ဗဟုသုတ

ဗဟုသုတ knowledge

သင်သိပြီးပြီလား photo credit;
31/05/2020

သင်သိပြီးပြီလား

photo credit;

သိထားသင့်ပါတယ်photo credit;
23/05/2020

သိထားသင့်ပါတယ်

photo credit;

အစာ‌လည်းဆေး...ဆေးလည်းအစာphoto credit;
21/05/2020

အစာ‌လည်းဆေး...ဆေးလည်းအစာ

photo credit;

အစာကြေဖို့ရန် ကြာချိန်photo credit;
20/05/2020

အစာကြေဖို့ရန် ကြာချိန်

photo credit;

ကမ္ဘာ့ ပထမဦးဆုံးများ
16/05/2020

ကမ္ဘာ့ ပထမဦးဆုံးများ

မန္တလေးမဟာမြတ်မုနိဘုရားကြီးကို Scan ဖတ်ရာတွင် နဂိုမူလပုံတော်ကို ဖူးမျှော်ခွင့်ရရှိမန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင...
16/05/2020

မန္တလေးမဟာမြတ်မုနိဘုရားကြီးကို Scan ဖတ်ရာတွင် နဂိုမူလပုံတော်ကို ဖူးမျှော်ခွင့်ရရှိ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင်တည်တံ့ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန် ပလ္လင်ခံဝန်ကို စမ်းသပ်ရာ ၁၅ တန်ခန့်သာရှိကြောင်း သိရှိရ

ဘုရားကိုယ်လုံးတော်၏ အလေးချိန်နှင့် ကပ်လှူထားသော ရွှေသင်္ကန်းထုတည်ပမာဏ အလေးချိန်ကို တွက်ချက်နိုင်ရန် Scanning ပြုလုပ်ရာတွင် မဟာမြတ်မုနိဆင်းတုတော်၏ မူလဘူတ ကိုယ်တည်ကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်

မန္တလေးမဟာမြတ်မုနိဘုရားကြီးကို Scan ဖတ်ရာတွင် နဂိုမူလပုံတော်ကို ဖူးမျှော်ခွင့်ရရှိ

မန္တလေးမြို့ မဟာမုနိရုပ်ရှင်တော် ပလ္လင်တည်တံ့ခိုင်ခံ့ရေးအတွက် ပြန်လည်ပြုပြင်တည်ဆောက်ရန် ပလ္လင်ခံဝန်ကို စမ်းသပ်ရာ ၁၅ တန်ခန့်သာရှိကြောင်း သိရှိရ

ဘုရားကိုယ်လုံးတော်၏ အလေးချိန်နှင့် ကပ်လှူထားသော ရွှေသင်္ကန်းထုတည်ပမာဏ အလေးချိန်ကို တွက်ချက်နိုင်ရန် Scanning ပြုလုပ်ရာတွင် မဟာမြတ်မုနိဆင်းတုတော်၏ မူလဘူတ ကိုယ်တည်ကို ယခုကဲ့သို့ တွေ့မြင်ရခြင်းဖြစ်သည်

စကားပြောခြင်း အနုပညာ
14/05/2020

စကားပြောခြင်း အနုပညာ

နေ့စဉ်စိတ်ကိုဒီလိုထားပါ(၁) စိတ်ဓာတ်ကို မာမာထားပါ။ အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။(၂) ကိုယ့်ပစ္စည်း မဟ...
14/05/2020

နေ့စဉ်စိတ်ကိုဒီလိုထားပါ

(၁) စိတ်ဓာတ်ကို မာမာထားပါ။
အပြင်ပန်းသဏ္ဍာန်ကို ပျော့ပျော့ပျောင်းပျောင်းထားပါ။

(၂) ကိုယ့်ပစ္စည်း မဟုတ်ရင် မယူပါနဲ့။
ဘယ်လောက်ပဲ နှစ်သက် နှစ်သက် လက်လွှတ်တတ်ဖို့ နားလည်ပါ။

(၃) ကိုယ့်ကိုယ်ကို လေးစားပါ။
သူတစ်ပါးကို လေးစားပါ။ လေးစားမှုကို ထိန်းပါ။
အဲဒီလေးစားမှု သုံးခုကို မှတ်ထားပါ။

