Yadanar Chit Marble Handicraft

Yadanar Chit Marble Handicraft Myanmar Marble Handicraft

ဉာဏ်တော် အစအဆုံး 4ပေခွဲဈာနမုဒြာပုံတော်ဝယ်ယူပူဇော်သွားသောအလှူရှင်မိသားစုနှင့်တကွ၇ရက်သားသမီးအားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏ရ...
10/02/2024

ဉာဏ်တော် အစအဆုံး 4ပေခွဲ
ဈာနမုဒြာပုံတော်

ဝယ်ယူပူဇော်သွားသော
အလှူရှင်မိသားစုနှင့်တကွ
၇ရက်သားသမီးအားလုံးကျန်းမာချမ်းသာကြပါစေ🙏🙏

ရတနာချစ်နိဗ္ဗာန်ကုန်လုပ်ငန်းမိသားစု

ဉာဏ်တော်အစဆုံးတစ်ပေကျောက်သားပထမတန်းလက်ရာပထမတန်းဘူမိဖဿမုဒြာလာဘမုဒြာဈာနမုဒြာမဟာဂရုဏာမုဒြာအော်ဒါအပ်ထားတဲ့ ပုံတော်တွေပါမှာယူ...
16/10/2023

ဉာဏ်တော်အစဆုံးတစ်ပေ
ကျောက်သားပထမတန်းလက်ရာပထမတန်း
ဘူမိဖဿမုဒြာ
လာဘမုဒြာ
ဈာနမုဒြာ
မဟာဂရုဏာမုဒြာ
အော်ဒါအပ်ထားတဲ့ ပုံတော်တွေပါ

မှာယူပူဇော်တဲ့မိသားစုနှင့်တကွ
၇ရက်သားသမီးအားလုံးကျန်းမာချမ်းသာကြပါစေ

မွန်ပြည်နယ်သထုံမြို့နယ်ဆင်ဖြူကျွန်းကျေးရွာသို့ပူဇော်ရန်ပင့်ဆောင်သွားသောဉာဏ်တော်အစဆုံး ၃ပေ ဓမ္မစက်ြာမုဒြာကျောက်ဆင်းတုရုပ်...
21/03/2023

မွန်ပြည်နယ်သထုံမြို့နယ်
ဆင်ဖြူကျွန်းကျေးရွာသို့
ပူဇော်ရန်ပင့်ဆောင်သွားသော
ဉာဏ်တော်အစဆုံး ၃ပေ ဓမ္မစက်ြာမုဒြာကျောက်ဆင်းတုရုပ်ပွားတော်

‌ဝယ်ယူပူဇော်သွားသော ဆင်ဖြူကျွန်းကျေးရွာမှ
ရွာသူရွာသားများနှင့်တကွ ၇ရက်သားသမီးအားလုံးကျန်းမာချမ်းသာကြပါစေ

ရတနာချစ်နိဗ္ဗာကုန်ဆိုင်မိသားစု

ကျိုက်ထိုမြို့သို့ပင့်ဆောင်သွားသောဉာဏ်တော်အစဆုံး ၃ပေခွဲ အောင်တော်မူပုံကျောက်ဆစ်ရုပ်ပွားတော်၂ဆူအလှူရှင်မိသားစုနှင့်တကွ ၇ရ...
01/02/2023

ကျိုက်ထိုမြို့သို့ပင့်ဆောင်သွားသော
ဉာဏ်တော်အစဆုံး ၃ပေခွဲ အောင်တော်မူပုံကျောက်ဆစ်ရုပ်ပွားတော်၂ဆူ

အလှူရှင်မိသားစုနှင့်တကွ ၇ရက်သားသမီးအပေါင်းကျန်းမာချမ်းသာကြပါစေ

09968820883 ကိုဆက်သွယ်စုံစမ်းမှာယူပူဇော်နိုင်ပါသည်။

ဝယ်ယူပူဇော်သွားသောအလှူရှင်မိသားစုနှင့်တကွ၇ရက်သားသမီးအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဉာဏ်တော်အစဆုံး ၁ပေခွဲ ဈာနမုဒြာကျ...
26/01/2023

ဝယ်ယူပူဇော်သွားသော
အလှူရှင်မိသားစုနှင့်တကွ
၇ရက်သားသမီးအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ

ဉာဏ်တော်အစဆုံး ၁ပေခွဲ ဈာနမုဒြာကျောက်ဆစ်ရုပ်ပွားတော်

ဟင်္သာတမြို့မှဝယ်ယူပူဇော်သွားသောဦးဇင်းနှင့်တကွ ၇ရက်သားသမီးအားလုံးစိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေဉာဏ်တော်အစဆုံး ၄ပေခွဲ ဈာနမ...
26/01/2023

ဟင်္သာတမြို့မှ
ဝယ်ယူပူဇော်သွားသော
ဦးဇင်းနှင့်တကွ ၇ရက်သားသမီးအားလုံး
စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ

