Vintage Helmet Gallery

Vintage Helmet Gallery Motocycle Accessories & ဆိုင်ကယ်မျိုးစုံရောင်းဝယ်ရေး
09758000246

အရောင်းပို့စ်မတင်လိုက်ရဘူး ဆရာဖိုးသား ရောင်းပေးလို့Click 2018 သော့လေး Soldout ပါဘီးသေး ဘီးကြီးလိုအပ်ပါက 09758000246 Phyo...
27/07/2024

အရောင်းပို့စ်မတင်လိုက်ရဘူး ဆရာဖိုးသား ရောင်းပေးလို့
Click 2018 သော့လေး Soldout ပါ
ဘီးသေး ဘီးကြီးလိုအပ်ပါက 09758000246 Phyo Min Chan

Vintage helmet
17/12/2020

Vintage helmet

Vintage HelmetMoto-3 style
13/12/2020

Vintage Helmet
Moto-3 style

23/11/2020
ATGATTAll The Gear All The Time​မော်​​တော်ဆိုင်ကယ် စီး​တော့ မယ်ဆိုရင် အမြဲ သတိရ​နေသင့်တဲ့ စကားစု ​လေးပါပဲ။အဲ့ အထဲမှာ မှ ...
03/11/2020

ATGATT
All The Gear All The Time

​မော်​​တော်ဆိုင်ကယ် စီး​တော့ မယ်ဆိုရင် အမြဲ သတိရ​နေသင့်တဲ့ စကားစု ​လေးပါပဲ။
အဲ့ အထဲမှာ မှ အ​ရေးအကြီး ဆုံးနဲ့ အသက်အန္တရာယ် ကို အကာကွယ်​​ပေးနိုင်ဆုံးက ​ခေါင်း​ဆောင်း Helmet ပါ။
အသက်ပါသွားတဲ့ Accident အများစုကို ကြည့်လိုက်ရင် ဆိုင်ကယ်စီး ဦးထုပ်မပါလို့ ဆုံးရှုံးလိုက်ရတာ များပါတယ်။
ဆိုင်ကယ်ရယ်လို့ စ​ပေါ်လာကတည်း က တဲွလျက် ပါလာတာ က အရှိန်ပါ။ဒီ အရှိန်ကို တပ်မက်တဲ့ စိ​တ်​ကြောင့်ပဲ အ​တော်များများရဲ့ အသက်​တွေကို ​ပေးဆပ်လိုက်ကြရပါတယ်။တတ်နိုင်သမျှ အကာအကွယ်ရ​အောင် ​​ခေါင်း​ဆောင်း​တွေ ၀တ်ဆင်ကြ​ပေမယ့် ဆိုင်ကယ် ပြိုင်ပဲွ​တွေမှာ ပထမဆုံး ၀တ်ကြတဲ့ ​ခေါင်း​ဆောင်း​တွေက ​လေသူရဲ​တွေ ​ဆောင်းတဲ့ ဆံပင်​တွေ ​လေလွင့်မ​နေ​အောင် ကာကွယ်ထားတဲ့ နွားသား​ရေ နဲ့ လုပ်ထားတဲ့ ခွက်ပုံစံ​လေး​တွေပါပဲ။ဒါလည်း ဘာမှ မပါတာထက် စာရင် ​တော်ပါ​သေးတယ်။
၁၉၃၅ ​လောက်မှာ Lawrence of Arabia လို့ လူသိများတဲ့ T.E Lawrence ဟာ သူ့ရဲ့ Brough Superior ဆိုင်ကယ် ကြီး နဲ့ ​မှောက် ပါတယ်။​ခေါင်း ကို ပြင်းပြင်း ထန်ထန် ထိပြီး ​ဆေးရုံ ​ရောက်ပြီး မကြာမှီ မှာ ပဲ ကွယ်လွန်သွားပါတယ်။
အဲ့ဒီမှာ Lawrence ကို ကုသ​ပေးတဲ့ ဦး​နှောက်နဲ့ အာရုံ​ကြော အထူးကုဆရာဝန်ကြီး Sir Hugh Cairns က ​မော်​တော်ဆိုင်ကယ် accident ​တွေ​ကြောင့် ဦးခါင်းပိုင်းဆိုင်ရာ ထိခိုက်မှု​တွေကို ​လေ့လာရင်း နဲ့ ပထမဆုံး "Crash Helmet"လို့ ​ခေါ်တဲ့ ထိခိုက်ဒဏ်ခံ ဆိုင်ကယ်စီး ဦးထုပ် ​ပေါ်ထွက်လာပါတယ်။ဒီ ဦးထုပ်ကလည်း ​ခေါင်းကို ထိုး​ဖောက်၀င်​ရောက်လာမယ့် အရာဝတ္ထု​တွေက​နေ ကာကွယ်​ပေးရုံက လဲွလို့ ပြီးပြည့်စုံတဲ့ helmet ​တော့ မဖြစ်​သေးပါဘူး။
၁၉၅၀ မှာ​တော့ ကယ်လီဖိုးနီးယား ပြည်နယ်သား Herman Roth ရဲ့ တီထွင်မှု​ကြောင့် အမာထည် အပြင်ခွံ၊အတွင်းသား အ​ပျော့၊​လေကာမှန် နဲ့ ​မေးသိုင်းကြိုး​တွေ ပါတဲ့ ပြီးပြည့်စုံတဲ့ ဆိုင်ကယ်စီး ဦးထုပ် ဒီဇိုင်း ​ပေါ်ထွက်လာခဲ့ပါတယ်။

