Oh My Love-Bug

Oh My Love-Bug Oh no!

ကောင်းသောမနက်ခင်းပါဆိုတာကိုတော့မနက်ဖြန်မနက်မှာမျက်နှာစိမ်း ခိုပြာလေးတကောင်လာပြောပါလိမ့်မယ်သူ့ကိုမောင်းမထုတ်လိုက်နဲ့နော် ...
07/07/2025

ကောင်းသောမနက်ခင်းပါဆိုတာကိုတော့

မနက်ဖြန်မနက်မှာ

မျက်နှာစိမ်း ခိုပြာလေးတကောင်

လာပြောပါလိမ့်မယ်

သူ့ကိုမောင်းမထုတ်လိုက်နဲ့နော် ခင်ဖုန်းသက်ဝေ

ကောင်းရာမွန်ရာ ရောက်ပါစေ

ကျန်းမာပါစေ . .

ချမ်းမြေ့ပါစေ . .

ကျွန်တော်တော့ ငရဲမှာ . . . ။ ။

သန်းတင့်

I used to chase fire, but now I know—true love is the warmth that stays.
04/07/2025

I used to chase fire, but now I know—true love is the warmth that stays.

"လွမ်းတယ်ဆိုတာ ငိုချင်တာမျိုးဒါပေမဲ့ ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ" #တပြည်သူမရွှေထား
10/06/2022

"လွမ်းတယ်ဆိုတာ ငိုချင်တာမျိုး
ဒါပေမဲ့ ရင်ထဲမှာငိုပြီး ရင်ထဲမှာတိတ်တာ"

#တပြည်သူမရွှေထား

10/06/2022

အုန်းဆံကြိုးကလေး

ငိုကြွေးနေတဲ့
ကလေးငယ်တွေကိုလည်း
ချော့မြှူတယ် ။
ငိုကြွေးနေတဲ့
လူကြီးတွေကိုလည်း
အငိုတိတ်စေတယ် ။
မင်းဟာ
ငိုခြင်းတရားကို
အလွန်မုန်းဟန်တူရဲ့ ။

ကိုဒီ့ကဗျာထဲကလို ငိုကြွေးနေတဲ့ မပျော်ရွင်တဲ့ လူကြီးတွေကို သည်နည်းဖြင့် ကျွန်တော်က အငိုမတိတ်စေချင်ပါ ။ ။

10/05/2022

ချစ်ခြင်းမေတ္တာ ( ၁ )

ပင်ယံထက်မှာပဲ ဝေဝေ
မြေပေါ်မှာပဲ ကြွေကြွေ
ပန်းပွင့်ကလေးဟာ ပန်းပွင့်လေးပါပဲ

08/05/2022

မနက်အစောကြီးကြားနေရတဲ့
တရားရွတ်သံမှာ ငါတရားမရပဲ
မင်းကိုသတိရနေမိတယ်
မင်းဟာငါ့တရားပဲ

-ကြည်ဇော်အေး

ကဗျာရေးတာ ရူးနိုင်ပါတယ်အဲဒီရေးထားတဲ့ကဗျာကို မိန်းမတယောက်ကို ရွတ်ပြမိရင် ပိုရူးနိုင်ပါတယ်ပြီးတော့ အဲ့ဒီမိန်းမကို တကယ်ချစ်...
10/04/2022

ကဗျာရေးတာ ရူးနိုင်ပါတယ်
အဲဒီရေးထားတဲ့ကဗျာကို
မိန်းမတယောက်ကို ရွတ်ပြမိရင်
ပိုရူးနိုင်ပါတယ်
ပြီးတော့ အဲ့ဒီမိန်းမကို
တကယ်ချစ်မိရင်
ရူးဖို့နီးစပ်သလောက်ဖြစ်ပြီး
အဲ့ဒီမိန်းမက ဟန်ဆောင်ပဲချစ်လိုက်ရင်
သင်ဟာ ခုံးတံတားပေါ်တွေဝေစွာတက်လာပြီး
“ ငါရူးသွားရင် ဘယ်လိုလုပ်မလဲ ”လို့
တစ်ပါးသူကို
လျှာလေးအာလေးမေးတဲ့အဆင့်တွေ
ဖြစ်သွားနိုင်ပါတယ် ။

-သူဝေး
📽️-The Reader(2008)