ဉာဏ်တော်အစဆုံး ၄ပေခွဲ ဈာနမုဒြာကျောက်ဆစ်ရုပ်ပွားတော်


ပြည်မြို့သို့ပူဇော်ရန်ပင့်ဆောင်သွားသောဉာဏ်တော်အစဆုံး၅ပေ ဈာနမုဒြာပုံတော်ကျောက်ဆစ်ရုပ်ပွါးတော်ဝယ်ယူပူဇော်သွားသောဦးဇင်းနှင်...
27/12/2022

ပြည်မြို့သို့
ပူဇော်ရန်ပင့်ဆောင်သွားသော
ဉာဏ်တော်အစဆုံး၅ပေ ဈာနမုဒြာပုံတော်ကျောက်ဆစ်ရုပ်ပွါးတော်

ဝယ်ယူပူဇော်သွားသောဦးဇင်းနှင့်တကွလှူဒါန်းကြသောရပ်မိရပ်ဖမိသားစုဝင်များအားလုံး စိတ်ချမ်းသာကိုယ်ကျန်းမာကြပါစေ


ဆိုင်တွင်ပူဇော်ရန် အသင့်ရှိသောဉာဏ်တော် အစအဆုံး ၃ ပေ ဓမ္မစကြာရုပ်ပွါးတော် 🙏🏻🙏🏻🙏🏻မှာယူပူဇော်လိုပါက Page Messenger ,0996882...
22/11/2022

ဆိုင်တွင်ပူဇော်ရန် အသင့်ရှိသော
ဉာဏ်တော် အစအဆုံး ၃ ပေ ဓမ္မစကြာရုပ်ပွါးတော်
🙏🏻🙏🏻🙏🏻

မှာယူပူဇော်လိုပါက Page Messenger ,
09968820883 , 092001017 , 09779781147
ဆက်သွယ်မေးမြန်းလို့ရပါတယ်ခင်ဗျ


နေပြည်တော်မှ ပူဇော်ရန် ပင့်ဆောင်သွားသော ဘုရားဒါယကာ အစ်ကိုကြီးအား ကျေးဇူး အထူးတင်ရှိပါတယ်အလှူရှင်နှင့်တကွ ၇ ရက်သားသမီးအပေ...
21/11/2022

နေပြည်တော်မှ ပူဇော်ရန် ပင့်ဆောင်သွားသော ဘုရားဒါယကာ အစ်ကိုကြီးအား ကျေးဇူး အထူးတင်ရှိပါတယ်
အလှူရှင်နှင့်တကွ ၇ ရက်သားသမီးအပေါင်း ကျန်းမာချမ်းသာကြပါစေ

ဗုဒ္ဓဟူသည်🌺︵_҈ 🌸︵_҈ 🌿🌺︵_҈ 🌸︵_҈ 🌿သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊ မဟာသာဝ...
20/11/2022

ဗုဒ္ဓဟူသည်

🌺︵_҈ 🌸︵_҈ 🌿🌺︵_҈ 🌸︵_҈ 🌿

သဗ္ဗညုတဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ အနုဗုဒ္ဓ ဟု ဗုဒ္ဓ သုံးမျိုးရှိ၏။အနုဗုဒ္ဓဟူသည် အဂ္ဂသာဝက၊ မဟာသာဝက၊ ပသတိသာဝကတို့ကိုခေါ်သည်။တစ်နည်းအားဖြင့် သဗ္ဗညုဗုဒ္ဓ၊ပစ္စေကဗုဒ္ဓ၊ စတုသစ္စ ဗုဒ္ဓ၊ သုတဗုဒ္ဓဟု ဗုဒ္ဓလေးမျိုးရှိ၏။ရဟန ္တာ အရှင်မြတ်အားလုံးကို စတုသစ္စဗုဒ္ဓ ဟု ခေါ်သည်။ ပရိယတ္တိ၊ ပဋိပတ္တိ ဗဟုသုတရှိသူ၊သုတမယဉာဏ်ဖြင့် သိထိုက်သော ခန္ဓာအစရှိသော တရားတို့ကို သိသောသူကို သုတဗုဒ္ဓဟုခေါ်သည်။

ဗုဒ္ဓဟူသော ပါဠိ ဘုရား၊ ပညာရှိသုခမိန်၊အသိဉာဏ်ဟု အနက်သုံးမျိုးထွက်သည်။ ဘုရားရှင်သည် သစ္စာလေးပါးတရားတို့ကို ကိုယ်တော်တိုင်သိတော်မူသောကြောင့် ဗုဒ္ဓဟု အမည်တွင်သည်။ တနည်း ဝေနေယသတ္တဝါတို့ကို သစ္စာလေးပါးသိမြင်အောင် ဟောပြောပြသတော်မူသောကြောင့် ဗုဒ္ဓဟု အမည်ရသည်။



