Jing Rui

Jing Rui Emperor's Domination

pageနီသွားလို့ နှစ်ပတ်လောက် ပို့စ်တင်တာရပ်လိုင်ရတယ်ညိုကီတို့ရေ..သက်တော်ရှည် ချန်းရှန်းအခန်း - ၆ယန်ပေါ်မြို့ဈေးမှာ အိမ်တေ...
12/07/2022

pageနီသွားလို့ နှစ်ပတ်လောက် ပို့စ်တင်တာရပ်လိုင်ရတယ်ညိုကီတို့ရေ..

သက်တော်ရှည် ချန်းရှန်း
အခန်း - ၆

ယန်ပေါ်မြို့ဈေးမှာ အိမ်တော်ခြောက်ခုမှ တာဝန်ယူထိန်းချုပ်ထားသဖြင့် လုံခြုံစိတ်ချရသည့်ပုံပေါ်သော်လည်း အမှန်မှာထိုသို့မဟုတ်ပေ..

လွန်ခဲ့သောခုနှစ်ဆယ့်နှစ်နှစ်က ဘိုးဘေးလီဟူ ဒဏ်ရာရခဲ့ခြင်းမှာ ဤဈေးကြောင့်ပင်..

ယန်ပေါ်မြို့တွင် ခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ထောင်နှင့်ချီရှိလေသည်..
ထိုအထဲတွင် အများစုမှာ စာနာစိတ်ရှိကြသူများမဟုတ်ပေ..
ကျင့်ကြံဆင့်တိုးတက်မည်ဆိုလျှင် လူသတ်ရန်ပင် ဝန်မလေးကြသူများဖြစ်သည်..

အထူးသဖြင့် ယခုကဲ့သို့ရိတ်သိမ်းရာသီမျိုးတွင် အချီကြီးဖောလိမ့်မည်ဟူသောမျှော်လင့်ချက်မျိုးဖြင့် ထိုခြေသလုံးအိမ်တိုင်ကျင့်ကြံသူများ ယန်ပေါ်ဈေးအတွင်း ခြေချင်းလိမ်နေတက်ကြသည်..
ယန်ပေါ်ဈေးမှာ ၎င်းတို့ပျော်စံရာဘုံကြီးအလားပင်..

ဟွမ်ယွမ်ကျွန်းပေါ်တွင် မြို့ကြီးကိုးမြို့ရှိပြီး ယန်ပေါ်မြို့မှာ အရှေ့မြောက်ပိုင်းတွင်တည်ရှိကာ ပင်လယ်ဝအကျယ်ဆုံး ဆိပ်ကမ်းမြို့လည်းဖြစ်သည်..

သည်နှစ်များအတွင်း ယန်ပေါ်မြို့တခွင် အေးချမ်းနေသော်လည်း မည်သူမျှ စိတ်ချ​လက်ချ မနေနိုင်ပေ..

လီချန်းရှန်းနှင့် အခြားလီမိသားစုဝင်များမှာ အချိန်မရွေးတိုက်ပွဲဝင်ရန်အဆင့်သင့်ပြင်ထားပြီး ဆေးလုံးခန်းမရှိ အကာအကွယ်အစီအရင်ကို အသင့်အသက်သွင်းထားပြီးဖြစ်သည်..

အကာအကွယ်အစီအရင်မှာ ချီကျောက်တုံးများအသုံးပြုရသော်လည်း ယခုအချိန်မှာ ချီကျောက်တုံးအကြောင်း ဂရုစိုက်မနေနိုင်ပေ..

ဤသို့နှင့် အာရုံစိုက်ကင်းစောင့်နေလိုက်သည်မှာ သုံးရက်ကြာပြီးနောက် ချီစုဆောင်းဆေးလုံးများယူရန်လာသော လီမိသားစုဝင်ဆယ့်နှစ်ယောက်အဖွဲ့ရောက်လာမှသာ လီချန်းရှန်းတို့ စိတ်ဒုံးဒုံးချနိုင်တော့သည်..

ရှေ့ဆုံးမှဦးဆောင်လာသူမှာ သူ့အဖေဖြစ်ကြောင်းတွေ့လိုက်ရသောအခါ လီချန်းရှန်းဝမ်းသာအားရ နှုတ်ဆက်လိုက်သည်..

လီရှိုးယိလည်း လီချန်းရှန်းအား အသာခေါင်းညိတ်ပြပြီး လီခိုင်ရှန့်ဘက်သို့လှည့်ကာ ဂါရဝပြုလိုက်သည်..

"ဦးလေးသုံး.. ဒီတစ်ခေါက်ဆေးလုံးတွေကများတော့ စိတ်ချရအောင် ကျွန်တော်ကိုယ်တိုင်ပဲလာခဲ့လိုက်တယ်ဗျာ.. " ဟု ချင်းရွှေမြင်းပေါ်ထိုင်လျှက်ပြောလိုက်သည်..

လီရှိုးယိမှာ မြင်းပေါ်ကလည်းမဆင်းသလို လက်နက်လည်းမသိမ်းပေ..
ဆေးလုံးများယူပြီးသည်နှင့် ချက်ချင်းပြန်လည်ထွက်ခွာရန်ပြင်ဆင်ထားပုံပင်..

လီခိုင်ရှန့်လည်း ရှည်ရှည်ဝေဝေးမပြောပဲ အသင့်ပြင်ထားသောကျောက်စိမ်းသေတ္တာအား လီရှိုးယိလက်ထဲသို့ထည့်ပေးလိုက်သည်..
ဆိုင်တွင်ရောင်းရန်ချန်ထားသော ဆေးလုံးနှစ်ဆယ်မှအပ ကျန်ဆေးလုံးများအားလုံးမှာ ကျောက်စိမ်းပုလင်းငယ်လေးများထဲတွင် အစီအရီထည့်ထားလေသည်..

လီရှိုးယိက သေချာစစ်ဆေးပြီးနောက်
"

အားလုံးပဲ.. ပင်ပန်းသွားကြပြီး.. ကျုပ်ပြန်လိုက်ပါဦးမယ်.." ဟုပြောကာ ချက်ချင်းပင် မြင်းနှင့် ဒုန်းစိုင်းထွက်ခွာသွားတော့သည်..

ချင်းရွှေမြင်းများမှာ လျှပ်စီးလက်သလိုမြန်လှသည်...
၎င်းတို့အရှိန်ကုန်ဖွင့်ပြေးလျှင် အခြေတည်အဆင့် ကျင့်ကြံသူများပင် လိုက်မီဖို့မလွယ်သည့်အပြင် ယန်ပေါ်မြို့မှချွေဖင့်တောင်သို့ လေးဆယ်ငါးမိုင်သာကွာဝေးလေရာ လီရှိုးယိနှင့်အဖွဲ့သားများ လမ်းတွင်ဂရုစိုက်သ၍ မည်သည့်အန္တရာယ်မှကြုံရမည်မဟုတ်ပေ..

တစ်ဖြည်းဖြည်းမှုန်ဝါးပျောက်ကွယ်သွားသော လီရှိုးယိတို့အားကြည့်ကာ လီခိုင်ရှန့်တစ်ယောက် လီချန်းရှန်းကို အသာဆွဲခေါ်ပြီးပြောလိုက်သည်..

"ချန်းရှန်း.. အခုတို့အိမ်ရဲ့အခြေအနေက တစ်နေ့တစ်ခြာဘယ့်နှယ့်လုပ်ပါ့မလဲးဆုတ်ယုတ်လာနေတယ်.. ပြီးတော့ဆေးလုံးသခင်ဆိုလို့လည်း ဒီအဘိုးကြီးတစ်ယောက်ပဲကျန်တော့တယ်.. လာသင်နေတဲ့တပည့်တပန်းတွေကလည်း သိပ်ပြီးအရည်အချင်းမရှိလှတော့.. ဒီအဘိုးကြီးများသေသွားရင် လီအိမ် .. ဒီတော့ ချန်းရှန်း.. မင်းကို ဆေးလုံးဖော်စပ်နည်းလေ့လာခိုင်းမယ်ဆိုရင် ဘယ်လိုသဘောရလဲ.."

ချီအဆင့်ငါးကျင့်ကြံသူတစ်ယောက်အနေဖြင့် လီခိုင်ဆေးလုံးတစ်လုံးမျှဖော်စပ်နိုင်လိမ့်မည်မဟုတ်ပေရှန့်၏ သက်တမ်းမှာ အနှစ်နှစ်ဆယ်ခန့်သာ ကျန်ရှိတော့သည်ဖြစ်ရာ သူသာ နောက်ထပ်ဆေးလုံးသခင်တစ်ယောက်ကို မပျိုးထောင်ပေးနိုင်ပါက လီအိမ်တွင် ဆေးပင်များ တောင်ပုံရာပုံရှိနေလျှင်ပင် ..

ဆန်းလောင်ရယ့်စကားကိုကြားသောအခါ လီချန်းရှန်ဆေးလုံးဖော်စပ်ခြင်းအားလေ့လာနေသည်မှားအနည်းငယ်တွေဝေသွားပြီး ချက်ချင်းအဖြေမပေးနိုင်ပေ..

လီခိုင်ရှန့်ထံတွင် တပည့်ခံနေကြသူများသည် လေးငါးဆယ်နှစ်ပင်ရှိခဲ့ပြီဖြစ်သော်လည်း မည်သူမျှ အဆင့်တစ်ဆေးလုံးသခင်ဖြစ်မလာကြသေးပေ..

ထိုတပည့်များမှာ ကျင့်ကြံဆင့်နိမ့်လွန်းသဖြင့် ဆေးဖော်စပ်မှုအား အစမှအဆုံးထိလုပ်ဆောင်ရန် ချီစွမ်းအင်မလုံလောက်ကြသောကြောင့်ဖြစ်သည်..
ဆေးလုံးသခင်လုပ်ဖို့ဆုံးဖြတ်လိုက်တာနဲ့
လီချန်းရှန်းချက်ချင်းအဖြေမပေးနိုင်သည်ကိုတွေ့သောအခါ လီရှိုစယိက နားလည်စွာဖြင့်..

"အေးကွယ်... ဆေးလုံးဖော်စပ်ရာမှာ အချိန်အများကြီးပေးရမှာဆိုတော့ ကျင့်ကြံတဲ့နေရာမှာ နှောင့်နှေးသွားမှာကို မင်းစိတ်ပူတာလည်း နားလည်ပါတယ်.." ဟုပြောလိုက်သည်..

ထိုစကားကိုကြားသော် လီချန်းရှန်းအသာခေါင်းခါလိုက်သည်..အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ပေါ်လာစေရန်က
ယခုလက်ရှိတွင် လီအိမ်မှာ လူအင်အားပြတ်လတ်နေသဖြင့် ဆေးလုံးသခင်တစ်ယောက်အားမရှိမဖြစ်လိုအပ်သော်ငြား သူ့မှာရွေးချယ်စရာမရှိပေ..