28/03/2022

သူက ငါ့ကို ပေးပေး မပေးပေး
ငါ့နှလုံးသားက ရပြီးသား ။

မဖြစ်နိုင်ဘူး ဆိုတာတွေ
ဖြစ်ခဲ့တယ် ။

မတုံ့ပြန်သော အချစ်ဟာ
သြဇာ အရသာ လေးနက်မြဲ ။

ငါ့မှာ မရသေးပေမယ့်
ရခဲ့ပါပြီ ။ ။

#အောင်ချိမ့်
#အချစ်

တစ်ကြိမ်တစ်ခါပဲ ချစ်ခဲ့ပါတယ်တစ်ကြိမ်တစ်ခါနဲ့ပဲ သေဆုံးသွားခဲ့ပါတယ် မေရယ်စိတ်တွေသေတာ ပိုကြောက်ဖို့ကောင်းမှန်း ကိုယ်သိခဲ့ပါ...
14/10/2021

တစ်ကြိမ်တစ်ခါပဲ ချစ်ခဲ့ပါတယ်
တစ်ကြိမ်တစ်ခါနဲ့ပဲ သေဆုံးသွားခဲ့ပါတယ် မေရယ်
စိတ်တွေသေတာ ပိုကြောက်ဖို့ကောင်းမှန်း
ကိုယ်သိခဲ့ပါပြီ-
အချစ်ဟာလည်း ပုံသွင်းဖို့ ရွံ့ရုပ်တစ်ခုဖြစ်မနေခဲ့ပါဘူး...

လူတွေသေရင်ဘာဖြစ်လဲဆိုတာကို ဖိုးသက်ဆိုတဲ့ကောင်ကအမှုန့်တွေဖြစ်သွားတာလို့ယုံကြည့်သတဲ့။ဘဒ္ဒကမ္ဘာကြီးကလဲ အမှုန့်တွေနဲ့ ဖွဲ့စည...
02/10/2021

လူတွေသေရင်ဘာဖြစ်လဲဆိုတာကို ဖိုးသက်ဆိုတဲ့ကောင်ကအမှုန့်တွေဖြစ်သွားတာလို့ယုံကြည့်သတဲ့။ဘဒ္ဒကမ္ဘာကြီးကလဲ အမှုန့်တွေနဲ့ ဖွဲ့စည်းထားတာလို့ အမြဲပြောတတ်သတဲ့။တစ်စုံတစ်ရာဟာပျောက်ကွယ်သွားတိုင်း အမှုန့်တွေနဲ့ပြန်လည်ဖွဲ့စည်းတာမျိုးပဲလေ။တစ်ကယ်လို့များ ခင်ဗျားတို့ အခုချိန်မှာသတ်လတ်ပိုင်းအရွယ်ရောက်နေပြီဖြစ်တဲ့ ဖိုးသက်ဆိုတဲ့ လူတစ်ယောကိုတွေ့ခဲ့ရင် ကိုဖိုးသက်လေးသိပ်ချစ်တဲ့ ရူပဗေဒဆရာမလေးဘယ်မှာလဲလို့မေးကြည့်ပါ။

"လောလောဆယ် သူ အခုဒီမှာမရှိဘူး အမှုန့်တွေနဲ့ပြန်ဖွဲ့စည်းနေတယ်" လို့ပြန်ဖြေမှာအသေအချာပဲ။

ချမ်းကို-ကျွန်တော့်ရူပဗေဒဆရာမလေး

ကျွန်တော်တို့ကလေ ကိုယ်ချစ်ရတဲ့သူဆိုရင် ခြေထောက်နာတာလေးကအစ မိုးအုံ့တာလေးကအစ ပြောပြချင်နေတာမျိုး....
14/09/2021

ကျွန်တော်တို့ကလေ ကိုယ်ချစ်ရတဲ့သူဆိုရင် ခြေထောက်နာတာလေးကအစ မိုးအုံ့တာလေးကအစ ပြောပြချင်နေတာမျိုး....

ကောင်းကင်ပြာကြီးကို သံတိုင်တွေကြားက ငေးကြည့်မိဘယ်သူမှန်း မသိတဲ့သူကို သွားမေးတယ်သူနဲ့ကျွန်တော် ဝေးပြီလား....
10/08/2021

ကောင်းကင်ပြာကြီးကို သံတိုင်တွေကြားက ငေးကြည့်မိ
ဘယ်သူမှန်း မသိတဲ့သူကို သွားမေးတယ်
သူနဲ့ကျွန်တော် ဝေးပြီလား....

Address

Mandalay

Telephone

+959449476688

Website

Alerts

Be the first to know and let us send you an email when Oh My Love-Bug posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Oh My Love-Bug:

Share