Cichlid Bros

Cichlid Bros Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Cichlid Bros, Aquarium, 78 Street, 134B St, Mandalay.

Electric Blue Cichlid (Sciaenochromis fryeri)မာလာဝီအိုင်မှ စစ်စလစ်တစ်မျိုး
14/01/2025

Electric Blue Cichlid (Sciaenochromis fryeri)

မာလာဝီအိုင်မှ စစ်စလစ်တစ်မျိုး

Red Fin Kadango ( Copadichromis borleyi haplochromine cichlid )Haplochromine cichlids တွေဟာ ပုံမှန် Malawi peacock cichl...
09/01/2025

Red Fin Kadango ( Copadichromis borleyi haplochromine cichlid )

Haplochromine cichlids တွေဟာ ပုံမှန် Malawi peacock cichlids တွေထက် အရွယ်အစား ပိုကြီးကြပါတယ်။
Malawi Mbuna တွေနဲ့စာရင် ရန်လိုမှုပိုနည်းလို့ လူကြိုက်ပိုများပြီး စျေးကြီးပါတယ်။ မြန်မာပြည်ထဲမှာလည်း ရနိုင်ပေမယ့် ရှားတာကြောင့် စုဆောင်းချင်ရင် လိုက်ရှာပြီး ရွေးဝယ်ဖို့လိုပါတယ်။

Cichlid Bros

မာလဝီ Peacock စစ်စလစ်များမာလဝီ peacock စစ်စလစ်တွေဟာ အာဖရိကတိုက် မာလဝီရေအိုင်က ငါးတွေဖြစ်ပြီး Genus = Aulonocara အုပ်စုဝင...
05/01/2025

မာလဝီ Peacock စစ်စလစ်များ

မာလဝီ peacock စစ်စလစ်တွေဟာ အာဖရိကတိုက် မာလဝီရေအိုင်က ငါးတွေဖြစ်ပြီး Genus = Aulonocara အုပ်စုဝင်တွေ ဖြစ်ပါတယ်။ ကျွန်တော်တို့မြင်တွေ့နေကျ စီးစလစ်လို့ခေါ်တဲ့ မာလဝီ Mbuna စစ်စလစ်တွေလောက် ရန်လိုခြင်းမရှိပါဘူး။

ပုံတစ်ပုံခြင်းစီကို ထောက်ကြည့်ပြီး နာမည်တွေ ဖတ်ကြည့်လေ့လာလို့ရပါတယ်။
( Aulonocara အုပ်စုဝင် စစ်စလစ်တွေအများကြီးရှိတာကြောင့် အပြည့်အစုံပါဝင်ခြင်းမရှိဘဲ ကျွန်တော့်ဆီမှာရှိတဲ့ ပုံတွေလောက်ပဲ တင်ပေးလိုက်ရပါတယ်။ )

( Admin Cichlid Bros )

  Thanks to loyal Customer,From Cichlid Bros mini Farmနယ်ပို့ပေးပါတယ်။Kpay no %✌78 Street, 135 St, Mandalay.Ph - 0979775...
01/06/2024


Thanks to loyal Customer,

From Cichlid Bros mini Farm

နယ်ပို့ပေးပါတယ်။
Kpay no %

78 Street, 135 St, Mandalay.
Ph - 09797759805

Cichlids များ၏ အပြုအမူကို လေ့လာခြင်း( နိုင်ငံတကာမှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များကိုကောက်နုတ်၍ ဘာသာပြန်သည် )Cichlids ...
27/05/2024

Cichlids များ၏ အပြုအမူကို လေ့လာခြင်း
( နိုင်ငံတကာမှ ပညာရှင်များ၏ လေ့လာတွေ့ရှိချက်များကိုကောက်နုတ်၍ ဘာသာပြန်သည် )

Cichlids များတွင် -

(1) Parenting behaviour သားပေါက်များကို စောင့်ရှောက်ခြင်းအပြုအမူ

(2) Shaoling / Schooling behaviour အုပ်စုဖွဲ့သွားလာနေထိုင်ခြင်း အပြုအမူ

(3) Nest building behaviour အသိုက်ဖွဲ့ နေထိုင်ခြင်း အပြုအမူစတဲ့ အပြုအမူတွေ ရှိကြပါတယ်။

ပထမဆုံးအနေနဲ့ parenting behaviour အကြောင်းကို စပြောချင်ပါတယ်။ ငါးမျိုးစိတ်များစွာရှိတဲ့ အထဲက အနည်းငယ်သောမျိုးစိတ်တွေကသာ parenting behaviour ရှိကြပါတယ်။ငါးအများစုကတော့ ဥပြီးပစ်ထား မွေးပြီးပစ်ထား လုပ်ကြပါတယ်။