ဆေးလုံးသခင်ထက် ပိုအရေးကြီးနေလေရာ လီချန်းရှန်းအနေဖြင့် အမှန်ပင် ကျင့်ကြံခြင်းအား အရှိန်မလျှော့ချနိုင်ပေ..

တစ်ဖက်မှပြန်တွေးကြည့်လျှင် အကယ်၍ လီအိမ်တွင်ဆေးလုံးသခင် တစ်ဦးမျှမရှိတော့ပါက လီအိမ်၏စီးပွားရေမှာ ယခုထက်ပင်ပိုမိုနိမ့်ကျလာပေလိမ့်မည်..ကျင့်ကြံဆင့်အလွန်အမင်းယုတ်လျော့သွားစရာအကြောင်းမရှိပေ

သို့သော် လီချန်းရှန်းအတွက်မူ ထုိသို့မဟုတ်ပေ..
မိသားစုဝင်တစ်ဦးအဆင့်တက်တိုင်း စနစ်မှကျင့်ကြံစွမ်းအားများရရှိမည်ဖြစ်သဖြင့် လီချန်းရှန်းအတွက် ..

ထို့ကြောင့်ပင် ဆုံးဖြတ်ချက်ချပြီး လီရှိုးယိအား ပြန်ဖြေလိုက်သည်..

"ဆန်းလောင်ရယ့်စိတ်ပူပါနဲ့... ကျွန်တော်လည်း ဆေးလုံးဖော်စပ်တာကို စိတ်ဝင်စားနေတာကြာခဲ့ပြီ.. ဒီတော့ အခုကစပြီး ဆေးလုံးဖော်စပ်ဖို့အတွက် အချိန်တစ်ခုသက်သက်ပေးပြီး လေ့လာပါ့မယ်.. ဒါ့အပြင် ကျွန်တော်ကရေဝိဉာဥ်ကြောပိုင်ရှင်ဆိုတော့ ဆေးလုံးဖော်ရတာ သူများတွေထက် ပိုလွယ်မယ်ထင်ရတာပဲ.. "ဆေးဖော်လာသမျှအတွေ့အကြုံတွေကို

"ဟားဟား ကောင်းတယ် ကောင်းတယ်.. ဒီလိုပဲဖြစ်နေရမယ်.. ဒါကြောင့်လည်း ချန်းရှန်း မင်းက လီအိမ်ရဲ့မျိုးဆက်သစ်တွေထဲမှာ အလားအလာအရှိဆုံးကလေးဖြစ်နေတာ.. ကဲရော့ ဒီစာအုပ်နှစ်အုပ်ကိုယူထား.. ဒီအဘိုးကြီးတစ်သက်လုံး ဒီထဲမှာရေးထားတယ်.. ယူသွားပြီး ေအးအေးဆေးဆေးလေ့လာပေါ့ ဟုတ်ပြီလား.." ဟုပြောရင်း
လီရှိုးယိက စာအုပ်နှစ်အုပ်အားထုတ်ပေးလာသည်..

လီချန်းရှန်းယူကြည့်လိုက်သောအခါ တစ်အုပ်မှာ 'ဆေးလုံးသခင်ဟုဆိုရာဝယ်' နှင့် နောက်တစ်အုပ်မှာ 'ဆေးဖော်ခြင်းအကြောင်း သိကောင်းစရာ' စာအုပ်တို့ဖြသိပ်မကြာခင်စ်ပြီး အထဲမှာ လီရှိုးယိရေးထားသော မှတ်စုမှတ်ရာအတိုအထွာများ ပြည့်နှက်နေသဖြင့် ဤစာအုပ်နှစ်အုပ်မှာ လီရှိုးယိ၏ လက်စွဲတော်စာအုပ်များဖြစ်မှန်း ပြောနေစရာပင်မလိုပေ..

"ဆန်းလောင်ရယ့် စိတ်ချပါ... ပြန်ရောက်တာနဲ့ ဒီစာအုပ်တွေကို သေချာလေ့လာပါ့မယ်" ဟုပြောကာ စာအုပ်နှစ်အုပ်ကို လီချန်းရှန်းသိမ်းထားလိုက်သည်..

"ချန်းရှန်း.. ကောက်ရိတ်သိမ်းရာသီပြ​ီးရင် ကုန်စည်ဖလှယ်ပွဲရောက်တော့မယ်.. အဲ့အခါကျ ယန်ပေါ်မြို့ထဲမှာ နေရာပေါင်းစုံကလူတွေနဲ့ ပစ္စည်းအထူးအဆန်းတွေရှိတက်တယ်.. မင်းစိတ်ဝင်စားရင် သွားကြည့်ဖို့ပြင်ထားလိုက်လေ.." ဟု လီခိုင်ရှန့်ပြောလိုက်သည်..

နှစ်စဥ် ရိတ်သိမ်းရာသီပြီးလျှင် ယန်ပေါ်မြို့ထဲတွင် တစ်လခန့်ကြာမြင့်သော စျေးရောင်းပွဲကျင်းပလေ့ရှိသည်..
ယန်ပေါ်မြို့အနီးဝန်းကျင် မိုင်တစ်ထောင်ပတ်လည်မှ ကျင့်ကြံသူများအားလုံး ထိုရက်အတွင်းစုဝေးကာ ကုန်စသူ့အနေဖြင့်ည်များဖလှယ်လေ့ရှိကြရာ မိမိလိုအပ်သော ရှားပါးပစ္စည်းများဝယ်ယူရန်အချိန်ကောင်းဖြစ်လေသည်..

"ဆန်းလောင်ရယ့်ပြောမှပဲသတိရတော့တယ်.. စျေးရောင်းပွဲကိုသေချာပေါက်သွားကြည့်ရင်းနဲ့ ဆေးလုံးဖော်စပ်တာလေ့လာဖို့ ဆေးပြင်းဖိုတစ်လုံးပါ တစ်ခါတည်းဝယ်ခဲ့လိုက်ရမယ်.." ဟု လီချန်းရှနိးပြန်ဖြေလိုက်သည်..

ဆေးလုံးဖော်စပ်ခြင်းကို သူအမှန်တကယ်စိတ်ဝင်စားနေခြင်းဖြစ်သည်..
ဆေးလုံးသခင်များမှာ လုံခြုံရေးစိတ်ချရသည့်အပြင် စီးပွားရေးအရလည်းအလွန်အကျိုးရှိလေသည်..
ဆေးလုံးဖော်စပ်နည်းများလေ့လာရာတွက် အချိန်အလွန်ကုန်မည်ဖြစ်သော်လည်း လီမိသားစုရှိနေသ၍ စနစ်မှ ကျင့်ကြံစွမ်းအားများ လက်ခံရရှိနေမည်ဖြစ်ရာ ကျင့်ကြံဆင့်နောက်ကျကျန်ခဲ့မည်ကိုစိုးရိမ်စရာမလိုပေ..

ထို့အပြင် ဆေးလုံးသခင်ဖြစ်လာလျှင် ဆေးလုံးများကိုအသုံးပြုပြီး အိမ်သားများ အဆင့်တက်မြန်စေရန်အကူအညီပေးနိုင်မည်ဖြစ်ပြီး အိမ်သားများအဆင့်တက်လျှင် သူလည်းကျင့်ကြံစွမ်းအားများလက်ခံရရှိမည်ဖြစ်ရာ ဆေးလုံးဖော်စပ်ခြင်းမှာ သူ့အတွက် အမှန်ဆုံးရွေးချယ်မှုတစ်ခုဖြစ်လေသည်..

ထို့နောက် လီချန်းရှန်း တစ်ခုခုကို ရုတ်တရက်သတိရသွားဟန်ဖြင့်

"ဆန်းလောင်ရယ်.. ကျွန်တော် ချီစုဆောင်းဆေးလုံး သုံးလုံးဝယ်ချင်တယ်.. ရော့ ဒီမှာ ချီကျောက်တုံးကိုးတုံး.."
ဟု ပြောလိုက်သည်..

လီခိုင်ရှန့်လည်း ဘာမျှမပြောပဲ ချီကျောက်တုံးများကိုယူကာ ချီစုဆောင်းဆေးလုံးများထုတ်ပေးလိုက်သည်..
လီအိမ်တော်၏စီးပွားရေးမှာ ဆက်တိုက်ကျဆင်းနေသည်ဖြစ်ရာ လီချန်းရှန်းအတွက်ပင် ဆေးလုံးများကို အလကားမပေးနိုင်ပေ..

ထို့အပြင် လီခိုင်ရှန့်မှာလည်း ပျိုးထောင်ရမည့် သားသမီးမြေးဖြစ်များ ရှိသေးသည်ဖြစ်ရာ ချီကျောက်တုံး တစ်တုံးစီတိုင်းသည် လီခိုင်ရှန့်အတွက်အလွန်တန်ဖိုးရှိလှသည်..

ဆေးလုံးများရသည်နှင့် သူလည်းလီခိုင်ရှန့်ကိုနှုတ်ဆသားရဲမွေးမြူရေးလုပ်ငန်းအားက်ကာ ဟူပွဲရုံသိုပြန်လာခဲ့လိုက်သည်..
ဟူပွဲရုံအနောက်ဖက်ရှိ မြက်ခင်းပြင်နှင့် တောင်ကုန်းတစ်ခုမှာ ကျားရိုင်းဟုခေါ်သည်..
လီအိမ်၏ သားရဲမွေးမြူရေးလုပ်ငန်းမှာ ကျဆင်းနေပြီဖြစ်သော်လည်း ယနေ့အချိန်ထိ အလေးပေးလုပ်ကိုင်နေကျဆဲပင်..
ဤကျားရိုင်းတောင်မှာ ချင်းရွှေမြင်းများမွေးမြူရာနေရာလည်းဖြစ်သည်..

လဝက်ခန့် လီခိုင်ရှန့်နှင့်အတူ ဆေးလုံးဖော်စပ်ခြင်းအားလေ့လာပြီး ဆေးလုံးများလည်း ချွေဖဥ်တောင်သို့ပြန်ရောက်သွားပြီဖြစ့ရာ ဆေးလုံးခန်းမတွင် လီချန်းရှန်းလုပ်စရာဘာမှမရှိပေ..
နှစ်ဆယ့်တစ်နှစ်ကြာမြင့်လေရာ
ယခုဂရုစိုက်ရမည့်ကိစ္စမှာ သားရဲမွေးမြူရေးလုပ်ငန်းဖြစ်သည်..

ချင်းရွှေမြင်းများမှာ သုံးနှစ်တစ်ကြိမ်သားပေါက်လေ့ရှိပြီး အရွယ်ရောက်ရန် ချင်းရွှေမြင်းမွေးမြူရေးလုပ်ငန်းစဥ်မှာ အလွန်ကြာလွန်းသည်ဟုဆိုနိုင်သော်လည်း ချင်းရွှေမြင်းများမှာ အစားအသောက်ချေးမများသည့်အပြင် ေဈးကောင်းလည်းရနိုင်သဖြင့် အမြတ်မှာမဆိုးလှပေ..
လီချင်းရှီအတွက်များစွာအကျိုးရှိခဲ့လေရာ
ဟူပွဲရုံရှိ သူ့ခြံဝန်ထဲသို့ပြန်ရောက်သောအခါ လီချင်းရှီမှာ ကျင့်ကြံခြင်းတွင် အာရုံနှစ်ထားဆဲဖြစ်ပြီး လီချန်းရှန်းရောက်လာသည့ကိုမြင်သောအခါ ချက်ချင်းထပြီးနှုတ်ဆက်လေသည်..

