23/08/2026
🚴♂️ MTB Cycling Race – အားကစားသမားများအတွက် ယုံကြည်စိတ်ချရသောအာမခံအထောက်အပံ့❤️
🎊✨️၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၁၅) ရက်နေ့တွင် Htoo Zoos & Gardens Business Unit မှ ကြီးမှူးကျင်းပခဲ့သည့်တိရစ္ဆာန်ဥယျာဉ် (ရတနာပုံ) မှ အမျိုးသားကန်တော်ကြီးဥယျာဉ် (ပြင်ဦးလွင်) သို့ MTB စက်ဘီးစီးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားများအတွက် မတော်တဆထိခိုက်မှုများ ဖြစ်ပေါ်လာနိုင်သည့် အခြေအနေများကို ကြိုတင်ကာကွယ်ပေးနိုင်ရန် FNI (General) မှ Main Sponsor အဖြစ် ပူးပေါင်းပါဝင်ပေးခဲ့ပါသည်။ 🙏
🚴♂️ပြိုင်ပွဲဝင် အားကစားသမားတစ်ဦးချင်းစီအတွက် Personal Accident Insurance (ကိုယ်အင်္ဂါထိခိုက်မှုအာမခံ) အကာအကွယ်ကို အထူးအစီအစဉ်ဖြင့် ပံ့ပိုးပေးခဲ့သည့်အပြင် ပြိုင်ပွဲအတွင်း မတော်တဆ ထိခိုက်ဒဏ်ရာရရှိခဲ့သော အားကစားသမားများအတွက်လည်း သတ်မှတ်ထားသော အာမခံစည်းမျဉ်းများနှင့်အညီ ကိုယ်အင်္ဂါထိခိုက်မှုအာမခံလျော်ကြေးများ ပေးအပ်ခဲ့ပါသည်။ 🤝
🚴♂️✨️အားကစားပွဲတစ်ခု အောင်မြင်စွာကျင်းပနိုင်ရန်အတွက် ယှဉ်ပြိုင်မှုနှင့် စိတ်လှုပ်ရှားမှုများသာမက ပါဝင်သူများ၏ လုံခြုံရေးနှင့်အာမခံအကာအကွယ်သည်လည်း အရေးကြီးပါသည်။ပြိုင်ပွဲမှာ ပါဝင်ပံ့ပိုးပေးခဲ့သော FNI (General) အား Htoo Zoo & Gardens Business Unit မှ အထူးပင် ကျေးဇူးတင်ရှိပါသည်။ ❤️
Personal Accident Insurance နှင့် အခြားအာမခံဝန်ဆောင်မှုများအကြောင်း သိရှိလိုပါက
🌐 FNI (General) Website – https://www.fnigeneral.com
💬 Page Messenger (Chat Box) မှတစ်ဆင့် မေးမြန်းစုံစမ်းနိုင်ပါသည်။
☎️ Call Center – 019010900 (ရုံးချိန်အတွင်း)
သောကကင်းဝေး၊ စိတ်အေးစေနိုင် FNI
&Gardens