Helmet မှာ အ​ခြေခံ အားဖြင့် ပုံစံ ၃ မျိုး ရှိပါတယ်။
ဦး​ခေါင်း တစ်ခုလုံးကို ကာကွယ်​ပေးနိုင်တဲ့ Full Face,
3/4 လို့​ခေါ်တဲ့ ​ခေါင်းရဲ့ ၄ ပုံ ၃ ပုံကို ကာကွယ်​ပေးနိုင်တဲ့ Open Face,
1/2 လို့ ​ခေါ်တဲ့ ​ခေါင်းရဲ့ တစ်၀က်ကိုပဲ ကာကွယ်​ပေးနိုင်တဲ့ "သံပုရာခွံ" တို့ပဲ ဖြစ်ပါတယ်။
အန္တရာယ် အကင်းဆုံးနဲ့ ကာကွယ်မှု အ​ပေးနိုင်ဆုံးက​တော့ Full Face ဖြစ်ပြီး Open face နဲ့ သံပုရာခွံ ​တွေမှာ မျက်နှာနဲ့ ​မေးရိုး ကို ကာကွယ်​ပေးနိုင်စွမ်းမရှိသလို ဖြစ်သမျှ accident ​တွေရဲ့ ၅၀ ရာနှုန်းဟာလည်း ​မေးရိုးနဲ့ သွား​တွေကို ထိခိုက်​လေ့ ရှိတာ ​တွေ့ရပါတယ်။

ဦးထုပ်တစ်လုံးကို ပထမဆုံး​ရွေးရမှာက အပြင်ခွံရဲ့ အရည်အ​သွေးပါ။
အပြင်ခွံ ကို Thermoplastic သို့မဟုတ် Polycarbonate စတဲ့ ပစ္စည်း​တွေနဲ့ မှ လုပ်မထားဘူး ဆိုရင်​တော့ ဆက်ကြည့်မ​နေသင့်​တော့ပါဘူး။
ဒုတိယ ကြည့်ရမှာက Impact absorbing liner လို့ ​ခေါ်တဲ့ အတွင်းသားပါ။သူ့ကို Expandable Polystyrene လို့​ခေါ်တဲ့ EPS အသား နဲ့ လုပ်ထားတာ များပါတယ်။ ဦးထုပ် အတွင်း က ​ဖော့​တွေက ​ခေါင်း​ဆောင်းရင် မနာ​အောင် လုပ်​ပေးထားတယ်လို့ ထင်ရ​ပေမယ့် သူ့ အဓိက ရည်ရွယ်ချက်က ဖြစ်​ပေါ်လာတဲ့ ရုတ်တရက် ​ဆောင့်အား​တွေကို သူ့ဆီမှာ တတ်နိုင်သ​လောက် ​လျှော့ချ ကာကွယ်​ပေးဖို့ပါ။
​နောက်တစ်ခု က ​လေကာမှန်ရဲ့ အရည်အ​သွေးပါ။အလွယ်တကူ မကဲွရ မအက်ရသလို။
ကဲွရင် အက်ရင်လည်း မျက်နှာကို ထိခိုက်​စေမယ့် အချွန်​တွေ အစွန်း​တွေ မထွက်​စေရပါဘူး။
​နောက်ဆုံးတစ်ခု က​တော့ ​မေးသိုင်းကြိုးပါ။အ​ရေးမကြီး ဘူး ထင်ရ​ပေမယ့် အ​ရေးအကြီးဆုံးပါ။​မေးသိုင်းကြိုး ​သေချာ တပ်ထားမှ Accident ဖြစ်တဲ့အခါ ဦးထုပ်က ကျွတ်မထွက်ပဲ လိုအပ်တဲ့ ကာကွယ်မှုကို ​ပေးနိုင်မှာပါ။​မေးသိုင်းကြိုး တပ်ရာမှာလည်း ကလစ်​တွေ နှိပ်စိ ​တွေထက် Double D ring လို့​ခေါ်တဲ့ D ပုံစံ သံကွင်း ၂ ထပ်မှာ ကြိုးလျှို တဲ့ နည်းက အခိုင်ခံ့ဆုံးနဲ့ စိတ်အချရဆုံးပါ။
စ သုံး ခါစမှာ ခက်ခဲတယ် ထင်ရ​ပေမယ့် တ​ဖြေး​ဖြေး အဆင်​ပြေသွားပါလိမ့်မယ်။ကြိုးစားကြည့်ပါ။တခြား ဘယ်နည်း ကမှ သူ့​လောက် စိတ်မချရပါဘူး။

အဲ့ဒီ​တော့ အစ်ကိုကြီး​ရေ ကျွန်​တော်တို့က ဦးထုပ် တစ်လုံး ​ကောင်းမ​ကောင်း၊​​ဆောင်းသင့် မ​ဆောင်းသင့် ဘယ်လို​ရွေးရမလဲ။
ကိုယ်က ​ရွေးစရာ မလိုပါဘူး။ဆိုင်ကယ် ဦးထုပ်တစ်လုံးကို ​​ဆောင်းဖို့၊​ရောင်းဖို့ သင့်မသင့် ကို စမ်းသပ် ဆုံးဖြတ်ပြီး အရည်အ​သွေး သတ်မှတ်​ပေးတဲ့ အဖဲွ့အစည်း​တွေ ရှိပါတယ်။
သူတို့က ဦးထုပ်တစ်လုံးကို ဘယ်လို​တွေ စမ်းသပ်စစ်​ဆေး သလဲ ဆို​တော့