"ဦးလေးဆယ့်သုံး ပြန်လာပြီလား.."

ယခင်လက လီချန်းရှန်း၏ညွှန်ကြားပြသမှုမှာ လီချင်းရှီတစ်ယောက် သူ့ဦးလေးဆယ့်သုံးအား အလွန်ပင်လေးစားကျေးဇူးတင်လျှက်ရှိသည်..

လီချင်းရှီမှာ ကိုးနှစ်သာရှိသေးသော်လည်း ကျေးဇူးတရားအားနားလည်နေပြီဖြစ်သည်..

သက်တော်ရှည် ချန်းရှန်းအခန်း - ၅ဆေးပင်းများပြင်ဆင်ပြီးသည်နှင့် လီခိုင်ရှန့်အချိန်ဆွဲမနေပဲ ဆေးလုံးဖော်စပ်ရန့် ချက်ချင်းအသင...
27/06/2022

သက်တော်ရှည် ချန်းရှန်း

အခန်း - ၅

ဆေးပင်းများပြင်ဆင်ပြီးသည်နှင့် လီခိုင်ရှန့်အချိန်ဆွဲမနေပဲ ဆေးလုံးဖော်စပ်ရန့် ချက်ချင်းအသင့်ပြင်လိုက်သည်..

"ဒီနှစ်ဆေးပင်စိုက်ခင်းမှာ မနှစ်ကထက် ဆေးပင်တွေပိုရတယ်ကွ... ဒီတော့ချီစုဆောင်းဆေစလုံးလည်း နည်းနည်းပိုများလိမ့်မယ်.. ချန်းရှန်း မင်းအာရုံစိုက်ပြီးလိုက်ကြည့်ထား.. တစ်ခုနှစ်ခုနားလည်သွားလည်းမဆိုးဖူး.."

လီချန်းရှန်းအား နောက်ထပ်ဆေးလုံးဖော်စပ်သူဖြစ်လာစေရန် ရည်ရွယ်ထားသဖြင့် သေချာအာရုံစိုက်ရန်သတိပေးလိုက်သည်..

လီခိုင်ရှန့်မှာ ယခုဆိုလျှင့် အသက်တစ်ရာစွန်းလာပြီဖြစ်ရာ သက်တမ်းသိပ်မကျန်တော့ပေ.. နောက်ထပ်ဆေးလုံးသခင်တစ်ယောက်မပျိုးထောင်နိုင်ပါက တစ်ယောက်တည်းသောဆေးလုံးသခင်ဖြစ်သည့်သူ ဆုံးပါးသွားလျှင် လီမိသားစု ဒုက္ခရောက်ပေတော့မည်..
ထို့ကြောင့်လည်း လီချန်းရှန်းအပေါ်တွင် မျှော်လင့်ချက်များအားလုံး စုပုံထားခြင်းဖြစ်သည်..

"စိတ်မပူပါနဲ့ ဆန်းလောင်ရယ့်.. ကျွန်တော်သေချာလေ့လာမှာပါ.." ဟုပြောလိုက်ပြီး ဘေးနားရှိ အခြားတပည့်များနှင့်အတူဝင်ထိုင်ကာ မှော်ဆေးပြင်းဖိုအား အာရုံစိုက်ထားလိုက်သည်..

ဆေးပြင်းဖိုထဲသို့ ဆေးရိုးများထည့်ကာ မီးမွှေးလိုက်ပြီး တစ်လက်စတည်းရှင်းပြလိုက်သည်..

"တို့တွေမှာ သဘာဝမှော်မီးတောက်မရှိဖူးကွ.. ဒီတော့ဆေးရိုးကိုပဲ ထင်းအဖြစ်နဲ့မီးမွှေးပြီးသုံးကြရမယ်.."

ထို့အပြင် ဤဆေးရိုးထင်းများမှာ ဆေးပင်မှအသားမဟုတ်ပဲ ချီအရင်းအမြစ်အနီးတဝိုက်တွင်ပေါက်သော သာမန်သစ်ပင်များသာဖြစ်ကြောင်းကိုလည်း ရှင်းပြလိုက်သေးသည်..

ဆေးရိုးများမီးရှို့လိုက်သည့်အခါ ဆေးပြင်းဖိုထဲတွင် ခပ်ဖျော့ဖျော့မီးတောက်ကလေး တောက်လာလေသည်..
အပူချိန်အလွန်ပြင်းထန်ကြောင်း ကြည့်ရုံဖြင့်သိနိုင်သော်လည်း ဆေးပြင်းဖိုအပြင်ဘက်သို့ အပူတစ်စက်ကလေးမှ လျှံကျမလာပေ..

"ဆေးလုံးဖော်တဲ့နေရာမှာ အခြေခံအကျဆုံးနည်းလမ်းက မီးရဲ့အပူချိန်ကိုထိန်းချုပ်နိုင်ဖို့ပဲ.. ဒါကြောင့် မီးဝိဉာဥ်ကြောပါတဲ့သူတွေက ဆေးလုံးဖော်တဲ့နေရာမှာ ပိုပြီးမြန်မြန် သင်လွယ်တတ်လွယ်ရှိကြတယ်.. ဒါ့အပြင် ရေဝိဉာဥ်ကြောပါတဲ့သူတွေက ဆေးအာနိသင်ပိုထက်မြတ်လာအောင်လုပ်နိုင်လေ့ရှိကြတယ်.. ဒါကိုလည်းမင်းတို့သိထားရမယ်.." ဟု အခြေခံသဘောတရားများရှင်းပြနေရင်း ဆေးပြင်းဖိုထဲသို့ ဆေးပင်များ တစ်ခုပြီးတစ်ခုထည့်လိုက်သည်..

"ချီစုဆောင်းဆေးလုံးက အဆင့်တစ်အခြေခံအကျဆုံးဆေးလုံးပဲ.. ဒီဆေးလုံးဖော်စပ်ဖို့ အဓိကပါဝင်ပစ္စည်းဖြစ်တဲ့ ချီမြက်ပင်အပြင် ထျန်းမာပင်၊ ခူဇူပင်အမြစ်၊ လန်ကျီရွက်နဲ့ ချန်ရှင်းကျီတို့အပါအဝင် စုစုပေါင်း ဆေးပင်ဆယ့်နှစ်မျိုးလိုအပ်တယ်.." ဟုပြောရင်း ဆေးပင်တစ်ပင်စီ၏ အာနိသင်များပိုပါ တစ်လက်သတည်းနေလေရာ လီချန်းရှန်းနှင့် အခြားတပည့်များအားလုံး အာရုံစိုက်ကာ မှတ်သားနေကြလေသည်..

သိပ်မကြာခင်မှာပင် မွှေးပျံ့သော ဆေးရနံ့နှင့်အတူ ချီစုဆောင်းဆေးလုံးဖော်စပ်ခြင်းမှာ တဖြည်းဖြည်းရုပ်လုံးပေါ် လာလေသည်.."

"အမှန်ဆိုရင် ဆေးတစ်အိုးမှာ ချီစုဆောင်းဆေးလုံး ကိုးလုံးရတတ်တယ်ကွ.. ဒါပေမယ့်အခြေအနေပေါ်မူတည်ပြီး အများစုကတော့ ခုနှစ်လုံးရှစ်လုံးပဲရတတ်​​ကြတယ်.. တစ်ချို့သိပ်တော်တဲ့ဆေးလုံးသခင်တွေဆိုရင် သူတို့ဖော်စပ်လိုက်တဲ့ဆေးလုံးက အာနိသင်ကောင်းလွန်းလို့ သာမန်ဆေးလုံးဆယ်လုံးနဲ့တောင်မလဲနိုင်တာမျိုးလည်းရှိတယ်.."

လီခိုင်ရှန့်၏ အသာအယာရှင်းပြမှုအောက်တွင် ဆေလုံးသခင်များအကြောင်း လီချန်းရှန်းတဖြည်းဖြည်းပို၍နားလည်လာသည်..

အားကောင်းလေ မီးကိုထိန်းချုပ်ရလွယ်ကူလေဖြစ်သဖြင့် ဆေးလုံးသခင်၏ကျင့်ကြံဆင့်မြင့်လေ ဆေးလုံးအာနိသင်ကောင်းမွန်လေဟု အကြမ်းဖြင်းမှတ်ယူနိုင်လေသည်..

လီခိုင်ရှန့်မှာ ကျင့်ကြံဆင့်နိမ့်သော်လည်း ေဆးလုံးဖော်ရာတွင်အလွန်အထောက်အကူပြုသည့် ရေ၊မီးနှင့်သစ်သားဝိဉာဥ်ကြောသုံးခုပါရှိသူဖြစ်သဖြင့် လီခိုင်ရှန့်ဖော်စပ်သောဆေးလုံးများမှာ အဆင့်တူဆေးလုံးသခင်းများထက် ​ခြေတစ်လှမ်းသာလေ့ရှိသည်..

နှစ်နာရီခန့်ကြာသော် အခန်းတစ်ခုလုံးလုံး ဆေးရနံ့များမွှေးပျံ့လာပြီး ဆေးလုံးဖော်စပ်ခြင်းအောင်မြင်သွားပြီးဆုံးသွားလေပြီ..

လီခိုင်ရှန့်ချီစွမ်းအင်ကိုထိန်းချုပ်ပြီး ဆေးပြင်းဖိုအဖုံးအား ဖွင့်လိုက်သောအခါ ဝုန်းခနဲမြည်သံနှင့်အတူ တောက်ပနေသောဆေးလုံးများ ခုန်ထွက်လာလေသည်..

လီချန်းရှန်းသေချာကြည့်လိုက်သောအခါ စုစုပေါင်းဆေးလုံးရှစ်လုံးရှိလေသည်..
အဆင့်နိမ့်ဆေးလုံးသခင်တစ်ဦးအနေဖြင့် ဆေးတစ်ဖိုမှ ဆေးလုံးရှစ်လုံးရနိုင်သည်မှာပင် အတော်ကောင်းလှပြီ..

ခုန်ထွက်လာသောဆေးလုံးများ လီခိုင်ရှန့်အသာအယာဖမ်းယူလိုက်ပြီး အသင့်ပြင်ထားသောကျောက်စိမ်းပုလင်းငယ်လေးထဲသို့ သေချာစွာထည့်သိမ်းလိုက်..

