15/10/2022
Translation ကိုမပြောပြခင် မသိကြသေးသူတွေအတွက် illest ကို ပြောပြချင်ပါတယ် ။
Rap songs တွေမှာ အသုံးများပြီး " coolest " " best " လို့ ဆိုကြပါတယ် ။
Always illest ဆိုတော့ ဒီချိန်ဝေါဟာရ အရ " အမြဲလန်း " လို့ ပြန်ဆိုမယ်ဆိုရင် သင့်လျော်ပါတယ် ။
ဘာသာပြန် မဖတ်ခင် - အင်္ဂလိပ်စာသားရှေ့မှာ နံပါစဥ်တပ်ပေးထားပြီး မြန်မာလိုလည်း တူညီတဲ့ နံပါတ်စဥ် အတိုင်း ပြန်ရှင်းပြထားပါတယ် ။
Always Aillest
-----------------------
Intro - Di di di da di da di da di da di day
ဒိ ဒိ ဒိ ဒါ ဒိ ဒါး ဒိ ဒါ ဒိ ဒါး ဒိ ဒေ 🤫
(1)-Tell you Babylon
(2)- To get the hack out my way!
(3)- Home ain't slick better kneel down and pray
(4)- Before I spray
(5)- Mr.Y and Capital J
(1)(2)- ငါ့ရှေ့ကဖယ် ဟျောင့်! / လမ်းဖယ်စမ်းကွာ !
(3)(4)- ငါ သောက်ခွက်မရိုက်ခင် ဒူးထောက်ဆုတောင်းလိုက်
(3)(4)- မင်းတို့လည်တာ တပတ်မပြည့်ဘူး
( ဆရာကြီးလုပ်မနေနဲ့ )
(5)- ငါတို့က မစ္စတာ Y နဲ့ J me ဟ !
(1) Babylon ( ဘေဘီလုံ ) က ချမ်းသာကြွယ်ဝမှုတို့ပေါင်းဆုံရာ မြို့တမြို့ ဖြစ်ပါတယ် ။
UK slang အနေနဲ့ " အမျိုးသမီး သားမြတ်ခေါင်း " လို့လည်း ဆိုကြတယ် ။
Songs တွေမှာ Babylon ကို ထည့်ဆိုရင်တော့ ဒါဟာ ခေတ်ရှေ့ပြေးလူငယ်တွေ ( ဥပမာ - ခပ်ဟော့ဟော့ ဆိုးသွမ်းပြီး အမိန့်နာခံဖို့ငြင်းဆန်ကြတဲ့လူငယ်တွေ ) အနေနဲ့ အာဏာရှိသူတွေနဲ့ တင်းကြပ်တဲ့အဖွဲ့အစည်းတွေကို ဝေဖန်ဖို့ အဆိုပါ " ဘေဘီလုံ " ဝေါဟာရ ကို ထည့်ဆိုကြပါတယ် ။
ဒီ ပထမဆုံး စာသားမှာ Babylon ကို အဓိပ္ပါယ်အမျိုးမျိုး အနက်ကောက်ပြီး နားလည်လို့ရပေမဲ့ ကျွန်တော်ကတော့ သီချင်းနဲ့လိုက်အောင် " ဟျောင့် " ဆိုပြီး object အနေနဲ့ ဘာသာပြန်ဆိုလိုက်ပါတယ် ။
(3) Ain't slick ကို " လည်တာလည်တယ် တပတ်မပြည့်ဘူး" / " လည်မလိုလိုနဲ့ကွာ " / " သောက်ပိုလုပ်မနေနဲ့" လို့ ဘာသာပြန်ရမှာ ဖြစ်ပါတယ် ။
Home ကတော့ တဖက်ကစားသမား / ပြိုင်ဖက် ကိုပြောလို့လည်း ရနိုင်သလို " Your Homies" - " မင်းတို့ကောင်တွေ " လို့လည်း သတ်မှတ်လို့ရနိုင်ပါတယ် ။
(6)- Blaka blaka
(7)- I used to drink Vodka
(8)- And scream like Chewbacca