Impact Test,​ဆောင့်အားဒဏ် ခံနိုင်စွမ်း
ဦးထုပ်ကို လူ​ဦး​ခေါင်း ပုံစံ လုပ်ထားတဲ့ သတ္ထုလုံး​ပေါ်မှာ စွပ်ထားပြီး အမြင့်တစ်ခု က​နေ လွှတ်ချပါတယ်။​အောက်မှာ က အပြား၊အလုံး၊​ထောင့်ချိုး၊ပိုက်လုံး၊မြင်းခွာ ပုံ အစရှိတဲ့ ပုံသဏ္ဏန် အမျိုးမျိုး ရှိတဲ့ ​ပေတုံး​တွေ ခံထားခြင်းအားဖြင့် ဖြစ်နိုင်​ခြေရှိတဲ့ ပစ်​​ဆောင့် နိုင်​ခြေ​တွေကို ဖန်တီးပြီး ဦးထုပ်ရဲ့ ထိခိုက်ပျက်စီး မှုကို ဆန်းစစ်ပါတယ်။
စစ်​ဆေးတဲ့ အဖဲွ့အစည်း​ပေါ်မူတည်ပြီး အသုံးပြုတဲ့ ​ပေတုံး၊ပစ်ချတဲ့ အမြင့် နဲ့ ​​ဆောင့် အား​တွေ ကွာခြား ပါတယ်။

Position Stability(Roll-off) Test,ကျွတ်မထွက်နိုင်စွမ်း
ဦးထုပ်ကို ​၁၃၅ ဒီကရီ စောင်းထားတဲ့ ​ခေါင်းပုံစံ ​ပေါ် စွပ်ထားပြီး ​မေးသိုင်းကြိုး တပ်ထားလိုက်ပါတယ်။ ဦးထုပ်​ရဲ့ နောက်ပိုင်း ​အောက်​ခြေမှာတပ်ထားတဲ့ ဝါယာကြိုးကို ဝိတ်တစ်ခုနဲ့ ဆဲွချခြင်း အားဖြင့် ဦးထုပ် ကျွတ်ထွက်မထွက်ကို စမ်းသပ်ပါတယ်။
ပြီးရင် ​ခေါင်းပုံစံ ကို ပက်လက်လှန်ပြီး ​ခုဏလိုပဲ ​မေး​နေရာကို ဝါယာကြိုးတပ်ပြီး ဝိတ်တစ်ခုနဲ့
ဆဲွချွတ်ကြည့်ပါတယ်။

Dynamic Retention Test,ဆဲွအားများကို ​တောင့်ခံနိုင်စွမ်း
ဦးထုပ်ကို ​ခေါင်းပုံစံ ​ပေါ် စွပ်ထားပြီး ​မေရိုး​နေရာ​တွေကို ၂၃ ကီလိုဂရမ် အ​လေးချိန် နဲ့ ၁ မိနစ် ချိတ်ထားကြည့်ပါတယ်။ပြီးတာနဲ့ ၂၃ ကီလို ဝိတ်ကို ဖြုတ်ပြီး ၃၈ ကီလိုဂရမ် အ​လေးတုံး ချိတ်ပြီး ဝိတ်တုံးကို လွှတ်ချကြည့်ပါတယ်။အဲ့ ချိတ် အား ​ဆောင့်ချအား​ တွေကို မခံနိုင်ရင်ပဲ ဖြစ်ဖြစ်၊ဦးထုပ် ပုံပျက်သွားတဲ့ ပမာဏ က ၃၀ မီလီမီတာ ​ကျော်ရင်ပဲ ဖြစ်ဖြစ် စာ​မေးရးပဲွကျပါတယ်။

Chin Bar Rigidity Test,​မေးကာတန်း ခံနိုင်စွမ်း
ဦးထုပ်ကို ပက်လက်လှန်ထားပြီး ၅ ကီလိုဂရမ် အ​လေးကို ​မေးကာတန်း​ပေါ် ပစ်ချပါတယ်။​မေးကာတန်း ချိုင့် ဆင်းလာတဲ့ ပမာဏ ဟာ သတ်မှတ် အတိုင်းအတာ ကို ​ကျော်လို့ မရပါဘူး။

Shell Pe*******on Test,အပြင်ခွံ ထိုး​ဖောက် ခံနိုင်စွမ်း
ဦးထုပ်ကို ချထားပြီး ချွန်ထက်တဲ့ ပုံစံရှိတဲ့ ၃ ကီလိုဂရမ် အ​လေးချိန် ကို သတ်မှတ်အမြင့်က​နေ လွှတ်ချပါတယ်။အချွန်ဟာ ဦးထုပ်ကို ​ဖောက်မ၀င်ရသလို စိုက်လည်းမ​နေရပါဘူး။

Faceshield Pe*******on Test,​လေကာမှန် ခံနိုင်ရည်
တစ်နာရီ ကို ကီလိုမီတာ ၅၀၀ ​ပြေးနှုန်းရှိတဲ့ ခဲ​ပျော့ ကျည်ထွက်တဲ့ ​လေ​သေနတ် နဲ့ ​ရှေ့​လေကာမှန် ရဲ့ ​ ၃ ​နေရာကို ​ ပြစ်ကြည့်ပါတယ်။​ပေါက်မထွက်ရသလို ကျည် ထိတဲ့ အချိန်မှာ ချိုင့်၀င်မှု ပမာဏ က ၂.၅ မီလီမီတာ ကို မ​ကျော်ရပါဘူး။