"ဆေးလုံးရှစ်လုံးက ဟားဟားဟား..."
လီခိုင်ရှန့်ဂုဏ်ယူစွာရယ်လိုက်သည်..
အချို့အဆင့်နှစ်ဆေးလုံးသခင်များပင် ဆေးတစ်ဖိုနှင့် ဆေးလုံးရှစ်လုံးရအောင်မဖော်စပ်နိုင်ကြချေ..

"ဆေးပြင်းဖိုဖွင့်ပြီး ဆေးလုံးတွေဖမ်းတဲ့အချိန်ဟာ ဆေးလုံးဖော်စပ်ခြင်းရဲ့ အရေးအကြီးဆုံးအဆင့်တစ်ခုပဲ... ဆေးလုံးတွေခုန်ထွက်လာတာနဲ့ ချက်ချင်းဆေးလုံးကို မှော်စွမ်းအင်နဲ့ရစ်ပတ်လိုက်ရမယ်.. နောက်ကျသွားလို့ အပြင်လေနဲ့ဆေးလုံးထိသွားရင် ဆေးအာနိသင်တွေအကုန်စိမ့်ထွက်သွားပြီး ဘာအကျိုးမှမရှိတဲ့ဆေးလုံးတွေဖြစ်သွားလိမ့်မယ်.." ဟု နောက်ထပ်ဆေးတစ်ဖိုမဖော်စပ်ခင် အနားယူနေစဥ်အချိန်အတွင်း တပည့်များအား ရှင်းပြနေလိုက်..

လန်းဆန်းသွားသည်အထိအနားယူပြီးနောက် အချိန်မဆွဲပဲ နောက်တစ်ကြိမ်ဆေးဖော်စပ်ရန်ပြင်လိုက်တော့သည်..
ထိုသို့နှင့်ပင် အိပ်ချိန်နှင့်စားချိန်မှာလွဲ၍ အချိန်မဖြုန်းပဲ ဆက်တိုက်ဆေးလုံးဖော်စပ်လာလိုက်သည်မှာ ဆယ့်နှစ်ရက်တိုင်မှာ့သာလျှင် ဆေးလုံးများအားလုံး ဖော်စပ်ပြီးစီးတော့သည်..

ဤကဲ့သို့ဆက်တိုက်ဆေးလုံးဖော်ခြင်းကြောင့် လီခိုင်ရှန့်တစ်ယောက် မူးလဲတော့မတက်ပင်..

သို့သော် တောက်ပနေသော ဆေးလုံး 452 လုံးအားမြင်သော် ပင်ပန်းထားသည်များအားလုံးကိုမေ့ပြီး လီခိုင်ရှန့်အပျော်ကြီးပျော်နေတော့သည်..

လီမိသားစုအင်အားကြီးခဲ့စဥ်က မှော်သားရဲမွေးမြူခြင်းအားအဓိကလုပ်ကိုင်ခဲ့ကြသော်လည်း "ခိုင်" မျိုးဆက်မှလူများ တစ်ယောက်ပြီးတစ်ယောက်ဆုံးပါးသွားပြီးနောက် ယခုဆိုလျှင် ချင်းရွှေမြင်းများသာကျန်ရှိတော့ရာ ဆေးလုံးရောင်းချခြင်းမှာ လီအိမ်တော်၏ အဓိကစီးပွားရေးဖြစ်လာခဲ့သည်..

လီခိုင်ရှန့်မှာ လီအိမ်၏တစ်ဦးတည်းသော ဆေးလုံးသခင်ဖြစ်ရာ ဤကိစ္စများအားလုံး သူ့အပေါ်သာပုံကျလာတော့သည်..

မိသားစုအတွင်း အရင်းအမြစ်ခွဲဝေမှုများကိုပြန်ကြည့်လျှင် လီဟူမှာ ဘိုးဘေးဖြစ်သဖြင့် နှစ်စဥ် အဆင့်နိမ့်ချီကျောက်တုန်းတစ်ရာနှင့် ချီစုဆောင်းဆေးလုံးငါးဆယ်ရရှိပြီး မိသားစုခေါင်းဆောင်ဖြစ်သော လီရှိုးယိမှာ အဆင့်နိမ်ချီကျောက်တုံးငါးဆယ်နှင့် ချီစုဆောင်းဆေးလုံးသုံးဆယ်ရရှိလေသည်..

ထို့အပြင် လီဟူပြီးနောက် အသက်အကြီးဆုံးမိသားစုဝင်ဖြစ်သော ချီအဆင့်ရှစ်ကျင့်ကြံသူ မှော်အစီအရင်သခင် လီဝမ့်ထျန်နှင့် ဆေးလုံးသခင်ဖြစ်သူလီခိုင်ရှန့်တို့မှာ အဆင့်နိမ့်ချီကျောက်တုံးနှစ်ဆယ်စီနှင့် ချီစုဆောင်းဆေးလုံးဆယ်လုံးစီ ရရှိပြီး ကျန်သူများမှာ ကျင့်ကြံဆင့်အလိုက် အသီးသီးဝေပုံကြ ရရှိကြလေသည်..

မိသားစုလေးဆယ့်နှစ်ယောက်တွင် ဝေစုများအားလုံးစုပေါင်းလိုက်ပါက တစ်နှစ်လျှင် ချီစုဆောင်းဆေးလုံး 212လုံးနှင့် အဆင့်နိမ့်ချီကျောက်တုန်း 326တုံးကုန်ကျလေသည်..

ယခုနှစ်တွင် ချီဆေးလုံး 452လုံးဖော်စပ်နိုင်ခဲ့ရာ ဝေစုများခွဲဝေပြီးလျှင် ဆေးလုံး240တိတိ ပိုနေလေသည်..
အရေးပေါ်ကိစ္စရပ်များအတွက်ချန်ထားရမည့် ဆေးလုံးလေးဆယ်ကိုဖယ်လိုက်လျှင် ကျန်သည့်ဆေးလုံးနှစ်ရာကို ဟူပွဲရုံတွင် ရောင်းချနိုင်မည်ဖြစ်သည်..

ချီဆေးလုံးတစ်လုံးမှာ အဆင့်နိမ့်ချီကျောက်တုံး သုံးကျသင့်လေရာ ဆေးလုံးနှစ်ရာအားရောင်းချပြီးလျှင် ချီကျောက်တုံးခြောက်ရာ ရရှိမည်ဖြစ်သည်..
ဝေစုအဖြစ်ပေးရမည့် ချီကျောက်တုံး326တုံးအားဖယ်ပြီးလျှင် ကျန်သည့်ချီကျောက်တုံး 274တုံးမှာ သည်နှစ်အတွက် လီမိသားစု၏ဝင်ငွေပင်..

လီအိမ်အတွက်လိုအပ်သော အခြားပစ္စည်းများလက်နက်များနှင် မှော်အစီအရင်များဝယ်ယူလိုက်လျှင် ဘာမျှမကျန်တော့ပေ..

သို့သော် တစ်ဖက်မှကြည့်လျှင် ဆေးလုံးရောင်းချခြင်းတစ်ခုတည်းနှင့် လီမိသားစုတစ်ခုလုံးအား ထောက်ပံ့ထားနိုင်ခြင်းမှာ မဆိုးလှပေ..
ထို့ကြောင့်ပင် ဆေးလုံးဖော်စပ်ခြင်းမှာ လီအိမ်၏ အဓိကစီးပွားရေးလုပ်ငန်းဖြစ်လာခြင်းဖြစ်သည်..

ချင်းရွှေမြင်းများရောင်းချခြင်း၊ အခြားမှော်ပစ္စည်းများရောင်းချခြင်းနှင့် စားသောက်ဆိုင်တို့မှ ရရှိသမျှမှာ အပိုဝင်ငွေသာဖြစ်သည်..

ဆေးလုံးများအားစုဆောင်းပြီးနောက် လီချန်းရှန်း ခြံဝန်းအတွင်းသို့မပြန်ပဲ ဆေးလုံးခန်းမအတွင်းမှာပင် ထိုင်စောင့်နေလိုက်သည်..
ဤဆေးလုံးများမှာ လီအိမ်၏အသက်သွေးကြောဖြစ်လေရာ မသမာသူတို့လာရောက်နှောင့်ယှက်မည်ကို လီချန်းရှန်းစိတ်မချပေ..
ေချွဖင့်တောင်မှ လွှတ်လိုက်သည့် ဆေးလုံးလာယူမည့်သူရောက်လာမှသာလျှင် သူစိတ်ဒုံးဒုံးချနိုင်ပေမည်..
ဤသည်မှာ သူဒီတစ်ခေါက် တောင်အောက်ဆင်းလာရသည့် အဓိကအကြောင်းအရင်းပင်မဟုတ်ပါလား..


အမလေး နောက်ဆုံးတော့ အစပျိုးတဲ့အခန်းတွေပြီးသွားပါပြီ
နောက်အပိုင်းကစပြီး ခိုးကြောင်ခိုးဝှက်ပလီပလာဘရမ်းဘတာတွေမြင်ရပါတော့မယ်..
ညိုကီတို့မသိလို့
တကယ်ဆို ဒီအခန်းက ဒီထက်နှစ်ဆရှည်တယ်
လေကြောရှည်နေတဲ့အခန်းတွေကို ကိုယ့်မှာတော်တော်ကြိုးစားပမ်းစားဖြတ်တောက်ထားရတာ
😭😭

သက်တော်ရှည် ချန်းရှန်းအခန်း - ၄လီချန်းရှန်းအတွက်ပြင်ပေးထားသည့်နေရာမှာ အရေးပါသူများနေထိုင်ခွင့်ရှိသော သီးသန့်အဆောင်ငယ်လေး...
26/06/2022

သက်တော်ရှည် ချန်းရှန်း

အခန်း - ၄

လီချန်းရှန်းအတွက်ပြင်ပေးထားသည့်နေရာမှာ အရေးပါသူများနေထိုင်ခွင့်ရှိသော သီးသန့်အဆောင်ငယ်လေး
ဖြစ်သည်..

အဆောင်ငယ်လေးရှေ့တွင် ကစားနေသော ကိုးနှစ်ရှစ်နှစ်အရွယ်ကောင်လေးက လီချန်းရှန်းတို့နှစ်ယောက်ကိုမြင်သောအခါ အပြေးလာပြီးနှုတ်ဆက်လေသည်။

"အဖေ.. ဦးလေးဆယ့်သုံး.. ကျန်းခံ့သာပါရဲ့လား.."

ကောင်လေးမှာ ငယ်ပင်ငယ်လင့်ကစား မျက်ဝန်းများကတော့ မျှော်လင့်ချက်တို့ဖြင့် တောက်လက်နေသည်..
ဒီကောင်လေးကို ချန်းရှန်းလွန်ခဲ့သောနှစ်အနည်းငယ်က တစ်ခါတွေ့ဖူးသည်..
လီချန်းရှင်း၏သားဖြစ်ပြီး ကံကောင်းထောက်မစွာ ဂိဉာဥ်ကြောပါဝင်လာသောကြောင့် ဤနှစ်ပိုင်းအတွင်း လီရှိုးကျန်း၏ဦးဆောင်မှုအောက်တွင် ကျင့်ကြံရန်လေ့လာသင်ယူနေသူလည်းဖြစ်သည်..