(9)- Hang out with khans like chaka
(10)- Now I'm all grown and wiser
(11)- I'll be flying into Rome with glider
(6)- ဟျောင့်တွေ
(7)- ငါတို့သောက်နေကျက ဗော့ကာ အရက်ကွ
(8)- ပြီးတော့ chewbacca လိုအော်တာ
(9)- တကယ့် အကောင်ကြီးတွေနဲ့ပဲ ပေါင်းတာ
( မင်းတို့လို အသေးစားလေးတွေကို ဂရုကိုမစိုက်ဘူး )
(10)- အခု ငါတို့ လုံးဝ အဆင်သင့်ဖြစ်နေပြီ
( ဘက်စုံ တော်/လန်း နေပြီ)
(11)- ရောမကို ဂလိုက်ဒါနဲ့ သွားမှာ
( မဖြစ်နိုင်တာတွေ လုပ်ပြမှာ မင်းတို့ အံ့သြရလောက်အောင် )
(6)- Blaka ဆိုတာ တဖက်လူကိုပြောတာပါ ။
( ဒီသီချင်းထဲမှာတော့ ပြိုင်ဖက်ကို ပြောတာပေါ့ )
အကြောင်းအရာ တခုကို မပြောပြခင် အစပျိုးတဲ့ စကားလုံးအနေနဲ့လည်း သုံးပါတယ် ။
(8)- chewbacca ကတော့ star wars fans တွေသိမှာပါ ။ star wars ရဲ့ စိတ်ကူးယဥ် ဇာတ်ကောင်တကောင်ပဲ ဖြစ်ပါတယ် ။ လူဝံလို အမွှေးအရှည်ကြီးနဲ့ အသိဥာဏ်ရှိတဲ့ မျိုးစိတ်တခုပေါ့ ။
(9)- Khans ဆိုတာက တကယ့်ရာထူးအဆင့်အတန်းကြီးမားတဲ့ အကောင်ကြီးတွေကိုခေါ်တာ ။
(9)- chaka က အဓိပ္ပါယ် ၃မျိုးလောက် ရှိတယ် ။
Shaka ရဲ့ အသံထွက်ကိုပေါင်းတာလို့လည်းပြောလို့ရတယ် ။
( shaka ဆိုတာက လက်မနဲ့ လက်သန်းထောင်ပြီး နှုတ်ဆက်တဲ့ sign တခုပါ )
- chaka ရဲ့ နောက်အဓိပ္ပါယ် တခုက " reality " အစစ်အမှန် လို့လည်း သုံးလို့ရတယ် ။
- chaka ကို " cool " ဆိုပြီး လည်း သုံးကြတယ် ။
( လန်းတယ်ပေါ့ )
(10)- Glider ဆိုတာက လေယာဥ်အသေးစားပေါ့ ။ ခရီးဝေးမသွားနိုင်ဘူး ။
ရောမကို glider နဲ့ သွားမယ်ဆိုတာက ကိုJme က မြန်မာပြည်ကဆိုတာဆိုတော့ မဖြစ်နိုင်ဘူးထင်တဲ့ ရောမမြို့ကို လေယာဥ်လေးနဲ့ ပျံပြမှာ ၊ " Ai ကလည်း မဖြစ်ဖြစ်အောင် အောင်ပွဲတွေ ရအောင် ယူပြမယ် " ဆိုတဲ့ သဘောပါ ။
(11)- Now, that's a prophecy
(12)- Djs be joking me
(13)- National quality
(14)- like burmese mahogany
(15)- Bars for days, like irish festivals
(16)- I eat emcees up like they're bunch of vegetable
(11)- အဲ့ဒါက နိမိတ်ဖတ်တာ
(12)- ဒီသီချင်းနဲ့ ကျုပ်တို့က တသားထဲဖြစ်နေပြီ
(13)- ရှယ်မိုက်တဲ့ အရည်အသွေးနဲ့ သီချင်း
(14)- မြန်မာ့ မဟော်ဂနီလို့တောင်ပြောရမလို ရှယ်လန်းနေပြီ