(၄) ငွေဆိုတာ ရေလိုပဲ။
ငွေခမ်းရင် ငတ်သေတတ်တယ်။
ငွေမက်လွန်းရင် နစ်သေတတ်တယ်။

(၅) အရာဝတ္ထုတစ်ခုတိုင်းကို
ရှုထောင့်ပေါင်းစုံ ဘက်ပေါင်းစုံကနေ ခံစားပါ။

(၆) သူတစ်ပါးကို ထိခိုက်နာကျင်မှုမျိုးနဲ့
ကိုယ့်အပြစ် ကိုယ့်ဆိုးကျိုးကို ဖုံးကွယ်တတ်တဲ့
လူလောက် ရှက်ဖို့ကောင်းတာ မရှိဘူး။

(၇) လောဘမကြီးနဲ့။
ကောင်းတဲ့အရာတွေက ဘယ်တော့မှ တာရှည်မခံဘူး။

(၈) သူငယ်ချင်းအတွက် အနစ်နာခံတဲ့ အလုပ်က ခက်ခဲတဲ့အလုပ်တော့ မဟုတ်ဘူး။ ခက်တာက အနစ်နာခံရလောက်တဲ့ သူငယ်ချင်းမျိုး ရှိဖို့ပဲလိုတယ်။

(၉) ကိုယ့်အတွက်လို့ စဉ်းစားမိတာနဲ့ တစ်ပြိုက်နက် တစ်ဖက်လူရဲ့ ခံစားချက်ကိုလည်း ထည့်တွက်သင့်တယ်။ သူ့အတွက် ပိုစဉ်းစားသင့်တယ်။ ဒါတွေက အကြင်နာ ယဉ်ကျေးတဲ့အပြင် တစ်ဖက်လူကို လေးစားရာလည်း ရောက်တယ်။

(၁၀) လူတွေ သိနိုင်တဲ့အမှားမျိုးက တကယ့်အမှား မဟုတ်သေးဘူး။ တခြားလူ လုသွားနိုင်တဲ့ ချစ်သူမျိုးက တကယ့်ချစ်သူ မဟုတ်သေးဘူး။

(၁၁) ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချပါ။ ဖြစ်လာသမျှ ခံယူဖို့ပြင်ဆင်ပါ။
စမလုပ်ခင် လောကကြီးမှာ နောင်တကုဆေးဆိုတာ မရှိကြောင်း ကိုယ့်ကိုယ်ကိုယ် သတိပေးပါ

(၁၂) သင်ယူခြင်းက တခဏအတွက် မဟုတ်ဘူး။
တစ်ဘဝအတွက် ဖြစ်တယ်။ ဒါကြောင့် သင်ယူခြင်းမှာ မငြီးငွေ့ပါနဲ့။

(၁၃) ဘယ်အချိန်မှာ စတင်ခဲ့တာဖြစ်ဖြစ် အရေးကြီးတာက စတင်ပြီးနောက် မရပ်နားဖို့ပါပဲ။ ဘယ်အချိန်မှာ အဆုံးသတ်တာပဲဖြစ်ဖြစ် အရေးကြီးတာက အဆုံးသတ်ပြီးနောက် နောင်တမရဖို့ပါပဲ။

(၁၄) ကံမကောင်းခြင်းဆိုတာ စာရင်းသွင်းစရာ မလိုဘဲ
လူတိုင်းတတ်ရတဲ့ ကျောင်းဖြစ်တယ်။ ဒီကျောင်းကို အောင်နိုင်သူက သန်မာထက်မြက်သူဖြစ်တယ်။

(၁၅) အချစ်ခံချင်ရင် အချစ်ခံထိုက်တဲ့ လူတစ်ယောက်ဖြစ်အောင် အရင်လုပ်ပါ။ လူတွေကို ချစ်ချင်ရင် ချစ်တတ်တဲ့ အရည်အချင်းရှိအောင် အရင်လုပ်ပါ။ ကောင်းကွက်ကိုလည်း လက်မခံ ဆိုးကွက်ကိုလည်း နားလည်မှုမပေးရင် ဒီသံယောဇဉ် ဘယ်လောက်တာရှည်နိုင်မလဲ။