တနည်း တစ်ကြောင်းတည်းသော နိဗ္ဗာန်ခရီးသိ့ု့ကြွသွားတော်မူတတ် သောကြောင့် ဗုဒ္ဓဟု အမည်ရသည်။ တနည်း အိပ်သောယောကျာ်း နိုးသောလားသို့ ကိလေသာ တွေနှင့် အိပ်ပျော် နေရာမှ နိုးကြားလာသောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ဝဋ်မြစ်နှစ်ပါးကို ထုတ်ဆောင်နှုတ်ပယ်တတ်သောကြောင့် ဗုဒ္ဓအမည်ရတော်မူသည်။ တစ်နည်း ပစ္စုပ္ပန်ကောင်းကျိုး၊ တမလွန်ကောင်းကျိုး နှစ်မျိုးလုံးကို ထတ်ဆောင်ဖော်ပြတော်မူ သောကြောင့် ဗုဒ္ဓ အမည်ရတော်မူသည်။

ဗုဒ္ဓဘာသာဟူသည်

ဗုဒ္ဓက ဘုရား၊ ဘာသာက စကား၊ ဗုဒ္ဓဘာသာဟူသည် မုချအားဖြင့် ဘုရားစကားတော်ဖြစ်သည်။ ဘုရားစကားတော်က ပိဋကတ်သုံးပုံ၊ဓမ္မက္ခန္ဓာ ရှစ်သောင်းလေးထောင် ဖြစ်သည်။တစ်နည်း ဘုရားစကားတော်က မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စိတ်ကိုဖြူအောင်ထား ဟူသော သုံးခွန်းသာ ဖြစ်သည်။ ထိုဘုရားစကားတော်တို့ကို ယုံကြည်လေးစား၊ လိုက်နာ ကျင့်ဆောင်သော ဗုဒ္ဓဘာသာဝင်တို့ကို ဗုဒ္ဓဘာသာဟုခေါ်ကြသည်။

ဗုဒ္ဓဘာသာနှစ်မျိုး(ထေရဝါဒ၊ မဟာယာန)

ဗုဒ္ဓဘာသာသည် အကြမ်းဖျင်းအားဖြင့် နှစ်မျိုးရှိသည်။ ထေရဝါဒ နှင့် မဟာယာနဟူ၍ ဖြစ်သည်။ ထေရဝါဒက ဘုရားဟောပိဋကတ်ကို မွမ်းမံပြင်ဆင်မှု့မရှိဘဲ လိုတိုးပိုလျှော့မလုပ်ဘဲ ဘုရားဟော မူရင်းအတိုင်း ထိန်းသိမ်းစောင့်ရှောက်လက်ခံကျင့်သုံးသည်။



မဟာယာနက ဘုရားဟော ပိဋကတ် ကို ခောတ်အခါနှင့်လျော်ညီအောင်သူ့အရပ်နှင့် သူ့ဇာတ် လိုက်ဖက်အောင် ပြင်ဆင် ဖြည့်စွက် လိုတိုးပိုလျှော့လုပ်ကာ ကျင့်သုံးသည်။ ထေရဝါဒပိဋကတ်က ဘုရားဟောမူရင်း အော်ရီဂျင်နယ် စစ်စစ်ဖြစ်သည်။ မဟာယနပိဋကတ်က ဖြတ်ညှပ်ဆက် လုပ်ထားသည်။

ထေရဝါဒက နိရောဓချုပ်ငြိမ်းရာကို ဦးတည်သည်။ မဟာယနက ဖြစ်ခြင်း၊ စည်ပင်တိုးပွားခြင်း
ကိုဦးတည်သည်။ ထေရဝါဒနိဗ္ဗာန်က အဝေဒ ယိတသုခ-ခံစားမှု့မဲ့ချမ်းသာ ဖြစ်သည်။
မဟာယန၏နိဗ္ဗန်က ဝေဒယိတသုခ-ခံစားမှု့ ချမ်းသာဖြစ်သည်။

ထေရဝါဒဗုဒ္ဓဘာသာလေးမျိုး

မိမိတို့ဗုဒ္ဓဘာသာကို ခွဲမည်ဆိုလျှင်လေးမျိုးခွဲနှိုင်သည်။ မူကြိုဗုဒ္ဓဘာသာ၊မူလတန်း ဗုဒ္ဓဘာသာ၊ အလယ်တန်းဗုဒ္ဓဘာသာနှင့် အထက်တန်းဗုဒ္ဓဘာသာဟူ၍ ဖြစ်ည်။