Betta fish, Arowana နဲ့ Cichlidတွေကသာ parenting
လုပ်ကြပါတယ်။ Cichlidတွေထဲမှာတော့ အားလုံးသောမျိုးစိတ်တွေဟာ parentingလုပ်ကြပါတယ်။ ဒါပေမယ့် မျိုးစိတ်တခုနဲ့တခု parenting လုပ်ပုံချင်းမတူကြပဘူး။ မျိုးစိတ်အများစုကသာမန် parenting ပဲ လုပ်ကြပါတယ်။ သာမန် parentingဆိုတာ အဖေနဲ့အမေက သားပေါက်အုပ် နောက် တကောက်ကောက်လိုက်ပြီး ရန်သူတွေ့ရင် ကာကွယ်တယ်။ အုပ်ထဲကကွဲထွက်တဲ့ သားပေါက်ကို ငုံလိုက်ပြီး အုပ်ထဲ ပြန်ခေါ်တယ်။
အချို့သော african cichlids တွေကတော့ arowana လို
သားပေါက်အားလုံးကို ပါးစပ်ထဲမှာ အရွယ်မရောက်ခင်ထိငုံထားပြီး စောင့်ရှောက်ပါတယ်။
ဒါကို mouthbrooding လို့ခေါ်ပါတယ်။ တချို့ကတော့ လှိုဏ်ဂူထဲမှာ သားပေါက်ကာဂူဝမှာ အဖေနဲ့ အမေက ကင်းစောင့်တဲ့နည်းဖြစ်ပါတယ်။
Discus cichlidတွေမှာကတော့ ထူးခြားတဲ့ parenting
လုပ်နည်းကို မြင်တွေ့နိုင်ပါတယ်။ အမေအဖေရဲ့ခန္ဓာကိုယ်ကနေ အကျိအချွဲတမျိုးထုတ်လုပ်ပြီးသားပေါက်တွေက အဲဒီအကျိအချွဲကိုစားသုံးရင်း အာဟာရ ရကြပါတယ်။ နို့တိုက်သတ္တဝါတွေ နို့တိုက်
သလို ပုံစံမျိုးလို့ ထင်ပါတယ်။ ဒီလိုပုံစံဟာ Discus cichlids တွေမှာသာ တွေ့နိုင်ပြီး အခြားဘယ်ငါးမှာမှ
မတွေ့နိုင်တဲ့ ထူးခြားတဲ့အပြုအမူဖြစ်ပါတယ်။

ဆက်လက်ပြီး shaoling/ schooling behaviour အကြောင်း ပြောချင်ပါတယ်။ Shaoling/ schooling ဆိုတာ ရေငံငါးတွေမှာ အတွေ့များပါတယ်။ Shaoling နဲ့ Schooling ဆိုတာတူသလိုနဲ့ မတူပါဘူး။ Shaoling ဆိုတာက မျိုးစိတ်တူ ငါးတွေအုပ်စုဖွဲ့နေထိုင်တာကို ဆိုလိုပါတယ်။ Schooling ဆိုတာက shaolingထက်
ပိုအဆင့်မြင့်ပါတယ်။ Shaoling မှာ ငါးတွေစုနေကြပေမယ့် ငါးအုပ်ထဲက ငါးတွေဟာ အုပ်နဲ့မလှမ်းမကမ်း
မှာနေပြီး ကိုယ်လုပ်ချင်တာ လုပ်နေကြတာပါ။ Schoolingမှာကျတော့ လုပ်ချင်တာလုပ်မနေဘဲ ဦးတည်ဖက်တူ ကူးခတ်ပြီး လှည့်လည်သွားလာကြတာပါ။ Schoolingမှာ အုပ်စုခေါင်းဆောင်ရယ်လို့ မရှိဘဲ အဖွဲ့ဝင်တိုင်းက ခေါင်းဆောင်ဖြစ်ပါတယ်။ အဓိကကျတဲ့အချက်က အုပ်စုထဲမှာ နီးနီးကပ်ကပ် စည်းစည်းလုံးလုံးနဲ့ ကူးချင်ရာမကူးဘဲ ဦးတည်ဖက်တူကူးနေဖို့
က အဖွဲ့ဝင်တိုင်းရဲ့ တာဝန်ပါပဲ။
ရေချိုငါးတွေမှာတော့ cyprinid အုပ်စုဝင် Tiger barb , Rosy barb , Zebra danio စတဲ့ငါးတွေ Neon tetraလို ငါးတွေနဲ့ Cichlids အုပ်စုဝင် south american cichlids တွေဖြစ်တဲ့ Discus cichlids နဲ့ Angel cichlids တွေမှာ
shaoling/ schooling လုပ်တာ တွေ့နိုင်ပါတယ်။ Discus ရော Angel ပါ အချိန်အများစုမှာ shaolingသာလုပ်ပြီး တခါတလေကျမှ schoolingလုပ်ကြပါတယ်။