(၁၆) အပြစ်ရှာ ညည်းတွားတတ်တဲ့ လူတွေဟာ စိတ်သဘောထား မကောင်းသူတွေ မဟုတ်ပေမယ့် လူတွေ အမြဲနှစ်သက်သူတော့ မဟုတ်ခဲ့ဘူး။

(၁၇) ဦးနှောက်ခြောက် စိတ်ရှုပ်တာတွေက မနက်ဖြန်ရဲ့ဝန်ကို ပေါ့သွားစေမှာ မဟုတ်ဘူး။ ဒါပေမယ့် ဒီကနေ့ရဲ့ ပျော်ရွှင်ခြင်းကိုတော့
ဆုံးရှုံးသွားစေမှာ။
နည်းနည်းသည်းခံလိုက်
နည်းနည်းတောင့်ခံလိုက် …
တစ်နေ့နေ့မှာ သင်သည်းခံခဲ့တဲ့ နာကျင်မှုက
သင့်ကို ပြန်အထောက်အကူ ပြုလိမ့်မယ်။

(၁၈) ဘဝမှာ ပျော်ရွှင်စရာတွေက အများကြီး သင့်ရဲ့အာရုံနဲ့အကြည့်ကို အဲဒီမပျော်ရွှင်တဲ့ အရာတွေပေါ်မှာပဲ စူးစိုက်မထားပါနဲ့။

(၁၉) တစ်ယောက်ထဲ နေတဲ့အခါ တစ်ယောက်ထဲ နေတတ်အောင် သင်ယူတယ်။ နှစ်ယောက်ဖြစ်သွားတဲ့အခါ ချစ်ခင်ပေါင်းသင်းတတ်အောင် သင်ယူတယ်။ သုံးယောက်ဖြစ်သွားတဲ့အခါ နောက်ဆုတ်
နှုတ်ထွက်တတ်အောင် သင်ယူပါတယ်။

(၂၀) တစ်ကိုယ်တည်းသမားလို့ ဆိုတိုင်း အချစ်ကို နားမလည်သူလို့ မထင်လိုက်ပါနဲ့။ တကယ်တော့ တစ်ကိုယ်တည်းသမားဆိုတာ
ချစ်သူရည်းစားရှိလျက်နဲ့ နာကျင်ဝမ်းနည်း နေရသူတွေထက် စာရင် ပိုအမြော်အမြင်ရှိတယ်လို့ ဆိုရမယ်။

Credit : original uploader

မှတ်ထားသင့်ဝာာလေးတွေ Photo credit;
13/05/2020

မှတ်ထားသင့်ဝာာလေးတွေ

Photo credit;

ဗဟုသုတရစေရန် ပြန်လည်မျှဝေပါသည်Photo credit;
13/05/2020

ဗဟုသုတရစေရန် ပြန်လည်မျှဝေပါသည်

Photo credit;

ဝိုင်အရမ်းကြိုက်တဲ့ သူဌေးတစ်ယောက်က ညအိပ်ယာ၀င်တိုင်း ဝိုင်တစ်ခွက် သောက်လေ့ရှိတယ်။ အခုတစ်လော သူသောက်နေကျဝိုင်က လျော့လျော့လ...
13/05/2020

ဝိုင်အရမ်းကြိုက်တဲ့ သူဌေးတစ်ယောက်က ညအိပ်ယာ၀င်တိုင်း ဝိုင်တစ်ခွက် သောက်လေ့ရှိတယ်။ အခုတစ်လော သူသောက်နေကျဝိုင်က လျော့လျော့လာလို့ အိမ်ကအစေခံ ခိုးသောက်တယ် အထင်နဲ့ ဝိုင်ထဲကို ကျင်ငယ်ရေရောလိုက်တယ်။ ကျင်ငယ်ရေ ရောထားလည်း ဝိုင်က လျော့နေတုန်းပဲမို့ သူဌေးက စိတ်ဆိုးပြီး အစေခံကို ခေါ်မေးပါတော့တယ်။ “ကျွန်တော် မခိုးသောက်ရပါဘူး” အစေခံက ငြင်းပါတယ်။ ဆက်ပြီး “ သူဌေးမင်းကို ဟင်းကောင်းတွေ ချက်ကျွေးချင်လို့ ဟင်းကြော်တဲ့အချိန် ဝိုင်နည်းနည်းထည့်မိတာပါ” လို့ ဖြေပါတယ်။

