12/01/2023
" ONIC အတွက် ဝယ်ရတဲ့ဈေးထက် အဆ ၁၀၀၀ တန်နေတဲ့ ဖိလစ်ပိုင်ပို့ကုန် - Kairi "
ONIC Esports က အနှောင့်အယှက်အဖြစ်ဆုံး Joy ကို သေချာ ban ခဲ့ပြီး CW ရဲ့ ထင်ရှားတဲ့ Moskov ကိုရွေးချယ်ခဲ့ပါတယ်။ Support အားပြိုင်မှုမှာတော့ Kaja vs Khufra ပါပဲ။ ဒီတစ်ခါတော့ Kiboy က Kaja ပေါ့။
ECHO ရဲ့ အဆိုးရွားဆုံးလုပ်ရပ်ကတော့ KarlTzy အတွက် Jungle chou ပါပဲ။
ပထမဆုံး Kiboy ကို ခုန်ရိုက်ပြီး First Blood ရယူခဲ့တဲ့ Yawi က ဒီ game ကိုဖွင့်ခဲ့ပါတယ်။ ONIC Esports ဟာ Early ကတည်းက CW ရဲ့ Moskov ကို အဓိကအားပြုခဲ့ပြီး BennyQt ကိုဖိအားပေးခဲ့ပါတယ်။ Jungle ပိုင်းမှာ Kairi က စိတ်ချရတာမို့ပါ။
Mid game မှာ CW ပိုမိုပြင်းထန်လာပြီး ONIC အသာရလာတဲ့အခါ ECHO က CW ကို အဓိကထားဖြေရှင်းလာပါတယ်။
ဒီ Game 2 မှာသေချာပေါက် အလကားဖြစ်ခဲ့တာကတော့ KarlTzy ရဲ့ Chou ပါပဲ။ Team HAQ နဲ့ ပွဲစဉ်ကို သတိရစေပါတယ်။
Sanji ရဲ့ God level Mechanic နဲ့ Reaction ကောင်းမွန်ခြင်းတွေကလည်း အံ့အားသင့်စရာပါ။
Late game မှာတော့ ECHO ကပိုအားကောင်းလာခဲ့ပေမယ့် ONIC ကပဲ Gold အသာစီးယူလာခဲ့ပါတယ်။ နောက်ဆုံးအခိုက်အတန့်ကတော့ Kairi ပါပဲ။ Lane ဖြတ်ရှင်းနေတဲ့ Kairi ကို KarlTzy ကစပြီး ECHO တစ်သင်းလုံး ဝိုင်းဖမ်းကြရာမှာ BEST PLAY OF M4 အခိုက်အတန့်ဖြစ်ပေါ်သွားခဲ့ပါတယ်။
အဲ့ဒီအခိုက်အတန့်မှာ ပုံစံအဆင့်သင့်ဖြစ်မနေတဲ့ ECHO ကို ONIC က သပ်သပ်ရပ်ရပ်အဆုံးသတ်သွားခဲ့ပါတယ်။
Review by