Schoolingဘာလို့လုပ်ကြလဲ။
Schooling လုပ်ခြင်းရဲ့အကျိုးကျေးဇူးတွေကို
လေ့လာပြီးနောက် သိရှိခဲ့တာက

(1) predator တွေ (ဖမ်းဆီးစားသောက်မယ့်ရန်သူ) ဆီက ကာကွယ်ပေးနိုင်ပါတယ်။ Schoolတွေဟာ predatorတွေကို စိတ်ရှုပ်ထွေးစေပြီး အဟန့်ဖြစ်စေပါတယ်။ (ကျွဲအုပ်တွေစုပြီးကျားခြင်္သေ့ရန် ကာကွယ်သလိုပါပဲ)

(2) အစာရှာဖွေတဲ့နေရာမှာ လွယ်ကူစေပါတယ်။ အုပ်လိုက်ရှာကြတော့ ပိုတွေ့နိုင်ပါတယ်။

(3) ကြင်ဖက်ရှာရလွယ်စေပါတယ်။ အုပ်ထဲမှာ အထီးအမ အစုံပါတော့ တကူးတက လိုက်မရှာရဘူး။

(4) အုပ်လိုက်ကူးခြင်းဟာ ပွတ်မှုအားကို လျော့စေပြီး မြန်မြန်ကူးနိုင်သလို အားသိပ်မစိုက်ရဘူး။ (ဆောင်းခိုငှက်တွေ အုပ်လိုက်ပျံရင်း ဝေးဝေးပျံနိုင်သလိုပေါ့)

မှတ်သားရမှာတခုက Schooling fishတွေဟာ အနည်းဆုံး 6 ကောင် မွေးဖို့လိုပြီး အကောင်ရေနည်းပါက စိတ်ဓာတ်ကျခြင်းဝေဒနာခံစားရနိုင်ပါတယ်။
(Tiger barb တွေလည်း အနည်းဆုံး 6 ကောင်ပါ)