မူကြိုဗုဒ္ဓဘာသာ

မိရိုးဖလာဗုဒ္ဓဘာသာ၊ သဒ္ဓါဗုဒ္ဓဘာသာ၊ယုံကြည်မှု့ကိုကွယ်မှု့တွေရောနေသော အုတ်အရောရော၊ ကျောက်အရောရော ဗုဒ္ဓဘာသာဝင်များသည် မူကြိုဗုဒ္ဓဘာသာများ ဖြစ်သည်။ ဂါထာတွေ၊ မန္တာန်တွေ၊ ယတြာတွေ၊ ဓာတ်တွေ၊ နတ်တွေ၊ ဘိုးတော်မယ်တော်တွေ၊ ရောနှောနေသော ဗုဒ္ဓဘာသာသည် မူကြိုဗုဒ္ဓဘာသာ ဖြစ်သည်။ မူကြိုဗုဒ္ဓဘာသာသည် လေယူရာယိမ်းတတ်သည်။ သူတို့အသိအမြင်ကမှုန်ဝါးဝါး၊ ဝေဝါးဝါးသညဖြစ်သည်။ အာဟာရချို့တဲ့သောကလေးကဲ့သို့ ဗုဒ္ဓဘာသာ အသိအမြင်အာဟာရချို့တဲ့နေသူများဖြစ်ကြသည်။

မူလတန်းဗုဒ္ဓဘာသာ

မူလတန်းဗုဒ္ဓဘာသာသည် ကိုးကွယ်ရာသုံးမျိုး၊ ယုံကြည်ရာခြောက်မျိုး၊ အားကိုးရာ လေးမျိုး၊ လုပ်ဆောင်စရာကျင့်ဝတ်သုံးမျိုး ရှိသည်။ကိုးကွယ်ရာသုံးမျိုးကား ဘုရား၊တရား၊ သံဃာ ဖြစ်သည်။ ဘုရားတရားသံဃာမှတပါး အခြားကိုးကွယ်လျှင် သရဏဂုံညှိုးနွမ်းသည်။ သရဏဂုံညစ်နွမ်းသည်။ ရတနာသုံးပါးထက် အခြားတဖက်ကို အားသာသွားလျှင် သရဏဂုံပျက်သည်။

မူလတန်းဗုဒ္ဓဘာသာတို့ယုံကြည်ရမည့် ခြောက်မျိုးကား ဘုရား၊ တရား၊ သံဃာ၊ ကုသိုလ်ကံနှင့် အကုသိုလ်ကံ၊ ကုသိုလ်ကံ၏ကောင်းကျိုး၊ အကုသိုလ်ကံ၏ဆိုးကျိုး၊ ရှေ့ဘဝ နောက်ဘဝ သံသရာဖြစ်သည်။ ထိုခြောက်မျိုးမှတပါး မခြားယုံကြည်ဖွယ်ရာမရှိ၊ဗေဒင်လဲ သူ့ဟာနဲ့သူ မှန်ချင်မှန်မည်၊ ယတြာလဲ သူ့ဟာနှင့်သူ မှန်ချင်မှန်မည်။ ယုံချင်လျှင်ယုံလို့ရပါသည်။ သို့သော် ကံ ကံ၏အကျိုးနှင့်တော့ မရောလေနှင့်၊လောကီသားသည် လောကီကိစ္စနှင့် ကင်းနိုင် မည်မဟုတ်၊ လောကီသားသည်လောကီကိစ္စကိုအလေးထားသဖြင့် လောကီကိစ္စကိုသာ စိတ်ဝင်စားသည်။



ထို့ကြောင့်လောကီကိစ္စတွေကို လုံးဝမပြစ်ပယ်လို။ သို့သော်ဘာသာရေးနှင့်တော့ မရောလေနှင့်။ အထွတ်အမြတ်ကတော့ ရတနာသုံးပါးရှိသည်။ ရတနာသုံးပါးကိုတော့ ဘယ်အရာကမှကျော်လို့မရ၊ ဘယ်သူမှကျော်လို့မရ။မူလတန်းဗုဒ္ဓဘာသာမှာ အားကိုးစရာလေးမျိုးရှိသည်။ ထိုလေးမျိုးက ကံ၊ ဉာဏ်၊ ဝီရိယ၊ ပယောဂတို့ဖြစ်သည်။ ဘုရားဟောသည့် အတ္တာဟိ အတ္တာနော နာထော- မိမိသည်သာ ကိုးကွယ်ရာဆိုတာ ဒါပဲဖြစ်သည်။ထိုလေးမျိုးသည်သာ မိမိ၏ အားကိုးရာ အစစ်ဖြစ်သည်။

ကံကောင်းရမည်၊ဉာဏ်ကောင်းရမည်၊ဝီရိယကောင်းရမည်၊ ပယောဂဟူသည် မိမိ၏ လုပ်တတ်၊ ကိုင်တတ်၊ ပြောတတ်၊ ဆိုတတ် ဆိုသည့်အရည်အချင်းဖြစ်သည်။ ခေတ်ပညာတွေ တတ်ထားခြင်းသည် ပယောဂကောင်းဖို့အထောက်အကူဖြစ်သည်။ ပညာအဆင့်မြင့်သလောက် ပယောဂလည်း အဆင့်မြင့်သည်၊ဆိုက်ကားနင်း၊ကားမောင်း၊စျေးရောင်းကစပြီး မိမိတတ်ကျွမ်း သလောက် မိမိပယောဂကောင်းသည်။