Flame Resistance Test,မီး​လောင်ခံနိုင်စွမ်း
၇၉၀ ဒီကရီ စင်တီဂရိတ် အပူရှိတဲ့ မီး​တောက်နဲ့ ဦးထုပ်ရဲ့ မျက်နှာစာ​တွေ ​မေးသိုင်းကြိုး​တွေ ​လေကာမှန်​တွေကို သတ်မှတ် အချိန်ကာလ တစ်ခုနဲ့ လိုက်ထိုးပါတယ်။မီး​တောက် ဖယ်လိုက်တဲ့ အချိန်မှာ ​လောင်​နေတဲ့ မီး​တွေဟာ ကာလ တစ်ခု အတွင်းငြိမ်းရမှာ ဖြစ်သလို ဦးထုပ်အတွင်း ကို​သက်ရောက်တဲ့ အပူရှိန်ဟာလည်း ၇၀ ဒီကရီ စင်တီဂရိတ်ကို မ​ကျော်သင့်ပါဘူး။

(ဒါ​တွေဟာ SNELL က လုပ်တဲ့ စမ်းသပ်မှု​တွေ ဖြစ်ပါတယ်)

အဲ့ဒီလို စမ်းသပ်မှု​တွေကို ဘယ်သူ​တွေက လုပ်​ပေးသလဲ ဆို​တော့

DOT(U.S Department Of Transportation),FMVSS218
ဆိုင်ကယ် ဦးထုပ်​တွေကို အ​မေရိကန် နိုင်ငံအတွင်းမှာ ​ရောင်းချခွင့် ရဖို့ဆို DOT လက်မှတ် ရထားဖို့ လိုပါတယ်။သူ သတ်မှတ်ထားတဲ့ အကွာအ​​ဝေး အ​လေးချိန် ​တွေနဲ့ ဦးထုပ်ကို ဘယ်​လောက် ခံနိုင်ရည် ရှိလဲ။ဘယ်​လောက် စိတ်ချရမလဲ စမ်းပါတယ်။ဒါ​ပေမယ့် DOT ရဲ့ စမ်းသပ်ချက်​တွေဟာ အသက်သာဆုံး အ​ပျော့ဆုံးပါ။
FMVSS218 ဆိုတဲ့ စံနှုန်း အရ စမ်းသပ်ချက်​တွေကို သူကိုယ်တိုင် ပြုလုပ်ခြင်းမရှိပဲ အခြားသူ​တွေကို ကန်ထရိုက်​ပေးပြီး သွင်းလာတဲ့ ဦးထုပ်​တွေကို ကျပန်း စမ်းသပ်​စေပါတယ်။
DOT ရဲ့ လက်မှတ် ရဖို့ လွယ်ပါတယ်။

ECE(Economic Commission for Europe),22.05
တစ်ချို့က EU နိုင်ငံ​တွေ အတွက်လို့ ဆို​ပေမယ့် တစ်ကယ်တမ်း EU နဲ့ စီးပွား​​ရေး အရ ပတ်သက်​နေတဲ့ နိုင်ငံ​တွေပါ အကျုံး ဝင်တာမို့ နိုင်ငံ ၅၀ ​ကျော် အ​ပေါ် သက်​ရောက်မှု ရှိပါတယ်။DOT ထက် ပြင်းထန် တင်းကြပ်တဲ့ စည်းမျဥ်းစည်းကမ်း​တွေနဲ့ စစ်တာမို့ DOT ထက် ပို စိတ်ချရတယ် လို့ ဆိုနိုင်ပါတယ်။
DOT က အကြမ်းဖျဥ်း ​လောက်ပဲ စစ်​ပေမယ့် ECE က​တော့ ​ခေါင်းပုံစံ အမျိုးမျိုး အတွက် Fitting ​ကောင်းမ​ကောင်းနဲ့ ထိခိုက်မှု ဘယ်လို သက်​ရောက်သလဲ ဆိုတာ က အစ စစ်ပါတယ်။
လက်ရှိက version 22.05 ကို သုံး​နေပါတယ်။version ​ပေါ်မူတည်ပြီး ဦးထုပ်ပေါ် ပစ်ချတဲ့ ဝိတ်တုံးရဲ့ အ​လေးချိန်နဲ့ ပုံစံ ကွာပါတယ်။

SNELL,M2020
ပြိုင်ကား​မောင်းသမား Pete Snell ဟာ ၁၉၅၆ ခုနှစ် ကားပြိုင်ပဲွ Accident တစ်ခုမှာ Roth ရဲ့ ဒီဇိုင်း အတိုင်းထုတ်လုပ်ထားတဲ့ Helmet ​ဆောင်းထားလျက်နဲ့ ပဲ ကွယ်လွန်ခဲ့ရပါတယ်။ဒီ​တော့ Pete ရဲ့ သူငယ်ချင်း​တွေ နဲ့ မိသားစု​တွေဟာ သူ့ နာမည်ကို သူရို့ ကိုယ်​ပေါ်မှာ တက်တူး​တွေ ထိုး​ပြီး လွမ်း​မော တမ်းတ နေမယ့် အစား ၁၉၅၇ မှာ SNELL memorial foundation ကို ထူ​ထောင် လိုက်ပါတယ်။သိပ္ပံပညာရှင်​တွေ ၊အင်ဂျင်နီယာ​တွေ စု​ပေါင်းပြီး Helmet တစ်လုံးရဲ့ ဒဏ်ခံနိုင်ရည်​တွေကို စမ်းသပ်မယ့် နည်းစနစ်​တွေ နည်းလမ်း​တွေ ကို အတည်ပြု သတ်မှတ်လိုက်ခြင်းအားဖြင့် Helmet Safety Testing ဆိုတဲ့ နည်းစနစ်​တွေ ​ပေါ်ထွန်းလာခဲ့ပါတယ်။
ကျန်တဲ့ စနစ် ၂ ခုထက် ပိုမိုတိကျ ပိုမိုတင်းကြပ်တဲ့ နည်းစနစ်​တွေနဲ့ သတ်မှတ် စစ်​ဆေးတာမို့
​ရှေ့က ၂ ခုထက် သူ့ လက်မှတ် က ပို တန်ဖိုးမြင့်ပါတယ်။
​ရှေ့က ၂ ခု က နိုင်ငံ အလိုက် ခွင့်ပြုချက် လက်မှတ်​တွေ လို ဖြစ်​ပေမယ့် Snell က​တော့ လွတ်လပ်တဲ့ အဖဲွ့အစည်းတစ်ခု အဖြစ်အ​နေနဲ့ ရပ်တည်​နေတာ​ကြောင့် တစ်ကယ်​ကောင်းတဲ့ Helmet ​တွေက​တော့ DOT,ECE ​certificate တွေကို နိုင်ငံအလိုက်သွင်းခွင့် ရဖို့ ကြိုးစားကြသလို ဂုဏ်သိက္ခါ အတွက် SNELL certificate ကိုပါ ရဖို့ ကြိုးစားကြရပါတယ်။
M2020 က လက်ရှိ အသုံးပြ​နေတဲ့ version ပါ။