နောက်ဆုံးအနေနဲ့ Nest building behaviour ကို ပြောပြချင်ပါတယ်။ Cichlids မျိုးတိုင်းတော့ အသိုက်မဆောက်ပါဘူး။ တချို့ cichlids တွေကတော့ အတွဲရှာဖို့အသိုက်ဆောက်ပါတယ်။ အမတွေဟာ အထီးတွေကို ဆောက်လုပ်တဲ့ အသိုက်လက်ရာကို ကြည့်ပြီး ရွေးချယ်ပါတယ်။ အဲဒီအသိုက်တွေက တွဲပြီးနောက်တော့ အသုံးမဝင်ပါဘူး။ တချို့cichlids တွေကျတော့ တကယ်သုံးတဲ့ အသိုက်ကို ဆောက်ပါတယ်။ အသိုက်တွေမှာသာမန်ပြင်ညီအသိုက်တွေရှိသလို လှိုဏ်ဂူအသိုက်တွေလည်း
ရှိပါတယ်။
Central american cichlids တမျိုးဖြစ်တဲ့ Texas cichlids တွေကတော့ ပြင်ညီအသိုက်ပဲ လုပ်ကြပါတယ်။ ပထမဆုံးအသိုက်လုပ်မယ့်နေရာက အမှိုက်တွေရှင်းတယ်။ အပင်တွေနှုတ်တယ်။ အသိုက်နေရာကို ပြင်ညီဖြစ်အောင် ရှင်းပစ်လိုက်ပါတယ်။ ပြီးရင် ပတ်ပတ်လည် မြင်ကွင်းရှင်းလား စစ်ဆေးပါတယ်။
သဘာဝမှာ cichlids သားပေါက်တွေအတွက် ရန်သူတွေဝိုင်းနေကြတာကိုး။ ရန်သူတွေက အကောင်ကြီးကြီးဖြစ်ချင်ဖြစ်မယ်။အကောင်သေးသေးအုပ်လိုက် ဖြစ်ချင်ဖြစ်မယ်။ သားမပေါက်ခင်လုံခြုံဖို့ကို ဦးစားပေးရပါတယ်။ စိတ်ချရပြီဆိုမှ သဲတွေကို တူးပါတယ်။ အောက်ခံကျောက်သားအမာ ပေါ်တဲ့အထိပါ။
Cichlids အများစုဟာ အောက်ခံအမာပေါ်မှာ ဥတာများပါတယ်။ သဲတွေငုံတိုင်းတော့ တွင်းတူးတာမဟုတ်ပြန်ပါဘူး။ တချို့ cichlids တွေဟာ သဲကို အစာအနေနဲ့စားတတ်ကြပါတယ်။ သဲဟာ cichlids တွေရဲ့ အူလမ်းကြောင်းကျန်းမာရေးအတွက် ကောင်းပါတယ်။
သဘာဝမှာတင်မဟုတ်ဘဲ cichlids တွေဟာ အိမ်ကကန်တွေထဲမှာလည်း အသိုက်ဆောက်တဲ့မျိုးစိတ်က ဆောက်ပါတယ်။(ဗီဇက ဖျောက်မရဘူးလေ) ကန်ထဲက အပင်တွေကို အသိုက်နေရာ ရှင်းဖို့နှုတ်ပစ်တာက စိတ်ညစ်ချင်စရာပါ။ ဥဖို့ ကျောက်အမာပေးထားလည်း သဲတွေကို တူးနေရင်တော့ ပေးထားတဲ့ကျောက်က
ဥဖို့ မလုံလောက်လို့ဖြစ်မှာပါ။ ပိုကြီးတဲ့ ကျောက်တုံးထည့်ပေးပါ။တချို့cichlids တွေကကျ လှိုဏ်ဂူအသိုက်လုပ်ကြပါတယ်။
အာဖရိကတိုက် တန်ဂန်ရီကာနဲ့ မာလာဝီအိုင်တွေထဲက african cichlids မျိုးစိတ်အချို့ဖြစ်ပါတယ်။ အဲဒီမျိုးစိတ်တွေက ကျောက်တုံးအောက်ကိုတွင်းတူးပြီး ဖြစ်ဖြစ် ကျောက်တုံး၂တုံးကြား သဲဖို့ပြီးပဲ ဖြစ်ဖြစ်လှိုဏ်ဂူလုပ်ကြပါတယ်။ လိုဏ်ဂူအဝက အပေါက်ကျယ်နေသေးရင်ငါးအမဟာ သူ့တကိုယ်စာပဲ ဆံ့တဲ့အထိ သဲဖို့ပြီး အပေါက်ကို ကျဉ်းပစ်ကြပါတယ်။ တခြားနေရာက သဲတွေကို ပါးစပ်အပြည့်ငုံယူလာပြီးဖို့ကြတာပါ။ တချို့မျိုးစိတ်တွေမှာတော့ အသိုက်ပတ်ဝန်းကျင်က
ကျောက်တုံးအောက်တွေ ကြားတွေကိုပါ သဲတွေလိုက်ဖို့ကြပါတယ်။ဘာလို့ဒီလို လုပ်ကြတာလဲဆိုတာလေ့လာကြည့်တဲ့အခါ သဘာဝမှာ တချို့ရန်သူတွေဟာ ကျောက်တုံးအောက် ကျောက်ကြားတွေမှာ
ပုန်းနေကြပြီး Cichlidအဖေနဲ့ အမေရဲ့ အလစ်မှာသားပေါက်တွေကိုချောင်းမြောင်းလုပ်ကြံတတ်လို့ ပုန်းစရာနေရာမရှိအောင် သဲတွေဖို့ပစ်တာဖြစ်ပါတယ်။

Cichlids တွေဟာ ငါးတွေထဲမှာ ဉာဏ်အကောင်းဆုံးလို့ ပြောကြတာဟုတ်မယ်ထင်ပါတယ်။ သားသမီးကို
စောင့်ရှောက်ဖို့အသိဉာဏ်ရှိတယ်။ ကိုယ့်နယ်နိမိတ်ကို မှတ်မိတယ်။ ကိုယ့်အသိုက်ကိုယ် စနစ်တကျ ဆောက်တတ်တယ်။ ရန်သူတွေကိုလည်း စနစ်တကျ ကာကွယ်
တတ်တယ်။ ၁၂ရက်ကြာအောင် မှတ်မိနိုင်စွမ်းရှိတယ်။ ကိုယ့်သခင်ရဲ့ အသံကို မှတ်မိတယ်(ကိုယ်တွေ့)။

(Cichlids page admin ဆိုတော့ဘာမှမရလည်း cichlids ကောင်းကြောင်း ပြောရတာပေါ့ )

စာလည်းရှည်လို့နားတော့မယ်။
Thank you for your reading

African Cichlid ( မြန်မာပြည်အခေါ် စီးစလစ် ) တွေမွေးရင် အချင်းချင်းကိုက်ပြီး သေကုန်ကျတယ်ဆိုတဲ့ ငါးဝါသနာရှင်များအတွက် ဘယ်လ...
10/05/2024

African Cichlid ( မြန်မာပြည်အခေါ် စီးစလစ် )
တွေမွေးရင် အချင်းချင်းကိုက်ပြီး သေကုန်ကျတယ်ဆိုတဲ့ ငါးဝါသနာရှင်များအတွက် ဘယ်လို မွေးမြူရလဲဆိုတဲ့နည်းလမ်းကို ပြောပြပေးပါမယ်။