(15)- အိုင်းရစ်တွေရဲ့ သီချင်းလို အရမ်းတက်ကြွပြီး moti လည်းရနေပြီ
(16)- Emc တွေက ဟင်းရွက်တွေနဲ့တူလို့ အကုန်စားပစ်ပြီ
( ဒီဝါကျကတော့ Emc တွေဆိုတာ ဒီသီချင်းကို စီစဥ်တဲ့ သူအားလုံးလို့ဆိုလိုနိုင်သလို ဒီသီချင်းကရတဲ့ moti ကြောင့် အားတက်လာပြီး ကျန်တဲ့ သီချင်း emc တွေအားလုံးကို အေးဆေးပဲ မင်းတို့လောက်တော့ အပျော့လို့လည်း ဆိုလိုလို့ ရမှာ )
(12)- joking အစား jockeying ဆိုရင် " ဒီသီချင်းနဲ့ကျုပ်တို့က တသားထဲ ဖြစ်နေပြီ " လို့ ဘာသာပြန်လို့ရတယ် )
ဒါကတော့ ကိုjme ရဲ့ ကာရန်အလိုက် ဖြည့်စွက်တဲ့ ဝါကျလို့လည်း မှတ်ယူလို့ရပါတယ် ။
(13)- national quality ဆိုတော့ ရှယ်မိုက်တဲ့ ကွာလတီ
( သောက်ရမ်းမိုက်တယ် လို့ ဆိုရမှာပါ )
(14)- မဟော်ဂနီကိုတော့ သိကြမှာပါ ။
ရှားပါးပြီး အဖိုးတန်တဲ့ သစ်ပင် or သစ်သားပေါ့ ။
ဒီနေရာမှာကျတော့ ဒီသီချင်းကို မြန်မာ့ မဟော်ဂနီလိုမျိုး ရှယ်မိုက် ရှယ်အဖိုးတန်တယ်လို့ တင်စားထားတာပါ ။
(15)- bars for days ဆိုတာက စိတ်ဓါတ်ခွန်အားမြင့်အောင် စွမ်းဆောင်နိုင်တဲ့ သီချင်းကို ဆိုလိုတာဖြစ်ပြီး irish festival ကတော့ တေးဂီတကို ရှေ့တန်းတင်မြတ်နိုးကျတဲ့ အိုင်းရစ်လူမျိုးတွေလိုပဲလို့ တင်စားထားတာ ဖြစ်ပါတယ် ။
(16)- Always illest
(17)- chilling in the hallway screaming
(18)- We are the realist
(19)- libreation for youth under bandage
(20)- But to join us, you pay homage !
(16)- Ai ( အမြဲလန်း )
(17)- ခန်းမထဲမှာ အော်ဟစ်ပြီး chill ရင်း
(18)- ငါတို့သာ အစစ်အမှန်တွေ
(19)- မွန်းကြပ်နေတဲ့လူငယ်တွေအတွက် လွတ်လပ်ရေးပဲ
(20)- ဒါပေမဲ့ ငါတို့နဲ့ ပေါင်းချင်ရင်တော့ , မင်းတို့ ( ပြိုင်ဖက်တွေ ) respect ထားရမယ် / ခေါင်းငုံ့ထားရမယ် / သောက်ကြီးသောက်ကျယ်လာမလုပ်နဲ့ ။
(16)- Ai meaning ကတော့ အပေါ်ဆုံးမှာ ပြောပြပြီးပါပြီ ။
(19)- libreation ဆိုတာက အချုပ်အနှောင်ကနေ လွတ်တာ ( လွတ်လပ်ရေး ပေါ့ )
Bandage က ပတ်တီး ၊ ( ပတ်တီး ကနေ လွတ်တာမဟုတ်ဘူး ၊ မွန်းကြပ်နေတာကနေ လွတ်လပ်စေတာ လို့ ပြောချင်တာ )
(21)- Make noise
(22)- here we go again
(23)- make noise
(24)- clap ur hands in this thing!
