နှင့် အမျိုးသားကန်တော်ကြီးဥယျာဥ်(ပြင်ဦးလွင်) တို့တွင် လာရောက် စာရင်းပေးသွင်းနိုင်ပါတယ်။🙇‍♀️

🎯စာရင်းပေးသွင်းပြီးသူများအတွက် ပြိုင်ပွဲဝင်နံပါတ်ပြားများနှင့်ပြိုင်ပွဲဝင်အင်္ကျီများကို ဩဂုတ်လ (၇) ရက်နေ့မှ စတင်၍ တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ)၊တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)၊အမျိုးသားကန်​တော်ကြီးဥယျာဥ်(ပြင်ဦးလွင်) တွင် လာရောက်ထုတ်ယူနိုင်ပါတယ်။🙇‍♀️

💁နောက်ဆုံးထုတ်ယူရမည့်ရက်:တိရစ္ဆာန်ဥယျာဥ်(ရတနာပုံ)နှင့်အမျိုးသားကန်​တော်ကြီးဥယျာဥ်(ပြင်ဦးလွင်)တို့တွင် ဩဂုတ်လ (၁၄) ရက်နေ့ ညနေ (၄:၀၀) နာရီအထိ။
တိရစ္ဆာန်ဥယျာဥ်(ရန်ကုန်)တွင်ဩဂုတ်လ (၁၂) ရက်နေ့ ညနေ (၄:၀၀)နာရီ အထိ။

☎️ဆက်သွယ်မေးမြန်းရန်
📍တိရစ္ဆာန်ဥယျာဥ် (ရတနာပုံ)
09 255 564 324, 09977101971
📍တိရစ္ဆာန်ဥယျာဥ် (ရန်ကုန်)
09 401546847, 09421028711
📍အမျိုးသားကန်တော်ကြီးဥယျာဥ် (ပြင်ဦးလွင်မြို့)
09 259 737 736

General

🙏🏻 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယ 🙏🏻ယနေ့ ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာတရားတော...
29/07/2026

🙏🏻 ဝါဆိုလပြည့် (ဓမ္မစကြာနေ့) အခါသမယ 🙏🏻

ယနေ့ ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင်၏ ပထမဦးဆုံး တရားတော်ဖြစ်သော ဓမ္မစကြာတရားတော်ကို ဟောကြားတော်မူခဲ့သည့် အထွတ်အမြတ်နေ့ဖြစ်ပါသည်။ 🌕✨

ဤမင်္ဂလာနေ့တွင် ကုသိုလ်ကောင်းမှုများ ပြုလုပ်ခြင်း၊ ငါးပါးသီလ စောင့်ထိန်းခြင်း၊ တရားနာယူခြင်း၊ တရားထိုင်ခြင်းနှင့် မေတ္တာတရားများ ဖြန့်ဝေခြင်းဖြင့် စိတ်၏အေးချမ်းမှုနှင့် ကောင်းမြတ်သောဘဝကို တည်ဆောက်နိုင်ကြပါစေ။ ✨

ဝါဆိုလပြည့် ဓမ္မစကြာနေ့၏ အနှစ်သာရကို နှလုံးသွင်းကာ မိမိကိုယ်တိုင်၊ မိသားစုနှင့် လူ့အဖွဲ့အစည်းအတွက် ကောင်းမြတ်သောအကျိုးများ ဆောင်ကြဉ်းနိုင်ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။ 🙏🏻

🌿 "တရား၏အလင်းရောင်ဖြင့် စိတ်နှလုံးအေးချမ်းပြီး မင်္ဂလာအပေါင်းနှင့် ပြည့်စုံကြပါစေ။" 🪔

#ဝါဆိုလပြည့်နေ့ #ဓမ္မစကြာနေ့

🥇🚴‍♂️မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင် လမ်းညွှန်မှု့ဖြင့် မန္တလေ...
25/07/2026

🥇🚴‍♂️မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သစ်တောဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့၏ ဦးဆောင် လမ်းညွှန်မှု့ဖြင့် မန္တလေးမြို့ တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသား ကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) သို့ Mountain Bike (MTB) စက်ဘီးစီးပြိုင်ပွဲ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းကောင်းပါးအပ်ပါသည်။🥇🚴‍♂️

သဘာဝရဲ့ အလှအပကို ခံစားရင်း စိန်ခေါ်မှုအသစ်တွေကို ရင်ဆိုင်ကျော်ဖြတ်လိုသူများအတွက် Mountain Bike (MTB) စက်ဘီးစီးပြိုင်ပွဲကို စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။