ဘာကြောင့် african cichlidတွေ ကိုက်ကြသလဲဆိုတော့
(1) နေရာ နယ်နိမိတ် လုကြလို့
(2) အစားအစာ လုကြလို့
(3) အမ လုကြလို့
စတဲ့ အကြောင်းများကြောင့် ဖြစ်ပါတယ်။

ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတော့
(1) ကန်ကျပ်နေအောင် african cichlidတွေ
အပြည့်ထည့်မယ် ဒါမှမဟုတ်
(2) နည်းမှန် လမ်းမှန်ထားမယ်

နည်းမှန်လမ်းမှန် ထားတဲ့နည်းကို အရင်ပြောပြပါ့မယ်။

African cichlidမှမဟုတ်ဘူး။ Cichlidမျိုးနွယ်ဝင်တွေအားလုံးက territorial fish
(ကိုယ့်နယ်နိမိတ်ကိုသတ်မှတ်သောငါး)တွေ ဖြစ်ကြပါတယ်။ ကိုယ့်နယ်ထဲဝင်လာတဲ့ကောင်ဆို
အသေလိုက်တွယ်တတ်ကြပါတယ်။ Dwarf Cichlid, Discus နဲ့ Angelတွေကလွဲပြီး Cichlidအများစု (တောင်အမေရိက cichlids ကော အာဖရိက cichlids တွေ)ဟာကန်ထဲက အပင်တွေနုတ်ပစ်တတ်တယ်လို့ နာမည်ဆိုးနဲ့ ကျော်ကြားကြပါတယ်။ အပင်တွေနုတ်ပစ်ရတာက
ကိုယ့်နယ်နိမိတ်ကို 360°ပတ်ပတ်လည်ရှင်းရှင်းလင်းလင်းမြင်ချင်ကြလို့ပါ။ အကောင်ကြီးတဲ့
cichlidတွေဆို ကျောက်တုံး အသေးလေးတွေကိုပါ ရွှေ့ပစ်တတ်ကြပါတယ်။ဘယ်လို ဖြေရှင်းကြမလဲဆိုတော့

(1) ကန်ကျယ်ကျယ်သုံးပါ။ ကန်ကျယ်တော့ cichlids တိုင်းအတွက်ကိုယ်စီ ကိုယ်စီ နယ်နိမိတ်တွေ ရသွားကြမှာပါ။ Cichlids တကောင်ချင်းစီအတွက် ကျောက်ဂူငယ် ၁ခုဆီပါပါစေ။

(2) မရွှေ့နိုင်တဲ့ကျောက်တုံးကြီးကြီးတွေ ထည့်ပါ။ ကျောက်တုံးကြီးတွေဟာ cichlids တွေရဲ့ မြင်ကွင်းတွေကို ပိတ်ပစ်တာကြောင့် ရန်လိုမှုကို လျှော့ချပေးသလို ထွက်ပြေးတဲ့ကောင်ဟာ ကျောက်တုံးတွေကို ပတ်ပြေးရင်း လိုက်ကိုက်တဲ့ကောင်ကို မျက်ချေ ဖြတ်ပစ်နိုင်အောင် ကူညီပေးပါတယ်။ ဒါ့အပြင်ကျောက်တုံးတွေ ထည့်ခြင်းဟာ pHကို တက်စေပြီး african cichlids
တွေရဲ့အကြိုက် alkaline pHဖြစ်စေပါတယ်။

(3) ကန်အောက်ခြေနေငါးမျိုးစိတ် (bottom dweller)နဲ့
ကန်အလယ်လောက်မှာနေတဲ့ ငါးမျိုးစိတ်တွဲထားပါ။
ဒါဆို နယ်မြေ သိပ်မလုကြတော့ဘူး။
အဖြူအမည်း ဒေါင်လိုက်စဉ်းကောင်တွေ (golden mbuna) က ကန်အောက်မှာ နေကြပြီး အောက်ခံသဲခင်းနဲ့ ကျောက်တုံးတွေအောက်မှာ တွင်းတူးပြီးနေကြပါတယ်။
အဝါရောင်ဗြောင် ကျောရိုးဆူးတောင်မှာ အမည်းကြောင်းနဲ့ကောင်တွေ (electric yellow)က ကန်အလယ်လောက်မှာနေကြပါတယ်။ သူတို့ကို ရောမွေးရင် ပြသနာသိပ်မရှိပါဘူး။

နယ်မြေလုတာ အတွက်ပြီးပြီဆိုတော့ မယားလုတာဖြေရှင်းပါမယ်။ အထီး ၁ကောင်ချင်းစီအတွက် အမ ၃ကောင်လောက်ဆို okပါတယ်။