ဒီကောင်လေးမှာ မွေးကင်းစ သမီးငယ်လေးနှင့် မျိုးဆက်တူဖြစ်လေရာ လီချန်းရှန်း ကရုဏာပိုစွာပြုံးပြလိုက်သည်...

"ချင်းရှီ.. ထွားလာလိုက်တာကြည့်ပါဦး.." ဟု လီချင်းရှီ၏ခေါင်းကို အသာအယာပုတ်ရင်း ပြောလိုက်သည်..

ချင်းရှီမှာ လီရှိုးကျန်းနှင့်အတူ ကျင့်ကြံရေးလမ်းစဥ်များ သင်ယူနေသည်ဆိုသော်ငြားလည်း ယခုအထိ ချီအဆင့်တစ်သို့ပင် မရောက်ရှိသေးပေ..

"ချန်းရှန်း... မင်းရဲ့အစ်ကိုကြီးမှာ ဒီသားလေးတစ်ယောက်ပဲရှိတာ.. ပြီးတော့ ငါကလည်း သာမန်လူဆိုတော့ ဘာမှမတက်စွမ်းနိုင်ဖူး ဒါကြောင့် ချင်းရှီကို ကြည့်ရှစောင့်ရှောက်ပေးဖို့တောင်းဆိုပါရစေကွာ.." ဟု လီချန်းရှင်း ပြောလိုက်သည်... သူ့တွင် ဝိဉာဥ်ကြောမရှိသဖြင့် သူ့သား၏ကျင့်ကြံရေးနှင့်ပတ်သက်ပြီး အထောက်အကူမပေးနိုင်ချေ..

လီချန်းရှင်းသည် တာ့လောင်ရယ့်၏မျိုးဆက်ဖြစ်ပြီး လီချန်းရှန်းကတော့ အာ့လောင်ရယ်မျိူးဆက်မှဖြစ်သည်...
ဦးလေးနှစ် လီရှိုးကျန်းကတော့ ဆန်းလောင်ရယ့်မျိုးဆက်မှဖြစ်ပြီး စစ်လောင်ရယ့်နှင့် ဝူလောင်ရယ့်တို့မှာ မျိုးဆက်မချန်ထားရစ်ခဲ့ပဲ ကွယ်လွန်သွားခဲ့ကြပြီဖြစ်သည်..

လက်ရှိအချိန်တွင် လောင်ရယ့်မျိုးဆက်မှ လီခိုင်ရှန့်တစ်ယောက်သာ အသက်ရှင်လျှက်ရှိပြီး လီခိုင်ရှန့်သည် လက်ရှိလီအိမ်၏ တစ်ဦးတည်းသော ဆေးလုံးဆရာလည်းဖြစ်သည်..

လောင်ရယ့်မျိုးသာမက သူတို့၏သားသမီးများပင် အများစုမှာ ဆုံးပါးသွားကြပြီး အနည်းငယ်သာကျန်ရှိခဲ့ခြင်းဖြစ်သည်..

"စိတ်မပူပါနဲ့အစ်ကိုကြီးရာ.. ဒီကလေး ချင်းရှန့်မှာ ဝိဉာဥ်ကြောရှိတယ်ဆိုတော့ ကျွန်တော်ဒီမှာနေတဲ့အတောအတွင်း သေချာသင်ပြပေးလိုက်ပါ့မယ်.."

"ကျေးဇူးပါပဲ ချန်းရှန်းရာ.."

လီချန်းရှန်း၏ကျင့်ကြံဆင့်မှာ လီရှိုးကျန်းထက်မြင့်သဖြင့် သူကိုယ်တိုင်သင်ပြပေးမည်ဟုကြားလိုက်ရသောအခါ လီချန်းရှင်း အလွန်ပျော်ရွှင်သွားသည်..

"တစ်မိသားစုတည်းပဲအစ်ကိုကြီးရာ အားနေစရာမလိုပါဖူး.. ချင်းရှီ မင်းက ဦးလေးနဲ့လိုက်ခဲ့.." ဟုပြောကာ လီချန်းရှန်း ခြံဝန်းထဲသို့ဝင်သွားလိုက်သည်..

ခဏတဖြုတ်စကားပြောပြီးနောက် ပွဲရုံကိစ္စများရှိသေးသဖြင့် လီချန်းရှင်းခပ်သုတ်သုတ်ထွက်သွားလေသည်..

လီချန်းရှန်းကတော့ သာမန်ပွဲရုံကိစ္စများနှင့်ပတ်သက်ပြီး စိတ်ပူစရာမရှိချေ..
သူလာရသည့်အကြောင်းရင်းမှာ ပွဲရုံ လုံခြုံရေးအတွက်သာဖြစ်သည်..

ထို့ကြောင့် ခြံဝန်းထဲမှာထိုင်ရင်း လီချင်းရှီကိုသာ ကျင့်စဥ်များအကြောင်း ရှင်းပြနေလိုက်သည်..

လီချင်းရှီနားမလည်သည်များကိုရှင်းပြနေစဥ် စနစ်မှ အသိပေးချက်များ ရုတ်တရက်ပေါ်လာလေသည်..

[လက်ခံသူ့သမီး၏ အချက်အလက်များအား စစ်ဆေးပြီးပါပြီ.. ယခုပဲ ကြည့်လိုက်ပါ..]

[အချက်အလက်စစ်ဆေးခြင်းစနစ်အား အသုံးပြုနိုင်ပါပြီ.. ယခုမှစ၍ မည်သူ့အချက်အလက်ကိုမဆို အလွယ်တကူစမ်းသပ်ကြည့်ရှုနိုင်ပါပြီ..]

[မိသားစုထဲတွင် မေ​ွးရာပါအရည်အသွေးကောင်းမွန်းသူ သို့မဟုတ်တမူထူးခြားသောအစွမ်းအစရှိသူများမွေးဖွားလာတိုင်း ဆယ့်နှစ်နှစ်စာ အခြေခံကျင့်ကြံခြင်းစွမ်းအား ကို လက်ခံရရှိမည်ဖြစ်သည်။]

[မှတ်ချက် - အခြားသူ၏အချက်အလက်များကိုစစ်ဆေးရာတွင် အောင်မြင်နိုင်ခြေမှာ စစ်ဆေးခံမည့်သူ၏ကျင့်ကြံဆင့်ပေါ်မူတည်ပြီး... ကျင့်ကြံဆင့်မြင့်လေ အောင်မြင်နိုင်ခြေနည်းလေဖြစ်သည်။]

စနစ်မှစာများကိုတွေ့လိုက်သောအခါ လီချန်းရှန်းအလွန်ပျော်သွားပြီး သူ့သမီး၏အချက်အလက်များကို ချက်ချင်းဖွင့်ကြည့်လိုက်သည်..

[လက်ခံသူလီချန်းရှန်း၏ ပထမသမီး (အမည်မရှိသေး)

ကျင့်ကြံဆင့် - မကျင့်ကြံရသေး

ဝိဉာဥ်ကြော - ရေခဲဝိဉာဥ်ကြော (သန္ဓေပြောင်းဝိဉာဥ်ကြော

ကျင့်စဥ် - မရှိသေး

သားသမီး - မရှိသေး

အရည်အချင်း - 128မှတ် (လူရည်ချွန်အဆင့်)

ကံဇာတာ - 198မှတ် (မယ်ကံကောင်းလေး)

အစွမ်းအစ - နှင်းမှုန်လွင့်ပျံ (အဆင့်လေးအစွမ်းအစ)
ရေနှင့်ရေခဲ့ဓာတ်သဘာဝကျင့်စဥ်များကျင့်ကြံရာတွင် အခြားသူများထက် ပို၍မြန်ဆန်သည်. ရေခဲဓာတ်သဘာဝတိုက်ကွက်များအား နားလည်နိုင်စွမ်းမြင့်မားသည်.

ကောင်းချီးမင်္ဂလာ - မရှိသေး]

သမီးဖြစ်သူ၏အချက်အလက်များအားကြည့်ပြီး လီချန်းရှန်းဝမ်းသာသွားသည်..

သူ့သမီး၏ အရည်အချင်းမှာ ကောင်းကင်ကိုဆန့်ကျင်နိုင်သည့်သူမျိုးမဟုတ်သော်လည်း လီအိမ်တော်တွင်တော့ ပြိုင်ဘက်ကင်းလေသည်..

ကံဇာတာမှာ ပို၍ပင်ကောင်းသေးသည်..

သူ့သမ​ီး၏ 198မှတ်ရှိသောကံဇာတာအားကြည့်နေရင်း မိမိ၏ အနှုတ်ငါးမှတ်သာရှိသောကံဇာတာအား သတိရသွားလေရာ လီချန်းရှန်းအနည်းငယ်ပင်ရှက်သွားရသည်..

'ငါ့အရည်အချင်းက သိပ်မထက်မြတ်လှဖူးဆိုပေမယ့် လီမိသားစုတိုးတက်လာသ၍ ငါလည်းတိုးတက်လာမှာပဲ..'

[လီအိမ်တွင် သန္ဓေပြောင်းဝိဉာဥ်ကြောပါရှိသူတစ်ယောက်ရှိလာသဖြင့် ဆယ့်နှစ်နှစ်စာ ကျင့်ကြံဆင့်အား လက်ခံရရှိပါသည်..]

[လီအိမ်တွင် တမူထူးခြားသောအစွမ်းအစရှိသူတစ်ယောက်ရှိလာသဖြင့် ဆယ့်နှစ်နှစ်စာ ကျင့်ကြံဆင့်အား လက်ခံရရှိပါသည်..]

သူ့သမီး၏ သန္ဓေပြောင်းဝိဉာဥ်ကြောမှာ ကျင့်ကြံရာတွင် အလွန်ပင်အထောက်အကူပြုနိုင်လေသည်..
သို့သော် ဒီကိစ္စကို အခြားသူများမသိသေးပေ..
ပုံမှန်အရဆိုလျှင် ဝိဉာဥ်ကြောစမ်းသပ်သည့် မှော်ကျောက်တုံးအား အသုံးပြုပြီးမှသာ မည်သည့်ဝိဉာဥ်ကြောဖြစ်ကြောင်းသိနိုင်မည်ဖြစ်သည်..

'အရင်တစ်ခေါက်ကရတဲ့ နှစ်ဆယ့်လေးနှစ်စာ ကျင့်ကြံစွမ်းအားကိုသုံးလိုက်တာ ငါအဆင့်တစ်ဆင့်ပဲတက်လာတယ်.. ကြည့်ရတာ ငါအရည်အချင်းက တကယ်အသုံးမကျတဲ့ပုံပဲ.. အဆင့်မြင့်ဝိဉာဥ်ကြောနဲ့လူတွေသာ ဒီနှစ်ဆယ့်လေးနှစ်စာကျင့်ကြံစွမ်းအားရရင် တစ်ခါတည်း အဆင့်သုံးဆင့်လောက် တိုက်ရိုက်တက်သွားလောက်တယ်..'