SHARP
ဗြိတိသျှ နိုင်ငံအတွင်းကို ဆိုင်ကယ်စီး ဦးထုပ် တင်သွင့်ခွင့် လို့ ဆိုနိုင်​ပေမယ့် သူက ECE လက်မှတ်ရပြီး သား ဦးထုပ်​တွေကိုပဲ သုံးစဲွသူ​တွေအတွက် ​ရွေးချယ်ရလွယ်​ကူအောင် အရည်အ​သွေး ခဲွခြား​​ပေးတယ် လို့ ​ပြောလို့ရပါတယ်။
​ရှေ့ ၃ ခု လို Failed/Passed စတဲ့ ​အောင်တယ်/ရှုံးတယ် ဆိုတဲ့ ဆုံးဖြတ်ချက်​တွေ အစား သူက
အရည်အ​သွေးကို ကြယ် ၁ ပွင့်က​နေ ကြယ် ၅ ပွင့် အဆင့်အထိ လယ်ဗယ်​တွေ ခဲွပြီး သတ်မှတ်​ပေးတာ​ကြောင့် ၀ယ်မယ့်သူ​တွေ ​ရွေးချယ်ရပို လွယ်ကူ​စေပါတယ်။

FIM
သူက​တော့ ပြိုင်ပဲွ​တွေမှာ သုံးမယ် ဆိုင်ကယ်စီး ဦးထုပ်​တွေရဲ့ အရည်အ​သွေးကိုပဲ စစ်​ဆေး အတည်ပြု​ပေးပါတယ်။

(အဓိက က ​တော့ ဦးထုပ်အရည်အ​သွေး သတ်မှတ်​ပေးတဲ့ အဖဲွ့အစည်း အ​နေနဲ့ DOT,ECE,Snell,SHARP ၄ ခုပဲ လူသိများ​ပေမယ့် သူ့နိုင်ငံအလိုက် သူ သတ်မှတ်ထားတဲ့ ခွင့်ပြုချက်​လက်မှတ် တွေလည်း ရှိပါ​သေးတယ်။​​အောက်က ပုံ​တွေထဲမှာ ဇယား​လေး ပါ ပါတယ်။​နောက် ဆိုင်ကယ် ဦးထုပ်လို့ဆို​ပေမယ့် ကား၊ Go Kart စသည်ဖြင့် speed ပြိုင်ပဲွ​တွေမှာ ​ဆောင်းရတဲ့ Safety Helmet အားလုံး အကြုံး၀င်ပါတယ်)

​ပြောလက်စနဲ့ ဒီ Safery Standard ​တွေအ​ကြောင်း ​သေချာနားလည် သွား​အောင် သူတို့ ရဲ့ စမ်းသပ်ပုံ အားနည်းချက် အားသာချက် ခဲွပြထားတာ​လေး​တွေကိုပါ ထည့်​ပြီး ဘာသာ ပေးပါမယ်။

DOT,FMVSS218
အားသာချက်
-စမ်းတဲ့​နေရာမှာ အားပိုသုံးတယ်။​ထိပ်လုံးတဲ့ ဝိတ်တုံးကို သုံးပြီး တစ်​နေရာကို ၂ ကြိမ်စီ ပစ်ချ တယ်။
-ပညာရှင်ကို ဦးထုပ်ရဲ့ ကြိုက်တဲ့​နေရာကို စမ်းသပ်ခွင့် ပြုထားတယ်။
-စမ်းသပ်ရာမှာ အင်အားကို G force unit 400 အထိ အသုံးပြုခွင့် ​ပေးထားတယ်။
အားနည်းချက်
- ယုံကြည်မှုကို ဦးစား​ပေးပြီး ကျပန်း စမ်းသပ်တာ မို့ DOT ပါတဲ့ ဦးထုပ်တိုင်း စိတ်ချရတယ် မဆိုနိုင်ပါဘူး။
-​ဦး​ခေါင်း ပုံစံ​မျိုးစုံ နဲ့ စမ်းသပ်ခြင်း မပြုဘူး။
-သူ့ စမ်းသပ်နည်း​တွေမှာ ​ဆောင့်အားဒဏ် ခံနိုင်မှုကိုပဲ ဦးစား​ပေးပြီး တခြားအ​ရေးပါတဲ့ မြင်ကွင်းကြည်လင် ပြတ်သားမှု၊ချွတ်ရ လွယ်ကူ​စေမှုနဲ့ ပွတ်တိုက်အားခံနိုင်မှု​တွေ ထည့်သွင်းမထားတာ​ကြောင့် ပြီးပြည့်စုံတဲ့ စမ်းသပ်မှု ဖြစ်မလာပါဘူး။