အစားအစာ လုတာအတွက်ကတော့ အစာဝအောင် တရက် ၂ကြိမ် ၃ကြိမ်ကျွေးပါ။

ဒီလို လုပ်တာတောင်မှ cichlidတကောင်ဟာ နောက်တကောင်ကို သည်းကြီးမည်းကြီးလိုက်တိုက်ခိုက်နေတယ်ဆိုရင်

(1)လိုက်အကိုက်ခံရတဲ့အကောင်က ပိုငယ်နေမှာ သေချာပါတယ်။ သူ့ကို ခွဲထားလိုက်ပါ။ မူလကန်ထဲကကောင်တွေကို တရက်တခါပဲ အစာကျွေးပြီး သူ့ကို တရက်၃ခါ၄ခါ ကျွေးပါ။ သိပ်မကြာခင်
အရွယ်ညီလာပါလိမ့်မယ်။ ဒါဆို မူလကန်ထဲ ပြန်ထည့်နိုင်ပါပြီ။

(2)နောက်တနည်းက လိုက်ကိုက်တဲ့ကောင်ကို ရက်အနည်းငယ်ဖယ်ပြီးမှ ပြန်ထည့်ပါ။ Cichlids တွေမှာ စီနီယာ ဂျူနီယာဆိုတာရှိပါတယ်။ လူသစ်ဟာ အကောင်ကြီးလည်း လူဟောင်းတွေကိုကြောက်ရပါတယ်။

(3)နောက်ဆုံးနည်းက ကန်ထဲက ကျောက်တွေ အလှဆင်ပစ္စည်းတွေ နေရာပြောင်းထားလိုက်ပါ။ ဒါဆို ငါးတွေဟာ သူတို့သတ်မှတ်ထားတဲ့ နယ်မြေဆိုတာ
မမှတ်မိတော့ပါဘူး။ နယ်မြေပြန်သတ်မှတ်
ဖို့ ရက်အနည်းငယ်ကြာဦးမှာပါ။

ကန်ကျပ်အောင်ထားတဲ့နည်းကတော့ ငါးရောင်းတဲ့ဆိုင်တွေမှာထားတဲ့နည်းပါ။ ပြွတ်သိပ်နေတော့ နယ်နိမိတ်ဆိုတာမရှိလိုက်ကိုက်ရမယ့်ကောင်တွေက များဆိုတော့ မကိုက်ကြတော့ဘူး။ ပြသနာက ပြွတ်သိပ်နေတာကြောင့် ဖြစ်လာတဲ့ ရေအရည်အသွေး နိမ့်ကျမှုပါ။ ရေညစ်ပတ်မယ် အောက်ဆီဂျင်နည်းမယ်။
ဒါ့ကြောင့် ရေခဏခဏလှယ်ရမယ် filterများများတပ်ရမယ်။အောက်ဆီဂျင် များများပေးရပါမယ်။

တခြားပြောချင်တာတွေက
ကန်ထဲကို Cichlidအကောင်သစ်ထည့်မယ်ဆို ရေလှယ်တုန်းထည့်ပါ။ ရေလှယ်တုန်း ရေနည်းနေလို့ ငါးတွေဟာ ရေနည်းတာကိုပဲ အာရုံရောက်နေချိန်မှာ အကောင်သစ်ကို သတိပြုမိဖို့မလွယ်ဘူး။ ကျန်တဲ့အချိန်မှာ ထည့်ရင်တော့ အကောင်သစ်ဟာ ဝိုင်းသမခံရနိုင်ပါတယ်။

နောက်တခုက သဲပဲခင်းပါ။ Gravel (သဲကြမ်း) မခင်းပါနဲ့။Gravelထဲမှာ ပါတဲ့ ကျောက်သေးသေးလေးတွေဟာ
cichlids တွေကို လည်ချောင်းမှာဆို့စေနိုင်ပါတယ်။ Cichlids တွေဟာ အဲဒီကျောက်တွေကို ကိုက်ပြီး မျိုချနိုင်လို့ပါ။

Thank you

ကျန်တော် ‎လေ့လာမိသလောက် Cichlids များ၏ ထူးခြားချက်များ1)Cichlids များဟာ အလှမွေးငါးမျိုးစုတွေအနက် မျိုးစိတ်အများဆုံးနဲ့ အ...
05/05/2024

ကျန်တော် ‎လေ့လာမိသလောက်
Cichlids များ၏ ထူးခြားချက်များ

1)Cichlids များဟာ အလှမွေးငါးမျိုးစုတွေအနက် မျိုးစိတ်အများဆုံးနဲ့ အသိဉာဏ်အမြင့်ဆုံးဖြစ်ကြပါတယ်။ Cichlids တွေကို အဓိက အုပ်စု၄ခုခွဲထားပါတယ်။
African Cichlids , American Cichlids , Dwarf Cichlids နဲ့ Hybrid(မျိုးစပ်)ဆိုပြီး ဖြစ်ပါတယ်။