ပြိုင်ပွဲဝင်များအနေဖြင့် သဘာဝလမ်းကြောင်းများကို ဖြတ်သန်းစီးနင်းရင်း မိမိတို့၏ ကြံ့ခိုင်မှု၊ ဇွဲလုံ့လနှင့် စက်ဘီးစီးကျွမ်းကျင်မှုများကို ပြသနိုင်မည့် အခွင့်အရေးကောင်းတစ်ခုလည်း ဖြစ်သောကြောင့် ပါဝင်ယှဉ်ပြိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။

📅 ကျင်းပမည့်ရက် – ၂၀၂၆ ခုနှစ် ဩဂုတ်လ (၁၅) ရက်
🕠 စတင်ချိန် – နံနက် ၅:၃၀ နာရီ
📍 Start Point – တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) Main Gate
🏁 Finish Point – အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်)

👥 ပါဝင်ယှဉ်ပြိုင်နိုင်သူများ
🚴 (၁၆ နှစ်နှင့်အထက် အမျိုးသား/ အမျိုးသမီးများ)

🪖 ပြိုင်ပွဲဝင်များအားလုံး Helmet မဖြစ်မနေ ဝတ်ဆင်ရမည် ဖြစ်ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို လိုက်နာပေးရန် လိုအပ်ပါသည်။

🏆 အဆင့်လိုက် အထူးဆုများကိုလည်း ချီးမြှင့်ပေးသွားမည် ဖြစ်ပါသည်။

အသေးစိတ် Registration အချက်အလက်များ၊ ပြိုင်ပွဲလမ်းကြောင်းနှင့် ဆုချီးမြှင့်မှုအစီအစဉ်များကို ဆက်လက်ဖော်ပြပေးသွားမည်ဖြစ်သည့်အတွက် Page ကို စောင့်ကြည့်ထားပေးကြပါဦးနော်

🚵‍♀️ သဘာဝနဲ့အတူ စက်ဘီးစီးရင်း မမေ့နိုင်တဲ့ အတွေ့အကြုံတစ်ခုကို အတူဖန်တီးကြဖို့ရန် ဖိတ်ခေါ်အပ်ပါသည်။

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးစွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆေ...
19/07/2026

(၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် 🇲🇲

နိုင်ငံနှင့် ပြည်သူတို့အတွက် အသက်ပေးစွန့်လွှတ် အနစ်နာခံခဲ့ကြသော အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဂုဏ်ကျေးဇူးနှင့် စွန့်လွှတ်အနစ်နာခံမှုများကို လေးစားဂုဏ်ပြု အောက်မေ့အပ်ပါသည်။

79th Martyrs' Day 🇲🇲

On this Martyrs' Day, we pay our deepest respect and heartfelt tribute to the national leaders and martyrs who made the ultimate sacrifice for our nation and its people. May their courage, dedication, and selfless sacrifices always be remembered and honored.

#အာဇာနည်နေ့

🙏🏻Htoo Group of Companies ဥက္ကဋ္ဌကြီး၏ (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် (၁၈.၇.၂၀၂၆) ရက်နေ့တွင် အမျိုးသားကန်တော်ကြ...
18/07/2026

🙏🏻Htoo Group of Companies ဥက္ကဋ္ဌကြီး၏ (၆၂) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် အဖြစ် (၁၈.၇.၂၀၂၆) ရက်နေ့တွင် အမျိုးသားကန်တော်ကြီးဥယျာဉ်၊ အမျိုးသားအထိမ်းအမှတ်ဥယျာဉ်နှင့် Kandawgyi Hill Resortတို့မှ ဝန်ထမ်းများပူးပေါင်း၍ မဟာဇေတဝန်(မစိုးရိမ်ကျောင်းတိုက်)မှ သံဃာတော်(၅)ပါးအား အမျိုးသားကန်တော်ကြီးဥယျာဉ်တွင် ဝါဆိုသင်္ကန်းကပ်လှူခြင်း၊ နေ့ဆွမ်းကပ်လှူခြင်းနှင့် ဝန်ထမ်း(၂၈၀)ဦးအား အာဟာရဒါနကျွေးမွေးခြင်းတို့ ပြုလုပ်ခဲ့ပါသည်။