ECE,22.05
အားသာချက်
-ECE လက်မှတ်ထုတ်​ပေးထားတဲ့ ဦးထုပ်အမျိုးအစား​တွေ ဟာ ​သေ​သေချာချာ တိတိ ကျကျ စမ်းသပ်​ပေးထားပြီး ဖြစ်ပါတယ်။
-စမ်းသပ်ရာမှာ အင်အားကို G force unit 275 ​လောက် ကိုပဲ သုံးပါတယ်။
- Safety နဲ့ ပတ်သက်တဲ့ စမ်းသပ်မှု​တွေမှာ အချိန် ပို ယူပါတယ်။
- စမ်းသပ်ရာမှာ ​ခေါင်း ပုံစံ ၈ မျိုး​လောက် အထိ အသုံးပြုပြီး စမ်းသပ်ပါတယ်။
အားနည်းချက်
-​တြိဂံ ပုံ​ပေတုံးရဲ့ ​ဇောင်း နဲ့ အား​ပျော့​ပျော့ ၁ ချက်ပဲ ​ဆောင့်ကြည့်ခြင်းဟာ အ​မေရိကား လို အရှိန်ပြင်းပြင်းနဲ့ ​မောင်းတတ်တဲ့ နိုင်ငံ​တွေအတွက် စိတ်ချရပါ့မလား အငြင်းပွားစရာ ပါ။
-အ​ဆောင့် ခံနိုင်စွမ်းကို စမ်းသပ်ရာမှာ ဦးထုပ်ကို အ​သေထားပြီး ရိုက်ကြည့်တဲ့ နည်း ကလည်း ထုတ်လုပ်သူဘက်ကို လှည့်စားခွင့် ​ပေးထားရာ​ရောက်ပါတယ်။
-​ခေါင်း ပုံစံ အမျိုးမျိုးနဲ့ စမ်းသပ်တာ​ကြောင့် ​ခေါင်းပုံစံ အ​​ပြောင်း အလဲ​ပေါ်မူတည်ပြီး Center of gravity လည်း ​ပြောင်းနိုင်တာမို့ ​ဆောင့်အား သက်​ရောက်မှု​တွေက ၂၀ ရာနှုန်း​လောက်ထိ ​လျော့ကျ သွားနိုင်ပါတယ်။

SNELL,M2020
အားသာချက်
-SNELL လက်မှတ်ထုတ်​ပေးထားတဲ့ ဦးထုပ်အမျိုးအစား​တွေကို ​သေ​သေချာချာ တိတိ ကျကျ စမ်းသပ်ပြီး မှ အတည်ပြု​ပေးပါတယ်။
-G force unit 275 ​လောက်ပဲ အသုံးပြုပါတယ်။
-ဦးထုပ်ရဲ့ တည်ငြိမ်မှု၊ချွတ်ရ လွယ်ကူမှုနဲ့ ​ရှေ့​လေကာ အရည်အ​သွေး​တွေကို ပါ ​သေချာ စစ်ပါတယ်။
-​ဆောင့်အားဒဏ်ခံနိုင်စွမ်း ကို စမ်းရာမှာ ပိုထက် တဲ့ ​ဇောင်းရှိတဲ့ ​ပေတုံးကို သုံးပါတယ်။
-နားလည်တတ်ကျွမ်း တဲ့ ပညာရှင် က ဦးထုပ်တစ်လုံး လုံးကို ဘယ်နေရာ မှာ အားနည်းချက် ရှိသလဲ ဆိုတာကို ​စေ့စပ်​သေချာစွာ ရှာ​ဖွေဆန်းစစ်ခြင်းအားဖြင့် လက်မှတ်ရဲ့ အဆင့်အတန်း ကို ​သေချာထိမ်းထားပါတယ်။
အားနည်းချက်
-SNELL လက်မှတ်ရဖို့ စစ်​ဆေးခ ​ဈေးကြီးတာ​ကြောင့် SNELL လက်မှတ်ရထားတဲ့ ဦးထုပ်​တွေရဲ့ ​ ​ရောင်းဈေး​တွေလည်း မြင့်​နေတတ်ပါတယ်။
-ပြိုင်ကွင်းထဲမှာ စိတ်ချလက်ချ သုံးနိုင်​လောက်တဲ့ အထိ ရည်ရွယ်ပြီး စမ်းသပ်စစ်​ဆေးတာမို့
သာမန် လမ်း​ပေါ် အတွက် အသုံးတည့်တဲ့ ​နေကာပါတဲ့ ဦးထုပ်​တွေ၊​မေးလှန်လို့ ရတဲ့ ဦးထုပ်​တွေ ဟာ SNELL လက်မှတ်ရဖို့ ခဲယဥ်း​နေတတ်ပါတယ်။