2)Cichlids တကောင်ရဲ့မှတ်ဉာဏ်ဟာ ၁၂ရက်အထိ မှတ်မိပါတယ်။ သူတို့ကိုကန်ရဲ့ မျက်နှာပြင်နေရာတစ်ခုမှာပဲ သတ်သတ်မှတ်မှတ် အစာချကြွေးရင်အဲဒီနေရာမှာပဲ အစာလာတောင်းကြပါတယ်။ သဘာဝမှာလည်းCichlids တွေဟာ သူတို့အကြိုက်ဆုံး အစားအစာရဲ့ တည်နေရာကို မှတ်မိကြပြီး နေထိုင်ရာ အသိုက်ကနေ အဲဒီနေရာကို အစာလာစားကြပါတယ်။

3)Cichlids တွေဟာ သူတို့သခင်ရဲ့ အသံ ခြေသံတွေကို မှတ်မိကြပါတယ်။ တွင်းအောင်းနေလေ့ရှိတဲ့ Cichlids တွေဟာ သခင့်အသံကြားတာနဲ့ ပုန်းအောင်းရာက ထွက်လာတတ်ကြပါတယ်။ တခြားသူတွေ အသံကြားရင်တော့ အလျင်အမြန်ပဲ ပုန်းခိုတတ်ကြပါတယ်။

4)Cichlids မျိုးစိတ်အားလုံးဟာ သားထိန်းတဲ့အကျင့်ရှိကြပါတယ်။ Cichlidမိဘတွေဟာ သားသမီးတွေ
ကိုယ့်ဟာကိုယ် နေနိုင်သည်အထိ စောင့်ရှောက်ကြပါတယ်။

5)Cichlids မျိုးနွယ်စုတွေအားလုံးဟာ နယ်နိမိတ်သတ်မှတ်ပြီး ကိုယ့်နယ်နိမိတ်ကို ကာကွယ်စောင့်ရှောက်လေ့ရှိကြပါတယ်။ African Cichlidတွေရော
South American Cichlid(Oscar, Parrot, Red devilအစရှိသည့်)ငါးတွေဟာ အပင်ကန်တွေမှာ
အပင်နှုတ်လေ့ရှိတယ်လို့ နံမည်ဆိုးနဲ့ကျော်ကြားကြ
ပါတယ်။ အပင်နှုတ်ရတဲ့အကြောင်းရင်းကတော့ မိမိပိုင်ဆိုင်တဲ့ နယ်နိမိတ်ကို 360°မြင်ရအောင် မြင်ကွင်းပိတ်နေတဲ့ အပင်တွေကို ရှင်းပစ်တာဖြစ်ပါတယ်။ အကောင်ကြီးရင် ကျောက်တုံးတွေကိုပါ ရွေ့ပစ်တတ်ကြပါတယ်။

6)Cichlids တွေဟာ တခြားငါးတွေလို နှာခေါင်းပေါက် ၂စုံမပါဘဲ ၁စုံပဲပါပါတယ်။ ဒါ့ကြောင့် အနှံ့ခံဖို့အတွက် ရေကိုစုပ်ယူပြီးမှ အနှံ့ခံကာ ပြန်ထွေးထုတ်တတ်ကြပါတယ်။

7)Cichlids တွေဟာ ပါးစပ်မှာ မေးရိုးနဲ့သွားတွေပါသလို လည်ချောင်းထဲမှာလည်းနောက်မေးရိုးတခုနဲ့သွားတွေ ပါပါတယ်။

8)African Cichlids တွေမှာ အကောင်ကြီးမျိုးရှားပြီး American Cichlidတွေမှာအကောင်ကြီးမျိုးပေါပါတယ်။

9)သဲဟာ African Cichlids တွေရဲ့ နေ့စဉ်အစားအစာထဲမှာ ပါပါတယ်။ သဲဟာCichlidတွေရဲ့ အူလမ်းကြောင်းကို သန့်စင်စေပါတယ်။

10)Cichlids တွေရဲ့ အသိုင်းအဝိုင်းမှာ စီနီယာ ဂျူနီယာရှိပါတယ်။ ကန်ထဲကိုနောက်မှ ရောက်လာတဲ့ကောင်ဟာ ရောက်ရောက်ချင်း ကန်ထဲက စီနီယာတွေ ဝိုင်းသမ တာ ခံရလေ့ရှိသလို ကိုယ့်ထက် သေးတဲ့ကောင်ကိုတောင်
ကြောက်ပြီး ထွက်ပြေးတတ်ပါတယ်။ ဒါပေမယ့် ကန်မှာနေသားကျသွားရင်တော့ အကောင်ကြီးက အကောင်သေးကို နိုင်လာပါတယ်။ ဒါကြောင့်Cichlids ကန်ထဲကို အသစ်ထည့်ချင်ရင် ရေလှယ်တုန်း ရေနည်းချိန်မှာ
ထည့်ရပါတယ်။