ဤကဲ့သို့ မွန်မြတ်လှသော ကုသိုလ်အလှူမှ ရရှိသော အကျိုးကျေးဇူးအပေါင်းတို့ဖြင့် ဦးတေဇနှင့် မိသားစုဝင်များ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာ၍ အသက်ရှည်အနာမဲ့ကာ လိုအင်ဆန္ဒများ ပြည့်ဝပြီး Htoo Group of Companies ၏ လုပ်ငန်းများလည်း ယခုထက်ပိုမို အောင်မြင်တိုးတက်ပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။🙏🏻




🌸  Happy Myanmar Women's Day🌸🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှ...
03/07/2026

🌸 Happy Myanmar Women's Day🌸

🩷ယနေ့ ဇူလိုင်လ (၃) ရက်နေ့သည် မြန်မာအမျိုးသမီးနေ့ ဖြစ်ပါသည်။ အမျိုးသမီးများသည် မိသားစု၊ လူမှုအသိုင်းအဝိုင်းနှင့် နိုင်ငံတိုးတက်ရေးအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။ အမျိုးသမီးတိုင်းတွင် ကိုယ်ပိုင်အရည်အချင်းများ၊ အိပ်မက်များနှင့် စွမ်းဆောင်နိုင်မှုများ ရှိကြပြီး မိမိတို့၏ ကြိုးစားအားထုတ်မှုများဖြင့် လူ့အဖွဲ့အစည်းကို အကျိုးပြုလျက်ရှိပါသည်။
🌿 အမျိုးသမီးတစ်ဦး၏ တန်ဖိုးသည် သူမ၏ ရုပ်ရည်၊ အသက်အရွယ် သို့မဟုတ် လူမှုအဆင့်အတန်းပေါ်တွင် မူတည်ခြင်းမရှိပါ။ မိမိကိုယ်ကို ယုံကြည်မှု၊ ကြိုးစားမှု၊ စိတ်ဓာတ်ခိုင်မာမှုနှင့် အခြားသူများအပေါ် ကောင်းမွန်သော သဘောထားတို့သည် အမျိုးသမီးတစ်ဦး၏ အမှန်တကယ်တန်ဖိုးကို ဖော်ပြပေးပါသည်။
💐 ယနေ့ခေတ်တွင် အမျိုးသမီးများသည် ပညာရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ သိပ္ပံနှင့် နည်းပညာ၊ အုပ်ချုပ်ရေးနှင့် လူမှုဖွံ့ဖြိုးရေးကဏ္ဍများတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိကြပါသည်။ ထိုကဲ့သို့သော ပါဝင်မှုများသည် မိသားစုများသာမက နိုင်ငံတစ်ခုလုံး၏ တိုးတက်မှုအတွက် အရေးပါသော အင်အားတစ်ရပ်ဖြစ်ပါသည်။
🌸မြန်မာအမျိုးသမီးများနေ့တွင် ထိုအရည်အချင်းများပိုင်ဆိုင်ထားသည့် မြန်မာအမျိုးသမီးတရပ်လုံးအား ဂုဏ်ပြုသကဲ့သို့ Htoo Zoos & Gardens Business Unit ရှိ ဥယျာဉ်သီးသီး၌ နယ်ပယ်အသီးသီးတွင် တာဝန်ထမ်းဆောင်နေသော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှု၊ ခွန်အားနှင့် တန်ဖိုးများကို လေးစားဂုဏ်ပြုအပ်ပြုအပ်ပါသည်။

🌸 Happy Myanmar Women's Day 🌸

🩷 Today, 3 July, we celebrate Myanmar Women's Day.Women are a vital driving force behind the development of families, communities, and the nation. Every woman possesses unique talents, dreams, and the ability to make meaningful contributions to society through her dedication and hard work.

🌿 A woman's true value is not defined by her appearance, age, or social status. Instead, it is reflected in her self-confidence, determination, resilience, and kindness toward others.

💐 Today, women are actively contributing across various fields, including education, business, healthcare, science and technology, administration, and community development. Their dedication and achievements play an essential role in strengthening not only their families but also the nation's progress.

🌸 On this Myanmar Women's Day, we proudly celebrate and honor all Myanmar women for their strength, resilience, and achievements. We also extend our sincere appreciation to all the women serving across the various parks of the Htoo Zoos & Gardens Business Unit, whose commitment, hard work, and valuable contributions continue to make a positive impact every day.