သည်တစ်ခေါက်ရရှိလာသောကျင့်ကြံစ​ွမ်းကို သူချက်ချင်းစုပ်ယူရန်စိတ်ကူးမရှိပေ..
ညရောက်မှသာ အခြေအနေတည်ငြိမ်အောင်ထိန်းညှိပြီး သေချာစုပ်ယူဖို့တွေးထားလိုက်သည်

ကျင့်ကြံစွမ်းအားကိုစုပ်ယူပြီး သူ့ကျင့်ကြံဆင့် ဘယ်လောက်တိုးတက်လာနိုင်မလဲဆိုတာကတော့ လီချန်းရှန်းကံပေါ်သာမူတည်လေသည်။

ထို့နောက် စနစ်ကိစ္စများကို ခဏမေ့ထားလိုက်ပြီး သူ့တူလေးလီချင်းရှီ၏ မေးခွန်းများကိုသာ စိတ်ပါလက်ပါဖြေပေးနေလိုက်၏..
သည်ကလေးမှာ အတော်ပင်ထက်ထက်မြတ်မြတ်ရှိပုံပေါက်ပြီး အာရုံစိုက်နားထောင်နေသဖြင့် သူလည်းပို၍ပင်ဂရုတစိုက်ရှင်းပြပေးလိုက်သည်..

သိပ်မကြာခင်မှာပင် မှောင်ရိပ်သန်းလာခဲ့ပြီ..

လီချင်းရှိအား ဒီခြံဝန်းထဲမှာပင်နေဖို့ပြောလိုက်ပြ​ီး သူကိုယ်တိုင်လည်း အခန်းအတွင်းသို့ဝင်ကာ စတင့်ကျင့်ကြံရန်ပြင်ဆင်လိုက်သည်..

ခန္ဓာကိုယ်အား သက်သောင့်သက်သာရှိအောင်ပြင်ဆင်ပြီးနောက် စနစ်မှကျင့်ကြံဆင့် စတင်စုပ်ယူလိုက်ရာ ချက်ချင်းဆိုသလိုပင် နူးည့ံနွေးထွေးသော ချီစွမ်းအင်များ လီချန်းရှန်း၏သွေးကြောထဲသို့ တစိမ့်စိမ့် လှည့်ပတ်စီးဝင်လာတော့သည်..

လီချန်းရှန်းမှာ အလျှင်မလိုပဲ ချီစ​ွမ်းအား တစ်မျှင်ခြင်း တစ်စခြင်းစီ ဖြည်းညှင်းစွာ စုပ်ယူပြီး ခန္ဓာကိုယ်အတွင်းရှိ လိုအပ်သောနေရာများအား အစီအစဥ်တကျ ပို့ဆောင်နေလိုက်သည်..

တစ်ညလုံး မနေမနားစုပ်ယူပြီးနောက် မနက်လင်းသောအခါတွင် လီချန်းရှန်း၏ခွန်အားမှာ မနေ့ကထက် များစွာတိုးတက်လာခဲ့ပြီဖြစ်သည်..

'ငါ ချီအဆင့်ခြောက်ကို အဆင့်တက်သွားပြီပဲ..'

စနစ်ရရှိလာပြီး သုံးရက်အတွင်း အဆင့်နှစ်ဆင့်တက်သွားသဖြင့် လီချန်းရှန်းမပျော်ပဲမနေနိုင်ချေ..

နှစ်ဆယ့်လေးနှစ်စာကျင့်ကြံစွမ်းဟုဆိုသော်လည်း ဆေးလုံးများ အလင်းပေါက်ခြင်းများ မပါဝင်သဖြင့် တကယ်တမ်းတွက်ချက်ကြည့်လျှင် လီချန်းရှန်း၏ပုံမှန်ကျင့်ကြံနှုန်း ဆယ့်နှစ်နှစ်စာနှင့်သာညီမျှလေသည်..
သို့သော် ဆယ့်နှစ်နှစ်စာကျင့်ကြံပြီး အဆင့်တစ်ဆင့်တက်နိုင်ခြင်းမှာပင် ကံကောင်းလှပေပြီ...
အများစုမှာ အနှစ်နှစ်ဆယ်မဆိုထားနှင့် နှစ်လေးငါးဆယ်အတွင်းမှာပင် အဆင့်တစ်ဆင့်မတက်နိုင်ကြချေ..

အခြားမကြည့်နှင့်.. ချီအဆင့်ငါးမှ အဆင့်ခြောက်သို့မရောက်နိုင်ပဲ တစ်သက်လုံးရပ်တန့်နေသူများ လီမိသားစုထဲတွင်ပင် ဆယ်ယောက်ခန့်ရှိသည်..

ယခုသူ့အဆင့်တက်နှုန်းနှင့်ဆိုလျှင် နှစ်သုံးဆယ်အတွင်း အခြေတည်အဆင့်ရောက်ရန်မ​ျော မဖြစ်နိုင်သည့်ကိစ္စတော့မဟုတ်ပေ..

စနစ်နှင့် လီအိမ်တော်ရှိနေသ၍ သူလည်း နေ့စဥ်နှင့်အမျှ တိုးတက်နေမည်ဖြစ်သည်..

လီချန်းရှန်း၏ ပင်ကိုယ်အရည်အသွေးမှာ သိပ်ကောင်းလှသည်မဟုတ်..
ဒီအသက်အရွယ်နှင့် ဒီအဆင့်ထိရောက်လာသည်မှာ သူ့ဖခင်၏ဂရုတစိုက်ပျိုးထောင်မှုအပြင် သူကိုယ်တိုင်၏ အပြင်းအထန်ကြိုးစားအားထုတ်မှုတို့ကြောင့်လည်းဖြစ်သည်..

သူ့ဖခင်မှာ မိသားစုခေါင်းဆောင်ဖြစ်သဖြင့် အခြားသူများထက် အရင်းအမြစ်များပိုရနိုင်သည်ကိုလည်း မေ့ထားလို့မရပေ..

လီချန်းရှန်း ရှေ့ဆက်ရမည့်အစီအစဥ်များအားတွေးတောရင်း ခြံဝန်းအပြင်ဘက်လမ်းလျှောက်ထွက်လာကာ မနီးမဝေးရှိ လီအိမ်ပိုင် ဆေးလုံးဆိုင်၊ မှော်အစီအရင်ဆိုင်၊ မှော်ပစ္စည်းကုန်ကြမ်းဆိုင်နှင့် စားသောက်ဆိုင်တို့ကို လှည့်ပတ်စစ်ဆေးလိုက်သည်..

တစ်ဆက်တည်းတည်ရှိနေသော ဤဆိုင်ငါးဆိုင်မှာ လီမိသားစု၏ နောက်ဆုံးပိုင်ဆိုင်မှုပင်..

ဆေးလုံးဆိုင်ထဲတွင် လီအိမ်၏ တစ်ဦးတည်းသောဆေးလုံးဆရာတစ်ဖြစ်လဲ ဆန်းလောင်ရယ့် လီခိုင်ရှန့်တစ်ယောက် သူ့တပည့်အချို့နှင့်အတူ ဆေးပင်ဆေးမြစ်များအား စီမံခန့်ခွဲနေလေသည်..

ဆောင်းဦးကောက်ရိတ်ပွဲမှရလာသော ဆေးပင်များအား ဆေးလုံးဖော်စပ်ရန်ပြင်ဆင်နေကြဖြစ်ပေလိမ့်မည်..

"ဆန်းလောင်ရယ့်!" ဟုလီချန်းရှန်းနှုတ်ဆက်လိုက်တော့

တပည့်တစ်ယောက်အား ရှင်းပြနေသောလီခိုင်ရှန့်က ပြုံးရွှင်စွာလှည့်ကြည့်လာပြီး..

"ချန်းရှန်း ရောက်ပြီလား.. လာ လာ ဝင်ခဲ့.. မင်းလာတာ အချိန်ကောင်းပဲကွာ.. အဘိုးက အခုပဲ ဆေးလုံးဖော်တော်မလို့.. မင်းရောက်လာတာနဲ့အတော်ပဲ.. တစ်ခါတည်းဘေးကနေကြည့်လေ့လာပေါ့.." ဟု ဝမ်းသာအားရပြောလိုက်သည်..

လီချန်းရှန်းမှာ ပင်ကိုယ်အရည်အချင်းမဆိုးလှသည့်အပြင် ဆယ့်ကိုးနှစ်မပြည့်ခင် ချီအဆင့်လေးသို့တက်ရောက်နိုင်ခဲ့သူဖြစ်ရာ လီခိုင်ရှန့် သဘောကျသည်မှာလည်း မဆန်းပေ..

ထို့အပြင် လက်ရှိလီခိုင်ရှန့်ထံတွင် တပည့်ခံနေသောကလေးများမှာ ထူးချွန်သူမပါသဖြင့် ထက်ထက်မြတ်မြတ်ရှိသောလီချန်းရှန်းအား လီခိုင်ရှန့် မျက်စိကျနေသည်မှာကြာခဲ့ပြီ..

"ဒါဆိုရင်တော့ ဆန်းလောင်ရယ့်ကိုကျေးဇူးတင်ရမှာပဲ.. ကျွန်တော် ဆေးလုံးဖော်စပ်တာကိုစိတ်ဝင်စားနေတာ အတော်ကြာပြီ.." ဟုပြောကာ လီချန်းရှန်းလည်း စိတ်ထဲတွင်ကျိတ်ပျော်လျှက် ဘေးတွင်ဝင်ထိုင်လိုက်သည်..

ဆေးလုံးသခင်များမှာ ကျင့်ကြံခြင်းလောကတွင် အလွန်ပင်လေးစားခံရလေသည်..
မည်သူမဆို ဒဏ်ရာရလေ့ရှိရာ ဆေးလုံးများမှာ မရှိမဖြစ်ပင်..

ပို၍အဆင့်မြင့်သောဆေးလုံးများကိုဖော်စပ်နိုက်လေ ဆေးလုံးသခင်၏အဆင့်အတန်းလည်းမြင့်လေဖြစ်သည်..

လီခိုင်ရှန့်၏မျိုးဆက်တွင် ညီအစ်ကိုဆယ့်နှစ်ယောက်ရှိရာမှ ယခုလီခိုင်ရှန့်တစ်ယောက်သာ အသက်ရှင့်လျှက်ရှိသည်ကိုကြည့်ခြင်းအားဖြင့် ဆေးလုံးသခင်များသည် အသက်အန္တရာယ်အကင်းဆုံးသူများဟုပင်ဆိုနိုင်ပေသည်..

သက်တော်ရှည် ချန်းရှန်းအခန်း - ၃နောက်တစ်နေ့မနက်ခင်း..အခန်းထဲတွင် လီချန်းရှန်းနှင့် ဇနီးသည်ဝမ်ရှီရှီတို့ သမီးဖြစ်သူအားချော...
25/06/2022

သက်တော်ရှည် ချန်းရှန်း

အခန်း - ၃

နောက်တစ်နေ့မနက်ခင်း..