ကံက အတိတ်ကံနှင့်လက်ရှိပစ္စုပ္ပန်ကံ နှစ်မျိုးရှိသည်။ ပစ္စုပ္ပန်ကံဆိုတာ အလုပ်ပင်ဖြစ်သည်။ ပယောဂဆိုသည့် ပညာကောင်းကောင်းတတ်ထားလေ အလုပ်ကောင်းလေဖြစ်သည်။ အလုပ် ကောင်းလေ ကံကောင်းလေဖြစ်သည်။ အလုပ်ကလည်းကောင်းရမည်။ ကိုယ်လုပ်သည့် အလုပ် ကိုလည်း အကောင်းဆုံးဖြစ်အောင် အကောင်းဆုံးစိတ်စေတနာနှင့်လုပ်ရမည်။ အကောင်းဆုံး အစွမ်းအစကို ထုတ်ဖော်အသုံးပြုလုပ်ကိုင်ရမည်။ အလုပ်ကံကိုထားလိုက်တော့၊ ပစ္စုပ္ပန်ကိုတော့ အကောင်းဆုံးဖြစ်အောင် လုပ်ရမည်။

ဉာဏ်ကောင်းဖို့အတွက် ပညာဗဟုသုတလိုသည်။ပညာဗဟုသုတလေ့လာလိုက်စားရမည်။ သိချင်စိတ်တတ်ချင်စိတ်ရှိရမည်။ သိအောင်တတ်အောင် ဆည်းပူးအားထုတ်ရမည်၊များများ မေးရမည်၊ အမေးအမြန်းထူရမည်။ စာများများဖတ်ရမည်၊ စာဆိုလျှင်တွေ့သမျှစာ အကုန်ဖတ် သင့်သည်၊ ဉာဏ်ဆိုတာ တကယ်ဓမ္မသဘောဆောင်သည့် ဉာဏ်မဟုတ်၊ လောကီရေးရာ နှံ့့နှံ့့စပ်စပ် သိသော ဉာဏ်ကိုသာဆိုလိုသည်။ ခေတ်ပြောပြောရလျှင် ခေါင်းကောင်းရမည်၊ဦးနှောက် ကောင်းရမည်။ ထို့အတွက် စာပေဗဟုသုတ လေ့လာလိုက်စားရမည်။

မူလတန်းဗုဒ္ဓဘာသာမှာ ကျင့်စဉ်သုံးမျိုးသာရှိသည်။ ဒါနပြုရမည်၊ ဥပုသ်သီတင်းဆောက် တည်ရမည်၊ တရားဘာဝနာ အားထုတ်ရမည်။ ဒါနပြုတာကလောဘနည်းဖို့၊မေတ္တာအားကောင်းဖို့၊ ဥပုသ်သီတင်းဆောက်တည်တာက ဒေါသနည်းဖို့၊ကရုဏာအားကောင်းဖို့၊ ဘာဝနာအလုပ် အားထုတ်တာက မောဟနည်းဖို့၊ပညာအားကောင်းဖို့၊



ခြုံလိုက်လျှင်တော့ ဒါနသီလဘာဝနာ သုံးခုလုံးက လောဘဒေါသမောဟတွေ နည်းပါးဖို့၊ခေါင်းပါးဖိ့ု ၊ ကုန်ခမ်းဖို့သာဖြစ်သည်။ ဒါနပြုပါရဲ ၊သီလစောင့်ပါရဲ့၊ဘာဝနာပွားပါရဲ့၊ထိုဒါနသီလဘာဝနာတွေက လောဘဒေါသ မောဟ ပွားကြောင်းတွေဖြစ်နေလျှင် ထိုကျင့်စဉ်ကရောနေပြီ၊ ထိုကျင့်စဉ်က ရှုပ်နေပြီ၊ ဘာသာရေး မှိုင်းတိုက်တယ်ဆိုတာ ထိုကျင့်စဉ်တွေဖြစ်သည်။



ဘယ်ဘုရားဆုတောင်းပြည့်သည်၊ဘယ်ဘုရား အိမ်ပင့်လျှင် လာဘ်ပွင့်သည်၊ ဘယ်ဘုရား ဘယ်လိုအဓိဌာန်ဝင်လျှင် ဘာတွေ အဆင်ပြေမည်၊ ဘယ်အဓိဌာန်ပုတီး ဘယ်လိုစိပ်လျှင် ဘာတွေကောင်းသည်၊ ထီပေါက်မည်၊ လာဘ်ဝင်မည်၊ ရာထူးတက်မည်၊ စျေးရောင်းကောင်းမည်၊ အိမ်ရောင်းထွက်မည်၊ အကြွေးကြေမည်၊ အကြွေး ပြန်တောင်းရမည်၊ စသည်ဖြင့် မက်လုံးတွေ ပါလာလျှင် ဘာသာရေးက လမ်းချော်သွားပြီ၊ အုတ်ရောရော၊ကျောက်ရောရောဖြစ်သွားပြီ၊ ထိုတောင်ကို မကျော်နိုင်လျှင် မူကြိုကမတက်သေး။