Htoo Zoos & Gardens Business Unit လက်အောက်ရှိ "၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ဝန်ထမ်း...
01/07/2026

Htoo Zoos & Gardens Business Unit လက်အောက်ရှိ "၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနား" ကျင်းပခြင်း

၂၀၂၆ ခုနှစ်၊ ဇူလိုင်လ (၁) ရက်နေ့တွင် ရန်ကုန်တိရစ္ဆာန်ဥယျာဉ် ရှင်းလင်းဆောင်ခန်းမ၌ Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအား ဂုဏ်ပြုဆုချီးမြှင့်ခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အခမ်းအနားတွင် အမှုဆောင်အရာရှိချုပ်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး တာဝန်ရှိသူများ၊ ဝန်ထမ်းများ၊ ဝန်ထမ်းမိဘများနှင့် ဂုဏ်ပြုဆုချီးမြှင့်ခံရသော ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြပါသည်။

Htoo Zoos & Gardens Business Unit အနေဖြင့် ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေးဆိုင်ရာ အောင်မြင်မှုများကို အစဉ်တစိုက် အားပေးဂုဏ်ပြုလျက်ရှိပြီး ယနေ့အခမ်းအနားကိုလည်း တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်ခဲ့ကြသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများ၏ ကြိုးစားအားထုတ်မှုကို အသိအမှတ်ပြု ဂုဏ်ပြုရန်နှင့် ရှေ့ဆက်ပညာရေးခရီးလမ်းတွင် ပိုမိုထူးချွန်အောင်မြင်စေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခဲ့ခြင်း ဖြစ်ပါသည်။
အခမ်းအနားတွင် Htoo Zoos & Gardens Business Unit လက်အောက်ရှိ ၂၀၂၅–၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် အောင်မြင်ခဲ့ကြသော ဝန်ထမ်း(၂)ဦးနှင့် ဝန်ထမ်းသား/သမီး (၇)ဦး စုစုပေါင်း (၉) ဦး အား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုဆုချီးမြှင့်ငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

Htoo Zoos & Gardens Business Unit အနေဖြင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်အမြဲ အလေးထားဆောင်ရွက်လျက်ရှိပြီး ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ၏ ပညာရေး၊ လူမှုဘဝနှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ဆက်လက်ပံ့ပိုးအားပေးသွားမည်ဖြစ်ပါသည်။ ယနေ့ ဂုဏ်ပြုဆုချီးမြှင့်ခံရသော ဝန်ထမ်းနှင့် ဝန်ထမ်းသား/သမီးများအားလုံးအနေဖြင့် မိမိတို့၏ အောင်မြင်မှုကို အခြေခံ၍ ပိုမိုမြင့်မားသော ရည်မှန်းချက်များ ထားရှိကာ ပညာရေးလမ်းကြောင်းတွင် ဆက်လက်ကြိုးစားပြီး အဖွဲ့အစည်း၊ လူမှုအသိုက်အဝန်းနှင့် နိုင်ငံတော်အတွက် အားကိုးအားထားပြုရသော အရည်အချင်းပြည့်ဝသည့် လူငယ်များ ဖြစ်လာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းအပ်ပါသည်။








..........................................................
Htoo Zoos & Gardens Business Unit Holds Recognition Ceremony for Employees and Employees' Children Who Successfully Passed the 2025–2026 Matriculation Examination

On 1 July 2026, Htoo Zoos & Gardens Business Unit held a Recognition Ceremony for Employees and Employees' Children Who Successfully Passed the 2025–2026 Matriculation Examination at the Assembly Hall of Yangon Zoological Gardens.

The ceremony commenced with opening remarks delivered by the Chief Executive Officer and was attended by management representatives, employees, parents, and the award recipients.

As part of its ongoing commitment to employee welfare and human resource development, Htoo Zoos & Gardens Business Unit continuously recognizes and encourages the educational achievements of employees and their families. This ceremony was organized to honor the dedication and hard work of employees and employees' children who successfully passed the matriculation examination, while inspiring them to pursue greater academic excellence in their future educational journeys.

During the ceremony, a total of nine award recipients—comprising two employees and seven employees' children who successfully passed the 2025–2026 Matriculation Examination—were presented with certificates of recognition and cash awards in appreciation of their outstanding achievement.

Htoo Zoos & Gardens Business Unit remains committed to investing in human capital and will continue supporting the education, well-being, and future development of its employees and their families. We extend our heartfelt congratulations to all award recipients and wish them continued success as they pursue higher education and grow into capable individuals who will contribute positively to their organizations, communities, and the nation.








Address

Mandalay
05081

Alerts

Be the first to know and let us send you an email when National Landmarks Garden - Pyin Oo Lwin posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to National Landmarks Garden - Pyin Oo Lwin:

Shortcuts

Share