SHARP
အားသာချက်
-ဦးထုပ်ကို ပစ်​​ဆောင့် တဲ့ အရှိန် ကို ​ရွေးချယ်ရာမှာ DOT,ECE တို့ စမ်းသပ်တဲ့ အရှိန်​တွေထက် ပို​နှေးတာ​ရော ပိုမြန်တာ​ရော သုံးပါတယ်။
-အ​ဆောင့်ခံနိုင်စွမ်းကို စမ်းသပ်ရာမှာ အချိန်ပိုယူပါတယ်။
-ဦးထုပ် တစ်လုံးရဲ့ ထိခိုက်ခံနိုင်ရည်ကို ​နေရာ ၅ ​နေရာ အထိ စမ်းပါတယ်။
-နည်းမျိုးစုံ နဲ့ စစ်​ဆေးပြီးသား ဦးထုပ်ရဲ့ အားနည်းချက်​တွေကို ​သေချာသိရ​အောင် ဦးထုပ်ရဲ့ ထိခိုက်ဒဏ်ရာ ​တွေကို အနုလုံ ပဋိလုံ စစ်​ဆေး​လေ့ ရှိပါတယ်။
-ကြယ်ပွင့်ပြ စနစ်​ကြောင့် ​ရွေးချယ်ရတာ ပိုလွယ်ကူ​စေပါတယ်။
အားနည်းချက်
-ကြယ်ပွင့်ပြ စနစ်နဲ့ အ​ရောင်နဲ့ အဆင့်ခဲွတဲ့ စနစ်​တွေ​ကြောင့် သူများ​တွေနဲ့ မတူတာမို့ အငြင်းပွားစရာ ဖြစ်​လေ့ရှိပါတယ်။
-ECE စံနှုန်း​တွေကိုပဲ မှီခိုပြီး DOT ကို ထည့်မတွက်သ​လောက်ပါပဲ။
-တြိဂံ ပုံ ​ပေတုံးနဲ့ ပစ်​​ဆောင့်​စေတဲ့ ​နေရာမှာ DOT ,SNELL တို့မှာ သုံးသ​လောက် အရှိန်မပြင်း ပါဘူး။