အလယ်တန်းဗုဒ္ဓဘာသာ

မူလတန်းဗုဒ္ဓဘာသာက ကမ္မဿကတာသမ္မာဒိဋ္ဌိနှင့် ပြည့်စုံရသည်၊ ကံသာ ကိုယ်ပိုင်ဥစ္စာဖြစ်သည် ဟု ကံကိုသာ အဓိကထားလက်ခံယုံကြည်ရသည်။ အလယ်တန်း ဗုဒ္ဓဘာသာက ဝိပဿနာ သမ္မာဒိဋ္ဌိနှင့်ပြည့်စုံရသည်။ တရားထိုင်ရမည်၊တရားမှတ်ရမည်၊ ရုပ်သဘော၊ နာမ်သဘော၊ အနိစ္စ ဒုက္ခ အနတ္တသဘောတို့ကို သိမြင်နိုင်သောဉာဏ်ရရှိအောင် ပွားများအားထုတ်ရမည်။

အထက်တန်းဗုဒ္ဓဘာသာ

အထက်တန်းဗုဒ္ဓဘာသာဟူသည် မဂ္ဂသမ္မာဒိဋ္ဌိနှင့်ပြည့်စုံလို့ သစ္စာလေးပါးကို သိမြင်သော အရိယာ ပုဂ္ဂိုလ်များဖြစ်ကြသည်။ ဝိပဿနာတရားကို ကြိုးစားအားထုတ်လို့ဝိပဿနာဉာဏ်တွေ ပြည့်စုံသောအခါ မဂ်ဉာဏ်သို့ကူးသွားသည်။မဂ်ဉာဏ်ကိုရသောအခါ သစ္စာလေးပါးကို မြင်တော့သည်။ ထိုအခါဗုဒ္ဓဘာသာပန်းတိုင်ကို ရောက်တော့သည်။

အောက်တန်းမူလဗုဒ္ဓဘာသာ၊
ကံကိုယ်ပိုင်ရှိ မြင်သိသေချာ၊
အလယ်ထင်လင်း မြင်ရှင်းလက္ခဏာ၊
အထက်တန်းလေးခန်း မြင်သစ္စာ။

အရှင်သံဝရာလင်္ကာရ
ဓမ္မပိယဆရာတော်
စာရေးသူနှင့် ပုံပြုလုပ်သူတို့ကို Credit ပေးပါသည် ။

ဆင်းတုတော်_ကိုးကွယ်တာ_ဘာကြောင့်လဲ    ☘🌺☘🌺🌺🌺☘🌺☘ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂,၅၀၀ ကျော်ခဲ့ပါပြီ။၁။ သက်...
18/11/2022

ဆင်းတုတော်_ကိုးကွယ်တာ_ဘာကြောင့်လဲ

☘🌺☘🌺🌺🌺☘🌺☘

ဂေါတမမြတ်စွာဘုရား ပရိနိဗ္ဗာန် စံလွန်သွားတာ နှစ် ၂,၅၀၀ ကျော်ခဲ့ပါပြီ။

၁။ သက်ရှိထင်ရှား ရှိမနေတော့တဲ့ မြတ်စွာဘုရားကို ဆည်းကပ်ကိုးကွယ်လို့ ရသေးသလား ?

၂။ ကိုးကွယ်နေလို့ကော အကျိုး ရှိပါမလား ?

၃။ ဗုဒ္ဓဘာသာက ဆင်းတုတော်တွေ၊ ရုပ်ပုံ, ပန်းချီကားတွေကို ကိုးကွယ်တဲ့ ဘာသာလား ?

၄။ ဆင်းတုတော်တွေ၊ ရုပ်ပုံတော်တွေကို ရှိခိုးကိုးကွယ်နေလို့ ဘာအကျိုး ရှိမှာလဲ ?