အခန်းထဲတွင် လီချန်းရှန်းနှင့် ဇနီးသည်ဝမ်ရှီရှီတို့ သမီးဖြစ်သူအားချော့မြူရင်း စကားစမြည်ပြောဆိုနေကြသည်..

ဝမ်ရှီရှီမှာလည်း ချီအဆင့်ကျင့်ကြံသူတစ်ယောက်ဖြစ်လေရာ ကလေးမွေးဖွားသည့်ဒဏ်မှ အလွယ်တကူပင်သက်သာလာပြီး လန်းလန်းဆန်းဆန်းရှိလှသည်..
တစ်သားမွေးတစ်သွေးဆိုသလို ယခင်ကထက် ပိုနူးညံ့သိမ်မွေ့လာသယောင်ပင်..

"ရှီရှီ.. နေရထိုင်ရတာ သက်သာရဲ့လား.."

လီချန်းရှန်း ဇနီးသည်၏လက်ကိုအသာဆုပ်ကိုင်လျှက်မေးလိုက်သည်။
ဝိဉာဥ်မပြောင်းမီယခင်ဘဝတွင်ဖြစ်စေ ဝိဉာဥ်ကူးပြောင်းပြီး ယခုဘဝတွင်ဖြစ်စေ ဤသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖခင်ဖြစ်ခြင်းဖြစ်သဖြင့် လီချန်းရှန်းစိတ်ထဲတွင် ပြီးပြည့်စုံစွာ ကျေနပ်ပျော်ရွှင်နေမိသည်..

"သက်သာပါတယ် ရှန့်ကုန်းရယ်.. အမေလုပ်ပေးတဲ့ စွပ်ပြုတ်ကလည်း သိပ်ကိုအရသာရှိတာပဲ.. တစ်ပန်းကန်စားလိုက်ရုံနဲ့ ခန္ဓာကိုယ်တစ်ခုလုံး အားအင်တွေပြည့်လာသလိုပဲ.. အပြင်ထွက် ဟိုနားသည်နား လမ်းလျှောက်လို့တောင်ရပြီ အခုဆို.. " ဟု ဝမ်ရှီရှီက ခင်ပွန်းသည်ပုခုံးပေါ်မှီနွဲ့ရင်း ချိုသာစွာဖြေလိုက်သည်..

"မောင့်ရှီရှီလေးက လိမ္မာပါတယ်ကွာ.. သားဖွားပြီးသုံးရက်အတွင်း လှုပ်လှုပ်ရှားရှားမရှိရဖူးတဲ့... တစ်လလောက်နေမှ အပြင်ထွက်လမ်းလျှောက်ကြရအောင်နော်....
ကိုယ်တိုင်က ကျင့်ကြံသူဆိုပေမယ့် သားဖွားတဲ့ကိစ္စက ပေါ့ပေါ့တန်တန်လုပ်လို့မရဖူး ရှီရှီရဲ့..." ဟု လီချန်းရှန်း စိတ်ပူဇောနှင့်ပြောလိုက်သည်..

"အင်းပါ အင်းပါ.. ရှန့်ကုန်းရော အမေရော အတူတူတွေပဲ... အမေ မနက်ကလာတုန်းကလည်း သည်လိုပဲပြောသွားတယ်.. ဟွန့်.."

"ဟေ့.. ဒီအဖွားကြီးအကြောင်းကို ဘယ်သူအတင်းပြောနေတာလဲဟေ.." ဟုဆိုကာ လီကတော်တစ်ယောက် ဂျင်ဆင်းစွပ်ပြုတ်ပန်းကန်ကို သယ်လာရင်း ခပ်ပြုံးပြုံးဆိုလိုက်သည်..

လီကတော်နှင့်အတူပါလာသော လီချန်းရှန်း၏ညီမ လီကျစ်ကျီမှာလည်း ဝမ်ရှီရှီအား မျက်စပစ်ပြကာ သူ့တူမလေးကို ဝမ်ရှီရှီလက်ထဲမှ အပြေးအလွှားလုယူသွားလေသည်..

ဝမ်ရှီရှီလည်း ယောင်းမနှင့် သမီးငယ်တို့အားကြည့်ကာ ရယ်ယုံသာတက်နိုင်တော့သည်..

လီချန်းရှန်းမှာမူ သူ့အတွက်အရေးအကြီးဆုံးအမျိုးသမီးများုဖစ်ကြသော အမေ ညီမ ဇနီးသည်နှင့် သမီးငယ်တို့ ပျော်ရွှင်နေကြပုံကို အသာအယာကြည့်နေလိုက်သည်..

မနက်စာစားပြီးနောက် လီချန်းရှန်းတစ်​ေယောက် မိသားစုခန်းမဘက်သို့ထွက်လာလိုက်သည်..

လက်တလောတွင် လီအိမ်တော်မှာ လူအင်အားနည်းပါးနေဖြင့် လူတိုင်းလိုလို တာဝန်ကိုယ်စီနှင့်အလုပ်ရှုပ်နေကြလေရာ သူတစ်ယောက်တည်း ဇနီးသည်အနား အချိန်ကုန်နေပါလျှင် အများအမြင်တွင်မသင့်တော်လှပေ..

"အဖေ.. အားလုံးအစဥ်ပြေရဲ့လား.." ဟု လီချန်းရှန်း သူ့ဖခင်အားနှုတ်ဆက်လိုက်သည်...

အခြားမိသားစုဝင်များမှာ တာဝန်ကိုယ်စီနှင့် ထွက်ခွာသွားကြပြီဖြစ်ရာ ယခုခန်းမထဲတွက် လီရှိုးယိနှင့် လီချန်းရှန်းတို့ သားအဖနှစ်ယောက်တည်းသာရှိလေသည်..

"ငါ့သား... မင်းမိန်းမ အခုမှကလေးမွေးထားတာမို့ မင်းသူအနားမှာနေချင်မှန်း အဖေလည်းသိတယ်.. ဒါပေမယ့် အခုတလော မင်းလည်းသိတဲ့ အိမ်မှာ လူအင်အားမလောက်ဖြစ်နေတာ.. မိသားစုခေါင်းဆောင်အနေနဲ့ အဖေလည်း မိသားစုကိစ္စကိုအရေးပေးရဦးမယ်လေ.." ဟု လီရှိုးယိပြောလိုက်သည်..
ယခုတစ်ခေါက်တွင် လီချန်းရှန်းအား ယန်ပေါ်မြို့ထဲသို့စေလွှတ်ရန် ရည်ရွယ်ထားသောကြောင့် ဤသို့စကားဦးသန်းလိုက်ခြင်းဖြစ်သည်..

"အဖေစိတ်ပူဖို့မလိုပါဖူး.. ဘာလုပ်ရမလဲဆိုတာသာပြောလိုက်ပါဗျာ.."
စနစ်စတင်အသက်ဝင်လာချိန်မှစ၍ လီအိမ်ဖွ့ံဖြိုးလေ သူ့အတွက်အကျိုးရှိလေဖြစ်ရာ ငြင်းစရာအကြောင်းမရှိ်​ေပေ..
လီအိမ်တော်အင်အားကြီးလာသ၍ သူကိုယ်တိုင်လည်း အင်အားကြီးလာမည်သာ။

လီရှိုးယိတစ်ယောက် သားဖြစ်သူ၏အဖြေအား ကျေနပ်စွာခေါင်းငြိမ့်လိုက်သည်...

"ဆောင်းဦးဝင်လာပြီ.. သိပ်မကြာခင် ရိတ်သိမ်းကာလရောက်တော့မယ်.. တို့အိမ်ရဲ့ ဆေးလုံးတွေနဲ့ မှော်သားရဲတွေ ထုတ်ရောင်းရမယ့်အချိန်ဆိုလည်းဟုတ်တယ်.. ဒီတော့ ငါ့သား ဒီတစ်ခေါက် မင်း ယန်ပေါ်မြို့ကိုသွားပြီး မင်းဦးလေးနှစ်ကို ကူညီပေးလိုက်.."

လီအိမ်အင်အားဆုတ်ယုတ်လာသည်နှင့်အမျှ ရန်သူများတစ်နေ့တခြားပေါများလာပြီး လီအိမ်ပိုင်ဆိုင်မှုကို လိုချင်တပ်မက်သူများလည်း ပိုများလာသည်..
ယခုလို ရိတ်သိမ်းရာသီမှာ မလိုသူများအတွက် အခွင့်ကောင်းပင်ဖြစ်သည်..
ထို့ကြောင့်လည်း ရိတ်သိမ်းရာသီရောက်တိုင်း လီအိမ်မှာ အစောင့်အကြပ်အင်အားတိုးမြှင့်ရလေ့ရှိသည်..

"ကျွန်တော် အခုပဲ ထုပ်ပိုးသိမ်းဆည်းပြီး သွားလိုက်ပါ့မယ်.. ဦးလေးနှစ်နဲ့အတူ ကျွန်တော်တို့ဆိုင်တွေကို သေချာဂရုစိုက်လိုက်ပါ့မယ် အဖေ.." ဟုဆိုတာ လီချန်းရှန်း ပြင်ဆင်ရန် ချက်ချင်းပင် ထထွက်လာခဲ့သည်..

လီချန်းရှန်း၏ ဆုံးဖြတ်ချက်ပြတ်သားလှသောအကျင့်စရိုက်မှာ သူ့အား လီရှိုးယိအားကိုးရခြင်းအကြောင်းပြချက်တစ်ခုလည်းဖြစ်သည်..

လက်ရှိလီအိမ်တော်တွင် လီရှိုးယိနှင့် အခြားနှစ်ဦးသုံးဦးမှာလွဲ၍ ကျန်သူများမှာ ပေါက်ပေါက်ရောက်ရောက်မရှိလှပေ..

လီဟူမှလွဲရင် လီရှိုးယိမှာ ကျင့်ကြံဆင့်အမြင့်ဆုံးသူဖြစ်သည်...
ချီအဆင့်ရှစ်ကျင့်ကြံသူတစ်​ယောက်အနေဖြင့် အခြေတည်အဆင့်သို့ အဆင့်တက်ရန် ခြေသုံးလှမ်းခန့်သာလိုတော့သော်လည်း ထိုသုံးလှမ်း ကောင်းကင်ပေါ်တက်ရသည်ထက်ပင် ခက်နေသေးတော့သည်..

လီရှိုးယိအမြင်အရ လက်ရှိလီအိမ်၏အရင်းအမြစ်ကြွယ်ဝမှုအတိုင်းအတာနှင့် သူချီအဆင့်ရှစ်ထိရောက်လာခြင်းကပင် ကံကောင်းသည်ဟုဆိုနိုင်ပေသည်..

အကယ်၍ အခြေတည်အဆင့်သို့ရောက်လိုပါလျှင် ကောင်းကင်ဘုံ၏သနားညှာတာမှုကိုသာ စောင့်မျှော်ရတော့မည်..