အ​ပေါ်က အမျိုးအစား​တွေ၊ရာဇ၀င် သမိုင်း​ကြောင်းတွေ၊လက်မှတ်​တွေက ဗဟုသုတ အ​နေနဲ့ မှတ်ထားပါ။အဓိက သင့်တော်တဲ့ ဆိုင်ကယ်စီးဦးထုပ်​ရွေးဖို့က​တော့ ​​ဆောင်းကြည့်မှ ရပါမယ်။
ကျွန်​တော်နဲ့အပြင်မှာ ဆုံဖူးတဲ့ ​လူ​တွေကို ရှင်းပြ​လေ့ ရှိတာက​တော့ Helmet ​တွေဟာ Jean ​ဘောင်းဘီ ​တွေလိုပါပဲ Brand ကွာရင် Fitting ကွာ​လေ့ ရှိပါတယ်။
အကြမ်းအားဖြင့် မျက်ခုံးအ​ပေါ် က​နေ ​နောက်​စေ့ အထိ ​ပေကြိုးနဲ့ တစ်ပတ် ပတ်တိုင်းရင် Helmet Size ကို ရ​လေ့ရှိပါတယ်။ဒါ​ပေမယ့် ​ခေါင်းပုံစံ​တွေက ကွာ​သေးတာ​ကြောင့် ​ပေကြိုးနဲ့ တိုင်းလို့ ရတဲ့ ကိန်းဂဏန်း​လောက်နဲ့ သင့်​တော်တဲ့ ဦးထုပ် ရဖို့ မလွယ်လှပါဘူး။
​ခေါင်းပုံစံ​တွေကလည်း
Round Oval
နဖူး က​နေ ​နောက်​စေ့ အကွာအ​ေ၀း နဲ့ နားရွက် ၂ ဘက် အကွာအ​ေ၀း အတူတူ နီးပါ။
Intermediat Oval
နဖူးက​နေ ​နောက်​စေ့ အကွာအ​ေ၀းက နားရွက် ၂ ဘက် အကွာအ​ေ၀းထက် အနည်းငယ်ပို
Long Oval
နဖူးက​နေ ​နောက်​စေ့ အကွာအ​ေ၀းက နားရွက် ၂ ဘက် အကွာအ​ေ၀းထက် ​တော်​တော်​လေး ပို
ဆို သလို ၃ မျိုး ရှိ​နေပါတယ်။ကိုယ့်​ခေါင်း က ဘယ်လိုအထဲ ပါသလဲ ဆိုတာ သိချင်ရင် ကိုယ့်ခေါင်းကို အ​ပေါ်စီး က​နေ တစ်​ယောက်​ယောက်ကို ဓါတ်ပုံရိုက်ခိုင်းပါ။ဆံပင်​တွေ ပါးလျား​နေရင်​တော့ ​ခေါင်းပုံစံကို ဆုံးဖြတ်ရတာ ပိုလွယ်ပါတယ်။
ဆိုလိုချင်တာက သင့်​တော်တဲ့ Helmet ရဖို့ ​ခေါင်းပုံစံ နဲ့ Helmet Brand ရဲ့ Fitting ကလည်း မူတည်​နေပါ​သေးတယ်။ဒီ​တော့ Helmet ၀ယ်ဖို့က ​ဆောင်းကြည့်တဲ့ နည်း သာ အဆင်အ​ပြေဆုံး ဖြစ်ပါမယ်။​​ဆောင်း ကြည့်တာ​တောင် အနည်းဆုံး ၅ မိနစ်​လောက် ၀တ်ကြည့်ထားရပါမယ်။​မေးသိုင်းကြိုး ကို ​မေးစိ နဲ့ ကြိုးကြား လက်​ချောင်း ၂ ​ချောင်း​ပူးလောက် ထည့်ကြည့်လို့ ရရင် အ​ဆင်​ပြေပါတယ်။​ခေါင်း အ​ပေါ်၊​ရှေ့၊​နောက် ​တွေက​တော့ အကုန် ထိကပ်​နေသင့်ပါတယ်။
ဦးထုပ်ကို ကိုင် လှုပ်ရင် ​​ဆောင်းထားတဲ့ လူရဲ့ ပါး​တွေပါ ​ရော လှုပ်သင့်တဲ့အထိ Fit ဖြစ်သင့်ပါတယ်။ဒါ​ပေမယ့် ​ဆောင်းထားရင် တအားတင်းကြပ်​နေတာ​ကြောင့် ​ခေါင်းမူးတာ ​ခေါင်းကိုက်တာ​တော့ မဖြစ်သင့်ပါဘူး။
​ခရီးရှည်ထွက်မယ်ဆိုရင်​တော့ ဦးထုပ်ရဲ့ ​လေခွင်းအား နဲ့ အ​လေးချိန်ကလည်း အ​ရေးပါလာပါတယ်။​နောက် ဦးထုပ် တစ်လုံးရဲ့ သက်တမ်းကို ကျွမ်းကျင် သူ​တွေက ၅ နှစ်လို့ သတ်မှတ်ပါတယ်။ ၅ နှစ်ကာလ အတွင်းမှာ သူ့ရဲ့ Expandable Polystyrene EPS လို့​ခေါ်တဲ့ အတွင်းဖော့သား​တွေ သက်တမ်းကုန်တယ် လို့ သတ်မှတ်ပါတယ်။
ထို့ အတူ မိမိ ဦး​ခေါင်းနဲ့ ​သေချာ အထိုင်ကျတဲ့ ၁ သိန်းတန် DOT လက်မှတ်ရ ဦးထုပ်ဟာ
မိမိ ​ခေါင်းနဲ့ ​ချောင်​နေတဲ့ ၁၀ သိန်းတန် SNELL လက်မှတ်ရ ဦးထုပ်ထက် ပို​ ကောင်းမွန်တဲ့ ကာကွယ်မှု ​ပေးစွမ်းပါတယ်။
ဒီကြားထဲ မြန်မာပြည်မှာ​တော့ အစစ်ကို အစစ်၊အတု ကို အတု ​ပြော​ရောင်းတဲ့ လူ​တွေ ရှိသလို၊
အစစ်နဲ့ တစ်ပုံစံထဲ အတု​တွေကိုလည်း အစစ်​​ဈေး​တွေနဲ့ ​ရောင်းနေကြတာ​တွေ လည်း ရှိပါတယ်။Model ​အောက်သွားတဲ့ ဆိုင်ကျန် ​တွေကိုလည်း အခုမှ အသစ်ထွက်သလို တင်​ရောင်း​နေတာ​တွေလည်း ​တွေ့ရပါတယ်။
ဒီ​တော့ ကိုယ် ဆိုင်ကယ်စီး ဦးထုပ်​ကောင်းကောင်း ၀ယ်​တော့မယ်ဆို ကိုယ်၀ယ်မယ့် ဦးထုပ်ရဲ့ Model,Graphic design နဲ့ Rating ​လေး​တွေကို​တော့ google မှာ ကြိုပြီး ရှာဖတ်သွားမယ် ဆိုရင် ​တော့ ​ရွေးရ ချယ်ရတာ ပိုလွယ်မယ် လို့ အကြံ​ပေးချင်ပါတယ်။
ဒီ​တော့
"အစ်ကိုကြီး​ရေ ကျွန်​တော် ဘယ်လိုဦးထုပ်မျိုး ဘယ် Certificate ရထားတဲ့ ဦးထုပ်၀ယ်ရမလဲ" လို့​မေးလာခဲ့ရင်
"ညီ​လေး​ ဘယ်လို Accident မျိုး ဖြစ်ဖို့ ​မျှော်လင့်ထားသလဲ" လို့ပဲ ပြန်​မေးရပါမယ်။
ဘယ်သူမှ ကိုယ်ဘယ်လို Accident ဖြစ်မယ်ဆိုတာ ​မျှော်လင့်ထားလို့ မရ​တော့ ကိုယ်တတ်နိုင်တဲ့ အထဲက အ​ကောင်းဆုံး ​ရွေးချယ်ပါလို့ပဲ အကြံ ​ပေးပါရ​စေ။

အားလုံး ဆိုင်ကယ်ဗဟုသုတ နဲ့ ပြည့်စုံပြီး အန္တရာယ်ကင်းစွာ စီးနင်းနိုင်ကြပါ​​စေ။

Type of Motorcycle Helmets1.Full Face Helmet2.Off-road/Motocross3.Modular/Flip-up4.Open Face Helmet5.Half Helmet6.Dual-s...
23/10/2020

Type of Motorcycle Helmets
1.Full Face Helmet
2.Off-road/Motocross
3.Modular/Flip-up
4.Open Face Helmet
5.Half Helmet
6.Dual-sport/Enduro

AMZ HelmetOpen face Carbon fiber motorcycle helmets  editionPrice_2×××××PreorderWaiting time 2_weeks09690708096
28/09/2020

AMZ Helmet
Open face
Carbon fiber motorcycle helmets
edition
Price_2×××××
Preorder
Waiting time 2_weeks
09690708096

Address

Mandalay

Telephone

+959690708096

Website

Alerts

Be the first to know and let us send you an email when Vintage Helmet Gallery posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Establishment

Send a message to Vintage Helmet Gallery:

Share