ဒါတွေက အနောက်နိုင်ငံသားတွေ၊ ဘာသာခြားတွေ သိချင်တဲ့၊ မေးတတ်တဲ့ မေးခွန်းတွေပါ ပဲ။

ဂေါတမမြတ်စွာဘုရားဟာ ပရိနိဗ္ဗာန် စံလွန်သွားပြီ ဖြစ်ပေမဲ့သူ ဟောကြားထားတဲ့ တရားအဆုံးအမတွေက ပကတိအတိုင်း ရှိနေကြတုန်းပါ ပဲ။

သူ ဘုရားဖြစ်အောင် ကြိုးပမ်းခဲ့တာ အခုလို တရားအဆုံးအမကို ဟောပြဖို့နဲ့ နိဗ္ဗာန်ရောက်ကြောင်း တရားကို ညွှန်ပြ ပေးခဲ့ဖို့ပါ ပဲ။

ဒီ တရားတော်တွေက ယခုချိန်ထိ အကုန် ရှိနေသေးတာမို့ ဒီတရားတော်အတိုင်း လိုက်နာကျင့်ကြံ အားထုတ်ရင်း မြတ်ဗုဒ္ဓ ရှိစဉ်တုန်းကလိုပဲ ထပ်တူထပ်မျှ အကျိုးထူးများကို ခံစား ရပါတယ်။ နိဗ္ဗာန်ချမ်းသာကိုလည်း မျက်မှောက်ပြု နိုင်ပါတယ်။

ဗုဒ္ဓမြတ်စွာ ပရိနိဗ္ဗာန် မစံမီမှာ ဗုဒ္ဓကိုယ်စား ကိုးကွယ်ဆည်းကပ်ဖို့အတွက် စေတီ (၄)မျိုးကို သတ်မှတ်ပေးတော် မူခဲ့ပါတယ်။

ဓာတုစေတီ
~~~~~~~~
ဗုဒ္ဓရဲ့ ရုပ်ကလပ်တော်ကို မီးသဂြိုလ်တဲ့အခါ ကျန်ရစ်တဲ့ ဓါတ်တော်များကို ဘုရားရှင်ကိုယ်စား ကိုးကွယ် နိုင်တယ်။

ဓမ္မစေတီ
~~~~~~~
ဗုဒ္ဓမြတ်စွာဘုရား (၄၅)နှစ်တိုင်တိုင် ဟောကြားတော် မူခဲ့တဲ့
ပိဋကတ်သုံးပုံ၊ မဂ်လေးတန်၊ ဖိုလ်လေးတန်နဲ့ နိဗ္ဗာန်တရားတော် တို့ကို ဘုရားရှင်ကိုယ်စား ကိုးကွယ်၊ ဆည်းကပ် နိုင်တယ်။

ဥဒ္ဒိဿစေတီ
~~~~~~~~~
သက်တော်ထင်ရှား မြတ်စွာဘုရားကို ရည်မှန်းပြီး ရေးသားတဲ့ ပုံတော်တွေ၊ ပန်းချီကားချပ်တွေ၊ သစ်သားဆင်စွယ် စသည်တို့ကို ထုလုပ်ထားတဲ့ ဆင်းတုတွေ၊ အုတ်၊ သဲ၊ အင်္ဂတေ စသည်တို့ဖြင့် တည်ဆောက်ထားတဲ့ စေတီပုထိုးတွေ ဒီအရာတွေ အားလုံးကို ဘုရားရှင်ကိုယ်စား ရှိခိုးပူဇော် နိုင်တယ်။

ပရိဘောဂစေတီ
~~~~~~~~~~~
မဟာဗောဓိပင် အပါအ၀င် ဘုရားရှင် အသုံးပြုတော်မူခဲ့တဲ့ သပိတ်၊ သင်္ကန်း၊ တောင်ဝှေး စသည်တို့ကိုလည်း ဘုရားရှင်ကိုယ်စား ဆည်းကပ်၊ ကိုးကွယ် နိုင်တယ်။

အဲဒီတော့ ဗုဒ္ဓဘာသာ၀င်များက မြတ်ဗုဒ္ဓရဲ့ ပုံတော်ပန်းချီကားတွေ၊ ဆင်းတုတွေကို ရှိခိုးပူဇော်တာဟာ ဥဒ္ဒိဿစေတီ အဖြစ် ရည်မှန်းပြီး ရှိခိုးပူဇော်ခြင်း ဖြစ်တယ်။ သာမာန် ပန်းချီကား၊ ရုပ်ထု၊ ဆင်းတုများ အနေနဲ့ ရှိခိုးပူဇော်နေတာ မဟုတ်ဘူး။

ဥပမာ ➡

ကွယ်လွန်သွားပြီးတဲ့ မိဘများရဲ့ဓါတ်ပုံကို ရှိခိုးကန်တော့နေတဲ့ သူဟာ စက္ကူဓာတ်ပုံကို ရှိခိုးကန်တော့နေတာ မဟုတ်ဘူး။ သူ့မိဘကို ရည်မှန်းပြီး ရှိခိုးကန်တော့နေခြင်းသာ ဖြစ်တယ်။

မိဘဓာတ်ပုံက အသက်ထင်ရှား ရှိစဉ်အခါက မိဘတို့ရဲ့ ရုပ်ပုံကို ထင်မြင်လာအောင် အထောက်အပံ့ ပြုတယ်။ မိဘရဲ့ ဂုဏ်ကျေးဇူးတွေ ထင်ပေါ်လာအောင် ကျေးဇူး ပြုပေးတယ်။