(25)- Ai louder , Ai louder
☝ဒါကတော့ လွယ်လို့ ဘာသာမပြန်ပြတော့ဘူး ။
(26)- Do you really wanna conquer?
(27)- then let the almighty be your sponsor
(28)- bestow his holy anointing upon you
(29)- gotta watch'em run
(30)- make'em run
(31)- while your growl like monster
(26)- မင်းတို့ ( ပြိုင်ဖက်တွေ) က တကယ် ဆော်မှာလား
(27)- ဒါဆိုရင် ဘုရားကိုသာ အာရုံပြုနေတော့
( ဆုတောင်းနေလိုက် / ဖုန်ရှူလိုက်)
(28)- ဘုရားပေးမဲ့ စူပါ ပါဝါတွေသာ စောင့်နေ
(29)- မင်းတို့ လစ်တော့မှာ ( အခြေအနေမကောင်းဘူး )
(30)- လစ်အောင် ငါတို့က သုတ်တော့မှာ
(31)- မင်းတို့ ( dog ) လို မာန်ဖီနေလည်း အေးဆေးပဲ ဟျောင့် ( ဟောင်နေလည်း ဂရုမစိုက်ဘူး )
(26)- conquer ကတော့ စစ်တိုက် ၊ နယ်မြေလု ၊ အာဏာပြချင်တာပေါ့ ။
(27)- almighty က god ( ဘုရား ) လို့ပြောတာ
(28)- holy anointing က ပရိတ်ရေ ဖြန်းတာလို့လည်း ပြောလို့ရသလို ဘုရားပေးမဲ့ စူပါပါဝါတွေ ( ဆုတောင်းတွေပေါ့ )
(31)- growl က ဆာလို့ မာန်ဖီတာ ( အထူးသဖြင့် khwayy တွေမှာ ဖြစ်တတ်တယ် )
ဘာသာပြန်ရင်း နိုင်ငံရေးတွေနဲ့တောင် ဆင်သလိုပဲ :3
(32)- Oh yeah! We made it
(33)- but you hate it, coz your basic
(34)- you've been afraid
(35)- I will have whole clan disintergrated
(36)- this mic is my joystick
(37)- you and your boys get avolded to the point
(38)- Where you see us ?
(39)- you hit the toilet
(32)- အေး အ့ဒါ ငါတို့ပဲ ( Ai ) ပဲ
(33)- မင်းကတော့ ယှဥ်နိုင်မှာ မဟုတ်ဘူး ၊
( မင်းအဆင့်က ပမွှား )
(34)- မင်းကြောက်နေတာလေ
(35)- မင်းတို့အားလုံး အစိတ်စိတ်အမွှာအမွှာ ဖြစ်အောင် လုပ်မှာ
(36)- ဒါ ငါသီချင်းလေးဆိုရုံရှိသေးတာ
(37)- မင်းတို့ ကြောက်ချီးပါနေကြပြီလေ
(38)- မော်ကြည့်ချင်သေးတာလား
(39)- ဖုန်ရှုလိုက်
- ဒီ last verse ကတော့ ပြိုင်ဖက်ကို စိန်ခေါ်ပြီး စိတ်ဆွထားတာပါ ။
(36)- this mic is my joystick ဆိုတာ ဆိုနေတဲ့ မိုက်က ကစားစရာ joystick ပဲရှိသေးတာ
( သီချင်းလေးဆိုပြရုံပဲ ရှိသေးတာ လို့ပြောချင်တာ )
(37)- get avolded က ရူးမိုက်တာ ရှောင်ရှားဖို့ ကြိုးစားတာ
( ဒါကြောင့် ပြိုင်ဖက်ကို စိတ်ဆွပြီး ဟျောင့်တွေ မင်းတို့ကြောက်နေကြပီမလားလို့ ဆိုလိုတာ ဖြစ်ပါတယ် )
ပြီးရင် chorus ပြန်စပြီး beat သံတွေရဲ့ အဆုံး သတ်နဲ့ အတူ သီချင်းပြီးပါပြီ ။
💌
Credit Photo and Content John Kane