11)Convict Cichlids မျိုးစိတ်ဟာ အံ့သြစရာကောင်းပါတယ်။ ကိုယ့်ထက်၂ဆမက ကြီးတဲ့ကောင်ကိုတောင် အသိုက်နားကပ်လာရင် ပြန်ချတတ်ပါတယ်။ ဒါ့အပြင် ဘယ်ငါးမျိုးတွေမှာမှ မတွေ့ရတဲ့ အုပ်လိုက်တိုက်ပွဲ
ဝင်တာကို တွေ့မြင်နိုင်ပါတယ်။ ရန်သူကို ရှိသမျှ Convict Cichlids တွေစုပြီး ခုခံကြတာပါ။ အဲဒီအပြုအမူဟာ Parrot Cichlid နဲ့ Convict Cichlid
တွေမှာသာ တွေ့ရတတ်တာပါ။ Tiger barb တွေလည်း လူစုပြီးရန်သူကိုချတတ်ပေမယ့် မနိုင်တဲ့ရန်သူဆို မချရဲကြပါဘူး။ Convict ကတော့ မနိုင်တောင် ဝိုင်းချကြလို့ နောက်ဆုံးသူတို့ပဲနိုင်ကြပါတယ်။ ဒါ့ကြောင့် ကန်
၁ကန်မှာ Convict တွေများရင် သူတို့ဘုရင်ပါပဲ။

12)အုပ်စုဖွဲ့သွားလာခြင်း Schooling Behaviourကိုလည်း Discus နဲ့ Angelတို့လို တောင်အမေရိကCichlids တွေမှာ တွေ့နိုင်ပါတယ်။

13)Dwarf Cichlids တစ်မျိုးဖြစ်တဲ့ Ram တွေဟာ အချစ်ကြီးကြသူတွေပါ။ အတွဲ၁တွဲကို ခွဲလိုက်ရင်တောင် အဲဒီအတွဲဟာ တခြားကောင်တွေ
နဲ့ တွဲဖို့ခက်တတ်ပါတယ်။ ခွဲတာအတော်ကျတဲ့အထိ ချစ်သူကို မမေ့ကြပါဘူး။

14)Cichlidတွေရဲ့ နယ်နိမိတ်သတ်မှတ်ပြီး ကာကွယ်လေ့ရှိတဲ့အကျင့်ကြောင့် Cichlids တွေမွေးရင် ကန်ကျယ်ကျယ်လိုပါတယ်။ ကန်ကျဉ်းရင် ၁ကောင်ပဲ ကျန်တတ်ပါတယ်။ 😅

02/05/2024

Sold out
Green Terror Cichlid ( အမေရိကန် cichlid )

သူက white seam ( အဖြူ ),
Orange seam ( လိမ္မော် ) နှစ်မျိုးရှိတဲ့ထဲမှာမှ

အခုက orange seam Green Terror Cichlid
( လိမ္မော် စွမ်းဟက် ) ပါ ၁၆ ကောင်ပဲရှိပါမယ်

Size - 2"
Price - 1,0xx
From Cichlid Bros Mini Farm
ပုံက comment ကြည့်လိုရတယ်

နယ်ပို့ပေးပါတယ်။
Kpay no %


78 Street, 135 St, Mandalay.
Ph - 09797759805

ကဲ မာလဝီ ၁၀၀၀ တန်တွေ ရပါပြီးMalawi Size  2.5 - 3"Price - 1,0xx   From Cichlid Bros Mini Farmနယ်ပို့ပေးပါတယ်။Kpay no %✌78...
30/04/2024

ကဲ မာလဝီ ၁၀၀၀ တန်တွေ ရပါပြီး

Malawi Size 2.5 - 3"
Price - 1,0xx
From Cichlid Bros Mini Farm

နယ်ပို့ပေးပါတယ်။
Kpay no %

78 Street, 135 St, Mandalay.
Ph - 09797759805

25/03/2024

အပြာသီးသန့် ၂၀ ကျော် Out
Thanks for your support,

Size 4 - 5"
From Cichlid Bros Mini Farm

နယ်ပို့ပေးပါတယ်။
Kpay no %

78 Street, 135 St, Mandalay.
Ph - 09797759805

Address

78 Street, 134B St
Mandalay
05051

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Cichlid Bros posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category