"အိုင်း... ဘိုးဘေးရဲ့သက်တမ်းကလည်း သိပ်မကျန်တော့ဖူး.. ငါ့အနေနဲ့အခြေတည်အဆင့်ရောက်ဖို့ကလည်း မျှော်လင့်ချက်မရှိလှဖူး.. တို့အိမ်ရဲ့လူငယ်တွေထဲမှာ ချန်းရှန်းတစ်ယောက်တော့ ထူးထူးချွန်ချွန်ရှိရှာတယ်.. သူများ လီအိမ်ရဲ့မီးစာဖြစ်လာလေမလား.. ကောင်းကင်အလိုကျအတိုင်းပဲပေါ့လေ.."

လီအိမ်၏အနာဂတ်မှာ လူငယ်များအပေါ်တွင်သာမှီခိုရမည်ဖြစ်သည်..

သို့သော် သူမျှော်လင့်နေသော ကောင်းကင်ဘုံ၏သနားညှာတာမှုမှာ လီချန်းရှန်းနှင့်အတူရောက်ရှိလာခဲ့ဖြစ်ကြောင်းကိုတော့ လီရှိုးယိမသိခဲ့ပါချေ...။

ထိုအချိန်တွင် သူဖခင်၏အတွေးများကိုမသိသော လီချန်းရှန်းကတော့ ယန်ပေါ်မြို့သို့ ဦးတည်ထွက်ခွာသွားခဲ့ပြီဖြစ်သည်..

စနစ်အကြောင်းတွေးပြီး ပျော်ရွှင်နေသဖြင့် သူ့အဆင့်တက်သွားသည့်အကြောင်းကိုပင် သူ့အဖေအားပြောပြရန် မေ့နေခဲ့သေးသည်..

လီအိမ်တော်တည်ရှိရာ ေချွဖငင့်တောင်သည် ယန်ပေါ်မြို့နှင့် လေးဆယ့်ငါးမိုင်မျှ ကွာဝေးလေသည်..
ထို့အပြင် လီချန်းရှန်းမှာ လီအိမ်၏ပြယုဂ်ဖြစ်သော ချင်းရွှေမြင်းအား စီးနင်းလာခဲ့ခြင်းဖြစ်ရာ ယန်ပေါ်မြို့သို့ရောက်ရန် ရှီချန်ဝက်မျှပင် မကြာလိုက်ပေ..

ချင်းရွှေမြင်းသည် လီအိမ်၏နာမည်ကျော် မှော်သားရဲဖြစ်သည်..
သာမန်အဆင့်တစ်သားရဲသာဖြစ်သော်လည်း ယန်ပေါ်မြို့သာမက ဟွမ်ယွမ်ကျွန်းစွယ်တစ်ခုလုံးမှာပင် ချင်းရွှေမြင်း၏ ဂုဏ်သတင်းကျော်ဇော်လှသည်..

ကုန်းပေါ်ရော ရေပြင်ပေါ်ပါပြေးနိုင်သည့်အပြင် ရေအောက်ကိုပါ ငုပ်လျှိုးသွားလာနိုင်သဖြင့် ရေပတ်လည်ဝန်းရံနေသော ဟွမ်ယွမ်ကျွန်းနှင့်အနီးတစ်ဝိုက်တွင် ချင်းရွှေမြင်း နာမည်ကျော်သည်မှာလည်း မထူးဆန်းပေ..

ယခင်က လီအိမ်တွင် ဤမြင်းအပြင် အခြားမှော်သားရဲငါးမျိုးကိုပါ မွေးမြူရောင်းချနိုင်ခဲ့သော်လည်း အင်အားကျဆင်းလာပြီးနောက် သားရဲသခင်များ နည်းပါးလာရာ ဤမြင်းတစ်မျိုးကိုသာ အသက်ဆက်သွေးကြောသဖွယ် အားပြုနေရတော့သည်..

သားရဲသခင် အလွန်ရှားပါးလှသည်..
ကျင့်ကြံသူတိုင်း သားရဲသခင်မဖြစ်နိုင်ပေ..
သားရဲသခင်တစ်ယောက်ဖြစ်ရန် လိုအပ်ချက်များစွာရှိသည်.
အချိန်များစွာလေ့ကျင့်ပြီးမှသာလျှင် သားရဲများအားထိန်ချုပ်မွေးမြူနိုင်သည့် သားရဲသခင်တစ်ယောက်ဖြစ်လာနိုင်လေသည်..

'ဟူ ပွဲရုံ' သည် လက်ရှိ ချင်းရွှေမြင်းများရောင်းချနေသော် လီအိမ်တော်ပိုင် ဆိုင်တစ်ခုဖြစ်ပြီး ယန်ပေါ်ဈေးလမ်းတွင်တည်ရှိသည်။

လီချန်းရှင်းမြင်းရပ်လိုက်သည်နှင့် ဦးလေးနှစ် လီရှိုးကျန်းထွက်လာကာ ဝမ်းသားအာရကြိုဆိုလေသည်..

"ရောက်လာပြီလား ချန်းရှန်း.. လာလာ မြန်မြန်ဝင်ခဲ့"

လီရှိုးကျန်းမှာ လက်ရှိလီအိမ်ရှိ သားရဲသခင်နှစ်ဦးအနက်မှတစ်ဦးဖြစ်ပြီး ချီအဆင့်လေးကျင့်ကြံသူတစ်ဦးဖြစ်သည့်အပြင်
ဟူ ပွဲရုံအား တစ်နှစ်ပတ်လုံး စီမံကွပ်ကဲနေသူလည်းဖြစ်သည်..

"ဦးလေးနှစ် ဒီအတောအတွင်းပင်ပန်းသွားရပြီ.. အခုတူလေးရောက်လာပြီဆိုမှတော့ တစ်ချို့ကိစ္စတွေ တူလေးကိုလွှဲပေးပြီး ဦးလေးနှစ် နည်းနည်းအနားယူလို့ရတာပေါ့.."

သာမန်အချိန်များတွင် လီရှိုးကျန်းတစ်ယောက်နှင့်လုံလောက်သော်လည်း ဆောင်းဦးရိတ်သိမ်းရာသီရောက်လျှင် လုံခြုံရေးစိတ်ချရရန်နှင့် အမှားအယွင်းမရှိစေရန် လီအိမ်မှ အကူအညီများလွှတ်ပေးလေ့ရှိပြီး သည်နှစ်တွင်တော့ ဤတာဝန်မှာ လီချန်းရှန်းအတွက်ဖြစ်လေသည်..

"ကိုယ့်အိမ်စီးပွားရေးပဲလေ.. ပင်ပန်းတယ်မထင်ပါဖူး..
ကဲ ငါ့တူ မင်းလည်းခရီးပန်းလာရောပေါ့.. နေဖို့ထိုင်ဖို့ အားလုံးစီစဥ်ပြီးသား.. မင်းနေရမယ့်နေရာကို ချန်းရှင်းလိုက်ပြပေးလိမ့်မယ်.." ဟုဆိုကာ မပြီးပြတ်သေးကိစ္စများစီမံရန် လီရှိုးကျန်း ခပ်သုတ်သုတ်ထွက်သွားတော့သည်..

လီချန်းရှင်းမှာ လီချန်းရှန်းနှင့် မျိုးဆက်တစ်ခုတည်းဖြစ်ပြီး မောင်နှမအားလုံးအနက် အစ်ကိုအကြီးဆုံးလည်းဖြစ်သည်..
သို့သော် စိတ်မကောင်းစွာပင် ဝိဉာဥ်ကြောမပါရှိလေရာ ကျင့်ကြံနိုင်စွမ်းမရှိသဖြင့် ဟူပွဲရုံတွင်သာ လီရှိုးကျန်းအား ကူညီစီမံပေးနေရလေသည်..

"ညီလေးချန်းရှန်း.. မင်းနေမယ့်အခန်း မင့်မရီးကိုယ်တိုင် ပြင်ဆင်ထားပြီးသား.. အဆင်မပြေတာရှိရင် ပြောလေ.. ဟုတ်ပြီလား.."

လီချန်းရှင်း၏ ဖော်ရွေလှသောအမူအရာကိုကြည့်ကာ လီချန်းရှန်းစိတ်ထဲ အနည်းငယ်အနေဝေးသလိုခံစားလိုက်ရသည်..
ငယ်စဥ်က သူတို့နှစ်ယောက် အတူဆော့ကစားဖူးကြသော်လည်း ဝိဉာဥ်ကြောမပါရှိကြောင်းသိရသည့်အချိန်မှစ၍ သူတို့နှစ်ယောက်၏အဆင့်အတန်းမှာ မသိမသာကွာခြားသွားတော့သည်..
တစ်မိသားစုတည်းပင်ဖြစ်သော်လည်း ကျင့်ကြံသူနှင့်သာမန်လူတို့ ကွာခြားသည်မှာ သဘာဝပင်ဖြစ်သည်..
လီချန်းရှန်းစိတ်မကောင်းသော်လည်း ဤသည်မှာ သူပြောင်းလဲနိုင်စွမ်းရှိသည့်ကိစ္စမဟုတ်ပေ..

"အစ်ကိုကြီးရာ.. ညီအစ်ကိုအချင်းချင်းတွေပဲ ဘာတွေအားနာနေစရာလိုလို့လဲ.. အခုတော့ကျွန်တော့်ကြောင့်နဲ့ မရီးအလုပ်ရှုပ်ရပြီ.. အစေခံတွေကိုခိုင်းလိုက်လည်းရသားမင့်ဟာ.."

မိသားစုကြီးများတွင် ဝိဉာဥ်ကြောမရှိသောသူများမှာ အရေးမပါလှချေ..
အရေးမကြီးသော အလုပ်များပို ကူညီလုပ်ကိုင်ပေးရုံအပ အဆင့်အတန်းအရ အစေခံများထက် အနည်းငယ်သာယုံမျှသာရှိသည်..

လီချန်းရှင်း ယခုကဲ့သို့ ဟူပွဲရုံအား ဦးစီးခွင့်ရနေခြင်းမှာလည်း သူ၏လုပ်နိုင်ကိုင်နိုင်စွမ်းတို့ကြောင့်သာဖြစ်သည်။

ကိုယ်စွမ်းကိုယ်စရှိသည့်အပြင် လီမျိုးနွယ်ဝင်လည်းဖြစ်သေးရာ လီချန်းရှင်း၏ဘဝမှာ သာမန်လူများထက်တော့ အဆပေါင်းများစွာ သာလွန်သည်ဟုဆိုနိုင်သေးသည်..

ဤသည်မှာလည်း လီချန်းရှင်းအတွက် အဆိုးထဲကအကောင်းတစ်ခုပင်မဟုတ်ပါလား..

Address

Mandalay

Telephone

+959689092826

Website

Alerts

Be the first to know and let us send you an email when Jing Rui posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Jing Rui:

Share

Category