လူတစ်ယောက်က ဘားတစ်ခုမှာ ဘီယာသောက်နေတုန်း အပေါ့သွားချင်လာတာနဲ့ အိမ်သာသွားမလို့ လုပ်ရင်း သူ့ဘီယာကို တခြားလူ ခိုးသောက်မှာစိုးတာနဲ့ “ဘီယာထဲ တံထွေး ထွေးထည့်ထားတယ်” လို့ စာရေးကပ်ထားလိုက်တယ်။ အပေါ့သွားပြီး ပြန်လာတော့ သူ့စာဘေးမှာ “ငါလည်း ထွေးထည့်လိုက်ပြီ” လို့ရေးထားတဲ့ စာကိုတွေ့လိုက်တယ်။

သူတစ်ပါးကို ပေးတဲ့အရာက ကိုယ့်အတွက် ဖြစ်သွားတတ်တယ်။ မှန်ကြည့်နေတဲ့ လူတစ်ယောက်လိုပေါ့။ ကိုယ်ပြုံးရင် မှန်ထဲက လူလည်းလိုက်ပြုံးတယ်။ ကိုယ်မဲ့ရင် လိုက်မဲ့တယ်။ ဒါကြောင့် ကဗျာဆရာ W.H.Auden က “မကောင်းတာလုပ်တဲ့လူဟာ မကောင်းတာကိုပဲ ပြန်ရမယ်” တဲ့။ လူတစ်ပါးကို ချောက်တွန်းရင် ကိုယ်လည်း တစ်နေ့ ပြန်အတွန်းခံရမှာ မလွဲဘူး။ လူတွေကို ပျော်ရွှင်တာတွေပေးရင် ကိုယ်လည်း ပျော်ရွှင်တာပြန်ရမယ်။ လူတွေကို ချီးကျူးရင် ကိုယ်လည်း တစ်နေ့ ပြန်အချီးကျူးခံရမယ်။

လယ်သမားတစ်ဦး စိုက်ထားတဲ့ ပြောင်းဖူးက အသီးနှံပြိုင်ပွဲမှာ နှစ်တိုင်းဆုရတယ်။ ရတဲ့ဆုကို တစ်ခြားလယ်သမားတွေကို သူအမြဲမျှဝေခဲ့တယ်။ ဘာကြောင့်လဲလို့ လူတွေက မေးတော့ “၀တ်မှုန်တွေက လေကြောင့် အရပ်လေးမျက်နှာပြန့်နေတယ်။ တကယ်လို့ ကျွန်တော့်ခြံဘေးက လယ်သမားတွေဟာ မျိုးမကောင်းတဲ့ ပြောင်းဖူးကို စိုက်ခဲ့ရင် ကျွန်တော့်စိုက်ထားတဲ့ ပြောင်းဖူးကိုလည်း ထိခိုက်နိုင်တယ်။ မျိုးကောင်းမျိုးသန့်တွေကို သူတို့စိုက်ခဲ့လို့ ကျွန်တော်၀မ်းသာပါတယ်။ ဆုတွေက ကျွန်တော့်အတွက်ဖြစ်သလို သူတို့အတွက်လည်းဖြစ်ပါတယ်” လို့ ပြန်ဖြေခဲ့တယ်။

လူတွေကိုဒုက္ခတွေပေးပြီးကိုယ်တိုင်ပျော်ရွှင်ရမယ်လို့တော့မတွေးပါနဲ့
လူတွေရဲ့ မေတ္တာကိုလိုချင်ရင် လူတွေကို မေတ္တာအရင်ထားတတ်ရမယ်။

#ကိုယ်ပြုတဲ့ကံပဲ့တင်သံ_ကို့ယ်ထံပြန်လာမည်

အေးအေးချမ်းချမ်း နေချင်သူများသာ ရှဲရန် 😍
12/05/2020

အေးအေးချမ်းချမ်း နေချင်သူများသာ ရှဲရန် 😍

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when ဗဟုသုတ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share