စက္ကူဓာတ်ပုံကို ကျော်လွန်ပြီး မိဘတို့ရဲ့ တကယ့်ရုပ်သွင်နဲ့မိဘတို့ရဲ့ ဂုဏ်ကျေးဇူးများ ပေါ်လွင်လာအောင် ကြည့်ရှူရသလို ဘုရားပန်းချီ၊ ရုပ်ထု၊ ဆင်းတုများကို ကျော်လွန်ပြီး မြတ်စွာဘုရားရဲ့ တကယ့်ရုပ်သွင်နဲ့ ဂုဏ်တော်များ၊ ကျေးဇူးတော်များကို ပေါ်လွင်အောင် ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။

ဒါကြောင့် ပုံတော်၊ ဆင်းတုတော် တို့ဟာ အထောက်အပံ့ ပစ္စည်းမျှသာ ဖြစ်တယ်။

ပုံတော်၊ ဆင်းတုတော်တွေ မရှိဘဲနှင့် မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို ရည်မှန်းပြီးလည်း ရှိခိုးပူဇော် နိုင်ပါတယ်။

မြတ်စွာဘုရား သက်တော်ထင်ရှား ရှိစဉ်အခါကလည်း ဘုရားဂုဏ်တော်များကိုသာ ရည်မှန်းပြီး ပူဇော် ရပါတယ်။

မြတ်စွာဘုရားရဲ့ ဂုဏ်တော်များဆီသို့ စိတ်ရောက်တာချင်း တူရင် အကျိုးကျေးဇူးကလည်း တူမှာပဲ။ ဂုဏ်တော်များ စုပေါင်းထားတဲ့ ဘုရားရှင်ကို ဉာဏ်နဲ့ မြင်အောင် အာရုံ ပြုရမယ်။

ဒါကြောင့် ဗုဒ္ဓဘာသာ ဆိုတာ ရုပ်ပုံ၊ ရုပ်ထုတွေကို ဆည်းကပ်ကိုးကွယ်တဲ့ ဘာသာ မဟုတ်ပါဘူး။ ဒါက မသိ၊ နားမလည်သူတွေရဲ့ လွဲလွဲမှားမှား စွပ်စွဲမှုများသာ ဖြစ်ပါတယ်။

ဗုဒ္ဓဘာသာ၀င်တွေ ဆည်းကပ်ကိုးကွယ်နေတာက အရဟံအစ ဘဂဝါအဆုံး အတုမရှိတဲ့ ဂုဏ်တော်များရဲ့ ပိုင်ရှင်ဖြစ်တဲ့ ဗုဒ္ဓဘုရား၊ ထို မြတ်စွာဘုရား ဟောကြားညွှန်ပြခဲ့တဲ့ မဂ်လေးတန်၊ ဖိုလ်လေးတန် နိဗ္ဗာန်ပရိယတ် လို့ ဆိုတဲ့ အတုမရှိ မြင့်မြတ်တဲ့ ဓမ္မတရား၊ သစ္စာလေးပါး မြတ်တရားကို သိမြင်ကြပြီးတဲ့ အရိယာသံဃာများနဲ့ မြတ်စွာဘုရားရဲ့ အဆုံးအမ ဩဝါဒအတိုင်း ကျင့်ကြံနေကြတဲ့ သမုတိသံဃာ၊ ဘုရား, တရား, သံဃာ လို့ ဆိုအပ်တဲ့ ရတနာမြတ်သုံးပါးပါ ပဲ။

ဒီလို ကိုးကွယ်ဆည်းကပ်ထိုက်တဲ့ အမြတ်ဆုံး ရတနာသုံးပါး ဆိုတာ အခြားဘယ်မှာ ရှာဖွေလို့ ရနိုင်ပါတော့မလဲ။

Credit, ဒေါက်တာမင်းတင်မွန်

ဦးမြင့်ခိုင်,

မူရင်းရေးသားတင်စက်သူများကို
လေးစားစွာဖြင့် Credit ပေးပါသည်

ဝယ်ယူပူဇော်သွားသော ဆရာတော်ဘုရားကြီးအားအထူးကျေးဇူးတင်ရှိပါတယ်မှာယူပူဇော်လိုပါက - Page messenger,09 -2001017, 09- 77978114...
18/11/2022

ဝယ်ယူပူဇော်သွားသော ဆရာတော်ဘုရားကြီးအားအထူးကျေးဇူးတင်ရှိပါတယ်

မှာယူပူဇော်လိုပါက - Page messenger,09 -2001017, 09- 779781147 ,09- 09968820883တို့ကို ဆက်သွယ်နိုင်ပါတယ်

Address

Mandalay

Telephone

+959968820883

Website

Alerts

Be the first to know and let us send you an email when Yadanar Chit Marble Handicraft posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category